ရန်ကုန် နိုဝင်ဘာ ၂၁-၂၀၁၈ သင်းသဒ္ဒါ ပရိသတ်နဲ့ ရင်ဘတ်ချင်းထိခဲ့တဲ့ သီချင်းတွေ ဖန်တီးရေးသားသီဆိုခဲ့တဲ့ အဆိုတော် နောနော်ကတော့ “ကျွန် တော်ကလည်း ရော့ခ်ဂီတကို အခြေခံထားပေမယ့် ရော့ခ်ထဲမှာတင် Tran ပြောင်းတာတွေရှိတယ်။ ရော့ခ် ကို ပုံစံဆန်းသစ်ထားပြီးတော့ လူတိုင်းနာထောင်နိုင်မယ့် မြူးဇစ်တွေ စလုပ်နေပါတယ်”လို့ ဆိုပါတယ်။ မကြာခင်မှာတော့ နောနော်ရဲ့ ” အနီရောင်အတ္ထုပတ္ထိ” ဆိုတဲ့ သီချင်းတစ်ပုဒ်ကို အမ်တီဗီ ရိုက် ကူးပြီးတော့ လူမှုကွန်ရက် စာမျက်နှာ တင်သွားမယ်လို့လည်း သိရပါတယ်။ဒါအပြင် တစ်ကိုယ်တော် အခွေ ထွက်ရှိထားတဲ့ “အရှေ့အနောက်တောင်မြောက်” အမ်တီဗီ ဆက်လက်ထွက်ရှိဖို့လည်း ရှိကြောင်း သိရပါ တယ်။ ပရိသတ်နဲ့ အဆင်အသွယ်ပျက်သွားတဲ့အပေါ်မှာတော့ “ဂီတပိုင်းမှာလည်း အရင်ကထက် အဆက်အ သွယ် နည်းနည်းပျက်သလို ဖြစ်သွားလို့ အရင်ကထက် ၁၀ ဆပိုကြိုးစားနေပါတယ်”လို့ ဆိုပါတယ်။ နောနော်က နိုဝင်ဘာ…
Read MoreCategory: အနုပညာ
အချစ်က ဘဝမဟုတ်ပါဘူးဆိုတဲ့ ရွှေပိုးအိမ်
ရန်ကုန် နိုဝင်ဘာ ၂၁ – ၂၀၁၈ သင်းသဒ္ဒါ ချစ်စရာဆွဲဆောင်မှုရှိတဲ့ ရုပ်လေးပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ရွှေပိုးအိမ်ရဲ့ အချစ်ရေးကတော့ “ရွှေပိုး အတွက် အချစ်က ဘဝတခု မဟုတ်ဘူး။ ဘဝရဲ့ အစိတ်အပိုင်းထဲမှာတော့ အချစ်ကပါပါတယ်။ ရွှေပိုးရဲ့ ချစ်သူ ပုံစံက ဘယ်လိုမျိုးဖြစ်ရမလဲလို့ စိတ်ကူးယဉ်ထားတာတော့ မရှိပါဘူး ။ ရွှေပိုးရဲ့ ချစ်သူက ရွှေပိုး ကို တကယ် ချစ်တဲ့သူဖြစ်ဖို့ပဲ အရေးကြီးတာပါ”လို့ ဆိုပါတယ်။ သူမကတော့ ပြီးခဲ့တဲ့ လပိုင်းကတော့ မင်းသား နေထူးနိုင်နဲ့အတူ ဗီဒီယို ဇာတ်ကား နှစ်ကားရိုက် ထားပြီးတော့ ခသုံးလုံး ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထားတဲ့ “အောက်ဖဲကို မလှန်ကြေး” ဆိုတဲ့ ရုပ်ရှင် ကားကြီးမှာလည်း ဧည့်သည်သရုပ်ဆောင်အနေနဲ့ပါဝင်ထားတယ်လို့ သိရပါတယ်။ လက်ရှိ အချစ်ရေးကတော့ အေးအေးဆေးဆေးပါပဲ။ အိမ်ထောင်ပြုတော့မယ်ဆိုတဲ့ အခါကျရင် ပရိ…
