နေပြည်တော်၊ ဖေဖော်ဝါရီ- ၁ -၂၀၂၆
KKL(VOM)
နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းအုပ်စု၊ ကျွန်းကုန်းရွာမှာ ဇန်နဝါရီ ၃၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ထမနဲထိုးပြိုင်ပွဲဟာ သူတို့ရွာရဲ့ ပထမဆုံးအကြိမ် ဖြစ်ပြီးတော့ ရွာသူရွာသားတွေစည်းလုံးညီညွတ်ဖို့ကို ရည်ရွယ်တယ်လို့ ကျေးရွာ ဥက္ကဋ္ဌကပြောပါတယ်။
အဲ့ဒီထမနဲထိုးပြိုင်ပွဲကို ကျွန်းကုန်းရွာတွဲဖက် အ – လ – က ကျောင်းသား ကျောင်းသူတွေက ဝင်ရောက်ပြိုင် ခဲ့ကြတာပါ။
“ကျွန်မတို့ရွာမှာ ဒီလိုပြိုင်ပွဲမျိုး တခါမှမလုပ်ဘူး တစ်ခါမှမပြိုင်ဖူးဘူး ကျွန်မရဲ့ကျောင်းသားတွေနဲ့ ရွာသူရွာသားတွေ တက်တက်ကြွကြွ လုပ်ကိုင်နေတာတွေ့တော့ ကျွန်မပျော်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ပြိုင်ပွဲကို အချိန် တနာရီသတ်မှတ်ပေးတဲ့အကြောင်းနဲ့ ပြိုင်ပွဲစည်းကမ်းတွေကို ရွာစည်ပင်ရေးလုပ်ငန်း ရပ်မိရပ်ဖလည်းဖြစ်တဲ့ဦးအေးလွင်ကရှင်လင်းပြီတော့ ပြိုင်ပွဲစတင်ပြီး ဆုရ အသင်းတွေကို ကျေးရွာတာဝန်ရှိသူတွေက ဆုချီးမြှင်ခဲ့ကြပါတယ်။
