မန္တလေးမှာ ဒေါ်လာ ၁၁၃ သန်းကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးနဲ့ ထိန်းချုပ်ဓာတုပစ္စည်းတွေကို မီးရှို့ဖျက်ဆီး

မန္တလေး၊ ဇွန်- ၂၆- ၂၀၂၆
SA(VOM)
၃၉ ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့ နယ်မှာရှိတဲ့ လေယာဥ်ကွင်းဟောင်းမှာ ဒေါ်လာ ၁၁၃ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးနဲ့ ထိန်းချုပ်ဓာတုပစ္စည်း ၂၇ မျိုး တို့ကို မီးရှိုးဖျက်ဆီးခဲ့ပါတယ်။
၂၀၂၅ ခုနှစ် ဇွန်လကနေ ၂၀၂၆ ခုနှစ် ဇွန်လအတွင်း မှုးယစ်ဆေးအမှုပေါင်း ၁၃၂၆ မှု၊ မူးယစ်ဆေး အမျိုးအစား ၂၇ မျိုး တန်ဖိုးငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၁၃.၆၇၈၇ သန်း၊ မြန်မာကျပ်ငွေ ၄၁၆.၀၆၄၃၁၁ ကျပ်ဘီလျံတန်ဖိုးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
၂၀၂၆ ခုနှစ်အထိ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံအတွင်း အထူးစစ်ဆင်ရေး ၄၁ ကြိမ်ဆောင်ရွက်ခဲ့ပြီး နောက်ထပ်စစ်ဆင်ရေးတွေကိုလည်း အကောင်ထည်ဖော်ဆောင်ရွက်လျှက်ရှိပြီး အခု ၃၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့မှာ နေပြည်တော်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းအတွင်းက ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ဒီကနေ့ ဇွန်လ ၂၆ ရက်နေ့မနက်ပိုင်းက မန္တလေးမှာ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီအခမ်းအနားမှာ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ဓာတ်ပုံ ပြိုင်ပွဲဆုရရှိသူ ၅၅ ဦး၊ ၂၀၂၅ ဇွန်လကနေ ၂၀၂၆ မေလအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရာမှာ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင် ၁၇ ဦး၊ တပ်မတော်သား ၃ ဦး၊ ဗဟိုအဆင့် ၉ ဦး စုစုပေါင်း ၈၄ ဦးတိုကို ဂုဏ်ပြုဆုတံဆိပ်တွေ ချီးမြှင့်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှု ၅၃၇၀ မှု၊ တရားခံ ၇၅၆၂ ဦးနဲ့ စုစုပေါင်း မြန်မာကျပ်ငွေ ၁၇၆၁ ဘီလျံကျော်တန်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ကလည်း ၃၇ ကြိမ်မြောက်အထိန်းအမှတ်အနေနဲ့ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့ နယ်မှာရှိတဲ့ လေယာဥ်ကွင်းဟောင်းမှာ မြန်မာငွေ ကျပ် ၄၁၈.၀၄၆ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးနဲ့ ထိန်းချုပ်ဓာတုပစ္စ ည်း ၄၁ မျိုး တို့ကို မီးရှိုးဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။
၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ကလည်း မှုးယစ်ဆေးဝါး အမျိုးအစား ၈ မျိုး၊ စိတ်ပြောင်းဆေးဝါး ၁၁ မျိုး၊ ထိန်းချုပ်ဓာတုပစ္စ ည်း ၆ မျိုး၊ အခြားဆက်စပ်ဓာတုပစ္စည်း ၉ မျိုး၊ စုစုပေါင်း ၃၄ မျိုး၊ အမှုအရေအတွက် ၁၇၅၀ မှု၊ တန်ဖိုးငွေကျပ် မြန်မာငွေ ၁၄၄.၉၉၈ ၁၂ ဘီလျံ တို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၂၆ ရက်နေ့ကို အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ (International Day against Drug Abuse and Illicit Trafficking) အဖြစ်သတ်မှတ်ပြီး နှစ်စဉ်ကျင်းပခဲ့ကာ အခုနှစ် ၂၀၂၆ ခုနှစ်မှာဆိုရင် ၃၉ ကြိမ်တိုင်ခဲ့ပြီဖြစ်ပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ မှူးယစ်ဆေးဝါးတွေကို ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့တို့မှာလည်း အလားတူ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW