ငါးသိန်းပေးရင် ငါးရက်အတွင်း ပတ်စ်ပို့စာအုပ် ရပြီ

ဇန်နဝါရီ ၁ ၊ ၂၀၂၆
CC (VOM)
ပြည်ပကို အရေးကြီး ၊ အရေးပေါ် သွားရောက်ဖို့ လိုအပ်သူတွေကို အမြန်ဝန်ဆောင်မှု (Express Service) စနစ်နဲ့ ငါးရက် အတွင်း နိုင်ငံကူးလက်မှတ် Passport ရရှိအောင် ဆောင်ရွက်ပေးမယ်လို့ မြန်မာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ဒီနေ့ ဇန်နဝါရီ ၁ ရက်မှာ ထုတ်ပြန် အသိပေးထား ပါတယ်။
အမြန်ဝန်ဆောင်မှု စနစ်နဲ့ Passport ထုတ်ပေးမယ့် စနစ်ကို ဇန်နဝါရီ ၅ ရက်နေ့မှာ စတင်မှာ ဖြစ်ပြီး အမြန်ဝန်ဆောင်ခမှာ စာအုပ်ဖိုး အပါအဝင် ငါးသိန်းလေးသောင်း ငါးထောင်ကျပ် ( ၅၄၅၀၀၀ ကျပ် ) ကုန်ကျမှာ ဖြစ်တယ်လို့ သိရပါတယ် ။
အဆိုပါ အမြန် ဝန်ဆောင်မှု စနစ်နဲ့ လျှောက်ထား သူတွေ အနေနဲ့ Online Booking တင်ရာ မှာဖြစ်စေ ၊ ရုံးတွင်း ဆောင်ရွက်ရွာမှာ ဖြစ်စေ စောင့်ဆိုင်းစရာ မလိုကြောင်း ၊ လျှောက်လွှာ လက်ခံပြီး ငါးရက်အကြာမှာ နိုင်ငံကူးလက်မှတ် ကို ရရှိမှာ ဖြစ်တယ်လိို့ သိရပါတယ်။
” အရေးတကြီး သွားဖို့ လိုအပ်သူဆိုတာကို ကျွန်တော်တို့ နားလည် သိရသလောက်က ကျန်းမာရေးကိစ္စ အရေးပေါ်၊ ပညာရေးကိစ္စ ပေါ့လေ ။ တခြားကိစ္စတွေလည်း ရှိကောင်း ရှိနိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ခုလို အမြန်စနစ် နဲ့ လုပ်ပေးမယ်ဆိုတော့ တကယ် အရေးတကြီး.သွားဖို့ လိုတဲ့သူတွေ အတွက်တော့ အတော်လေး အဆင်ပြေတဲ့ ကိစ္စပါ ။ တကယ် အရေးကြီးလိုအပ် ကြောင်း အထောက်အထား ဘာညာတော့ လိုမယ် ထင်တယ်။ စတင် လျှောက်​တော့မှ ပဲ ဘာတွေ ပြဖို့ လိုမလဲဆိုတာ သေချာသိရမယ်။ ခုလို တရားဝင် အမြန်လမ်း ကြောင်း ဖွင့်ပေးလိုက်တော့ အဆင်ပြေတာပေါ့ ။ ဘာမှလည်း စောင့်စရာမလိုတော့ဘူး ။ ” လို့ နိုင်ငံကူးလက်မှတ် ဝန်ဆောင်မှု ပေးနေသူ တယောက်က ပြောပါတယ်။
အမြန် ဝန်ဆောင်မှု စနစ် နဲ့ နိုင်ငံကူးလက်မှတ် ထုတ်ပေးမယ့် အစီအစဥ်ကို မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေ ဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် တို့မှာ လျှောက်ထားနိုင် မှာဖြစ်ပြီး မည်သည့် အိမ်ထောင်စု စာရင်းဝင် မဆို လျှောက်ထား နိုင်တယ်လို့ သိရပါတယ် ။
ခြွင်းချက် အနေနဲ့ အမည်မည်းစာရင်းမှာ ပါဝင်သူတွေ ၊ ပြစ်မှုကျူးလွန်ပြီး စစ်ဆေးချက် မပြီးစီးသူတွေ ၊ ပြစ်ဒဏ်ကာလမပြီးမီ လွတ်ငြိမ်းချမ်းသာနဲ့ လွတ်မြောက်လာသူ ၊ ပြည်ပထွက်ခွာမှု တားဆီးခံရသူ၊ လက်ရှိ နိုင်ငံ့ဝန်ထမ်း ၊ အစိုးရအဖွဲ့အစည်း ၊ အစိုးရမဟုတ်သော အခြားအဖွဲ့အစည်း တွေနဲ့ ပုဂ္ဂလိအဖွဲ့အစည်းတွေရဲ့ ထောက်ခံချက် လိုအပ်သူတွေ အနေနဲ့ ငွေ မဆုံးရှုံး စေရေးအတွက် ရုံးတွေမှာ စုံစမ်းပြီးမှသာ လျှောက်ထားဖို့ လည်း.သတိပေးထားပါတယ်။
ပုံမှန် လျှောက်ထားနေကြတဲ့ နိုင်ငံကူးလက်မှတ် စာအုပ်လျှောက်ထားကြေးကတော့ ၄၅၀၀၀ ကျပ် နူန်း ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW