လတ်တ​လော မဲရလဒ်​တွေအရ ​မန္တ​လေး​အောင်​မြေသာစံမှာ ပြည်ခိုင်ဖြိုးအနိုင်ရ

လတ်တ​လော မဲရလဒ်​တွေအရ ​မန္တ​လေး​အောင်​မြေသာစံမှာ ပြည်ခိုင်ဖြိုးအနိုင်ရ
မန္တ​လေး-ဒီဇင်ဘာ ၂၈-၂၀၂၅
Voice Of Myanmar
ဒီက​နေ့ကျင်းပတဲ့ ၂၀၂၅ ပါတီစုံဒီမိုက​ရေစီ​ရွေး​ကောက်ပွဲ ပထမပိုင်းကျင်းပတဲ့ မန္တ​လေး ​အောင်​မြေသာစံမြိုနယ်ထဲက မဲရုံ ၉၅ရုံရှိတာမှာ အများဖြင့် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရတာအများစုဖြစ်​နေပါတယ်။
​ရွေး​ကောက်ပွဲ ​ကော်မရှင်​တွေက မဲရလဒ်မ​ကြေငြာ​သေးမယ့် ပါတီအသီးသီးက ကိုယ်စားလှယ်​တွေ​ရှေ့ မဲ​ရေတွက် အတည်ပြုလက်မှတ်ထိုးရတာမို့ ​ရွေး​​ကောက်ပွဲဝင်ပါတီ​​တွေက သိပြီးဖြစ်ပါတယ်။
မဲရုံ​တွေပိတ်ပြီးချိန်မှာ မဲရလဒ်​တွေလိုက်ကြည့်စစ်​ဆေးထားတဲ့ ​အောင်​မြေသာစံမြို့နယ်က ပြည်ခိုင်ဖြိုးပါတီရဲ့ ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်​လောင်း ဦး​တေဇ​ကျော်ကို VOM အယ်ဒီတာချုပ် ကို​နေလင်းက ​တွေ့ဆုံ​မေးမြန်းထားတာကို တင်ပြလိုက်ပါတယ်။
အောင်​မြေသာစံမြို့နယ်မှာ အမျိုးသားလွှတ်​တော်အတွက် ဦးဟိန်းမင်းဦး၊ ပြည်သူ့လွှတ်​တော်အတွက် ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ဦး​တေဇ​ကျော်နဲ့ တိုင်း​ဒေသကြီးအတွက် လက်ရှိမန္တ​လေးတိုင်းဝန်ကြီးချုပ် ဦးမျိုး​အောင်၊ ရှမ်းတိုင်းရင်းသား​ရေးရာအတွက် ဦးစိုင်း​အောင်ကြည်တို့က ယှဥ်ပြိုင်ကြမှာဖြစ်ပြီး အချိုးကျကိုယ်စားပြုစနစ်အတွက် ဦးမျိုးမြင့်၊ဦး​ကျော်ဆန်းနဲ့ ဦးခင်​မောင်မြင့်တို့ ယှဥ်ပြိုင်မှာဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW