မော်လူးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ငါးယောက်သေဆုံး

ဇန်နဝါရီ ၂၂ ၊ ၂၀၂၆
GG (VOM)
စစ်ကိုင်းတိုင်း ၊ မော်လူးမြို့နယ် ၊ မာန်ဟဲကျေးရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ဒေသတွင်းလက်နက်ကိုင်တွေဘက်က ငါးယောက် သေဆုံးမှုရှိခဲ့တယ်လို့ စုံစမ်းစးသိရှိရပါတယ်။
ဖြစ်စဥ်က ဇန်နဝါရီ ၂၁ ရက်နေ့ ည ၁၁ နာရီလောက်မှာ မာန်ဟဲရွာမှာရှိတဲ့ ပကဖအဖွဲ့ အထိုင်ချထားတဲ့ အဆောက်အဦကို လေကြောင်းတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ကြောင်း ၊ တိုက်ခိုက်မှုအတွင်း သေဆုံးသူအပြင် ထိခိုက်ဒဏ်ရာရသူ နှစ်ယောက်လည်း ရှိခဲ့တယ်လို့ သိရပါတယ်။
” သေတာက ပကဖအဖွဲ့ဝင်က လေးယောက် နဲ့ နောက်တယောက်က KIA က လို့သိရတယ် ။ သူတို့က ရွာထဲက ဆေးပေးခန်းကို ပအဖရုံးလုပ်ထားတာ ။အဲဒါကိုလာကြဲသွားတာလို့သိရတယ် ။ ” လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ဆေးကုသဖို့အတွက် ပကဖ ကခေါ်သွားတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂ ရက်နေ့ကလည်း မော်လူးမြို့၊ ပဲခူးရွာနဲ့ ရွာရှည်ကြားမှာ လေကြောင်းတိုက်ခိုက်ခံရပြီး တယောက်သေဆုံးပြီး တယောက်ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ်။
မော်လူးမြို့ကတော့ စစ်ကိုင်းတိုင်းထဲက ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ခြင်း မရှိတဲ့ မြို့တွေထဲက မြို့တမြို့ ဖြစ်ပြီး ဒေသတွင်းလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ မြို့ဖြစ် တယ်လို့သိရပါတယ်။
၂၀၂၅ ခုနှစ် မေလ ၁၂ ရက်နေ့ကလည်း မော်လူးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး နှစ်ယောက်သေဆုံးကာ ငါးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ် ။
မော်လူးမြို့ကိုတော့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်မှာ လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ခဲ့တာ ဖြစ်ပြီး လက်ရှိအထိလည်း ထိန်းချုပ်ထားဆဲ ဖြစ်တယ်လို့သိရပါတယ်။
ဓာတ်ပုံ – IR

Related posts

Leave a Comment

VOM News

FREE
VIEW