နယူးဂါဇာ အစီအစဉ် ထရန့်အစိုးရ ကြေညာ

ဒါးဗို့စ် ၊ ဇန်နဝါရီ-၂၃-၂၀၂၆
မျိုးဆက်(VOM)
စစ်ဒဏ်ကြောင့် ပျက်စီးနေတဲ့ ပါလက်စတိုင်းနယ်မြေကို ပြန်လည်တည်ဆောက်မယ့် နယူးဂါဇာ အတွက် အစီအစဉ်တွေကို အမေရိကန်ပြည်ထောင်စုက ထုတ်ဖော်ကြေညာလိုက်ပါတယ်။
မြေထဲပင်လယ်ကမ်းရိုးတန်းတလျှောက်မှာ မိုးမျှော်တိုက်များစွာအပြင် ရာဖာဒေသမှာ အိမ်ရာစီမံကိန်းတွေလည်းပါဝင်ပြီး လူဦးရေ ၂ ဒဿမ ၁ သန်းအတွက် လူနေအိမ်၊ စိုက်ပျိုးရေးနဲ့ စက်မှုဇုန်အသစ်တွေ တည်ဆောက်ရေး အဆင့်ဆင့်ပါဝင်နေပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်အကြား နှစ်နှစ်ကြာစစ်ပွဲကို အဆုံးသတ်ဖို့နဲ့ ပြန်လည်တည်ဆောက်ရေးကို ကြီးကြပ်ဖို့ တာဝန်ယူထားတဲ့ သမ္မတဒေါ်နယ်ထရန့်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့အသစ်အတွက် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဒါးဗို့စ်မှာကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပြုလုပ်ခဲ့ရာ နယူးဂါဇာ အစီအစဉ်ကို အမေရိကန်အစိုးရဘက်က တင်ပြလာတာဖြစ်ပါတယ်။
အောက်တိုဘာလမှာ အသက်ဝင်ခဲ့တဲ့ အစ္စရေး-ဟားမတ်စ် အပစ်အခတ်ရပ်စဲရေးကို ကြားဝင်ညှိနှိုင်းပေးခဲ့သူ ထရန့်ကသားမက်ဖြစ်သူ ကုရှ်နာကတော့ ဂါဇာမှာ ဗုံးတန်ချိန် ကိုးသောင်းကျော် ကြဲချခံခဲ့ရတာကြောင့် အပျက်အစီး တန်ချိန် သန်း ၆၀ ရှင်းလင်းဖို့ ကျန်ရှိနေတယ်လို့ ပြောပါတယ်။
လက်ရှိအစီအစဉ်မှာ ကမ်းရိုးတန်းခရီးသွားလုပ်ငန်းအတွက် သီးသန့်ဇုန်တခုကို ပြသထားပြီး အဲဒီဇုန်မှာ မိုးမျှော်တိုက် ၁၈၀ အပြင် လူနေအိမ်ရာနေရာတွေ၊ စက်မှုဇုန်တွေ၊ ဒေတာစင်တာတွေ၊ အဆင့်မြင့်ထုတ်လုပ်မှု နဲ့ ပန်းခြံတွေ၊ စိုက်ပျိုးရေးနဲ့ အားကစားအဆောက်အအုံတွေ အတွက် ဇုန်အများအပြား ပါဝင်မှာဖြစ်ပါတယ်။
ဒါအပြင် အီဂျစ်နယ်စပ်အနီးမှာ ဆိပ်ကမ်းအသစ်နဲ့ လေဆိပ်အသစ်တခု တည်ဆောက်မှာဖြစ်ပြီး အီဂျစ်နဲ့ အစ္စရေးနယ်စပ်တွေဆုံရာတွင် သုံးပွင့်ဆိုင်ဖြတ်ကျော်ဂိတ်တခုလည်း ပါဝင်ပါတယ်။ ပြန်လည်ဖွံ့ဖြိုးရေးအစီအစဉ်ကို အဆင့်လေးဆင့် ခွဲခြားထားပြီး ရာဖာမှစတင်ကာ ဂါဇာစီးတီး မြောက်ဘက်ကို တဖြည်းဖြည်းရွေ့လျားဆောင်ရွက်သွားမှာဖြစ်ပါတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW