ရန်ကုန် နိုဝင်ဘာ ၂၉-၂၀၁၈ သင်းသဒ္ဒါ ကိုယ်တိုင်ခံစားချက်တွေကို ရင်ဖွင့်ပြီးရေးတတ် တဲ့ လူငယ်တေးရေးတေးဆို G-Fatt က တယ်တော် တတိယအခွေထုတ်ဖို့ စဉ်းစားနေတယ်လို့ဆိုပါတယ်။ ”ကျွန်တော်ရဲ့ တတိယမြောက်အခွေထဲမှာ သီချင်း ၁၂ပုဒ်လောက်ထည့်မယ်ပေါ့ ။ ကျွန်တော် ရဲ့ Live Show အခွေကိုတော့ ပရိသတ်လက် ထဲရောက်ရှိအောင် အမြန်ဆုံးလုပ်ဖြစ်မယ်။ အဲအခွေမှာတော့ တစ်ကိုယ်တော်ရှိုးပွဲကို လာရောက်မကြည့်နိုင်တဲ့ပရိသတ်တွေကို ကြည့်နိုင်ဖို့ အခွေထုတ်ဖြစ်တာပါ”လို့ဆိုပါတယ်။ အနုပညာသက်တမ်း ၉ နှစ်ကျော်အတွင်းမှာ ပထမဆုံး တစ်ကိုယ်တော်“G Fatt One Man Show” ကိုလည်း နိုဝင်ဘာလ ၁၁ ရက်မှာ ကျင်းပခဲ့ပါတယ်။ ချစ်သူဖြစ်တဲ့ နန်းစုရတီစိုးလည်း Ro တဲ့ပုံလေးတွေနဲ့ စာလေးတွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ် တင်ထားလေ့လည်းရှိပါတယ်။ လက်ရှိမှာ G-Fattက ဂီတပိုင်းကို…
Read MoreCategory: အနုပညာ
”သီချင်းတစ်ပုဒ်ကို ပန်းချီကားတစ်ချပ်ဆွဲသလို ခံစားပြီးတော့ ဆိုဖြစ်ပါတယ်ဆိုတဲ့ ထူးအယ်လင်း”
ရန်ကုန် နိုဝင်ဘာ ၂၉-၂၀၁၈ သင်းသဒ္ဒါ(VOM) အသံအားပြင်းပြင်းနဲ့ သီဆိုခဲ့တာမို့ ပရိသတ်နဲ့ ရင်ဘက်ချင်းထိအောင် သီဆိုတတ်တဲ့ တေးသံရှင် ထူးအယ်လင်းကတော့ ”သီချင်းတစ်ပုဒ်ကို ပန်းချီကားတစ်ချပ်ဆွဲသလို ခံစားပြီးတော့ ဆိုဖြစ်ပါတယ်။ကိုယ်ပိုင်စိတ်ထဲမှာ ရှိသီချင်းဆိုဖြစ်တယ်။ ပရိသတ်လည်း စိတ်ထဲရှိမှ နားထောင်လို့ရတာပါ ”လို့ဆို ပါတယ်။ သီချင်းတွေအောင်မြင်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ “လူတစ်ယောက်ဟာ ရိုးသားမှုပဲ။ ကိုယ့်သီချင်းကို စေတနာ ထားတယ်။ ကိုယ်တိုင် ရင်ဘတ်ထဲမှာနှစ်သက်မှ ပရိသတ်ကို ချပြတယ်။ပရိသတ်ကလည်း ရင်ဘတ်ထဲကို ထိတာ။ ကိုယ်တိုင်ရင်ဘတ်ထဲကဆိုမှ ပရိသတ်ကကြိုက်နှစ်သက်တယ်။အရင်နားနဲ့ နားထောင်ပြီးတော့ ဦး နှောက်ဆီ ရောက်ပြီ။ နှလုံးသားဆီ ရောက်တာပါ”လို့ဆိုပါတယ်။ ဂီတသက်တမ်းကလည်း ၁၇ နှစ်ရှိပြီဆိုပေမယ့် ၂၀၀၁ ခုနှစ် အိမ်ဂျယ်ထယော ၊ ၂၀၀၇ ခုနှစ်မှာဟလူသားဘဝ နဲ့ ၂၀၁၂ ခုနှစ်မှာ ရှင်သန်နေခြင်း ခွေတွေကို ထွက်ခဲ့ပါတယ်။ ထူးအယ်လင်းကတော့ လာမယ့်လမှာ ၄ခွေမြောက်ဖြစ်တဲ့…
Read More”နောက်ထပ်ချစ်သူမထားရဲတော့ဘူးဆိုတဲ့ ပိုင်တံခွန်”
ရန်ကုန် နိုဝင်ဘာ ၂၈- ၂၀၁၈ သင်းသဒ္ဒါ (VOM) မော်ဒယ်လ်ပိုင်းမှာ အားပေးမှုရရှိလာရာကနေ သရုပ်ဆောင်ပိုင်းကိုပါ လုပ်ဆောင်လာခဲ့ ပိုင်တံခွန်ကတော့ ”အချစ်ရေးကို မဖြေချင်ဘူးဖြစ်နေတယ်။ ပြီးတော့ ကျွန်တော်နောက်ထပ် ချစ်သူမထားရဲတော့ပါဘူး။ ချစ်သူကောင်မလေးထားဖို့ကို ကျွန်တော် တော်တော်စဉ်းစားရမယ် ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကဆိုးတဲ့သူတယောက်လည်း ဖြစ်တယ်”လို့ဆိုပါတယ်။ သူရဲ့ အချစ်ရေး ပတ်သက်ပြီးတော့ “ကျွန်တော်တို့ ယောက်ျားလေးတွေအများစုက တဖြည်းဖြည်းနဲ့ သင်ယူရတာပေါ့နော်။ အသည်းကွဲတာများရင်တော့ အချိန်တန်ရင် တဖြည်းဖြည်း ရင့်ကျက်သွားမှာပါ။အခုတလော ကျွန်တော်ရဲ့ ခံစားချက်တွေက ပုံမှန်မဟုတ်ပါဘူး။ မိဘတွေ သဘောမတူတဲ့အတွက် လမ်းခွဲရတာ အဲဒီခံစားချက်က တော်တော်ကို ဆိုးတယ်။နောက်တစ်ခါ ချစ်သူထားဖို့က တော်တော်စဉ်းစားရမယ်။ဘာဖြစ်လိုလဲဆိုတော့ ကျွန်တော်က နည်းနည်းဆိုးတယ်။ အခုစိတ်က ဘယ်လိုကြီးဖြစ်နေလဲမသိဘူး”လို့ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ အသည်းကွဲတဲ့ရောဂါကို ခံစားနေရပြီး လူကြားထဲသွားရင်တောင် တစ်ယောက်တည်းဖြစ်နေတဲ့ခံစားချက်နဲ့အတွက် အထီးကျန်ခြင်းတွေကို ခံစားနေရတယ်လို့သိရပါတယ်။အနုပ ညာနဲ့ပတ်သက်တော့ ကြော်ငြာတွေရိုက်ကူးနေသလို စာမေးပွဲတစ်ဖက်နဲ့မို့ ပွဲတက်တွေပဲ လုပ်ဖြစ်နေတယ်လို့သိရပါတယ်။…
Read More” ဖေ့စ်ဘွတ်ဆိုတာ တော်တော်လေး စိတ်ပျက်ဖို့ကောင်းလာတယ်ဆိုတဲ့ နန္ဒာလွင်”
ရန်ကုန် နိုဝင်ဘာ ၂၇-၂၀၁၈ သင်းသဒ္ဒါ (VOM) အလှမယ်လောကမှတဆင့် သရုပ်ဆောင် လောကထဲရောက်ရှိလာတဲ့ နန္ဒာလွင်ကတော့ ”Facebook က ပေါ်ခါစကတော့ အရမ်းအဆင်ပြေတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက လူတွေက ဖေ့စ်ဘွတ်ပေါ်မှာ လမ်းလွဲစွာ အသုံးပြုလာကြတဲ့ အတွက်ကြောင့် Facebook ဆိုတာ တော်တော်လေး စိတ်ပျက် ဖို့ကောင်းလာတယ်”လို့ဆိုပါတယ်။ ” နောက်ပိုင်းတော့ လူတယောက်ရဲ့ဘဝတွေကို ပျက်အောင် ဖျက်တယ် Comment တွေ နဲ့ သတ်တယ်။ အပြစ်တင် မှု ရှုံ့ချမှုတွေနဲ့ ပဲပြည့်နှက်နေတယ်။ ကောင်းတဲ့ အသုံးပြုမှုထက် မကောင်းတဲ့ ဘက်မှာ ပိုသုံးနေကြတယ်”လို့ဆိုပါတယ်။ နန္ဒာလွင် ရဲ့ Facebook Hack ခြင်းကိုလည်းခံခဲ့သည်နဲ့ ပတ်သက်ပြီး ”အခက်အခဲကတော့ ဂျာနယ်တွေ မဂ္ဂဇင်းတွေနဲ့ အဆက်သွယ်ပျက်သွားတာပါပဲ။ ပွဲတက်တွေ အတွက်လဲ အဆက်သွယ်မရတော့ဘူးပေါ့နော်။ နဂိုတည်းကမှ ညီမက သိပ်ပြီး အဆက်သွယ်မရှိပါဘူးဆိုမှာ…
Read Moreသရုပ်ဆောင်မိုးအောင်ရင်ကို မူးယစ်ဆေးဝါးမှုနဲ့ထောင်ငါးနှစ်ချလိုက်ပြီ ရန်ကုန် နိုဝင်ဘာ-၂၇-၂၀၁၈ လင်းလက်အောင်(VOM) ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင်ကို ပုဇွန်တောင်မြို့နယ်တရားရုံး မြို့နယ်တရားသူကြီး တရားခွင်ကနေ မူးယစ်ဆေးဝါးမှုနဲ့ နိုဝင်ဘာ ၂၇ ရက်နေ့မှာထောင်ငါးနှစ်ချမှတ်လိုက်ပါတယ်။ မိုးအောင်ရင်ကိုစစ်ဆေးရာမှာ စစ်ဆေးပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်တယ်ဆိုတာ ထင်ရှားလို့ မြို့နယ်တရားသူကြီးက မိုးအောင်ရင်ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ-၁၅ အရ ထောင်ဒဏ်(၃)နှစ်၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ-၁၆(ဂ) အရ ထောင်ဒဏ်(၅)နှစ် အဲဒီပြစ်ဒဏ်နှစ်ရပ်ကို တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချ မှတ်ခဲ့ပါတယ်။ မိုးအောင်ရင်ကို ပုဇွန်တောင်မြို့နယ် အမှတ်(၂)ရပ်ကွက် နေကြာ/သာယာကုန်းလမ်းမှာရှိတဲ့ ခြောက်လွှာတိုက်ခန်းတစ်ခုပေါ်မှာ သူလွယ်ထားတဲ့အိတ်ထဲကနေ မူးယစ်ဆေးဝါးတွေနဲ့အတူ ပုဇွန်တောင်မြို့မရဲစခန်းကရဲတပ်ဖွဲ့ဝင်တွေရယ် တာမွေမြို့မရဲစခန်းကရဲတပ်ဖွဲ့ဝင်တွေရယ်က ပူးပေါင်းပြီး ဖမ်းဆီးရမိခဲ့တာပါ။ အဲဒီမတိုင်ခင် ၂၀၁၆ ခုနှစ် သြဂုတ် ၂၉ ရက် မနက် ၃ နာရီလောက်မှာ တာမွေမြို့မရဲစခန်းကတပ်ဖွဲ့ဝင်တွေက တာမွေမြို့နယ် တာမွေလေးရပ်ကွက် မင်းရဲကျော်စွာအိမ်ရာမှာ အိမ်ငှားနေတဲ့ မိုးအောင်ရင် အိမ်ကိုဝင်ရောက်ရှာဖွေခဲ့ကြတယ်လို့သိရပါတယ်။ ဒီလိုဝင်ရှာတော့ မိုးအောင်ရင်ကိုမတွေ့ရပေမဲ့…
Read Moreခန္ဓာကိုယ် အရမ်းပြောင်းလဲချင်နေတဲ့ ရွှေသမီး
ရန်ကုန် နိုဝင်ဘာ ၂၆ – ၂၀၁၈ သင်းသဒ္ဒါ အနုပညာပျိုးခင်း ၂ ရဲ့ စင်တင်မင်းသမီးလေး ရွှေသမီးကတော့ “ကိုယ်ရဲ့ ခန္ဓာကိုယ်ကို အရမ်း ပြောင်းလဲ ချင်ပါတယ်။ ကိုယ့်က ကျစ်ကျစ်လစ်လစ်လေးနဲ့ ခန္ဓာကိုယ်ပြောင်းလဲဖို့ကိုလည်း စဉ်းစားမိပါ တယ်။ ဒါပေမဲ့ ပြောင်းလဲလို့က မရပါဘူး “လို့ ဆိုပါတယ်။ ခန္ဓာကိုယ်ပြောင်းချင်တာနဲ့ ပတ်သက်ပြီးတော့ ” ဘာလိုပြောရမလဲ ခန္ဓာကိုယ့်က ငယ်ငယ်က လေး ကတည်း ကမဖွံဖြိုးဘူး။ အဲတော့ ကြီးလာတော့လည်း အခုအခြေအနေမှာ ကိုယ်ခန္ဓာဖွံဖြိုးလာဖို့က လမ်းစ မမြင်ပါဘူး။ အသက်က ၂၅နှစ်ပြည့်လာတော့မယ် ။ ခန္ဓာကိုယ်ဖွံဖြိုးဖို့ လမ်းစကတော့ မရှိပါဘူး။ ဒါကြောင့်လည် လက်ရှိမှာ ကြိုးစားတော့ ကြိုးစားနေပါတယ်။ ခန္ဓာကိုယ် ကျစ်ကျစ်လစ်လစ်လေးနဲ့ မိန်းကလေးဆိုတာ သူနေရာနှင့်သူ တင်ဆိုလည်းတင် ရင်ဆိုလည်းရင် ရှိစေချင်ပါတယ်။ လေ့ကျင့်ခန်းကို အ…
Read More”မိန်းကလေးချင်းချစ်တာနဲ့ ပတ်သက်ပြီး အချစ်ကို အချစ်လို့ဘဲမြင်တယ်ဆိုတဲ့ ထက်ထက်ထွန်း”
ရန်ကုန် နိုဝင်ဘာ ၂၆-၂၀၁၈ သင်းသဒ္ဒါ အလှမယ်လောကနေတဆင့် သရုပ်ဆောင်လောကထဲကို ရောက်ရှိလာတဲ့ Miss ထက်ထက်ထွန်းကတော့ ” မိန်းကလေးချင်းချစ်တာနဲ့ ပတ်သက်ပြီး အချစ်ကို အချစ်လို့ဘဲမြင်တယ်”လို့ ဆိုပါတယ်။ မိန်းကလေးချင်းလိင်တူချစ်တဲ့ အချစ်နဲ့ပါတ်သက်ပြီး ” ထက်က ယောက်င်္ကျားလေးလည်းချစ်တယ်၊မိန်းခလေးလည်းချစ်တယ်၊တဏှာစိတ်နဲ့ချစ်တာမဟုတ်ဘူး။ သူငယ်ချင်းမိတ်ဆွေမှာလည်း ချစ်ခြင်းဆိုတာရှိတာဘဲ။ ထက်က တိရိစ္ဆာန်လေးတွေကိုလည်းချစ်တယ်။ ချစ်တတ်တယ်လို့လည်းပြောလို့ရတာပေါ့။အဓိကထက်တဏှာစိတ်မျိုးနဲ့ချစ်တာမဟုတ်ဘူး” လို့ဆိုပါတယ်။ ထက်ထက်ထွန်းက လက်ရှိမှာတော့ နိုဝင်ဘာ (၁၄) ရက်နေ့ကတော့ ဒါရိုက်တာ သားညီ ရိုက်ကူးနေတဲ့ “အကြင်နာ မြစ်ဖျား” ဇာတ်လမ်းတွဲကို သရုပ်ဆောင်တွေဖြစ်တဲ့ မိုးယံဇွန်၊ ဝေလျှံ၊ခင်ဝင့်ဝါ တို့နဲ့အတူသန်လျင်မှာ ရိုက်ကူးခဲ့ပါတယ်။ “မိန်းကလေးချစ်သူဆိုတာက ချစ်သူချစ်သူလို့ခေါ်ရတဲ့ ချစ်စရာကောင်းတဲ့မိန်းကလေးတွေကိုပြောတာပါ၊ ဒါပေမဲ့အဲဒါကိုဘယ်လောက်ထိ နယ်ကျွံပြီးတော့တဆုံးတွေးပြီးတော့ ဘာတွေပုံဖော်လိုက်လို့လဲမသိဘူး ထက်ထက်ထွန်းသည်အရမ်းရွံစရာကောင်းတဲ့မိန်းမကြီးတစ်ယောက်တောင်ဖြစ်သွားတယ်ပေါ့နော်” လို့ဆိုပါတယ်။ photo- ထက်ထက်ထွန်း facebook #voiceofmyanmar #ထက်ထက်ထွန်း
Read Moreပရိသတ်စိတ်ဝင်စားအောင် အွန်လိုင်းမှာ ချစ်သူနဲ့ အဖြစ်သည်းပြတာမဟုတ်ဘူးဆိုတဲ့ ထွန်းထွန်း
ရန်ကုန် နိုဝင်ဘာ ၂၃ -၂၀၁၈ သင်းသဒ္ဒါ ဂီတပိုင်းမှာလည်း အောင်မြင်သလို သရုပ်ဆောင်ပိုင်းမှာလည်း နေရာတစ်ခုကို ရထားတဲ့ အကယ်ဒမီ ထွန်းထွန်းက ” ပရိသတ်စိတ်ဝင်စားအောင် အွန်လိုင်းမှာ ချစ်သူနဲ့ အဖြစ်သည်းပြတာမဟုတ်ဘူး”လို ဆိုပါတယ်။ “အမှန်တော့ ပရိသတ်စိတ်ဝင်စားအောင် တစ်ယောက်နဲ့ တစ်ယောက်အဖြစ်သည်းပြနေတာလဲ မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် သံယောဇဉ်ရှိတယ်။ ချစ်တယ်။ ပျော်ပျော်ရွှင်ရွှင်လေး နေသွားချင်ပါတယ်။ ပရိ သတ် စိတ်ဝင်စားအောင် လုပ်ယူထားတာ မရှိပါဘူး”လို့ ဆိုပါတယ်။ ထွန်းထွန်းက “ကျွန်တော်ရဲ့ ဖေ့စ်ဘွတ်တွေ ၊ Installgram မှာ ကြည့်ရင် ကိုယ့်ကောင်မလေးကို ဘယ် လောက်ချစ်လဲဆိုတာ တွေ့ရမှာပါ။ ကျွန်တော် ဘယ်လောက် Ro လဲဆိုတာ သိမှာပါ။ အများကြီးတော့ ပြောစရာမရှိပါဘူး။ ကျွန်တော် ကောင်မလေးကို ကျွန်တော်အရမ်းလည်း ချစ်ပါတယ်။ကျွန်တော်ရဲ့…
Read Moreအိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး သိပ်စိတ်မ၀င်စားသေးဘူးဆိုတဲ့ ဖူးစုံ
ရန်ကုန် နိုဝင်ဘာ ၂၂ – ၂၀၁၈ သင်းသဒ္ဒါ ပရိသတ်နဲ့ အလှမ်းနည်းနည်းဝေးသွားပေမယ့်လည်း ရုပ်သံဇာတ်လမ်းတွဲတွေ ပြန်ရိုက်နေတဲ့ သရုပ် ဆောင် ဖူးစုံ ကတော့ ” အစ်မ အိမ် ထောင်ရေး နဲ့ပတ်သက်ပြီး လှုပ်လှုပ်ခတ်ခတ်ရှိမှာ မဟုတ်ဘူး။ သိပ်စိတ် မ၀င်စားသေးဘူး”လို့ ဆိုပါတယ်။ “အိမ်မှာကျ တူမလေးရှိတော့ ပျော်တယ်။ အပျိုကြီးနဲ့ပဲနေမယ်။ အိမ်ထောင်မပြုဘူးလဲ ဖူးစုံဘ၀မှာ မရှိဘူး။ ယူမယ်။ ယူတော့မယ်။ ဒီအချိန်ကအသင့်တော်ဆုံးအချိန် ယူရတော့ မယ်ဆိုပြီး အိမ်ထောင် ရေးကို အင်တိုက်အားတိုက် စိတ်ဝင်စားနေတာမျိုးလဲမရှိဘူး။ ကြားထဲမှာတော့ သေချာတယ်”လို့ဆိုပါတယ်။ သူမကတော့ ပရိသတ်နဲ့ အဆက်အသွယ်မပျက်စေရန် နှင်းဆီအငြိမ့်နဲ့ တွဲဖက်ကာ အကတွေကနေ သလို ၊Canal + ရုပ်သံလိုင်းနဲ့ စာမျက်နှာသစ်ဇာတ်လမ်းတွဲတွေ နဲ့ အရုပ်ကျရာ ဆေးစက်ထင် ရုပ်ရှင်စတဲ့ ကားတွေလည်း ရိုက်ကူးထားတာလည်းရှိတယ်လို့ သိရပါတယ်။…
Read Moreထိပ်စီးပြောင်းတဲ့ အမှတ်တရအနေနဲ့ ဘုန်းကြီးဝတ်ဖို့ရှိတယ်ဆိုတဲ့ ပြေတီဦး
ရန်ကုန် နိုဝင်ဘာ ၂၂-၂၀၁၈ သင်းသဒ္ဒါ ကာရိုက်တာပိုင်းမှာတော့ ချစ်ချစ်၊နုနု ၊ ကြမ်းကြမ်း စတဲ့ အမူအယာတွေကို ပီပြင်အောင်လုပ်ဆောင်နိုင် တဲ့ အကယ်ဒမီ ပြေတီဦးကတော့ နိုဝင်ဘာ ၃၀ ရက်မှာ ကျရောက်မယ့် မွေးနေ့နဲ့ ပတ်သက်ပြီးတော့ ” ဒီနှစ် ထိပ်စီးပြောင်းပြီးဆိုတော့ အသက် ၄၀ ဆိုတာ အမှတ်တရဖြစ်လို့ ကျွန်တော်ဘုန်ကြီး ၀တ်မလားလို့ စဉ်း စားနေ ပါတယ်။ ၃ ရက် လောက်တော့ ၀တ်မှာပါ။ ကျွန်တော် အရင်တုန်းကတော့ ဘုန်းကြီးတွေ ခဏခဏ ၀တ် ဖြစ် တယ်။ မင်းသား မဖြစ်ခင်ကပေါ့။ ဒီနှစ်မွေးနေ့ကတော့ အမှတ်တရပေါ့။ မဖြစ်ဖြစ်အောင် ဘုန်းကြီးဝတ်မယ်” လို့ ဆိုပါတယ်။ လက်ရှိ နိုဝင်ဘာ ၂၃ ရက်မှာ ရုံတင်ပြသမယ့် မိသားစုမေတ္တာ အချစ်ဟာသပုံစံဖြစ်တဲ့ “မင်္ဂလာ ရက်မြတ်”…
Read More