နေပြည်တော်မှာ စားသုံးဆီ တပိဿာ ၄၅၀၀နဲ့ ရောင်းနေပေမယ့် တကယ်အခက်အခဲဖြစ်နေသူတွေ မရ

စက်တင်ဘာ ၅-၂၀၂၃ KT (VOM) နေပြည်တော်၊မြို့မစျေးပွဲရုံတန်း၊မင်္ဂလာ၊ဆီနှင့်စားသောက်ကုန်ရောင်းဝယ်ရေးဆိုင်မှာ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက စားသုံးသူေတွ စျေးနှုန်းသက်သာစွာဝယ်ယူနိုင်ရန်အတွက် စားအုန်းဆီ တစ်ပိဿာလျှင် ၄၅၀၀ စျေးနှုန်းနဲ့ တန်းဆီသူတဦးကို နှစ်ပိဿာနှုန်းနဲ့ မနေ့ စက်တင်ဘာ ၄ရက်က ရောင်းချပေးနေတယ်လို့ နေပြည်တော်ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီလိုရောင်းချပေးရာမှာ အမှန်တကယ် အခက်အခဲရှိနေသူတွေ မရရှိဘဲ နေ့တွက်နဲ့တန်းစီပြီး လာဝယ်သူတွေသာ ရရှိသွားတယ်လို့ တန်းစီရာမှာ ပါဝင်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ ” အမှန်တကယ်ရရှိသွားသူတွေကတော့ ငွေရှင်၊ကြေးရှင် ဝိသမလောဘသားတွေပါဘဲ၊ နိုင်ငံတော်အစိုးရက စားသုံးသူတွေသက်သာသောစျေးနှုန်းနဲ့ ဆန်၊ဆီ (စားအုန်းဆီ)များကို ဆီကုန်သည်၊ဆန်ကုန်သည်ကြီးများကို ရောင်းချခိုင်းပေမယ့်လည်း အမှန်တကယ်ကြီးပွားသွားသူတွေကတော့ ငွေရှင်၊ကြေးရှင်ဝိသမလောဘသားတွေသာဖြစ်ပါတယ်၊ ထဲထဲဝင်ဝင်လေ့လာကြည့်တော့ ဆီကို ၄၅၀၀ ကျပ်စျေးနဲ့ ဆီကုန်သည်ကြီးများအသင်းက တန်းစီလာသူလူတစ်ဦးကို နှစ်ပိဿာရောင်းချပေးပါတယ်၊ ဆန်တစ်ပြည်ကို ဧည့်မထဆန်တစ်ပြည် ၂၅၀၀ ကျပ်၊သိင်္ဂီ ဆန် ၆ ပြည် တစ်အိတ် ၃၀၀၀၀ ကျပ်နဲ့…

Read More

လူသတ်၊ လုယက်မှုတွေကြားက ရန်ကုန်

SN (VOM) တနေ့တခြား ပိုမိုများပြားလာနေတဲ့ လုယက်မှု၊ အနုကြမ်းစီးမှု၊ ပစ္စည်းယူ လူသတ်မှုတွေကြောင့် ပြည်သူတွေကြားမှာ မလုံခြုံမှုတွေ ခံစားလာနေရပါတယ်။ ဒီလို လုယက်မှု၊ အနုကြမ်းစီးမှုတွေဟာ နယ်မြို့တွေမှာသာမက ရန်ကုန်မြို့လို မြို့ကြီးတွေရဲ့ တကယ့်အချက်အချာကျ၊ လူစည်ကားတဲ့ နေရာတွေမှာပါ ဖြစ်ပွားနေတာ ဖြစ်ပြီး တချို့ဖြစ်စဉ်တွေဆိုရင် မိမိအိမ်မှာပင် နေသော်ငြားလည်း အသက်၊ အိုးအိမ်၊ စည်းစိမ်အတွက် လုံခြုံမှု အာမခံချက်မရှိတာကို တွေ့မြင်နိုင်ပါတယ်။ လက်ရှိမှာ အဲ့ဒီ့ဖြစ်စဉ်တွေကို ကြားသိရသူတိုင်းအတွက် စိုးရိမ်စိတ်၊ ထိတ်လန့်စိတ်တွေ ဖြစ်လာမှာကတော့ ပြောနေစရာတောင် လိုမယ်မထင်ပါဘူး။ ဒါပေမယ့်လည်း အမှုအခင်းဖြစ်ပွားမှုတွေမှာ အဘယ့်အတွက်ကြောင့် ရက်ရက်စက်စက် သတ်ဖြတ်လာသလဲဆိုတဲ့ အခြေအနေအတွက်ကတော့ ပြောစရာတခု ဖြစ်လာခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ ပြည်သူတွေအကြား လူမှုစီးပွားရေးမှာ အများစုကျပ်တည်းနေတဲ့ အခြေအနေကို ဆိုက်ရောက်နေတာပါ။ ကုန်စျေးနှုန်း ကြီးမြင့်လာတာနဲ့အမျှ အခြေခံလူတန်းစားတွေ ဘဝရပ်တည်နိုင်ရေးအတွက်လည်း အခက်အခဲများစွာ ရှိလာနေကြပါတယ်။ အဲ့ဒီ့လို…

Read More

ကျောတခင်းစာအရေး အခက်ပွေနေရသူတွေ

SN (VOM) မြို့ပြလို့ပဲ ခေါ်ခေါ် မြန်မာနိုင်ငံရဲ့ လူဦးရေ ၁၀ ရာနှုန်းလောက် နေထိုင်ကြတဲ့ ရန်ကုန်မြို့မှာ ကျောချစရာ တနေရာ ရဖို့အတွက် ကိုယ့်လုပ်ခ၊ စုဆောင်းထားတဲ့ ငွေစလေးတွေနဲ့ ပြည့်မီအောင် ကြိုးပမ်းနေကြရတဲ့အဖြစ်က မြို့ပြရဲ့ ပုံရိပ်တွေထဲက ထင်ရှားတဲ့ပုံရိပ်တခုပဲဖြစ်ပါတယ်။ ရန်ကုန်မြို့ပြမှာ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းတွေ မြင့်တက်လာတာနဲ့အတူ အိမ်ငှားရမ်းခနှုန်းထားတွေပါ လိုက်ပါ မြင့်တက်လာတာကြောင့် အိုးပိုင်အိမ်ပိုင်မရှိတဲ့ လက်လုပ်လက်စား အခြေခံဝန်ထမ်း ပြည်သူတွေအနေနဲ့ အခက်အခဲများစွာ ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ်။ အထွေထွေကုန်ကျစရိတ် များပြားပြီး ၀င်ငွေနဲ့ထွက်ငွေ မမျှတတဲ့ ဒီလို ကာလမှာ နေရေးအတွက် စိုးရိမ်သောက ရောက်နေရတာတွေဟာ မြင့်သထက် မြင့်လာနေတယ်လို့ အိမ်ငှားနေသူတွေက ညည်းညူပြောဆိုကြပါတယ်။ အိမ်ငှားရမ်းနေထိုင်သူ အများစုဟာ သူတို့ရရှိတဲ့၀င်ငွေရဲ့ ၂၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းခန့်ကို အိမ်ငှားခအဖြစ် သုံးစွဲနေကြရတယ်လို့ ပြောပါတယ်။…

Read More

စပါးစိုက်ပျိုးမှု လျော့ကျခြင်းက ဆန်၊စပါးစျေးကွက်ကို လှုပ်ခတ်စေသလား

ဩဂုတ် ၁၃ – ၂၀၂၃ GG(VOM) မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေနဲ့ နယ်မြေမအေးချမ်းမှုတွေကြောင့် တိုင်းနဲ့ ပြည်နယ်အချို့မှာ နွေစပါး၊မိုးစပါး သီးနှံစိုက်ရာသီချိန် နှစ်ချိန်လုံး စပါးစိုက်ဧကတွေ လျော့ကျမှုရှိတယ်လို့ တောင်သူတွေဆီက သိရပါတယ် ။ စစ်ကိုင်းတိုင်း ၊ကယားပြည်နယ်၊မကွေးတိုင်း ၊ချင်းပြည်နယ် စတဲ့မြို့နယ်အချို့မှာ တိုက်ပွဲတွေဖြစ်ပွားပြီး နယ်မြေမတည်ငြိမ်လို့ ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာထွက်ပြေးနေရတာကြောင့် စပါးစိုက်ပျိုးခြင်းကို လုပ်ဆောင်နိုင်​ခြင်းမရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် စစ်ဖြစ်ပွားခြင်းမရှိတဲ့ နယ်မြေဒေသတွေမှာလည်း စပါးစိုက်ပျိုးဖို့ ဆည်ရေမရရှိတဲ့အတွက် စပါးစိုက်ပျိုးမှုလျော့ကျလာသလို မြေဩဇာစျေးနူန်းကြီးမြင့်ခြင်း၊ စိုက်ပျိုးရေးဆေးစျေးနူန်းကြီးမြင့်ခြင်း ၊ အလုပ်သမားငှားရမ်းခမြင့်တက်ခြင်း၊လယ်ထွန်စက်မောင်းခစျေးနူန်း နှစ်ဆတက်ခြင်း စတဲ့ကုန်ကျစရိတ် မြင့်တက်ခြင်းတွေကြောင့် လုံလောက်တဲ့ပမာဏအသုံးမပြုနိုင်တဲ့အတွက်လည်း စပါးအထွက်နူန်းတွေလျော့ကျလာတယ်လို့ သိရပါတယ် ။ ” နွေစပါး ဆည်ရေမရလို့ မစိုက်ရတဲ့ ဧကပေါင်းက တနိုင်ငံလုံးဆို မနည်းဘူးလေ၊ ဆည်တွေရှိပြီး ရေမပေးနိုင်လို့ စပါးမစိုက်ရဘူးဆိုတာ အလုပ်မှမဟုတ်တာဗျာ။နောက်တဆင့်ကမှ ​မြေဩဇာသုံးသင့်သလောက်…

Read More

ခိုးဆိုးလုယက်မှုတွေကြားက ရန်မကုန်သေးတဲ့ ရန်ကုန်

SN (VOM) သြဂုတ်-၁၂-၂၀၂၃ လက်ရှိ ရန်ကုန်တိုင်းအတွင်းမှာ လုယက်မှု၊ အနုကြမ်းစီးမှု၊ ပစ္စည်းယူလူသတ်မှုတွေဟာ အချိန်နေရာမရွေး၊ အသက်ကြီးငယ်မရွေး ကျူးလွန်ခံနေရပြီး နေ့စဥ်နဲ့အမျှ အသက်အန္တရာယ် စိုးရိမ်နေကြရပါတယ်။ ဟိုအရင် ခေတ်ကာလတွေတုန်းက ဖြစ်ပွားခဲ့တဲ့ လုယက်မှုတွေမှာတော့ ပစ္စည်းကိုပဲ လုယူတာအများစုဖြစ်ပြီး လူ့အသက်ကို ရန်ရှာတာ၊ အသက်သေတဲ့အထိ ပြုလုပ်တာ အလွန် နည်းပါးခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိကာလ လုယက်၊ အနုကြမ်းစီးမှုတွေမှာတော့ ပစ္စည်းကို ယူရုံသာမက အသက်ကိုပါ ရက်ရက်စက်စက် သတ်ဖြတ်သွားကြတယ်ဆိုတဲ့ သတင်းတွေကိုလည်း စိတ်မကောင်းစရာ ကြားသိနေရပါတယ်။ လုယက်မှု၊ လူသတ်မှုတွေဟာ လမ်းပေါ်မှာ ဖြစ်ပွားတာရှိသလို အိမ်ထဲ၊ ဆိုင်ထဲအထိဝင်ပြီး လုယက်တာ၊ လူစည်ကားရာ နေရာတွေကိုတောင် မရှောင်၊ နေ့ဘက်အချိန်တွေမှာတောင် အနုကြမ်းစီး လုယက်တာတွေလည်း ရှိပါတယ်။ အနီးစပ်ဆုံး ဖြစ်စဉ်တစ်ခုကတော့ဩဂုတ် ၈ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်က ရန်ကုန်တိုင်း၊…

Read More

ငြိမ်းချမ်းရေးညီလာခံပေါ်ပေါက်လာဖို့ ဘယ်လို စိန်ခေါ်မှုတွေ ရှိနေသလဲ

သြဂုတ်-၄-၂၀၂၃ MaungMaung(VOM) လက်ရှိ ၂၀၂၃ ခုနှစ် မကုန်ခင်မှာငြိမ်းချမ်းရေးညီလာခံပေါ်ပေါက်လာနိုင်ဖွယ်ရှိနေတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေကို လုပ်ဆောင်နေကြသူတွေက VOM ကို တညီတညွတ်တည်း ပြောဆိုကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက နစက ရဲ့ ဝန်ကြီးများ အပြောင်းအလဲမှာ အမျိုးသားစည်းလုံး ညီညွတ် ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ရဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ကို ပြည်ထဲရေး ဝန်ကြီးဌာန ရဲ့ ပြည်ထောင်စုဝန်ကြီးတာဝန်ပေးလိုက်တဲ့အတွက်ကြောင့် သူ့နေရာမှာ ရောက်လာမယ့် ပုဂ္ဂိုလ်ဟာ ဘယ်သူ ဘယ်ဝါဖြစ်မယ်ဆိုတာကို တိတိကျကျ မသိနိုင်သေးပေမဲ့ အဲဒီနေရာကို ရောက်လာမယ့်သူ အနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဆောင်ရွက်လိမ့်မယ်လို့ သုံးသပ်နေကြတာပါ။ “အခုဟာကPPST တို့အထဲမှာအဖွဲ့(၅)ဖွဲ့ပါတယ်။အဲဒါကALP,DKBA,KNU, KNLA(PC),LDU,PLNOတို့ဖြစ် တယ်။ အဲဒါပြီးတော့PPST ထဲမှာမပါတဲ့ NMSPလို့ခေါ်တဲ့မွန်ပြည်သစ်ပါတီ နဲ့ RCSS ပေါ့။အခု(၂)ဖွဲ့ကNCA လက်မှတ်ထိုးပြီးသားအဖွဲ့တွေဖြစ်တယ်။ သို့သော် PPST ထဲမှာ မပါဘူး။သူတို့ကတစ်ယောက်နဲ့တစ်ယောက် သုံးနှုန်းတဲ့အခါမှာ…

Read More

ခေါင်ခိုက်နေတဲ့ကုန်ဈေးနှုန်းနဲ့ တိုးမလာတဲ့ လုပ်ခလစာ

SN (VOM) လက်ရှိကာလမှာတော့ လူတန်းစားအားလုံးအတွက် မရှိမဖြစ်အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေဟာ ဖြစ်သင့်တဲ့ဈေးနှုန်းထက် များစွာမြင့်တက်နေပါတယ်။ မိသားစုဝင်ငွေ တိုးမလာပေမယ့် ထွက်ငွေတွေကတော့ တစ်နေ့ထက်တစ်နေ့ ပိုလို့သာ တိုးလို့လာနေပါတယ်။ တစ်မိသားစုလုံး ဘယ်လောက်ပဲ ဝင်ငွေတိုးအောင်ရှာပါစေ၊ တရကြမ်းတက်နေတဲ့ ကုန်ဈေးနှုန်းကြောင့် အိတ်ပေါက်နဲ့ ဖားကောက်သလိုသာ ဖြစ်နေရတာပါ။ ဒါ့ကြောင့် အခြေခံလူတန်းစား လက်လုပ်လက်စား ပြည်သူတွေအတွက်ကတော့ ဆင်းရဲတွင်းဟာ တစ်နေ့တခြား နက်သထက်နက်လို့လာနေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ဟာ နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲတာ ၂နှစ်နဲ့ ၆လတာပြည့်တဲ့နေ့ပါ။ အဲ့ဒီ့ ၂ နှစ်နဲ့ ၆ လတာ ကာလအတွင်း အထွေထွေကုန်ဈေးနှုန်းတွေ၊ ရွှေနဲ့ဒေါ်လာဈေးတွေ အဆမတန်မြင့်တက်လာပေမယ့် အလုပ်သမားတွေရဲ့ အနည်းဆုံးလုပ်ခလစာ တစ်ရက် ၄၈၀၀ ကျပ်ဟာတော့ တိုးမလာခဲ့ပါဘူး။ မြန်မာနိုင်ငံမှာ အနည်းဆုံးအခကြေးငွေဥပဒေကို သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်၊ မတ်လမှာပြဌာန်းခဲ့ပြီး နည်းဥပဒေကို ၂၀၁၃…

Read More

နှစ်သောင်းတန်နဲ့ ကုန်ဈေးနူန်းဂယက်

SN (VOM) နစက က လာမယ့် ဇူလိုင် ၃၁ ရက်မှာ ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ် ထုတ်မယ်လို့ တနင်္ဂနွေရုံးပိတ်ရက်မှာ ကြေညာခဲ့ပေမယ့် နိုင်ငံခြားငွေကြေးဈေးကွက်မှာတော့ နေ့တွင်းချင်း ‌အရောင်းအဝယ် ရပ်တန့်တာတွေရှိခဲ့ပြီး နောက်တစ်ရက်မှာတော့ ငွေလဲနှုန်းတွေ စျေးအဆမတန် ခုန်တက်ခဲ့ပါတယ်။ နှစ်သောင်းကျပ်တန် ထုတ်မယ်လို့ မကြေညာခင် ပြင်ပဒေါ်လာဈေးဟာ အမေရိကန်တစ်ဒေါ်လာကို ၃၂၀၀ ကျပ်ဝန်းကျင် ရှိနေရာကနေ ဇူလိုင် ၂၄ ရက်နေ့ကစလို့ ပုံမှန် ဈေးဖွင့်ရောင်းသူမရှိတော့ဘဲ ကြိုက်ရောင်း၊ ကြိုက်ဝယ်ပုံစံနဲ့ တစ်ဒေါ်လာကို ကျပ် ၃၆၀၀ ကျော်ဝန်းကျင်လောက်နဲ့ ရောင်းဝယ်နေကြတယ်လို့ သိရပါတယ်။ “ငွေလဲနှုန်းတွေက နစကရဲ့ နှစ်သောင်းတန် ကြေညာချက် ထွက်တဲ့နေ့မှာပဲ အရောင်းအဝယ်တွေ ရပ်ပစ်လိုက်ကြတာ။ ‌အခြေအနေတွေက ဘာမှန်းမသိတော့ ဈေးတွေလည်း မငြိမ်ဘူးလေ။ အဲ့ဒါကြောင့် အခြေအနေ ခဏစောင့်ကြည့်တဲ့သဘောနဲ့ ရပ်ထားကြတာ။ ကြေညာချက်ထွက်ပြီး နောက်တစ်နေ့ ဇူလိုင်…

Read More

ဂက်စ်မရလို့ အခက်ပွေနေရပြန်တဲ့ အခြေခံလူတန်းစားတွေရဲ့ ဘဝ

SN (VOM) အခြေခံလူတန်းစား ပြည်သူတွေအနေနဲ့ စားဝတ်နေရေးအတွက် သွားလာလှုပ်ရှား ရုန်းကန်နေရတဲ့အခါမှာ YBS ယာဉ်လိုင်းကလည်း မရှိမဖြစ် အခန်းကဏ္ဍက ပါဝင်လို့ နေပါတယ်။ လိုရာခရီးရောက်နိုင်ဖို့၊ လုပ်ငန်းခွင်ကို အချိန်မီ ဝင်ရောက်နိုင်ဖို့၊ အိမ်ပြန်ခရီး အဆင်ပြေချောမွေ့စေဖို့အတွက် အခြေခံလူတန်းစားတွေဟာ သက်ဆိုင်ရာ YBS ယာဉ်တွေကို ရွေးချယ်ပြီး နေ့စဉ် စီးနင်း သွားလာနေရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ YBS ယာဉ်အများစုဟာ သက်ဆိုင်ရာ ယာဉ်လမ်းကြောတွေမှာ ပြေးဆွဲမောင်းနှင်ဖို့ထက် ဂက်စ်ဆိုင်တွေမှာပဲ အချိန်တွေ ကုန်ဆုံးနေရတာကြောင့် ခရီးသွားပြည်သူတွေဟာလည်း လိုရာခရီးကို အချိန်မီ ရောက်ရှိနိုင်ဖို့ ကားမှတ်တိုင်အသီးသီးမှာ မျှော်တလင့်လင့် စောင့်စားနေကြရင်း အချိန်ကုန်တွေ အလဟဿ ကုန်ဆုံးနေကြရပါတယ်။ အဲ့ဒီ့လို အခုရက်ပိုင်းထဲ YBS ကားတွေ အထွက်နည်းနေတာကြောင့် ခရီးသည်ဦးရေနဲ့ ကားအစီးရေ မမျှတတဲ့အတွက် ကားတွေကျပ်လာတယ်လို့ ခရီးသည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။…

Read More

တငွေ့ငွေ့ တက်နေတဲ့ အခြေခံစားသောက်ကုန်စျေးနူန်း

ဇူလိူင် ၁၂-၂၀၂၃ GG(VOM)   ပြည်တွင်း စားသုံးဆီစျေး လက်လီစျေးကွက်မှာ တစ်ပိဿာကို အမြင့်ဆုံး ၁၀၀၀၀ ကျပ်အထိ စျေးနူန်းမြင့်တက် လာသလို အခြားသော အခြေခံစားသောက်ကုန်ပစ္စည်းစျေးနူန်းတွေလည်း ပြန်လည်မြင့်တက်လာတာကြောင့် ပြည်သူတွေအားလုံး အဆင်မပြေဖြစ်နေကြရတယ်လို့ သိရပါတယ်။   အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ အာလူး ၊ ကြက်သွန်နီ ၊ကြက်သွန်ဖြူ ၊ ဂျင်း ၊အရောင်တင်မှုန့် ၊ အချိုမှုန့် ၊သကြား အပါအဝင် စတဲ့ နေ့စဥ် မဖြစ်မနေအသုံးပြုနေရတဲ့ အခြေခံစားသောက်ကုန်ပစ္စည်းတွေအားလုံး စျေးနူန်းမြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။   ဂျင်းတက်ဆိုရင် တစ်ပိဿာကို ၃၀၀၀ ခန့်ကနေ လက်ရှိမှာ ၉၀၀၀ ကျပ်အထိဖြစ်လာပြီး ကြူကုတ်ကြက်သွန်ဖြူက ၈၅၀၀ ကျပ်၊ ဗမာကြက်သွန်ဖြူက ၉၅၀၀ ကနေ ၁၀၀၀၀ ကျပ်အထိရှိပြီး အာလူးက ၃၅၀၀ ကျပ်နဲ့ ကြက်သွန်နီကလည်း တစ်ပိဿာ ကို…

Read More
VOM News

FREE
VIEW