ဒီဇင်ဘာ ၃၀၊ ၂၀၂၅
Shy V (VOM)
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အနီးက ကံကြီးရွာမှာ ရွေးကောက်ပွဲ ကျင်းပတဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့က လေကြောင်း ဗုံးကြဲလို့ နေအိမ် တချို့ မီးလောင်သွားပြီး လူ ထိခိုက် သေဆုံးမှုရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“အဖွား တယောက် ထိခိုက်ဒဏ်ရာရတယ် အမျိုးသားကြီး တယောက် သေဆုံးတာ ကနဦး တွေ့ရှိထားတယ် ထိခိုက်သူ ဦးရေနဲ့ မီးလောင် နေအိမ် စာရင်းတွေ အတိအကျ မသိရသေးဘူး” လို့ ဒေသခံက ပြောပါတယ်။
“ထိခိုက် ဒဏ်ရာ ရရှိထားတဲ့ အဖွားက ဆွေမျိုးလည်း မရှိဘူး။ ဆေးရုံ တက်ရမယ်ပြောတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်ကပြောပါတယ်။
ဒီနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာလည်း နွမ်းလန့်ဘက် လေကြောင်းနဲ့ ၂ ခါ ဗုံးကြဲခဲ့တာရှိပေမယ့် ဗုံးက မပေါက်ကွဲဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ကစပြီး ဗန်းမော်မြို့တွင်း တိုက်ပွဲ ပြန်လည် ပြင်းထန်လာနေတာ ဖြစ်ပါတယ်။
ဗန်းမော်မြို့မှာတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ကစလို့ KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ အစိုးရတပ်ဖွဲ့ ရှိရာဘက် ထိုးစစ်ဆင်ရာက လက်ရှိအချိန်ထိ တိုက်ပွဲ ဖြစ်ပွားနေတာပါ။
Photo Crd# ဒေသခံ
