အမရပူရ-ဇန်နဝါရီ၅-၂၀၂၆
VOM
အမရပူရမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဥ်ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီဗဟိုရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(PR) ဒေါ်စောမြိုင်နဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း(FPTP) ဦးဇော်အောင်ထက် တို့ဟာ အမရပူရမြို့နယ် မှန်တန်းရပ်ကွက် တိုးချဲ့(၄) ရပ်ကွက်မှာ ကိုယ်စားလှယ်လောင်း မိတ်ဆက်ပွဲလုပ်သလို မဲပေးစနစ်ရှင်းပြတာနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးစည်းရုံးဟောပြောတာတွေကို ဒီနေ့ ဇန်နဝါရီ ၅ရက် မွန်းလွဲပိုင်းက လုပ်ခဲ့ပါတယ်။
ဒီမဲဆွယ်ပွဲအပြီးမှာ ပြည်ခိုင်ဖြိုးပါတီဗဟိုရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။
