အေးချမ်းသူ(VOM) ” မြွေတွေ တွေ့ရင် ဘုန်းဘုန်းဆီ လာပို့ပါ ဘုန်းဘုန်းကျွေးမွေးထားပြီး တောထဲပြန်လွှတ်ပေးပါ့မယ် ဒီလိုမလုပ်ရင် မှောင်ခိုပို့တဲ့ သူတွေဆီရောက်သွားမှာစိုးလို့ပါ” လို့ စိုးရိမ်စိတ်နဲ့ မင်္ဂလာဒုံမြို့နယ်၊ ပလရ ရပ်ကွက်အတွင်းက စိတ္တသုခတပ်ဦးကျောင်းတိုက် အဘရာကျောင်း လှောင်အိမ်ထဲက မြွေကြီးတွေကို ကြည့်ရင်း ဆရာတော်ဦးဝိလာသက မေတ္တာသံပါပါနဲ့ မိန့်ပါတယ်။ ဆရာတော်ရဲ့ကျောင်းမှာ မြွေမျိုးစုံကို မှန်ကာထားတဲ့ ကန်ထဲမှာတမျိုး သံဇကာကာထားတဲ့ ခြံထဲမှာတဖုံ အမျိုးမျိုးထည့်ထားပြီး ဆရာတော်က ပုံမှန်ကျွေးမွေးပြီး စောင့်ရှောက်ထားပါတယ်။ စိတ္တသုခတပ်ဦးကျောင်းတိုက်မှာတော့ လက်ရှိထိန်းသိမ်းတဲ့မြွေ အကောင် ၃၀ ကျော်ရှိနေပြီး ၊ စပါးကြီး ၊ စပါးအုံးမြွေ များအပြင် အခြားအဆိပ်ရှိ မြွေအချို့လည်း ပါဝင်ပါတယ်။ အဲဒီမြွေတွေကို နွားနို့ ၊ ကြက်ဥ ၊ ငါး ၊ကြက်(ပံ့သကူ) တွေ ကျွေးမွေးတာမှာ လစဉ် ပျမ်းမျှ…
Read More