နေပြည်တော် ဇွန် ၂၄ – ၂၀၂၆
KKL(VOM)
ပြည်သူ့လွှတ်တော်မှာ အဆို ၂၂ ခု ထပ်ပြီးတင်သွင်းဖို့ရှိတယ်လို့ မန္တလေး တိုင်းဒေသကြီး အမရပူရ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက သတင်းမီဒီယာတွေကို ပြောပါတယ်။
ဒီကနေ့ ဇွန် ၂၄ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ ပြည်သူ့ လွှတ်တော်အစည်းအဝေးပြီးဆုံးတဲ့အချိန်မှာ ပြည်သူ့လွှတ်တော် သတင်းပြန်ကြားရေးအဖွဲ့ဝင် ဖြစ်တဲ့ ဦးသိန်းထွန်းဦးက သတင်းမီဒီယာတွေကို ပြောကြားခဲ့တာပါ။
အဲ့ဒီကိစ္စအပြင် ဦးသိန်းထွန်းဦးက အခု တတိယအကြိမ်ပြည်သူ့လွှတ်တော် အစည်းအဝေး ပထမအကြိမ်ကနေ လက်ရှိ ဒုတိယအကြိမ်အထိ လွှတ် တော်ကိုယ်စားလှယ်တွေ မေးမြန်းခဲ့တဲ့ မေးခွန်း အရေအတွက် ရှေ့ဆက် တင်သွင်းမယ်အဆိုတွေနဲ့ပတ်သက်တဲ့ အရေအတွက်တွေကိုလည်း တဆက်တည်း ရှင်းပြခဲ့ပြီး ပြည်သူ့လွှတ်တော်မှာ ပထမဦးဆုံးတင်သွင်းတဲ့အဆိုတခု အောင်မြင်ခဲ့တယ်လို့ ဆက်ပြီးရှင်းလင်းခဲ့ပါတယ်။
ဒီကနေ့အထိ ပြည်သူ့လွှတ်တော်မှာ ကြယ်ပွင့်ပြမေးခွန်း ၁၀၄ ခု ကိုယ်စား လှယ်တွေက ဌာနနဲ့တိုက်ရိုက်ချိတ်ဆက်ပြီး ကြယ်ပွင့်မပြ မေးခွန်းက ၁၁၅ ခု အောင်မြင်တဲ့အဆို ၁ ခုရှိပြီးတော့ ဆက်လက်တင်သွင်းမယ့် အဆို ၂၂ ခုတင်သွင်းထားတယ်လို့ သိရပြီး အစိုးရရဲ့ ကတိကဝတ် နဲ့ပတ်သက်လို့ လွှတ်တော်အစိုးရရဲ့ ကတိကဝတ်များနဲ့ အာမခံချက်များ ကော်မတီနဲ့တွေ့ဆုံ ပြန်ကြားပေးမယ်လို့ ဦးသိန်းထွန်းဦးက ပြောပါတယ်။
နောက်တခုကတော့ အခု ဒါပေမယ့် ပြည်သူအားလုံးက မျှော်လင့်နေတဲ့အဆို ဖြစ်ရမယ်လို့ပဲ သတင်းမီဒီယာတွေကို အသိပေးခဲ့တာဖြစ်ပြီး အဆိုနဲ့ပတ်သက်လို့ ဖုန်းနဲ့ဆက်သွယ်မေးမြန်းမှုအရ ဦးသိန်းထွန်းဦးကိုယ်တိုင် တင်သွင်းတဲ့အဆို မဟုတ်ပဲ အခြားကိုယ်စားလှယ်တစ်ယောက်က တင်သွင်းတဲ့အဆို လို့ သိရပါတယ်။