Read Moreပြဲကွဲနေတဲ့ သီချင်းတွေကို ဆိုပေမယ့် မယ်ရီ အရက်၊ဆေးလိပ် မသောက်ပါ
ရန်ကုန် နိုဝင်ဘာ ၂၀ -၂၀၁၈ သင်းသဒ္ဒါ ဂျပန်မှာနေထိုင်ပြီး အွန်လိုင်းပေါ်က “ဝဲ” တေးသီချင်းနဲ့ ပရိသတ်အားပေးမှုကို ရရှိထားတဲ့ တေးသံရှင် မယ်ရီ ကတော့ ” မယ်ရီက ပြဲကွဲနေတဲ့ သီချင်းတွေကို ဆိုတယ်။ တကယ်တော့ မယ်ရီက အရက်လည်းမသောက်ဘူး ၊ ဆေးလိပ်လည်း မသောက်ဘူး။ဘာမှ ဘာမှမသောက်ပါဘူး။ ဘာမှကို တကယ်မလုပ်တာပါ။ သူငယ်ချင်းတွေက နင်မသောက်ပဲတောင် ကွဲပြဲနေတာ လုပ်ရင်တော့မလွယ်ဘူးပြောကြတယ်။ တကယ်တော့ သူများတွေ ထင်သလို မဟုတ်ပါဘူး”လို့ ဆိုပါတယ်။ သူမကတော့ ဒီဇင်ဘာ ၂ ရက်နေ့မှာတော့ Mid Night Thoughts တစ်ကိုယ်တော်အခွေထွက်ဖို့ရှိပါတယ်။ တစ်ကိုယ်တော်ခွေမှာတော့ သီချင်းသစ်တွေရော အဟောင်းတွေပါရော ပြီးတော့ သီချင်း ၁၃ ပုဒ်ပါမယ်လို့ သိရပါတယ်။ ”မယ်ရီ သီချင်းလည်း မလုပ်တာ ကြာပြီဆိုတော့ ပရိသတ်ဆီက Feedback အတွက်…
Read Moreလူငယ် ဇာတ်လမ်းလေးတွေ ပရိသတ်ကို ချပြမယ်ဆိုတဲ့ ယွန်းယွန်း
ရန်ကုန် နိုဝင်ဘာ ၂၀ -၂၀၁၈ သင်းသဒ္ဒါ (VOM) ကလေးအရွယ်ထဲက ဇာတ်ဆောင်စရိုက်ပီပြင်မှုတွေ ကြောင့် အကယ်ဒမီကိုပါ ရရှိထားတဲ့ ပရိသတ်အချစ်တော် အကယ်ဒမီ ယွန်းယွန်းကတော့”ညီမ အရွယ်နဲ့လိုက်ဖက်ပြီးတော့ ခေတ်နဲ့အညီ လူငယ် ဇာတ်လမ်းလေးတွေ စိတ်ဝင်စားစရာကောင်းတဲ့ ပုံစံ မျိုးတွေ ပရိသတ်ကို ချပြမယ်”လို့ဆိုပါတယ်။ သူမကတော့ ရန်ကုန်တက္ကသိုလ် Psychology ဒုတိယနှစ်အောင်မြင်ထားတာလည်း ဖြစ်ပါတယ်။ ယွန်းယွန်းက လတ်ရှိမှာ ထိုင်းနိုင်ငံ နှင့်အတူ တွဲဖက်ပြီးတော့ ကြော်ငြာတွေလည်း ရိုက်ကူးရန်ရှိပြီးတော့ လာမယ့်နှစ်ဆန်းပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးသွားဖို့ရှိနေတယ်လို့ သိရပါတယ်။ ဆံပင်အရှည်ကြီးလည်း ထိန်သိမ်းတာနဲ့ ပတ်သက်ပြီးတော့ ”မေမေက ဆံပင်အရှည်ကြီးပျက်စီး ဆိုးလို့ အရောင်ဆိုးတာလောက်ပဲ လုပ်ခွင့်ပေး တယ်။ဒါတောင် ပထမအထပ်လောက်ပဲ နည်းနည်း ဆိုတာပါ။ခေါင်တစ်ခေါင်လုံး ဆိုးလို့မရသေးပါဘူး။ရှည်နေတဲ့ ဆံပင်လေးကိုမပျက်စီးအောင်တော့ ထိန်းသိမ်းပါတယ်။နောက်ပိုင်း ဆံပင်ပုံစံတွေ ပြောင်း ပြီမှပဲ လုပ်ချင်တာရှိရင်လုပ်ဖြစ်မှာပါ။ လောလော ဆယ်တော့…
