ဩဂုတ် ၈-၂၀၂၂ Voice Of Myanmar ဒီနေ့ခေတ်မှာ ဆိုရှယ်မီဒီယာကို လူတွေ အသုံးပြုတာ များပြားလာတာနဲ့အမျှ ကောလာဟလ၊ သတင်းတုနဲ့ သတင်းမှားတွေက ကျယ်ကျယ်ပြန့်ပြန့်ထွက်လာနေပါတယ်။ ဒီလို သတင်းတု၊ သတင်းမှား၊ သတင်းယောင်တွေ ဘယ်နှစ်မျိုးရှိသလဲဆိုတာကို ဗဟုသုတအဖြစ်နဲ့ မျှဝေပေးလိုက်ပါတယ်။ (၁)လှောင်ပြောင်သရော်တဲ့သတင်း ——————————- တယောက်ယောက်ကို အန္တရာယ်ဖြစ်ဖို့ မရည်ရွယ်ပေမယ့် ဖော်ပြထားတဲ့ အချက်အလက်တွေကတော့ ရေလိုက်လွဲစေပြီး တဦးတယောက်ကို လှောင်ပြောင်ထားတာပါ။ (၂)ဦးတည်ချက်မှားအောင် လှည့်စားထားတဲ့သတင်း ——————————- အချက်အလက်နဲ့ဖြစ်စဉ်တွေကို လိုအပ်တဲ့ပုံစံဖြစ်အောင် ယူဆရေးသားထားပြီး တစုံတယောက်ကို ပြဿနာ ဒါမှမဟုတ် အခက်အခဲဖြစ်အောင် ရေးသားထားတဲ့ သတင်းအတု ဖြစ်ပါတယ်။ (၃)အယောင်ဆောင်သတင်း ——————————- ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်များအသွင် ရေးသားထားတာဖြစ်ပါတယ်။ (၄)မှားယွင်းတဲ့အကြောင်းအရာတွေနဲ့ ပုံဖော်ရေးသားထားတဲ့သတင်း ——————————- အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ ဒါမှမဟုတ် ဖြစ်ပျက်နေတဲ့ သတင်းအကြောင်းအရာတွေကို လုပ်ကြံဖန်တီးပြီး အချက်အလက်အမှား၊ အယူအဆအမှားတွေနဲ့ ကောက်နုတ်ဖော်ပြထားတဲ့…
Read MoreCategory: သတင်းတုသတင်းမှားဖေါ်ထုတ်ခြင်း
ကချင်ပြည်နယ်က တန် ၅ သိန်း ကျောက်စိမ်းတောင်ဆိုတာ သတင်းအမှားဖြစ်နေ
ဇန်နဝါရီ ၁၅ ၊ ၂၀၂၁ ကိုတိုးကြီး (VOM) ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ကညင်မြိုင်ကျေးရွာအနောက်ဘက် ၁၀ မိုင်ခန့်အကွာမှာ တန် ၅သိန်း ကျောက်စိမ်းတုံးတွေ့တယ်ဆိုတဲ့ သတင်းအမှားတခု ဇန်နဝါရီ ၁၂ရက်နေ့ကစပြီး လူမှုကွန်ရက်မှာ ပျံ့နေပါတယ်။ အဲ့ဒီသတင်းမှားကို Sai Aung Win ဖေ့ဘုတ်အကောင့်ကနေ လူမှုကွန်ရက်မှာ လိုက်ဖ်လွှင့် ပြောဆိုခဲ့တာဖြစ်ပြီး လူမှုကွန်ရက်အသုံးပြုသူတွေအကြား အလျင်အမြန် ပျံ့နှံ့နေတာဖြစ်ပါတယ်။ ကျောက်မျက်ပညာရှင်တွေက သွားရောက်လေ့လာပြီးနောက် တန် ၅သိန်းရှိတယ်ဆိုတဲ့ ကျောက်တုံးကြီးဟာ ကျောက်စိမ်းမျိုးရင်း မျိုးနွယ် မဟုတ်ဘဲ ကျောက်ရိုင်း၊ ကျောက်ပုတ်အဆင့်သာ ဖြစ်တယ်လို့ ဇန်နဝါရီ ၁၄ရက်မှာ ပြောကြားခဲ့ပါတယ်။ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး သယံဇာတနဲ့ သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက “၁၂ ရက်နေ့က Sai Aung Win အမည်ပါ အင်တာနက် လူမှုကွန်ရက်အကောင့်ကနေ ထုတ်လွှင့်တင်ပြထားတာကို တွေ့ရတယ်၊ ဒါဟာ…
Read Moreဧရာဝတီစင်တာ(မန္တလေး)မှာ ကိုဗစ်မျိုးစိတ်ကွဲတွေ့တယ်ဆိုတဲ့ သတင်းမှား လူမှုကွန်ယက်မှာ ပျံ့နှံ့
မန္တလေး၊ ဇန်နဝါရီ ၁၀-၂၀၂၁ ဆွေလင်းထွန်း၊ ရှိုင်းအောင်(VOM) မန္တလေးက ဧရာဝတီစင်တာမှာ ကိုဗစ်မျိုးစိတ်ကွဲတွေ့တယ်ဆိုတဲ့ သတင်းမှားတခု လူမှုကွန်ယက်မှာ ပျံ့နေပါတယ်။ ဒီသတင်းမှားကို ရွှေမဟာနွယ် သွေးနှင့်ပရဟိတအသင်း ဥက္ကဌ မရွှေမဟာနွယ်က သူ့ရဲ့ “ရွှေမဟာနွယ် ရွှေမဟာနွယ်” ဆိုတဲ့ လူမှုကွန်ယက်မှာ ဒီနေ့မနက်က တင်ခဲ့တာဖြစ်ပါတယ်။ ရွှေမဟာနွယ် ရွှေမဟာနွယ် အကောင့်ကနေ တင်ထားပြီး နာရီပိုင်းအတွင်းမှာ ပို့စ်ကို နှစ်သက်သူ ၆၀၀ နီးပါး၊ မှတ်ချက်ရေးသူ ၄၆ဦးနဲ့ ပြန်လည်မျှဝေသူ ၅၀၀ နီးပါးရှိခဲ့ပြီး ခုချိန်မှာတော့ အဲ့ဒီပို့စ်ကို ပြန်ဖြုတ်ချသွားပြီ ဖြစ်ပါတယ်။ အခြားလူမှုကွန်ယက် သုံးစွဲသူအချို့က မရွှေမဟာနွယ်ကို ခရက်ဒစ်ပေးပြီး အဲ့ဒီ သတင်းမှားကို ပြန်လည် ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။ ကိုဗစ်မျိုးစိတ်ကွဲတွေ့တယ်ဆိုတာနဲ့ပတ်သက်ပြီး မရွှေမဟာနွယ်ကို VOM က ဆက်သွယ်မေးကြည့်တော့ အဲ့ဒီကိစ္စကို ဧရာဝတီစင်တာ(မန္တလေး)မှာ တက်ရောက်နေတဲ့ လူနာတဦးဆီက ကြားသိခဲ့ရကြောင်းနဲ့…
Read Moreခြိမ့်ကေကို(banana) ထောင်ကျသွားတယ်ဆိုတဲ့ သတင်းမှားပျံ့
မန္တလေး၊ ဇန်နဝါရီ ၅-၂၀၂၁ ဆွေလင်းထွန်း(VOM) ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက မန္တလေးတိုင်း၊ မြစ်သားမြို့နယ်မှာလုပ်တဲ့ မွေးနေ့ပွဲမှာ ဖျော်ဖြေခဲ့တာကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူခံထားရတဲ့ ခြိမ့်ကေကို(ခ)ဘနားနား ထောင်ကျသွားပြီဆိုတဲ့ သတင်းမှား လူမှုကွန်ယက်မှာပျံ့နေပါတယ်။ အဆိုတော်ယုန်လေးက သူရဲ့လူမှုကွန်ယက်စာမျက်မှာကနေ ခြိမ့်ကေကို သွားရောက်အဖမ်းခံပြီး အချုပ်ကျသွားတဲ့ကိစ္စအပေါ် ဝမ်းနည်းကြောင်းရေးသားထားတဲ့ ပို့စ်အပေါ် အခြေခံပြီး အများပြည်သူ နားလည်မှုလွဲမှားအောင် ဟာသဗဟုသုတသတင်းစုံဂရုမှာ သတင်းမှား ရေးသားထားတာဖြစ်ပါတယ်။ ဒီသတင်းမှားကို လူဦးရေသန်းဂဏန်းရှိတဲ့ ဖေ့ဘုတ်ဂရုတွေမှာ တင်ထားတာဖြစ်ပြီး “ဟာသဗဟုသုတသတင်းစုံ” ဆိုတဲ့ ဂရုမှာတင်ထားတဲ့ သတင်းမှားကိုတော့ နှစ်သက်သူ ၂၀၀၀ ကျော်၊ မှတ်ချက်ရေးသားသူ ၁၀၀ ကျော်နဲ့ ပြန်လည်မျှဝေသူ ၄၀ကျော်ရှိနေတာ ဖြစ်ပါတယ်။ ခြိမ့်ကေကိုရဲ့ အမှုအခြေအနေနဲ့ပတ်သက်ပြီး မြစ်သားမြို့နယ်ရဲစခန်းကို မေးကြည့်တော့”သဘာဝဘေးအန္တရယ်ဆိုင်ရာဥပဒေနဲ့ အမှုဖွင့်ထားတာပါ။ ရဲအချုပ်ထဲမှာကျမ်းကျမ်းမာမျာရှိနေပါသေးတယ်။ လတ်တလော ရုံးတင်တာ မရှိသေးပါဘူး” လို့ VOM ကို ပြောပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ…
Read Moreတောင်ကုတ်မြို့နယ်မှာ အကြံအဖန်လုပ်ထားတဲ့ သက်သေခံမဲတွေကို မီးရှို့တယ်ဆိုတဲ့ သတင်းအမှားပျံ့နေ
ဇန်နဝါရီ ၄-၂၀၂၁ ဆွေလင်းထွန်း (VOM) တောင်ကုတ်မြို့နယ်မှာ မဲခိုး မဲလိမ် မဲအကြံအဖန် သက်သေခံမဲတွေကို မီးရှို့ဖျက်စီးတယ်ဆိုတဲ့ သတင်းအမှားတခု လူမှုကွန်ယက်မှာ ပျံ့နေပါတယ်။ ဒီသတင်းမှားကို သူရကျော်အကောင့်ကနေ လူမှုကွန်ယက်မှာ တင်ခဲ့တာဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းတွေက မဲလက်မှတ်လို့ယူဆရတဲ့ အထုပ်တွေကို မီးရှို့ဖျက်စီးနေတဲ့ပုံတွေကို အသုံးပြုပြီး သတင်းအမှား ရေးသားထားတာဖြစ်ပါတယ်။ အချို့ လူမှုကွန်ယက်အကောင့်တွေကနေလည်း မီးလောင်ပျက်စီးနေတဲ့ မဲလက်မှတ်ပုံတွေကို မျှဝေနေကြတာကို တွေ့ရပါတယ်။ မီးလောင်ပျက်စီးနေတဲ့ မဲလက်မှတ်တွေရဲ့ အရောင်တွေကို လေ့လာကြည့်တော့ ၂၀၁၅ ရွေးကောက်ပွဲမှာ အသုံးပြုခဲ့တဲ့ မဲလက်မှတ်အဝါရောင်ဖြစ်နေပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ အသုံးပြုခဲ့တဲ့ မဲလက်မှတ်တွေက အဖြူရောင်ဖြစ်ပါတယ်။ မဲလက်မှတ်တွေ မီးရှို့ဖျက်စီးခဲ့တာနဲ့ပတ်သက်ပြီး သံတွဲခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးတင်သိန်းကို ဆက်သွယ်မေးကြည့်တော့ ခုမီးရှို့တာတွေဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အသုံးပြုခဲ့တဲ့ မဲရုံသုံးပစ္စည်းတွေဖြစ်တယ်လို့ ပြောပါတယ်။ ဦးတင်သိန်းက ” ၂၀၁၅ တုန်းက မဲရုံသုံးပစ္စည်းတွေပါ။…
Read Moreမျိုးဗီဇပြောင်းကူးစက်မြန် ကိုဗစ်ရောဂါ ဘင်္ဂလားဒေ့ရှ်မှာ စတင်တွေ့ရှိဆိုတဲ့ သတင်းမှားပျံ့နေ
ဒီဇင်ဘာ-၂၉-၂၀၂၀ ဆွေလင်းထွန်း(VOM) မျိုးဗီဇပြောင်းကူးစက်မြန် ကိုဗစ်ရောဂါဟာ ဘင်္ဂလားဒေ့ရှ်မှာ စတင်တွေ့ရှိတာဖြစ်တယ်ဆိုတဲ့ သတင်းမှားတခု လူမှုကွန်ယက်မှာ ပျံ့နေပါတယ်။ အဆိုပါသတင်းမှားကို ခေတ်ဘုန်းခ ခေတ်ဘုန်းခဆိုတဲ့ အကောင့်ကနေ လူမှုကွန်ယက်မှာ ဒီနေ့နေ့လယ် ၁ နာရီခန့်က တင်ခဲ့တာဖြစ်ပြီး နှစ်သက်သူ ၃ထောင်ကျော်၊ မှတ်ချက်ရေးသားသူ ၁၅၀ ကျော်နဲ့ ပြန်လည်မျှဝေသူ ၅၀၀ ကျော် ရှိနေတာ ဖြစ်ပါတယ်။ သတင်းမှားမှာ “သက်ဆိုင်ရာအာဏာပိုင်များ သိစေရန်{မျိုးဗီဇပြောင်း ကူးဆက်မြန်} COVID-19 ကပ်ရောဂါသည် ဘင်္ဂလားဒေ့ရှ်၌ စတင်တွေ့ရှိဆိုတဲ့ သတင်းတွေ အချိန်နဲ့တပြေးညီ တက်နေပါတယ် ဒေသအာဏာပိုင်များ သတင်းလက်ဦးမှု ရယူကာ နယ်စပ်မျဉ်းတလျှောက် ပိတ်ဆို့ထားနိုင်ဖို့ပါ” လို့ ရေးသားထားတာ ဖြစ်ပါတယ်။ UK နိုင်ငံမှာတွေ့တဲ့ မျိုးဗီဇပြောင်း ကိုဗစ်ပိုးနဲ့ဆင်တူတဲ့ ရောဂါပိုးကို လွန်ခဲ့တဲ့ နှစ်လကျော်လောက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တွေ့ခဲ့တယ်လို့ Bangladesh Council of Scientific…
Read Moreတပ်မတော်ကနေ UEC ကိုတရားစွဲတယ်ဆိုတဲ့ ကောလာဟလတွေထွက်နေ
ဒီဇင်ဘာ၂၅-၂၀၂၀ ဆွေလင်းထွန်း(VOM) တပ်မဲရုံတွေဆီက ရရှိတဲ့ အမှုပေါင်း ၅၀၀ကျော်နဲ့ စစ်တပ်က UECကို တရားစစွဲလိုက်ပြီဆိုတဲ့ ကောလာဟလတခု လူမှုကွန်ယက်မှာ ပျံ့နေပါတယ်။ ခုကောလာဟလကို မောင်ပေါ်ဦး၊ ကိုကို၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ-ဖျာပုံ၊ သီရိ၊ ဒေါ်သန်သန်းအေး၊ Nay Min၊ မင်းမင်း၊ Htat Myat၊ စစ်နိုင်အောင်၊ Hsu Sandi Wint အကောင့်တွေကနေ လူမှုကွန်ယက်မှာ မျှဝေခဲ့တာဖြစ်ပါတယ်။ ခုကောလာဟလမှာ တပ်က UEC ကို တရားစဆွဲလိုက်ပြီး UEC ကို စာချွန်တော် ထုတ်လိုက်ပြီလို့ ရေးထားပါတယ်။ တိုင်းတတိုင်းစီက ဗိုလ်မှူးတယောက်စီ တာဝန်ခံပြီး အမှုစွဲဆိုတာကို တရားသူကြီးချုပ်က လက်ခံလိုက်ပြီလို့လည်း ထည့်ရေးထားပါတယ်။ အမှုတွေကို ဘယ်မှာစစ်မလဲဆိုတာကို ၂၆ ရက်နေ့မှာ သိရမယ်လို့လည်း အဆိုပါ ကောလာဟလမှာ ပါပါတယ်။ တပ်က UEC…
Read Moreကောလာဟလနဲ့ သတင်းတုသတင်းမှား ဖြစ်တည်မှု၊ရင်းမြစ်နဲ့လားရာ
ဆွေလင်းထွန်း(VOM) ၂၀၂၀ ရွေးကောက်ပွဲကျင်းပပြီးစီးလို့ ရွေးကောက်ပွဲအနိုင်ရပါတီက အစိုးရဖွဲ့ဖို့ ပြင်ဆင်နေတဲ့ ကာလမှာပဲ လူမှုကွန်ယက်ပေါ်မှာ ကောလာဟလ၊ သတင်းတု၊ သတင်းမှားတွေကို လူတစုက ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေကြပါတယ်။ အများဆုံးတွေ့ရတဲ့ သတင်းတု၊ သတင်းမှားတွေကတော့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းမှားတွေပဲဖြစ်ပါတယ်။ သတင်းမှားတွေကို လူမှုကွန်ယက်ပေါ်မှာ အကောင့်တုတွေနဲ့ ဖြန့်ဝေကြတာဖြစ်ပါတယ်။ သတင်းမှားတွေထဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) နဲ့ မဲရုံဝန်ထမ်းတွေ၊ NLD ပါတီအပါအဝင် နိုင်ငံရေးပါတီတွေကို ဦးတည်တိုက်ခိုက်တဲ့ သတင်းမှားတွေက အများဆုံးဖြစ်တာ တွေ့ရပါတယ်။ ရွေးကောက်ပွဲတာဝန်ရှိသူတွေအပေါ် တိုက်ခိုက်တဲ့ သတင်းမှားတွေ UEC အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူဦးရေ ၃၇သန်းကျော်ရှိတယ်လို့ နိုဝင်ဘာ ၉ရက်နဲ့ ၁၀ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ အဆိုပါ UEC ရဲ့ ထုတ်ပြန်ချက်ကို အခြေခံပြီး…
