မန္တ​လေးမဲရုံ​တွေအ​ခြေအ​နေနဲ့ မဲဆန္ဒရှင်​တွေရဲ့ သ​ဘောထား

မန္တ​လေးမဲရုံ​တွေအ​ခြေအ​နေနဲ့ မဲဆန္ဒရှင်​တွေရဲ့ သ​ဘောထား
မန္တ​လေး-ဒီဇင်ဘာ ၂၈-၂၀၂၅
Voice of Myanmar
၂၀၂၅ခုနှစ် ဒီဇင်ဘာ၂၈ရက်နေ့ ကျင်းပတဲ့ ပါတီစုံဒီမိုကရေစီရွှေးကောက်ပွဲ အပိုင်း၁မှာ မန္တလေးတိုင်းဒေသကြီးအတွင်း ပြင်ဦးလွင်မြို့နယ် ၊ ကျောက်ဆည်မြို့နယ် ၊ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မိတ္ထီလာမြို့နယ်၊ ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ ညောင်ဦးမြို့နယ် အပါအဝင် ၈မြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွှေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြသည့် နိုင်ငံရေးပါတီ ၉ပါတီနဲ့ တသီးပုဂ္ဂလ ၃ဦး ရှိပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၀၀ကျော် ပါဝင်ယှဉ်ပြိုင်ကြပြီး တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်း ၄ဦး ရှိတယ်လို့သိရပါတယ်။
မန္တလေးတိုင်းဒေသကြီး ပထမပိုင်း ၈မြို့နယ်အတွက် ပြည်သူ့လွှတ်တော် ၊အမျိုးသားလွှတ်တော် တိုင်းဒေသကြီးလွှတ်တော်နဲ့ တိုင်းရင်းသားလူမျိုးများလွှတ်တော်နေရာများတွင် ပါဝင်ယှဉ်ပြိုင်လျှက်ရှိကြပြီး ဒုတိယပိုင်း ၉မြို့နယ်အား၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ရက်နေ့နဲ့ တတိယပိုင်း ၈မြို့နယ်အတွက် ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့​တွေမှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။
​ရွေး​ကောက်ပွဲ ပထမပိုင်းအတွက် မန္တ​လေးတိုင်းအတွင်းက ၈မြို့နယ်မှာ မဲဆန္ဒရှင် ၁၃သိန်ကျော်၊ မဲရုံပေါင်း ၁၂၀၀ကျော်နဲ့ မဲရုံမှုး၊ ဒုမဲရုံမှုး၊ မဲရုံအဖွဲ့၀င်အင်အား စုစုပေါင်း တ​သောင်းခွဲကျော် ရှိတယ်လို့ ​မန္တ​လေးတိုင်းရွေး​ကော်မရှင်က​နေ သိရပါတယ်။
မွန်းတည့် ၁၂ နာရီအချိန် VOM ရဲ့ ကွင်းဆင်း​လေ့လာချက်အရ မဲ​ပေးခွင့်ရှိသူဦး​ရေရဲ့ သုံးပုံတပုံခန့်က မဲ​ပေးပြီးဖြစ်​နေတာ​တွေ့ရပါတယ်။
#voiceofmyanmar #VOM #မဲဆန္ဒရှင်သ​ဘောထား #မန္တ​လေး #​အောင်​​မြေသာစံ #ချမ်း​အေးသာစံ

Related posts

Leave a Comment

VOM News

FREE
VIEW