လားရှိုးမှာ မဲရုံများပိတ်သိမ်းပြီး မဲရလဒ်ရေတွက်

လားရှိုးမှာ မဲရုံများပိတ်သိမ်းပြီး မဲရလဒ်ရေတွက်
လားရှိုး- ဒီဇင်ဘာ -၂၈-၂၀၂၅
NN(VOM)
၂၀၂၅ ရွေးကောက်ပွဲ အပိုင်း၁ ကျင်းပတာမှာပါဝင်တဲ့ လားရှိုးမြို့မှာ ညနေ လေးနာရီမှာ မဲရုံတွေ ပိတ်သိမ်းပြီး မဲရလဒ်တွေ စတင်ရေတွက်နေပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေက မြို့ပေါ် ရပ်ကွက်၊ ကျေးရွာအုပ်စုတွေမှာပေး ခဲ့တဲ့ ကြိုတင်မဲတွေနဲ့အတူ ဒီနေ့မဲပေးစက်နဲ့ ပေးခဲ့တဲ့ မဲရလဒ်တွေကိုလည်း သက် ဆိုင်ရာမဲရုံတွေမှာ တပြိုင်နက်ရေတွက်နေပါတယ်။
မဲရလဒ်တွေကိုတော့ ရွေးကောက်ပွဲ အပိုင်း သုံးပိုင်းစလုံးပြီးမှ ကြေညာမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်တွေကို ရေတွက်ခဲ့တဲ့ ကြိုတင်မဲတွေနဲ့ ဒီနေ့မဲရုံအချို့က ရတဲ့ မဲရလဒ်တွေမှာတော့ ကြံခိုင်ဖွံဖြိုးရေးပါတီက အသာစီးရနေတာကို တွေ့ရ ပါတယ်။
ဒီနေ့ လားရှိုးမြို့ ပေါ်ရပ်ကွက် ၁၂ ခု ကျေးရွာအုပ်စု ၁၁စုက မဲရုံပေါင်း ၂၃ ခုမှာ မဲပေးနိုင်သူ ၁၀၉၂၄၇ ဦးရှိတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်တာဝန်ရှိသူတွေ ဆီကနေ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW