အသင်းကစားသမားတွေ အပြုအမူကြောင့် အာဆင်နယ်အသင်းကို အက်ဖ်အေစွဲချက်တင်

လန်ဒန်၊ ဇန်နဝါရီ-၇-၂၀၂၃ မျိုးဆက်(VOM) အင်္ဂါနေ့က ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းကစားသမားတွေရဲ့ အပြုအမူကြောင့် အာဆင်နယ်အသင်းကို အက်ဖ်အေက စွဲချက်တင်လိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ အဲဒီပွဲစဉ်မှာ နောက်ကျပင်နယ်တီနှစ်ကြိမ်တိုင်ငြင်းဆိုခံခဲ့ရပြီး အသင်းကစားသမားအချို့ဟာ တဖက်အသင်းက ဖြစ်နိုင်ခြေရှိတဲ့ လက်ထိဘောကြောင့် ပင်နယ်တီတောင်းခံရကနေ ဒိုင်လူကြီး အန်ဒရူးမက်ဒလေနဲ့ ထိပ်တိုက်တွေ့ဆုံး အငြင်းပွားခဲ့တာဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ အဝါကတ် ကိုးကြိမ်ထိ ပြသခဲ့တဲ့ ဒိုင်လူကြီးမက်ဒလေကတော့ အာဆင်နယ်အသင်းသားတွေရဲ့ ပင်နယ်တီတောင်းဆိုမှုကို ပယ်ချခဲ့ပါတယ်။ အာဆင်နယ်အသင်း ကစားသမားတွေဟာ ပွဲကစားချိန် ၉၅ မိနစ်အတွင်းမှာ မလျော်ကန်တဲ့အပြုအမူတွေ လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲခံထားရပြီး ဇန်နဝါရီ ၁၀ ရက်ထိ တုံ့ပြန်ဖြေရှင်းဖို့ အချိန်ရကြောင်း အက်ဖ်အေက ထုတ်ပြန်ထားပါတယ်။ လက်ရှိပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးမှာရှိနေတဲ့ အာဆင်နယ်အသင်းဟာ ဒုတိယနေရာက မန်စီးတီးအသင်းကို ငါးမှတ်ဖြတ်ထားပါတယ်။ လာမယ့် တနင်္လာနေ့မှာတော့ အာဆင်နယ်အသင်းဟာ အောက်စဖို့ယူနိုက်တက်အသင်းနဲ့ အက်ဖ်အေဖလားပွဲ ကစားရဖို့ရှိနေပါတယ်။ Ref: Reuters…

Read More

သတ်သေမှုတွေရဲ့ နောက်ကွယ်

နိုဝင်ဘာ ၄-၂၀၂၂ KK(VOM) နိူင်ငံအတွင်း ကုန်စျေးနှုန်းကြီးမြှင့်တာတွေ အလုပ်အကိုင်ရှားပါးတာတွေနဲ့ ကျန်းမာရေးဆေးဝါးနဲ့ကုသမှု့စရိတ်ကြီးမြှင့်တာတွေအပြင် အထွေထွေပြသာနာတွေကြောင့်၂၀၂၂ ခုနှစ် ဇူလဆန်းမှ ဒီကနေ့အခြေအနေထိ မြို့နယ် ၃၄ မြို့နယ်မှာ ကိုယ့်ကိုယ်ကိုသတ်သေသူ ၄၄ ဦးရှိခဲ့တယ်လို့ သတင်းမှတ်တွေအရသိရပါတယ်။ ဟိုအရင်ကနဲ့မတူတဲ့ သေကြောင်းကြံစည်မှုသတင်းတွေ အခုနောက်ပိုင်း မကြာခဏတွေ့ရှိလာရတာဟာ အထွေထွေကျပ်တည်းမှု ၊ ဖိနှိပ်မှုတွေကြောင့် လူထုကြား စိတ်ဖိစီးမှု စိတ်မွန်းကြပ်မှု စိတ်ဓာတ်ကျဆင်းမှုတွေ မြင့်တက်လာနေကြောင်း ပြသနေတဲ့ ပြယုဂ်တစ်ခုပါပဲ။ ဒီလို စိတ်ကျန်းမာရေးပြသာနာများဖြစ်လာပြီးနောက် မိမိကိုယ်ကိုအဆုံးစီရင်တာတွေ ဖြစ်လာတာနဲ့ပတ်သက်ပြီး တယ်လီကျန်းမာရဲ့စိတ်ရောဂါကုဆရာဝန်တဦးနဲ့ Voice oF Myanmar သတင်းဌာနမှ မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။ ❓အခုတလော သတ်သေမှုတွေ ဘာကြောင့်များလာတာလဲ၊ ဟိုအရင်ကနဲ့မတူ မိမိကိုယ်ကိုယ်သေကြောင်းကြံစည်မှုသတင်းတွေ အခုနောက်ပိုင်း မကြာခဏတွေ့ရှိလာရတာ ဟုတ်ပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း အထွေထွေကျပ်တည်းမှု ၊ ဖိနှိပ်မှုတွေကြောင့် လူထုကြား စိတ်ဖိစီးမှု…

Read More

တကျော့ပြန်ကူးစက်လာနေတဲ့ ကိုဗစ်မျိုးကွဲ BA4 နဲ့ BA5 ကို သတိပြုပါ

သွေး (စစ်ကိုင်း) ကိုဗစ်-19 တကျော့ပြန် ကူးစက်မှုတွေ မြင့်မားလာတာကြောင့် ကမ္ဘာပေါ်မှာ ကိုဗစ်ကပ်ရောဂါ ဆုံးခန်းတိုင်ဖို့ အချိန်အတန်ကြာ လိုနေဦးမယ်ဆိုတာ သက်သေပြနေပါတယ်။ အသစ်အသစ်သော မျိုးကွဲတွေ ထွက်ပေါ်လာနေတာကလည်း ကမ္ဘာ့လူသားတို့ရဲ့ ကျန်းမာရေးကို ဆက်လက်ခြိမ်းခြောက်နေဆဲပါ။ ရောဂါ ကူးစက်ခံရပြီးမှ ကုသတာထက် မကူးစက်အောင် ကြိုတင်ကာကွယ်တာ အကောင်းဆုံး ဖြစ်သလို ကိုဗစ်နဲ့ ပတ်သက်လာရင် အမြဲမပြတ် သတိရှိရှိ ကာကွယ်နေထိုင်သွားရမှာ ဖြစ်ပါတယ်။ NBC News မှာ ရေးသားထားချက်အရ- ကိုဗစ်မျိုးကွဲထဲက အိုမီခရွန်မျိုးကွဲတစ်ခု ဖြစ်တဲ့ BA5 ကူးစက်မှုတွေကို အမေရိကန်နိုင်ငံမှာ တွေ့လာရတယ်လို့ ပြောပါတယ်။ ဇူလိုင် ပထမပတ်အတွင်း ကူးစက်မှုတွေရဲ့ ၅၄ ရာခိုင်နှုန်းဟာ BA5 ဖြစ်တယ်လို့ အမေရိကန်ပြည်ထေင်စု ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကူးစက်မှုတွေရဲ့ ၁၇ ရာခိုင်နှုန်းက BA4 မျိုးကွဲ…

Read More

ကိုဗစ် ကာကွယ်ဆေးတွေ ဆိုတာ

ဇွန် ၂၈၊ ၂၀၂၂။ VOM ကမ္ဘာ့ ကပ်ရောဂါ ဆိုးကြီးတခု ဖြစ်တဲ့ COVID-19 ရောဂါဟာ မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကူးစက်ပြန့်ပွားနှုန်းက တဖြည်းဖြည်း လျော့နည်းလာနေသလို တဖက်မှာလည်း မျိုးကွဲမျိုးစုံ ဆင့်ကဲပြောင်းလဲ ကူးစက်မှုတွေကလည်း ရှိနေဆဲ ဖြစ်ပါတယ်။ COVID-19 ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ ကာကွယ်ဆေးတွေကို နိုင်ငံအသီးသီး၊ ဆေးဝါးထုတ်လုပ်တဲ့ ကုမ္ပဏီ အသီးသီးက ထုတ်လုပ်လာကြပြီး၊ နိုင်ငံအတော်များများကို လွှမ်းခြုံဖြန့်ဝေလာနေတာလည်း တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း COVID-19 ရောဂါ ကာကွယ်ဆေးထိုးတာတွေ အများအပြားလုပ်လာနေတာလည်း ရှိနေပါတယ်။ ဒီတော့၊ ဒီကာကွယ်ဆေးတွေနဲ့ ပတ်သက်ပြီး ဘာတွေ သိထားသင့်သလဲ၊ ကာကွယ်ဆေးထိုးသင့် မသင့် ဆိုတာတွေနဲ့ ပတ်သက်လို့၊ အမေရိကန်နိုင်ငံမှာ နေထိုင်ပြီး ကျန်းမာရေးဆိုင်ရာ စာပေ၊ ဆောင်းပါးတွေ ရေးသားပညာပေးနေတဲ့ ဒေါက်တာတင့်ဆွေကို VOM က ဆက်သွယ်မေးမြန်းထားပါတယ်။ VOM ။…

Read More

ကမ္ဘာ့နိုင်ငံတွေမှာ မျောက်ကျောက်ရောဂါကူးစက်မှု တပတ်အတွင်း သုံးဆမြင့်တက်လာ

ဂျီနီဗာ၊ ဇွန်-၆-၂၀၂၂ မျိုးဆက်(VOM) မျောက်ကျောက်ရောဂါ ဖြစ်ပွားလေ့ရှိတဲ့ အာဖရိကဒေသပြင်ပနိုင်ငံတွေမှာ ရောဂါကူးစက်မှု ၇၈၀ ထိရှိလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇွန် ၅ ရက်မှာ ထုတ်ပြန်ပါတယ်။ အဲဒီအရေအတွက်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က အတည်ပြုခဲ့တဲ့ လူနာ ၂၅၇ ဦးထက် သုံးဆထိ မြင့်တက်လာတာဖြစ်ပါတယ်။ ရောဂါကူးစက်မှုကြောင့် ရောဂါလက္ခဏာဖြစ်ပွားမှုဟာ မပြင်းထန်ပေမယ့်လည်း ဗဟိုနဲ့ အနောက်အာဖရိကပြင်ပနိုင်ငံတွေမှာ ပထမဆုံးအကြိမ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်နေတာလည်း ဖြစ်ပါတယ်။ အစုလိုက်အပြုံလိုက် ကူးစက်မှုမရှိသေးပေမယ့်လည်း မျောက်ကျောက်ရောဂါ ကူးစက်နေတဲ့ နိုင်ငံပေါင်း ၂၇ နိုင်ငံထိရှိလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ရောဂါကူးစက်မှု အများစုဟာ ဥရောပနဲ့ မြောက်အမေရိကနိုင်ငံတွေမှာဖြစ်ပြီး မက္ကဆီကို၊ အာဂျင်တီးနား၊ မော်ရိုကိုနဲ့ ယူအေအီးနိုင်ငံတို့မှာလည်း ကူးစက်မှုအနည်းငယ်ရှိနေပါတယ်။ ဗြိတိန်မှာ ကူးစက်ခံရသူ ၂၀၇ ဦး၊ စပိန်မှာ ၁၅၆ ဦးနဲ့ပေါ်တူဂီမှာ ၁၃၈ ဦးထိရှိနေပြီး အခြားနိုင်ငံတွမှာလည်း ကူးစက်မှုတွေရှိလာနိုင်ကြောင်း…

Read More

မျောက်ကျောက် ရောဂါ ဆိုတာ

၂၉ မေ၊ ၂၀၂၂ VOM Monkeypox မန်းကီးပေါက်စ် မျောက်ကျောက်ရောဂါ ဆိုတာဘာလဲ၊ ဘယ်လို ကူးစက်တတ်သလဲ၊ ဒီရောဂါ ကူးစက်မခံရအောင် ဘယ်လို ကာကွယ်နိုင်သလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး ကျန်းမာရေး ဆောင်းပါးတွေကို တစိုက်မတ်မတ် ရေးသားဖြန့်ဝေပေးနေတဲ့ ဒေါက်တာတင့်ဆွေ က VOM ပရိတ်သတ်တွေအတွက် အခုလို မျှဝေပေးထားပါတယ်။ ……………………………… အမေရိကန် CDC ခေါ် ကူးစက်ရောဂါများ ထိန်းချုပ်ရေးဌာနက အခုစာရေးချိန် (၂၈ မေ၊ ၂၀၂၂) အထိ တင်ထားတဲ့ အချက်အလက်တွေ အရ၊ မန်းကီးပေါက်စ် Monkeypox ဆိုတာ၊ ရှားတဲ့ရောဂါဖြစ်တယ်။ monkeypox virus ဗိုင်းရပ်စ်ကနေ ဖြစ်စေတယ်။ Orthopoxvirus genus အုပ်စုထဲကဖြစ်တယ်။ အဲဒီအုပ်စုထဲမှာ variola virus ဗိုင်းရပ်စ်လည်း ပါတယ်။ အဲဒါက smallpox ခေါ် ကျောက်ကြီးရောဂါကို…

Read More

ကိုဗစ်၁၉ ကပ်ရောဂါ လက်ရှိအခြေအနေ

ဧပြီ ၂၅-၂၀၂၂ Voice Of Myanmar ကိုဗစ် ၁၉ ကပ်ရောဂါဟာ ကူးစက်မှုနှုန်းတွေ လျော့လာနေတယ်လို့ ထင်မှတ်နေကြပေမယ့်လည်း ကိုဗစ်ကပ်ရောဂါရဲ့ မူလဇစ်မြစ်ဖြစ်တဲ့ တရုတ်နိုင်ငံမှာ တကျော့ပြန် ကူးစက်ပြန့်နှံ့နှုန်း မြင့်တက်လာနေတာတွေ၊ ကိုဗစ်ရောဂါ မူလဗီဇတွေ အမျိုးမျိုးပြောင်းပြီး ကူးစက်မှုနှုန်းတွေ တရိပ်ရိပ် တက်လာနေဆဲဖြစ်ပါတယ်။ ဒီကပ်ရောဂါဘေးနဲ့ ပတ်သက်တာတွေကို တစိုက်မတ်မတ် လေ့လာနေပြီး အများပြည်သူ သိရှိရအောင် ကျန်းမာရေးစာပေတွေ ရေးသားဖြန့်ဝေပေးနေတဲ့ အမေရိကန် နိုင်ငံမှာ နေထိုင်သူ ဒေါက်တာတင့်ဆွေကို လက်ရှိ ကပ်ရောဂါဘေး အခြေအနေတွေနဲ့ ပတ်သက်ပြီး VOM က ဆက်သွယ်မေးမြန်းထားပါတယ်။ VOM ။ ။ Covid 19 က ဗီဇကွဲတွေ ပုံစံအမျိုးမျိုးနဲ့ ဖြစ်နေတာမှာ အခု လက်ရှိ နောက်ဆုံးပေါ် Omicron BA-2 နဲ့ ပတ်သက်ပြီးတော့၊ ကူးစက်ခံရသူတွေမှာ ခံစားရတဲ့…

Read More

အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ် မကြုံစဖူးနှုန်းနဲ့ ကူးစက်နေတယ်လို့ WHO သတိပေး

ဂျီနီဗာ၊ ဒီဇင်ဘာ-၁၅-၂၀၂၁ မျိုးဆက်(VOM)   အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ ကမ္ဘာတ၀န်းမှာ မကြုံစဖူးသောနှုန်းနဲ့ ကူးစက်ပျံ့နှံ့နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဒီဇင်ဘာ ၁၄ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။   မျိုးရိုးဗီဇကြိမ်ဖန်များစွာ ပြောင်းလဲထားတဲ့ အဲဒီဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ လက်ရှိမှာ နိုင်ငံပေါင်း ၇၇ နိုင်ငံမှာ ကူးစက်ပျံ့နှံ့နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတည်ပြုထားပါတယ်။   ဒါပေမယ့် အတည်ပြုခြင်းမရှိတဲ့ အခြားနိုင်ငံတွေမှလည်း ကူးစက်မှုတွေရှိနေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တက်ဒရို့စ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။   ဗိုင်းရပ်စ်မျိုးကွဲသစ်ကို ကိုင်တွယ်ဖို့လုံလောက်မှုမရှိသေးတဲ့အပေါ် စိုးရိမ်ပူပန်တယ်လို့သူကဆိုပါတယ်။   ဗိုင်းရပ်စ်ဟာ ပြင်းထန်ရောဂါလက္ခဏာကို ခံစားရဖွယ်မရှိပေမယ့် ကူးစက်မှုတွေပြားလာပါက ကြိုတင်ပြင်ဆင်ထားခြင်းမရှိတဲ့ ကျန်းမာရေးစနစ်တွေ နောက်တစ်ကြိမ်ပြိုလဲသွားနိုင်ကြောင်း သူကပြောပါတယ်။   အိုမီခရွန်ဗိုင်းရပ်စ်ကို တောင်အာဖရိကနိုင်ငံမှာ နို၀င်ဘာလအတွင်းက စတင်တွေ့ရှိခဲ့ပြီး အဲဒီနောက်မှာတော့ နိုင်ငံတွင်းမှာ ကူးစက်မှုတွေမြင့်တက်ခဲ့ပါတယ်။   လက်ရှိမှာတော့ တောင်အာဖရိကသမ္မတ ရာမာဖိုဆာဟာ…

Read More

အိုမီခရွန်ဗိုင်းရပ်စ် မကူးနိုင်ဖို့ ကာကွယ်ဆေးနှစ်ကြိမ်ထိုးရုံနဲ့ မလုံလောက်ဘူးလို့ သတိပေး

လန်ဒန်၊ ဒီဇင်ဘာ-၁၁ မျိုးဆက်(VOM)   ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံရုံနဲ့ အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်ခံရခြင်းမှ ကာကွယ်ဖို့ မလုံလောက်ကြောင်း ဗြိတိန် သိပ္ပံပညာရှင်တွေက ဒီဇင်ဘာ ၁၀ ရက်မှာ သတိပေးပြောကြားလိုက်ပါတယ်။   လက်ရှိကာကွယ်ဆေးတွေဟာ အိုမီခရွန်နဲ့ဒယ်လ်တာဗိုင်းရပ်စ်တို့ကို တိုက်ဖျက်ရာမှာ အာနိသင်ကျဆင်းမှု များရှိကြောင်း ဗြိတိန်မှာ ပြုလုပ်တဲ့ ကနဦးလေ့လာမှုတွေမှာ တွေ့ရှိထားပါတယ်။   ဒီဗိုင်းရပ်စ်တွေနဲ့ပတ်သက်ပြီး တတိမြောက်ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပါက ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ၇၅ ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်ကြောင်း သိပ္ပံပညာရှင်တွေကပြောပါတယ်။   ဗြိတိန်နိုင်ငံမှာတော့ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၄၄၈ ဦးထပ်မံတွေ့ရှိခဲ့ပြီး လက်ရှိချိန်ထိ ကူးစက်ခံရသူ စုစုပေါင်းမှာ ၁၂၆၅ ဦးထိရှိလာပြီဲဖြစ်ပါတယ်။   မျိုးရိုးဗီဇ အကြိမ်ပေါင်းများစွာပြောင်းလဲခဲ့တဲ့ အိုမီခရွန်ဗိုင်းရပ်စ်စတင်ထွက်ပေါ်လာပြီးနောက် အဲဒီဗိုင်းရပ်စ်ဟာ ကာကွယ်ဆေးတွေရဲ့ အာနိသင်ကို ကျဆင်းစေမလားဆိုတာဟာ အဓိက စိုးရိမ်ပူပန်မှုတစ် ဖြစ်လာနေပါတယ်။   Ref:…

Read More

လက်ရှိကာကွယ်ဆေးတွေက အိုမီခရွန်ဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်လို့ WHO ပြော

ဂျီနီဗာ၊ ဒီဇင်ဘာ-၈-၂၀၂၁ မျိုးဆက်(VOM)   လက်ရှိကာကွယ်ဆေးတွေဟာ အိုမီခရွန်ဗိုင်းရပ်စ်ကြောင့် ပြင်းထန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ဆဲဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)တာ၀န်ရှိသူတစ်ဦးက ဒီဇင်ဘာ ၇ ရက်မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။   တောင်အာဖရိကမှာ စတင်တွေ့ရှိခဲ့တဲ့ အဲဒီဗိုင်းရပ်စ်မျိုးကွဲနှင့်ပတ်သက်ပြီး ပထမဆုံးစမ်းသပ်ချက်တွေအရ ဖိုက်ဇာကာကွယ်ဆေးကို တစိတ်တပိုင်းရှောင်လွှဲနိုင်တယ်ဆိုတဲ့ အချက်အလက်တွေထွက်ပေါ်ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။   ကာကွယ်ဆေးရဲ့ ပဋိပစ္စည်းတွေဟာ အိုမီခရွန် ဗိုင်းရပ်စ်မျိုးကွဲသစ်ကို တိုက်ထုတ်ရာမှာ အာနိသင်များစွာကျဆင်းကြောင်း သုတေသီတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။   ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထိပ်တန်းတာ၀န်ရှိသူတစ်ဦးဖြစ်သူ ဒေါက်တာမိုက်ရိုင်ယန်ကတော့ ဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ ကာကွယ်ဆေးတွေကို ရှောင်လွှဲဖို့ပိုကောင်းတဲ့ လက္ခဏာမရှိဘူလို့ဆိုပါတယ်။   လက်ရှိချိန်ထိ ဗိုင်းရပ်စ်မျိုးကွဲတွေအားလုံးအတွက် ထိရောက်ကြောင်းသက်သေပြနိုင်တဲ့ ကာကွယ်ဆေးတွေရှိကြောင်း၊ အိုမီခရွန်ဗိုင်းရပ်စ်ကြောင့် ပြင်းထန်တဲ့ ရောဂါခံစားရမှုနဲ့ ဆေးရုံတက်ရတာတွေဖြစ်ဖို့ မျှော်လင့်စရာမရှိဘူးလို့ ဒေါက်တာမိုက်ရိုင်ယန်က ပြောဆိုပါတယ်။   Ref: BBC Photo:AP…

Read More
VOM News

FREE
VIEW