ဆိုးလ်၊ ဇန်နဝါရီ-၁-၂၀၂၅
ရတီ (VOM)
တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်ဟာ ဇန်နဝါရီ ၄ ရက်မှစပြီး တရုတ်နိုင်ငံသို့ လေးရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်မှာ ဖြစ်ပြီး တရုတ်သမ္မတ ရှီကျင်းပင်နဲ့ ပေကျင်းမှာ ထိပ်သီးဆွေးနွေးမယ်လို့ တောင်ကိုရီးယားအစိုးရက ပြောပါတယ်။
သမ္မတလီဂျေးမြောင်ရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ပြည့်စုံတဲ့ ပြန်လည်ထူထောင်ရေးအတွက် အရှိန်အဟုန်ကို ခိုင်မာစေမယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒါဟာ ဇွန်လမှာ သမ္မတရာထူးတာဝန်ယူပြီးနောက် လီဂျေးမြောင်၏ရဲ့ ပထမဆုံးသော တရုတ်နိုင်ငံ ခရီးစဉ်ပါ။ ခေါင်းဆောင်နှစ်ယောက်ဟာ ထောက်ပံ့ရေးကွင်းဆက်တွေနဲ့ ရင်းနှီးမြှုပ်နှံမှုအပါအဝင် အခြားကဏ္ဍတွေအပေါ် ဆွေးနွေးကြမှာဖြစ်ပါတယ်။
ထိပ်သီးအစည်းအဝေး အစီအစဉ်တွေကို အသေးစိတ်စီစဉ်နေဆဲဖြစ်ပေမယ့် ခေါင်းဆောင်တွေဟာ အရှေ့မြောက်အာရှတခုလုံးရဲ့ အခြေအနေတွေကို ဆွေးနွေးကြမယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
ဒါဟာ ၁၁ နှစ်အတွင်း တောင်ကိုရီးယားသမ္မတတယောက်ရဲ့ ပထမဆုံးသော တရုတ်ခရီးစဉ်ဖြစ်ပါတယ်။ တရုတ်သမ္မတရှီကျင်းပင်ဟာ တောင်ကိုရီးယားသမ္မတကို တရုတ်နိုင်ငံလာရောက်ဖို့ ဖိတ်ကြားခဲ့တာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ သတင်းထောက်တွေကို ပြောပါတယ်။
တရုတ်နဲ့ တောင်ကိုရီးယားဟာ အပြန်အလှန်အရေးပါတဲ့ အိမ်နီးချင်းနဲ့ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်တွေဖြစ်တယ်လို့ ဆိုပါတယ်။
သမ္မတလီဂျေးမြောင်ရဲ့ တရုတ်ခရီးစဉ်ဟာ နှစ်နိုင်ငံ၏ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ရာမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမှ ပါဝင်မယ်လို့ မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Ref:NHK
Photo:Reuters
