ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ထရန့်နဲ့ ဇီလန်စကီး တွေ့မယ်

ကိယက်ဗ်၊ ဒီဇင်ဘာ-၂၇-၂၀၂၅
ရတီ(VOM)
ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့ ညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ယူကရိန်းသမ္မတတို့ ဖလော်ရီဒါမှာ တွေ့ဆုံဆွေးနွေးမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အစည်းအဝေးကို တနင်္ဂနွေနေ့မှာ ကျင်းပသွားဖို့ မျှော်လင့်ထားပြီး အမေရိကန်ကြားဝင်စေ့စပ်ပေးတဲ့ အချက် ၂၀ ပါ ငြိမ်းချမ်းရေးအစီအစဉ်အပြင် အမေရိကန်လုံခြုံရေးအာမခံချက်တွေအတွက် သီးခြားအဆိုပြုချက်တွေကို ဆွေးနွေးသွားမယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။
ဒါပေမယ့် ရုရှားအကြီးတန်းအရာရှိတယောက်ကတော့ ဒီအစီအစဉ်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားတို့ ဆွေးနွေးနေတဲ့ အစီအစဉ်နဲ့ လုံး၀ကွဲပြားနေတယ်လို့ ဆိုပါတယ်။ လက်ရှိဆွေးနွေးပွဲတွေဟာ နှေးကွေးပေမယ့် တည်ငြိမ်တဲ့ တိုးတက်မှုရှိတယ်လို့ သူက ပြောဆိုပေမယ့် ရုရှားကလည်း ဆုတ်ခွာမယ်ဆိုရင် ဒွန်ဘတ်စ်ကနေ ယူကရိန်းတပ်တွေ ရုပ်သိမ်းမယ်ဆိုတဲ့ ဇီလန်စကီးရဲ့ ကမ်းလှမ်းချက်မပေါ် မှတ်ချက်မပေးပါဘူး။
ယူကရိန်းဟာ သဘောတူညီချက်ရဲ့ တစိတ်တပိုင်းအဖြစ် အမေရိကန်ထံမှ အာမခံချက်တွေရယူဖို့ ကြိုးပမ်းနေပြီး ရုရှားက အတင်းအကြပ် သိမ်းပိုက်မယ်လို့ ခြိမ်းခြောက်ထားတဲ့ ဒွန်ဘတ်စ်ဒေသတွေအတွက် စစ်မဲ့ လွတ်လပ်တဲ့စီးပွားရေးဇုန် ဟာ အလားအလာရှိတဲ့ ရွေးချယ်မှုတခုဖြစ်ကြောင်း ဇီလန်စကီးက ဆိုပါတယ်။
အမေရိကန်နဲ့ ယူကရိန်းတို့ ဆွေးနွေးခဲ့တဲ့ အချက် ၂၀ ပါ အစီအစဉ်သည် ၉၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သူကပြောပါတယ်။ မကြာမီအနာဂတ်မှာ သမ္မတထရန့်နဲ့ အမြင့်ဆုံးအဆင့် တွေ့ဆုံဖို့ သဘောတူညီခဲ့ပြီး နှစ်သစ်မတိုင်မီ အရာအားလုံးကို ဆုံးဖြတ်နိုင်တယ်လို့ ဇီလန်စကီးက ပြောပါတယ်။
ဒါပေမယ့်လည်း Politico သတင်းဌာနဲ့ အင်တာဗျူးတခုမှာတော့ ဒေါ်နယ်ထရန့်က ယူကရိန်းသမ္မတ အနေနဲ့ သူခွင့်ပြုချက်မရမချင်း ဘာမှလုပ်မရဘူးလို့ ဆိုပါတယ်။
“သူနဲ့ အဆင်ပြေသွားမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဗလာဒီမာ ပူတင်နဲ့လည်း အဆင်ပြေမယ်လို့ ကျွန်တော် ယုဆပါတယ် ” လို့ ထရန့်က ပြောပါတယ်။ ပူတင်နဲ့လည်း မကြာခင် ဆွေးနွေးမယ်လို့ ဒေါ်နယ်ထရန့်က ပြောဆိုထားပါတယ်။
Ref:BBC
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW