VOM ရဲ့ သိပ္ပံနဲ့ နည်းပညာ ကဏ္ဍ

– မာစီဒီးက လူတူစက်ရုပ်တွေကို ကားထုတ်လုပ်ရေးမှာဘယ်လိုအသုံးပြုနေလဲ -စမတ်ဖုန်းကုမ္ပဏီ Xiaomi က ပထမဆုံးရောင်းချမယ့် လျှပ်စစ်ကား -ဂျပန်ကုမ္ပဏီတခုရဲ့ ဒုံးပျံလွှတ်တင်မှု မီးလောင်ပေါက်ကွဲခဲ့ မတ်-၁၉-၂၀၂၄ မျိုးဆက်(VOM) (၁) လူတူစက်ရုပ် ဝန်ထမ်းတွေကို ကားထုတ်လုပ်ရေးမှာ စတင်အသုံးပြုနေတဲ့ မာစီဒီးကုမ္ပဏီ မာစီဒီးမော်တော်ကားကုမ္ပဏီဟာ သူ့ရဲ့ ကားထုတ်လုပ်ရေးလုပ်ငန်းတွေမှာ လူတူစက်ရုပ်ဝန်ထမ်းတွေကို စတင်ပြီး တရားဝင်အသုံးပြုနေပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အက်ထရွန်နစ်ခ်ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ အပိုလို လူတူစက်ရုပ်တွေဟာ လူသားဝန်ထမ်းတွေ သက်သာစေဖို့အတွက် လေးလံတဲ့ပစ္စည်းတွေ သယ်မတာမျိုးအပါအဝင် ရိုးရှင်းတဲ့ လုပ်ဆောင်မှုတွေမှာ အသုံးပြုနေတယ်လို့ ဆိုပါတယ်။ ဒီလို အခြေခံအလုပ်တွေမှ လူတူစက်ရုပ်တွေကို အစားထိုးအသုံးပြုတာကြောင့် လူသားတွေအနေနဲ့ ပိုမိုအရေးပါတဲ့ အလုပ်တွေကို အာရုံစိုက်တာမျိုးပိုမိုပြုလုပ်နိုင်မယ့်အပြင် လုပ်ငန်းခွင်အန္တရယ်နဲ့ ထိခိုက်ဒဏ်ရာရတာတွေကို လျှော့ချနိုင်မယ်လို့ မာစီဒီးက ပြောပါတယ်။ အသုံးပြုနေတဲ့ အပိုလို လူတူစက်ရု်ပတွေဟာ အရပ် ၅ ပေ ၈လက်မရှိပြီး ဘေးကင်းလုံခြုံစွာ…

Read More

VOM ရဲ့ သိပ္ပံနဲ့ နည်းပညာကဏ္ဍ

  – လူသားတွေလို တုံ့ပြန်နိုင်စွမ်းရှိတဲ့ ဉာဏ်ရည်တုကလေးငယ် ဖန်တီးလိုက်ပြီ – ကမ္ဘာ့ပထမဆုံး ဇိမ်ခံရေငုပ်သင်္ဘောအကြောင်း – ဉာဏ်ရည်တုနည်းပညာက အလုပ်အကိုင်တွေအပေါ် ဘယ်လောက်သက်ရောက်နိုင်မလဲ ဖေဖော်ဝါရီ-၅-၂၀၂၄ မျိုးဆက်(VOM) #(၁)လူသားတွေလို တုံ့ပြန်နိုင်စွမ်းရှိတဲ့ ဉာဏ်ရည်တုကလေးငယ် ဖန်တီး လူသားတွေနည်းတူ တုံ့ပြန်နိုင်စွမ်းရှိတဲ့ ကမ္ဘာ့ပထမဆုံး ဉာဏ်ရည်တုကလေးငယ်လို့ ယူဆလို့ရတဲ့ စက်ရုပ်လူသားကို တရုတ်သိပ္ပံပညာရှင်တွေက ထုတ်ဖော်ပြသလိုက်ပါတယ်။ ဒီကလေးငယ်ကို Beijing Institute for General Artificial Intelligence (BIGAI) ကနေ ဖန်တီးခဲ့တာဖြစ်ပြီး Tong Tong သို့မဟုတ် မိန်းမငယ်လေးလို့ အမည်ရတဲ့ ဉာဏ်ရည်တုကလေးငယ်ကို မကြာသေးမီက ပေကျင်းမှာ ပြသခဲ့တာဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ဉာဏ်ရည်တုနည်းပညာနယ်ပယ်မှာ ကမ္ဘာကျော်ပညာရှင်တယောက်ဖြစ်တဲ့ ဇူဆောင်ချွန်ရဲ့ ဦးဆောင်မှုအောက်မှာရှိတဲ့ ခေတ်မှီတဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေးအဖွဲ့အစည်းဖြစ်ပါတယ်။ ဖန်တီးထားတဲ့ ဉာဏ်ရည်တု ကလေးငယ်ဟာ လူသားတယောက်လို တွေးခေါ်ဆင်ခြင် သင်ယူနိုင်တဲ့…

Read More

VOM ရဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍ

  -ကြက်မွှေးကနေ စွမ်းအင်ထုတ်လုပ်နိုင်တော့မှာလား -လကမ္ဘာပေါ် အာကာသယာဉ်မှူးစေလွှတ်ဖို့ အိန္ဒိယဘာတွေစီစဉ်နေလဲ -ကမ္ဘာတဝန်း ဂြိုဟ်တုအင်တာနက်ပေးမယ့် အမေဇုန်   မျိုးဆက်(VOM) အောက်တိုဘာ -၂၂-၂၀၂၃   (၁) ကြက်မွှေးကနေ စွမ်းအင်ထုတ်နိုင်မယ့် နည်းလမ်းသစ် ရှာဖွေတွေ့ရှိ   စင်ကာပူနိုင်ငံ နန်ယန်းနည်းပညာတက္ကသိုလ်နဲ့ အီတီအိတ်ချ်ဇူးရစ် တက္ကသိုလ်က သုတေသီတွေဟာ ကြက်မွှေးကနေ ဟိုက်ဒရိုဂျင် စွမ်းအင်ထုတ်လုပ်ရေး နည်းလမ်းသစ်ကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။   ဟိုက်ဒရိုဂျင်စွမ်းအင်ဟာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ အလားအလာရှိတဲ့ စွမ်းအင်အရင်းအမြစ်တမျိုးဖြစ်ပြီး လောင်စာဆဲလ်တွေဖန်တီးပြီး စွမ်းအင်ထုတ်လုပ်တဲ့ နည်းလမ်းဖြစ်ပါတယ်။   လေ့လာမှုတွေအရ သုတေသီတွေဟာ ကြက်မွှေးကနေ ကီရာတင်ကို ထုတ်ယူပြီး အလွန်သေးငယ်တဲ့ အမျှင်လွှာအဖြစ် ပြုပြင်ပြောင်းလဲကာ လောင်စာဆဲလ်တွေအတွက် စွမ်အင်အရင်းအမြစ်အဖြစ် အသုံးပြုထားတယ်လို ဆိုပါတယ်။   ကမ္ဘာပေါ်မှာ နှစ်စဉ်နှစ်တိုင်း ကြက်မွှေးတန်ချိန် သန်း ၄၀ ထိ မီးရှို့ဖျက်ဆီးနေရပြီး…

Read More

VOM ရဲ့ သိပ္ပံနဲ့နည်းပညာ အစီအစဉ်

-လကမ္ဘာပေါ်မှာ အိမ်ဆောက်ဖို့ကြိုးစားနေတဲ့ နာဆာ -စက်ရုပ်ခွေးတွေကို လက်နက်တပ်ဆင်ပေးနိုင်တော့မှာလား -အိန္ဒိယနဲ့ ရေအောက်ရထားပြေးဆွဲဖို့ ယူအေအီးဘာတွေ စီစဉ်နေလဲ မျိုးဆက်(VOM) အောက်တိုဘာ-၁၂-၂၀၂၃ (၁) လကမ္ဘာပေါ်မှာ အိမ်ဆောက်တော့မယ့် နာဆာ အမေရိကန်အာကာသအေဂျင်စီ (နာဆာ) ဟာ လကမ္ဘာပေါ်မှာ ၂၀၄၀ ခုနှစ်အတွင်း နေအိမ်တလုံးတည်ဆောက်ဖို့အတွက် စီစဉ်နေပါတယ်။ ဒီလိုတည်ဆောက်ဖို့အတွက် အော်စတင်အခြေစိုက် ICON ဆောက်လုပ်ရေးနည်းပညာ ကုမ္ပဏီတခုနဲ့စာချုပ်ချုပ်ပြီး ဒေါ်လာသန်း ၆၀ ပေးအပ်ထားကာ ဘိလပ်မြေ၊ သဲနဲ့ရေတို့ကို အမျှင်အဖြစ်ဖန်တီးပြီး အလွှာလိုက်တည်ဆောက်သွားမှာဖြစ်ပါတယ်။ အစီအစဉ်အရ 3D ပရင်တာကြီးတခုကို လကမ္ဘာပေါ်ကို သယ်ဆောင်သွားမှာဖြစ်ပြီး လပေါ်က ကျောက်တုံးကျောက်ခဲတွေ၊ ဓါတ်သတ္တုအပိုင်းအစတွေနဲ့ ဖုန်မှုန့်တွေကို အသုံးပြုသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လကမ္ဘာပေါ်က နေအိမ်အတွက် တံခါးတွေ၊ ကြွေပြားတွေနဲ့ ပရိဘောဂတွေအတွက် နည်းပညာတက္ကသိုလ်ကြီးတွေ ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ နာဆာက ပူးပေါင်းလုပ်ဆောင်နေပါတယ်။ ICON ဆောက်လုပ်ရေးနည်းပညာကုမ္ပဏီဟာ ၂၀၁၈ ခုနှစ်ကတည်းက…

Read More

ကြက်တွေရဲ့စကားကို ဘာသာပြန်နားလည်နိုင်တော့မှာလား

Chicken

VOM ရဲ့ သိပ္ပံနဲ့နည်းပညာ အစီအစဉ် – ကြက်တွေရဲ့စကားကို ဘာသာပြန်နားလည်နိုင်တော့မှာလား – မက်ဆင်ဂျာမှာ AI Chatbot ကို လိုရာမေးနိုင်ပြီ -AI တင့်ကား ပထမဆုံး ထုတ်လုပ်လိုက်တဲ့ အစ္စရေးစစ်တပ် မျိုးဆက်(VOM) အောက်တိုဘာ-၁-၂၀၂၃ (၁) ကြက်တွေရဲ့စကားကို နားလည်နိုင်မယ့် ဉာဏ်ရည်တုနည်းပညာ တီထွင် ဂျပန်နိုင်ငံက သုတေသီတွေဟာ ကြက်တွေရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကို နားလည်နိုင်မယ့် ဉာဏ်ရည်တုနည်းပညာတမျိုးကို တွေ့ရှိခဲ့ကြောင်း သိရပါတယ်။ အဲဒီတီထွင်မှုကို တိုကျိုတက္ကသိုလ်က ပါမောက္ခ အန်ဒီရီယန်ဒေးဗစ်ချော့ခ်က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အသံပိုင်းဆိုင်ရာ ပြောင်းလဲမှုပုံစံတွေကို အာရုံခံနိုင်တဲ့ Deep Emotional Analysis Learning စနစ်ကို အခြေခံထားတယ်လို့ သုတေသီတွေက ဆိုပါတယ်။ သုတေသီတွေရဲ့ လက်ရှိလေ့လာမှုအရ ကြက်တွေရဲ့အသံကို ဉာဏ်ရည်တုနည်းပညာက အာရုံခံစိစစ်ပြီး ကြက်တွေရဲ့ ဆာလောင်မှု၊ ကြောက်ရွံ့မှု၊ ဒေါသဖြစ်မှုနဲ့ စိတ်လှုပ်ရှားမှုအပါအဝင် အမျိုးမျိုးသော…

Read More

VOM ရဲ့ သိပ္ပံနဲ့ နည်းပညာ အစီအစဉ်

VOM ရဲ့ သိပ္ပံနဲ့ နည်းပညာ အစီအစဉ် – လူ့ခေါင်းထဲကို မိုက်ခရိုချစ်ပ်ထည့်ပြီး စမ်းသပ်တော့မယ့် အခြေအနေ – နွားချေးကနေ လောင်စာထုတ်ပြီး ဒုံးပျံလွှတ်တင်နိုင်တော့မှာလား -ကမ္ဘာ့ပထမဆုံး လူတူစက်ရုပ်ထုတ်လုပ်ရေးစက်ရုံ ဖွင့်တော့မယ် မျိုးဆက်(VOM) စက်တင်ဘာ-၂၂-၂၀၂၃ (၁) လူ့ခေါင်းထဲကို မိုက်ခရိုချစ်ပ်ထည့်ပြီး စမ်းသပ်တော့မယ်လို့ Neuralink ကြေညာ အီလွန်မာ့ခ်ရဲ့ Neuralink ကုမ္ပဏီဟာ လူ့ခေါင်းထဲကို မိုက်ခရိုချစ်ပ်ထည့်ပြီး ပထမဆုံးအကြိမ်စမ်းသပ်မှုတွေ လုပ်တော့မယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ မိမိတို့ရဲ့ ပထမဆုံးသော လူသားတွေနဲ့ လက်တွေ့စမ်းသပ်မှုတွေအတွက် လူစုဆောင်းမှုကို စတင်ဖို့ ခွင့်ပြုချက်ရရှိထားပြီး ဒါဟာ ရင်သပ်ရှုမောဖွယ် ဆေးသိပ္ပံဆိုင်ရာ လေ့လာစမ်းသပ်မှုဖြစ်ပြီး ဘေးကင်းရေးကို ပထမဦးစားပေးလုပ်ဆောင်သွားမယ်လို့ Neuralink က ထုတ်ပြန်ထားပါတယ်။ ဒီစမ်းသပ်မှုအတွက် Neuralink ဟာ ကျောရိုးမကြီးထိခိုက်ထားသူ သို့မဟုတ် လေဖြတ်ထားသူမျိုးနဲ့ ထိခိုက်ဒဏ်ရာကြောင့် မသန်စွမ်းဖြစ်သူတွေကို စုဆောင်းနေပြီး ဦးနှောက်နဲ့ မိုက်ခရိုချစ်ပ်…

Read More

VOM ရဲ့ သိပ္ပံနဲ့ နည်းပညာကဏ္ဍ

VOM ရဲ့ သိပ္ပံနဲ့ နည်းပညာကဏ္ဍ -လပေါ်မှာ နျူကလီးယားလောင်စာနဲ့ စွမ်းအင်ထုတ်လုပ်မယ့် အခြေအနေ -စာရွက်လို လိပ်ခေါက်နိုင်တဲ့ စမတ်ဖုန်းတွေ ထုတ်လုပ်ရောင်းချတော့မှာလား -ဇိမ်ခံကားကုမ္ပဏီ Lamborghini ရဲ့နောက်ထပ် အစီအစဉ်က ဘာတွေလဲ မျိုးဆက်(VOM) စက်တင်ဘာ-၈-၂၀၂၃ (၁) လကမ္ဘာပေါ်မှာ နျူကလီးယားလောင်စာနဲ့ စွမ်းအင်ထုတ်လုပ်နိုင်တော့မယ် ဝေးလ်ပြည်နယ် ဘန်ဂေါတက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ လကမ္ဘာပေါ်မှာ အနာဂတ်စူးစမ်းလေ့လာမှုတွေအတွက် လိုအပ်တဲ့စွမ်းအင်ထုတ်လုပ်ရေးအတွက် အသုံးပြုဖို့ ဘိန်းစေ့အရွယ် နျူကလီးယား လောင်စာဆဲလ်တွေကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်လိုက်ပါတယ်။ အမေရိကန်အာကာသအေဂျင်စီဟာ ၁၉၇၂ ခုနှစ် အပိုလို-၁၇ မစ်ရှင်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လကမ္ဘာပေါ်ကို လူသားတွေပြန်လည်ခြေချနိုင်ရေးကို ၂၀၂၅ ခုနှစ်သို့မဟုတ် ၂၀၂၆ ခုနှစ်မှာ ပို့ဆောင်ဖို့ရည်ရွယ်ထားပါတယ်။ ၂၀၃၀ ပြည့်နှစ်မှာတော့ လပေါ်မှာ အခြေစိုက်စခန်းတခုတည်ဆောက်ဖို့ နာဆာက ရည်ရွယ်ထားပါတယ်။ Trisofuel လို့ခေါ်တဲ့ နျူကလီးယားလောင်စာဆဲလ်နည်းပညာသစ်ဟာ ရိုးရွိုက်စ်ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ အသေးစားနျူကလီးယားဂျင်နရေတာတွေကို…

Read More

VOM ရဲ့ သိပ္ပံနဲ့ နည်းပညာကဏ္ဍ

-စက်ရုပ်ပိုင်းလော့ရဲ့ လေယာဉ်မောင်းစွမ်းရည်က ဘယ်လိုတွေလဲ – နေကိုလေ့လာမယ့် အိန္ဒိယအာကာသအေဂျင်စီရဲ့အစီအစဉ်တွေကဘာတွေလဲ -အာကာသခရီးသွားပို့ဆောင်ရေး ခြေလှမ်းသွက်နေတဲ့ ဗာဂျင်ဂလက်တစ် မျိုးဆက်(VOM) စက်တင်ဘာ-၁-၂၀၂၃ (၁) လေယာဉ်ကျွမ်းကျင်စွာမောင်းတတ်တဲ့ စက်ရုပ်ပိုင်းလော့ တီထွင် တောင်ကိုရီးယား သိပ္ပံနဲ့နည်းပညာ အဆင့်မြင့်အင်စတီကျုဟာ လေယာဉ်တစင်းကို ကျွမ်းကျင်စွာမောင်းနှင်နိုင်တဲ့ ဉာဏ်ရည်တုနည်းပညာသုံး စက်ရုပ်ပိုင်းလော့ကို တီထွင်လိုက်ပါတယ်။ Pibot လို့အမည်ပေးထားတဲ့ စက်ရုပ်ဟာ လေယာဉ်မှူးအခန်းကို ဘာမှကြိုတင်ပြင်ဆင်မထားဘဲ သူကိုယ်တိုင် ထိန်းချုပ်မောင်းနှင်နိုင်ပြီး တိကျမှု၊ ပျံသန်းမှုထိန်းချုပ်နိုင်တဲ့အပြင် ထိန်းချုပ်မောင်းနှင်နေစဉ်အတွင်း လေယာဉ်အတွင်းနဲ့အပြင်ပိုင်းတွေအခြေအနေကို စောင့်ကြည့်ဖို့ ကင်မရာမျက်လုံးတွေပါ တပ်ဆင်ပေးထားတယ်လို့ သုတေသီတွေက ပြောပါတယ်။ ဒီစက်ရုပ်ဟာ လူသားလေယာဉ်မှူးအတိုင်း လေယာဉ်ကို ထိန်းချုပ်မောင်းနှင်နိုင်တဲ့ လူသားဆန်တဲ့စက်ရုပ်ဖြစ်ပြီး လူသားလေယာဉ်မှူးတွေမလုပ်နိုင်သေးတဲ့ ကမ္ဘာတဝန်းရှိ လေကြောင်းလမ်းညွှန် ဇယားအားလုံးကိုလည်း မှတ်ဉာဏ်ထဲမှာ ထည့်သွင်းထားတယ်လို့ဆိုပါတယ်။ စက်ရုပ်တွေကို လေယာဉ်အမျိုးအစားအလိုက်ဖွဲ့စည်းပုံတွေကို ပရိုဂရမ်ထည့်သွင်းပေးထားမယ်ဆိုရင် လေယာဉ်အမျိုးအစားကို ရွေးချယ်လိုက်တာနဲ့ မောင်းနှင်ပျံသန်းနိုင်မှာဖြစ်ပြီး ChatGPT လို ဉာဏ်ရည်တုပါဝင်တာကြောင့် လူသားတဦးလို…