Read Moreကောလဟာလတွေနဲ့ သတင်းအမှားတွေကို သတိထားဖို့
သတင်းမှန်၊ မှား သတိထားဖို့ အချက်များ ” Covid-19 ကာလမှာ ကောလဟာလတွေနဲ့ သတင်းအမှားတွေကို သတိထားဖို့ အရမ်းအရေးကြီးပါတယ်..” ကိုဗစ် ၁၉ နှင့်ပတ်သက်၍ အများပြည်သူ စိုးရိမ်ထိတ်လန့်စေသည့် မမှန်သတင်းများ ဖန်တီး၊ ဖြန့်ဝေခြင်းမပြုရ (ဒေသန္တရအမိန့်) လူမှုကွန်ယက်စာမျက်နှာတွင် လူများ၏ အကြောက်တရားကို အခြေခံပြီး စိတ်ဝင်စားမှု များများရအောင် လုပ်ကြံဖန်တီးဖြန့်ဝေသည့် သတင်းအမှားများ ယခုလို ကပ်ရောဂါဘေးကာလတွင် အများအပြား ရှိနေတာကြောင့် ဖန်တီးဖြန့်ဝေသူများကို အရေးယူနိုင်မည့် ဒေသန္တရအမိန့်ကို ထုတ်ပြန်ထားပါတယ်။ သတင်းမှားတွေကနေ ရောဂါကာကွယ်ရေးအသိလွဲမှားကာ ရောဂါကူးစက်ခံရနိုင်တာကြောင့် မမှန်သတင်းများ ဖန်တီး၊ ဖြန့်ဝေခြင်းမပြုဘဲ မိမိနှင့် ပတ်ဝန်းကျင်ကို COVID 19 ဘေးမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ သတင်းတစ်ပုဒ်ကို မျှဝေတော့မယ်ဆိုရင် သတင်းရေးသူကို စိစစ်ပါ။ ခေါင်းစဉ်တစ်ခုတည်းကိုပဲ မဖတ်ပါနဲ့။ သတင်းကို အစအဆုံးဖတ်ပါ။ သတင်းထုတ်ဝေတဲ့ နေ့စွဲကို စစ်ပါ။ အလားတူဖြစ်ရပ်ကို…
Read MoreNLD ဗဟိုအလုပ်အမှုဆောင်အစည်းဝေးမှာ ဦးဝင်းထိန်ကို တက်ရောက်မခံဆိုတဲ့ သတင်းမှား ပျံ့နေ
မန္တလေး-ဒီဇင်ဘာ-၁၃-၂၀ ဆွေလင်းထွန်း(VOM) ဒီဇင်ဘာ ၁၂ရက်နေ့က နေပြည်တော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့တဲ့ NLD ဗဟိုအလုပ်အမှုဆောင်အစည်းဝေးကို ဗဟိုကော်မတီ နာယကတဦးဖြစ်တဲ့ ဦးဝင်းထိန် တက်ရောက်ခွင့်မရဆိုတဲ့ သတင်းမှားတခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ အဲဒီသတင်းဟာ သတင်းမှားဖြစ်ပါတယ်။ အဲဒီသတင်းမှားကို Nay Thurain ဆိုတဲ့ ဖေ့ဘုတ်အကောင့်က စတင်ထားတာဖြစ်ပြီး react ပြုလုပ်သူ ၈၀၀ ကျော်၊ မှတ်ချက်ပေးသူ ၅၀ကျော်နဲ့ ပြန်လည်မျှဝေသူ ၂၇၀ ကျော် ရှိနေတာ ဖြစ်ပါတယ်။ ဒေါင်းမိုးသခဲမုန်းတဲ့ဒေါ်သီရိ၊ Nade Ayeyar၊ U Zaw M Htet၊ လူကလေးဖြိုး-မနောမြေ၊ U Aung၊ Aung Thura၊ Htet Myat၊ Thaw Zin Mg၊ Kyaw Phogat၊ Leo Tun စတဲ့ အကောင့်တွေက…
Read More