ရန်ကုန်တိုင်းအစိုးရဝန်ကြီးအပါအဝင် ဝန်ထမ်းလေးဦးမှာ ကိုဗစ်ပိုးတွေ့လို့ အစိုးရရုံးယာယီပိတ်

ရန်ကုန်၊ဒီဇင်ဘာ ၁၁၊၂၀၂၀ အေးချမ်းသူ(VOM)   ရန်ကုန်တိုင်းအစိုးရအဖွဲ့မှာ စိုက်ပျိုးရေးနဲ့မွေးမြူရေးဝန်ကြီးအပါအဝင် လေးဦးမှာ ကိုဗစ်ပိုးတွေ့ရှိလို့  တိုင်းဒေသကြီးအစိုးရရုံးကို ခေတ္တယာယီပိတ်ထားပါတယ်။   ရန်ကုန်မြို့တော်ဝန်နဲ့ စည်ပင်သာယာရေးဝန်ကြီးဖြစ်သူ ဦးမောင်မောင်စိုးနဲ့ဇနီး၊ ကိုယ်ရေးအရာရှိနဲ့ ယာဉ်မောင်းနှစ်ဦးမှာ ဒီဇင်ဘာ ၈ ရက်က ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် ဒီဇင်ဘာ ၁၀ ရက်မှာ ရန်ကုန်တိုင်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ အစိုးရရုံးဝန်ထမ်းတွေကို စစ်ဆေးတာမှာ ထပ်မံတွေ့ရှိခဲ့တာလို့ ရန်ကုန်တိုင်းအစိုးရရဲ့ရုံးရဲ့ ဝန်ထမ်းတဦးက VOM ကို ပြောပါတယ်။   Covid-19 ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဒေါက်တာကျော်စွာဦးက “ဝန်ကြီးဦးဟန်ထွန်းပါ လေးဦးမနေ့ကပဲ မနေ့ကပဲပိုးတွေ့လို့ ဆေးကုသမှုခံယူနေပါတယ် ပြန်ကောင်းလာမှာပါ “လို့ VOMကိုပြောပါတယ်။   စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးပါ၄ဦးကို ဆေးကုသမှုခံယူရန် တောင်ဥက္ကလာပဆေးရုံနှင့် အင်းယား ကိုဗစ်စင်တာတွေကို ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။   ဒီလိုကိုဗစ်ကူးစက်ခံရမှုအခြေအနေကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးကို ဒီဇင်ဘာ ၁၀ရက်မှ ဇန်နဝါရီ ၁၈ရက်နေ့အထိ ရုံးကိစွမှအပ…

Read More

ရဲဝန်ထမ်းနဲ့ အချုပ်သားတွေမှာ Covid-19 ပိုးတွေ့ပြီးနောက် ပဲခူးအမှတ်၂ စခန်းကို lock down သတ်မှတ်

ဒီဇင်ဘာ ၁၁-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးမြို့နယ် အမှတ်၂ နယ်မြေရဲစခန်းမှ အချုပ်ကျတရားခံ ၆ ဦး ဒီဇင်ဘာလ ၁၀ရက်နေ့က Covid-19 ပိုးစစ်ဆေးတွေ့ ရှိခဲ့ပြီးနောက် ရဲစခန်းကို Lockdown သတ်မှတ်လိုက်တယ်လို့ စခန်းကသိရပါတယ်။ “ အချုပ်တရားခံ အမျိုးသမီး နှစ်ဦးနဲ့အမျိုးသား လေးဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။ ဘယ်လို ကူးစက်တယ် ဆို‌တာကိုမသိသေးပါဘူး ။စခန်းတစ်ခုလုံးအသွားလာကန့်သတ်လိုက်ပြီး အမှတ် ၃စခန်းမှာရဲလုပ်ငန်းတွေကို ရွေ့ပြောင်းဆောင်ရွက်နေပါတယ်”  လို့ အမှတ် ၂စခန်း တာဝန်ရှိသူက ပြောပြပါတယ်။ ပဲခူးမြို့နယ် အမှတ်၂ နယ်မြေရဲစခန်းဝင်းမှာနေတဲ့ ရဲတပ်သားတစ်ဦးရဲ့ မိသားစုဝင်တစ်ဦး ဒီဇင်ဘာ ၈ ရက်နေ့က နေမကောင်းဖြစ်ပြီး အနံ့ပျောက်သွားတာကြောင့် ပဲခူးမြို့နယ်   Fever Clinicဆေးခန်းသွား‌‌ေရာက်ကုသစစ်ဆေးမှု ံစဉ် ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိပြီး သူမခင်ပွန်းရဲတပ်သားနဲ့ တာဝန်ကျအချုပ်ခန်းကို ထပ်မံစစ်ဆေးရာမှအချုပ်ကျတရားခံ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၂ ဦး…

Read More

ကိုဗစ်ကာလ Q ဝင်နေသူများ သတိထားလိုက်နာရမယ့်အချက်များ

ကိုဗစ် ၁၉ ကပ်‌ရောဂါကာလအတွင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဌာနများက ကိုဗစ်ကပ်ရောဂါကာလ လိုက်နာရမယ့် အချက်များကို သီးသန့်ထုတ်ပြန်ခဲ့ပါတယ်။ ယင်းအနက် ကိုဗစ်ကပ်ရောဂါကာလ ကျူဝင်နေရသူများ စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး သိရှိလိုက်နာရမည့် အချက်များကို စိတ်ကျန်းမာရေး စီမံချက်နှင့် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ မေလဆန်းပိုင်းမှ ထုတ်ပြန်ထားတဲ့ အချက်တွေကနေ ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ ၁ – ကျူစခန်းဝင်နေ(အသွားအလာကန့်သက်မှုဖြင့်နေ)တဲ့ အချိန်မှာ ဖုန်းနဲ့ဖြစ်စေ၊ အင်တာနက်ဖြင့်ဖြစ်စေ ကိုယ့်ရဲ့မိတ်ဆွေ အသိုင်းအဝိုင်းနှင့် ပုံမှန် ဆက်သွယ်ပါ။ ၂ – ကိုယ့်ရဲ့ တစ်ကိုယ်ရေ လိုအပ်ချက်၊ ခံစားချက်တွေကို အာရုံစိုက်ပါ။ ၃ – ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပန်းပြေစေတဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို လုပ်ပါ။ ၄ – ပုံမှန် လေ့ကျင့်ခန်းတွေလုပ်ပါ။ ၅ – အိပ်ချိန်၊ အိပ်ရာထချိန် မှန်ပါစေ။…

Read More

ရခိုင်မှာ ကိုဗစ်ကြောင့် သေဆုံးသူ (၃၁) ဦးထိရှိလာ

စစ်တွေ၊ ဒီဇင်ဘာ ၈- ၂၀၂၀ ထက်အောင်စိုင်း (VOM) စစ်တွေမြို့ဆေးရုံကြီးမှာ ဒီကနေ့မနက်ပိုင်းက ကိုဗစ်အတည်ပြု လူနာတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကာ ဒီကနေ့ထိ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ သေဆုံးမှုမှာ (၃၁) ဦးထိ ရှိလာပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်းက ကိုဗစ် ၁၉ ဗိုင်းရပ်စ် ရောဂါကြောင့် သေဆုံသွားသူမှာ စစ်တွေခရိုင် ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ရွာက အသက်(၇၃) နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးဟာ စစ်တွေဆေးရုံမှာ ဆေးကုသမှု ခံယူနေရင်းသေဆုံး သွားတာဖြစ်ကြောင်း သိရပါတယ်။ ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (ကူးစပ်) ဒေါက်တာစိုးဝင်းပိုင် က” ဒီကနေ့ မနက်ပိုင်းက ဆေးရုံမှာ ကိုဗစ် အတည်ပြုလူနာတစ်ဦးသေ ဆုံးသွားပါတယ်။ ကျနော်တို့ ရခိုင်ပြည်နယ် မှာက ကိုဗစ်လူနာ သေဆုံးတာ (၃၁) ဦးရှိသွားပါပြီ။”…

Read More

နေပြည်တော်မြို့မစျေး ကားဝင်းအားလော့ဒေါင်းချ

နေပြည်တော်-ဒီဇင်ဘာ ၄-၂၀၂၀ ကိုထွန်း ( VOM) နေပြည်တော်က မြို့မစျေးမှာရှိတဲ့ ရွှေစင်စကြင်္ာကားဂိတ်ယာဥ်မောင်း၊ လက်မှတ်ရောင်းနဲ့ ကုန်ထမ်းတစ်ယောက် စုစုပေါင်း သုံးယောက်မှာ ကိုဗစ်ရောဂါပိုးတွေရှိတာကြောင့် ကားကွင်းကို ဒီမနက်မှာ အဝင်အထွက်ပိတ်လိုက်ပါပြီ။ ကားကွင်းထဲမှာ ဆိုင်ကယ်ကယ်ရီဆွဲနေသူတဦးပြောပြတာက “ ခုမနက်ဘဲလော့ဒေါင်းလုပ်လိုက်တာပါ covid လူနာတွေ့တယ်လို့ပြောတာဘဲ “ လို့ ဆိုပါတယ်။ နေပြည်တော် မ.ထ.သ ဥက္ကဋ္ဌ ဦးဝင်းဆွေကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းကြည့်တော့ “ရောဂါပိုးတွေရှိတာဟုတ်ပါတယ် အခုအစည်းအဝေးလုပ်နေလို့ ပြီးမှပြန်ဆက်သွယ်ပါ” လို့ ပြောပါတယ်။ ဇဗ္ဗူသီရိမြို့နယ် ကျမ္မာရေးဦးစီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာအုပ်စိုးလင်းပြောပြတာကတော့ “ မြို့မစျေးကားဝင်းအတွင်း covid 19 ရောဂါပိုးတွေ့ရှိရသည့်အတွက် ကားဝင်းအားလော့ဒေါင်ချပြီး အထဲကလူအပြင်မထွက်ရ၊ အပြင်ကလူအထဲမဝင်ရဆိုပြီးညွှန်ကြားထားပါကြောင်း” ပြောပါတယ်။ ဒီလိုပဲ ဘောဂသီရိကားဝင်းမှာ လည်းနှစ်ရောက် ကိုဗစ်ရောဂါပိုးတွေ့ရှိထားတယ်လို့ ကနဦးသတင်းတွေအရသိရပြီး အတည်ပြုချက်တော့မရသေးပါဘူး။ ဒီဇင်ဘာ ၃ ရက်နေ့ထိ နေပြည်တော် ပြည်ထောင်စုနေမြေမှာ…

Read More

ကိုဗစ်ကာလ Q ဝင်နေရသူများ သိရှိလိုက်နာသင့်သည့်အချက်များ

ကိုဗစ် ၁၉ ကပ်‌ရောဂါကာလအတွင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဌာနများက ကိုဗစ်ကပ်ရောဂါကာလ လိုက်နာရမယ့် အချက်များကို သီးသန့်ထုတ်ပြန်ခဲ့ပါတယ်။ ယင်းအနက် ကိုဗစ်ကပ်ရောဂါကာလ ကျူဝင်နေရသူများ စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး သိရှိလိုက်နာရမည့် အချက်များကို စိတ်ကျန်းမာရေး စီမံချက်နှင့် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ မေလဆန်းပိုင်းမှ ထုတ်ပြန်ထားတဲ့ အချက်တွေကနေ ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ ၁ – ကျူစခန်းဝင်နေ(အသွားအလာကန့်သက်မှုဖြင့်နေ)တဲ့ အချိန်မှာ ဖုန်းနဲ့ဖြစ်စေ၊ အင်တာနက်ဖြင့်ဖြစ်စေ ကိုယ့်ရဲ့မိတ်ဆွေ အသိုင်းအဝိုင်းနှင့် ပုံမှန် ဆက်သွယ်ပါ။ ၂ – ကိုယ့်ရဲ့ တစ်ကိုယ်ရေ လိုအပ်ချက်၊ ခံစားချက်တွေကို အာရုံစိုက်ပါ။ ၃ – ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပန်းပြေစေတဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို လုပ်ပါ။ ၄ – ပုံမှန် လေ့ကျင့်ခန်းတွေလုပ်ပါ။ ၅ – အိပ်ချိန်၊ အိပ်ရာထချိန် မှန်ပါစေ။…

Read More

နှာခေါင်းစည်းကောင်းမကောင်း ဘယ်လိုစစ်မလဲ

နိုဝင်ဘာ ၂၄-၂၀၂၀ ဈေးကွက်ထဲက နှာခေါင်းစည်း Mask တွေကို အလွယ်မဝယ်သင့်ပါဘူး၊ ဘယ်လိုအရည်အသွေးတွေရှိသင့်တယ်၊ ဘယ်လိုဟာမှ ကာကွယ်မှုအပြည့်ပေးနိုင်တယ်ဆိုတာတွေကို အလွယ်တကူသိဖို့ ဒါလေးခဏဖတ်ပေးပါ။ ပထမဆုံးပြင်ပ သွင်ပြင်လက္ခဏာအနေနဲ့ စစ်နိုင်တာက ပါးစပ်နဲ့နှာခေါင်းစည်းတစ်ခုဟာ အလွှာ ၃ ခုပါရှိရပါမယ်။ ၁ – အပြင်ဘက်အလွှာဟာ ရေမဝင်နိုင်တဲ့၊ ရက်တလုပ်ထားတာမဟုတ်တဲ့ (non-woven) အလွှာဖြစ်တဲ့ လူနဲ့ လူခန္ဓာကိုယ်ကနေထွက်တဲ့ အစက်အမှုန်တွေကို မဝင်ရောက်ဖို့ ကာကွယ်ပေးပါတယ်။ ၂ – အလယ်အလွှာဟာ လေစစ် (Melt Blown)အလွှာဖြစ်တယ်၊ ရောဂါပိုးမွှားဖြတ်သန်း ဝင်/ထွက်တာကို ကာကွယ်ပေးတယ်။ ၃ – အတွင်းဘက်အလွှာက ရေစုပ်ယူနိုင်တဲ့၊ ရက်လုပ်ထားတဲ့ (non-woven) အလွှာဖြစ်လို့ တပ်ဆင်သူရဲ့ ကိုယ်က ထွက်နေတဲ့ အရည်အစက်အမှုန်တွေကို စုပ်ယူပြီးတော့ ပြင်ပကိုမထွက်ဖို့ ကာကွယ်ပေးပါတယ်။ ၄ – နှာခေါင်းနေရာပေါ်မှာရှိတဲ့ သတ္ထုချောင်း(ကလစ်)က ဝတ်ဆင်သူနဲ့ အံဝင်ခွင်ကျဖြစ်နိုင်ဖို့…

Read More

ခွဲစိပ်ခန်းတာဝန်ကျဝန်ထမ်းတချို့ ကိုဗစ်ကူးစက်ခံရလို့ ခွဲစိပ်ရမယ့် လူနာတွေ ရက်ရွေ့

ခွဲစိပ်ခန်းတာဝန်ကျဝန်ထမ်းတချို့ ကိုဗစ်ကူးစက်ခံရလို့ ခွဲစိပ်ရမယ့် လူနာတွေ ရက်ရွေ့

မန္တလေး၊ နိုဝင်ဘာ- ၂၃- ၂၀၂၀ ရှိုင်းအောင်(VOM)   မန္တလေးဆေးရုံကြီးက ခွဲစိပ်ခန်းတာဝန်ကျ ဝန်ထမ်းတစ်ချို့ ကိုဗစ်ရောဂါ ကူးစက်ခံရတာကြောင့် ခွဲစိပ်ရမယ့် လူနာတွေကို အရင်ခွဲစိပ်မှုတွေထက်စာရင် လျော့ပြီးခွဲစိပ်ရတာမျိုးတွေ ရှိနေတယ်လို့ လူနာရှင်တွေနဲ့ ဆေးရုံအသိုင်းအဝိုင်းက သိရပါတယ်။ ပခုက္ကူကနေ ခွဲစိပ်ဖို့ရောက်နေတဲ့ လူနာရှင်တယောက်က ” ကျနော့်အကိုက ခေါင်းခိုက်မိထားတာ ဒီကနေ့ခွဲဖို့ချိန်းထားတာကိုနောက် ၂ ရက်မှပြန်ချိန်းတယ် သိရတာတော့ ခွဲစိပ်ခန်းတာဝန်ကျဝန်ထမ်းတွေ ကိုဗစ်ထိထားလို့ ပြန်ချိန်းတာလို့ပြောတယ်၊ ကျနော်တို့ကနယ်ကလာတာဆိုတော့ အမြန်ပြီးချင်ပေမယ့်မတတ်နိုင်ဘူး စောင့်ရမှာပေါ့ ” လို့ ပြောပါတယ်။ ဒီလို ကိစ္စတွေနဲ့ ဆက်စပ်ပြီး မန္တလေးအထွေထွေရောဂါကု ဆေးရုံရဲ့ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်စုစုဒွေးက ကိုမေးကြည့်တော့ “အလုပ်သမားဝန်ထမ်း ၁၀ ယောက်လောက်ထိထားတယ်၊ ဆေးရုံကနေထိတာတော့ မဟုတ်ပါဘူး၊ ရပ်ကွက်ထဲကနေ သူတို့မိသားစုတွေ ထိရာကနေ သူတို့ကိုထိသွားတာ၊ ပုံမှန်အတိုင်းတော့ ခွဲစိပ်မှာပါ၊ အစားတွေ ပြန်ပေးတာဘဲလေ၊ အရင်တုန်းကထက်စာရင်တော့…

Read More

မန်းအစိုးရအဖွဲ့က ရှမ်းဝန်ကြီး ကိုဗစ်ရောဂါ ကူးစက်ခံရပေမယ့် ကျန်ဝန်ကြီးတွေမှာပိုးမတွေ့

မန္တလေး၊ နိုဝင်ဘာ- ၂၂- ၂၀၂၀ ရှိုင်းအောင်(VOM)   နိုဝင်ဘာ ၂၁ရက်နေ့က ကိုဗစ်ရောဂါပိုး  စစ်ဆေးကြည့်ရာကနေ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ရတာကြောင့် မန္တလေးမြို့က ဧရာဝတီစင်တာမှာ ဆေးကုသမှုခံယူနေတဲ့ မန္တလေးတိုင်း အစိုးရအဖွဲ့  ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးကို VOM သတင်းထောက် ကိုရှိုင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။     VOM- ဝန်ကြီးခင်ဗျ လက်ရှိဘယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေပါသလဲ ကျန်းမာရေးအခြေအနေရော ကောင်းရဲ့လား၊ ထိတွေဆက်စပ်မှုတွေရော ရှိခဲ့ပါသလား ဝန်ကြီးခင်ဗျ။   ဦးစိုင်းပန်းဆိုင်- ကျန်းမာရေးအခြေအနေကတော့ အေးအေးဆေးဆေးပါပဲ။ လောလောဆယ်တော့ ဧရာဝတီစင်တာမှာပေါ့ အဲ့ဒါကတော့ ဘယ်ကနေလာလည်းဆိုတာတော့ သေချာမသိရသေးဘူး ထိတွေ့မှုကတော့ မိသားစုလောက်ပါပဲဗျ။ ကျနော်လည်း ဆင်ဆင်ခြင်ခြင်သွားလာနေတာပဲ ပိုးရဲ့ အနေအထားကလည်း ခုနပြောသလို ကိုယ်နိုင်ငံထက် အနေအထိုင်ဆင်ခြင်တဲ့ နိုင်ငံတွေတောင် ကူးဆက်မှုနှုန်းက အံ့ခမန်း နီးနီးလောက်ရှိတာကို ဒါကတော့ ဆင်းရဲချမ်းသာမရွေး ဖြစ်ချင်လည်း ဖြစ်သွားနိုင်တာပေါ့။  …

Read More

ပရဟိတ နှလုံးသားဆိုတာ

မန္တလေး- နိုဝင်ဘာ ၂၀-၁၀၂၀ ညီသစ် (VOM) အသက် ၁၄ နှစ် သားကတည်းက ပရဟိတအလုပ်ကို စလုပ်ခဲ့တဲ့ ကိုကျော်ဖြိုးဝေဟာ သူအသက် ၂၀ ပြည့်ပြီး Covid 19 ကပ်ရောဂါ ကာလဖြစ်ချိန်မှာ အပေါင်းအသင်းတွေက လူနာသယ်ရတဲ့ သူ့လိုပရဟိတသမားကို ခပ်ဝေးဝေးရှောင်ပေမယ့် ချစ်သူရဲ့ နားလည်မှုကြောင့် သူယုံကြည်ရာကို ဆက်လုပ်နိုင်ခဲ့သလို လုပ်နေဆဲဖြစ်ပါတယ်။ ကိုဗစ်ဆိုရင်စိုးရွံ့ထိတ်လန့်သူတွေရှိကြပေမယ့် သူတို့ပရဟိတသမားတွေကတော့ စိုးရိမ်မှုကို ဘေးဖယ်ပြီး ပိုးတွေ့လူနာတွေ ထိစပ်လူနာတွေ သက်ဆိုင်ရာစင်တာတွေဆေးရုံတွေရောက်ဖို့ နေ့နေ့ညည ပို့ဆောင်ပေးနေကြရပါတယ်။ ဒီလိုအခက်အခဲတွေကြားက စေတနာကိုအဓိကထား ကိုယ်ကျိုးစွန့်လုပ်ကိုင်နေကြတဲ့ ပရဟိတသမားတွေရဲ့ စွမ်းဆောင်ရတဲ့ လုပ်ငန်းစဉ်တွေကို နားလည်ပေးနိုင်ဖို့ မန္တလေး မြောက်ပြင်ပရဟိတမင်းခေါင်လူမှုရေးအသင်းက အသက်အငယ်ဆုံး ယာဉ်မောင်း ကိုကျော်ဖြိုးဝေရဲ့ တနေ့တာလုပ်ငန်းတွေကို VOM သတင်းထောက် ကိုညီသစ် က ရိုက်ကူးတင်ဆက်ပေးထားတာ ဖြစ်ပါတယ်။ #voiceofmyanmar #VOM #ပရဟိတနှလုံးသား #မန္တလေးမြောက်ပြင်…

Read More
VOM News

FREE
VIEW