Read More

VOM ရဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍ

-လူ့ဦးနှောက်လို အလုပ်လုပ်နိုင်တဲ့ AI Chip ရဲ့စွမ်းဆောင်ရည် -စက်မှုလုပ်သား လူတူစက်ရုပ်က ဘာတွေစွမ်းဆောင်နိုင်မလဲ -လရဲ့တောင်ဝန်ရိုးစွန်းမှာ အိန္ဒိယလမစ်ရှင် ဘာတွေလေ့လာနေသလဲ မျိုးဆက်(VOM) သြဂုတ်-၂၅-၂၀၂၃ (၁) လူ့ဦးနှောက်လို အလုပ်လုပ်နိုင်စွမ်းရှိတဲ့ ဉာဏ်ရည်တုချစ်ပ်တမျိုး IBM တီထွင်နေ အမေရိကန်အခြေစိုက် နည်းပညာကုမ္ပဏီကြီးတခုဖြစ်တဲ့ IBM ဟာ လူ့ဦးနှောက်ကဲ့သို့ နက်နဲတဲ့အာရုံကြောကွန်ရက်တွေလို စနစ်တွေပါဝင်ပြီး ရှုပ်ထွေးတဲ့တွက်ချက်မှုတွေလုပ်ဆောင်နိုင်တဲ့ အန်နာလော့ ဉာဏ်ရည်တုချစ်ပ်( Analog AI Chip )တမျိုးရဲ့ ရှေ့ပြေးနမူနာကို ထုတ်ဖော်ကြေညာလိုက်ပါတယ်။ ခေတ်မီဆန်းသစ်ထားတဲ့ အဲဒီချစ်ပ်ဟာ ကွန်ပြူတာနဲ့စမတ်ဖုန်းတွေအတွက် သိသိသာသာထိရောက်ပြီး စွမ်းအင်သုံးစွဲမှုလျော့နည်းမယ်လို့ IBM ကဆိုထားပြီး ချစ်ပ်ထဲမှာ အပြန်အလှန်ချိတ်ဆက်ထားတဲ့ AIMC cores ၆၄ လုံးပါဝင်ပါတယ်။ အဲဒီချစ်ပ်ကို IBM ရဲ့ Albany NanoTech Complex မှာဖန်တီးထားတာဖြစ်ပြီး လူ့ဦးနှောက်ရဲ့ အာရုံကြောကွန်ရက်တွေ လည်ပတ်ပုံကိုအခြေခံထားပြီး လုပ်ဆောင်ချက်တခုချင်းစီအလိုက်အလွှာတွေအပြင် ကာလတိုမှတ်ဉာဏ်စနစ်တွေပါ…

Read More

VOM ရဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍ

VOM ရဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍ မောင်းသူမဲ့ကား (သို့မဟုတ်) အနာဂတ်ရဲ့ သယ်ယူပို့ဆောင်ရေးစနစ်သစ် မျိုးဆက်(VOM) သြဂုတ်-၁၈-၂၀၂၃ ကမ္ဘာပေါ်မှာ မော်တော်ကားတွေကို တီထွင်အသုံးပြုခဲ့နိုင်ခဲ့ခြင်းက လူသားတွေရဲ့ နေ့စဉ်လှုပ်ရှားမှုဘဝအတွက် အရေးပါတဲ့ စက်မှုတော်လှန်ရေး တရပ်ဖြစ်ခဲ့ပါတယ်။ လိုရာခရီးကို ရှေးယခင်ပို့ဆောင်ရေးစနစ်တွေ အသုံးပြုခြင်းထက် စက်မှုနည်းပညာသုံး မော်တော်ကားတွေ အသုံးပြုနိုင်မှုဟာ လက်ရှိအချိန်ထိ လွန်စွာအသုံးတည့်ခဲ့ ၊ အသုံးတည့်နေဆဲဖြစ်ပါတယ်။ အဲဒီလိုစက်မှုနည်ပညာ တိုးတက်ထွန်းကာလာမှုက အီလက်ထရွန်းနစ်၊ ကွန်ပြူတာနဲ့ ဉာဏ်ရည်တုလို နည်းပညာရဲ့ ပေါင်းစပ်မှုကြောင့် ၂၁ ရာစုခေတ်ဦးမှစပြီး အံ့ဖွယ်သူရဲ့ အပြောင်းအလဲတွေ ထွက်ပေါ်လာခဲ့ပါတယ်။ဒါကတော့ လူကိုယ်တိုင်မောင်းနှင်ဖို့ မလိုတော့တဲ့ မောင်းသူမဲ့ကားတွေ ပေါ်ထွက်လာတာဖြစ်ပါတယ်။ မောင်းသူမဲ့ကားတွေ ပေါ်ထွက်လာတာဟာ လူသားတွေရဲ့အနာဂါတ်အတွက် အကျိုးသက်ရောက်မှုရှိယုံမျှမက ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘဝနေထိုင်မှုအပြင် လူမှုအသိုင်းအဝိုင်းအတွက် ကြီးမားတဲ့ အပြောင်းအလဲတခု ဖြစ်ပေါ်လာဖို့ တာဆူနေပါတယ်။ ကင်မရာတွေ အာရုံခံကိရိယာ၊ တည်နေရာပြနဲ့ မောင်းနှင်မှုဆိုင်ရာ ဆော့ဖ်ဝဲလ်တွေ…

Read More
VOM News

FREE
VIEW