Read More‘လင်္ကာဒီပချစ်သူ ပြဇာတ်ကို လူမင်းနဲ့ အနုပညာရှင်များက မန္တလေးမှာ ကပြမည်
ရန်ကုန် နိုဝင်ဘာ ၁၉ -၂၀၁၈ သင်းသဒ္ဒါ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ယနေအချိန်ထိရရှိထားတဲ့ အကယ်ဒမီ လူမင်းက လင်္ကာဒီပချစ်သူ ပြဇာတ်ကို သူနဲ့ အနုပညာရှင်များက မန္တလေးမှာကပြမယ်လို့ ဆိုပါတယ်။ Mandalay Entertainment ကနေ ဒီဇင်ဘာ ၁၄ နဲ့ ၁၅ ရက်မှာ မန္တလေးမြို့မှာ ကပြမှာဖြစ်ပြီး၊ ဝတ္ထု ချစ်ဦးညို ၊ ဇာတ်ညွှန်းကိုတော့ သန်းထိုက်(ရွှေရိပ်) ၊ တွဲဖက်ဒါရိုက်တာ လင်္ကာညို ၊ ဒါရိုက်တာ မောင်သီရိုက်မယ့် ”လင်္ကာဒီပချစ်သူ စင်တင်ပြဇာတ်” မှာတော့ သီတာဒေဝီ အဖြစ် ဝတ်မှုန်ရွှေရည် ၊ ခိုင်သင်းကြည် စတဲ့အနုပညာ တွေ အတူ ရာဝန နေရာက လူမင်းက ပါဝင်မှာဖြစ်ပါတယ်။ ”ကျွန်တော်က တကယ်ကို နာမည်ကြီးခဲ့တဲ့ ရာဝန နေရာပေါ့။ ငယ်ငယ်တုန်းက အရမ်းကြိုက်တဲ့…
Read Moreအရာတိုင်းက သားလေးအတွက်ဖြစ်သွားတယ် ဆိုတဲ့ ယွန်းဝတီလွင်မိုး
ရန်ကုန်၊ နိုဝင်ဘာ ၁၈- ၂၀၁၈ သင်းသဒ္ဒါ ပရိသတ်အများကချစ်စနိုးနဲ့ ခေးလို့ ခေါ်ဝေါ်ကြတဲ့ သရုပ်ဆောင် ယွန်းဝတီလွင်မိုးကို အိမ်ထောင်ပြုပြီးချိန်နဲ့ အပျိုတုန်းက ဘ၀နဲ့ အခုက ဘာတွေကွာခြားသွားလဲလို့ မေးကြည့်တော့ ”အများကြီးပဲ တစ်ခုမှကို မတူတော့ပါဘူး။ အခုကတော့ ဘာမဆို ဒီသားလေးအတွက်ပဲဖြစ်သွားတယ်။ညီမ ဘာလုပ်လုပ်ပေါ့။ ကိုယ်သွားမလဲ၊ ဘာဝတ်မလဲအစ စဉ်းစားတယ်။ Liam တစ်ချိန်ကြီးလာရင် ဒီလိုပုံစံ ကြိုက်မလားပေါ့။ ကိုယ်ကအနုပညာရှင်ဖြစ်တော့ ကိုယ့်ပုံတွေက Online ပေါ်မှာရှိနေမှာဆိုတော့လေ။ ကြီးလာရင်ပြန်တွေ့နိုင်တယ်။ သူကရော ကြိုက်ပါ့မလားဆိုတာ အမြဲစဉ်းစားဖြစ်တယ်။ နောက်ဆို ကျောင်းတက်ရမှာဆိုတော့ ခုထဲက ပြင်ဆင်နေပါတယ်။” လက်ရှိမှာတော့ သားလေးဖြစ်သူ Liam က အခုအဖွားနဲ့ အတူနေတယ်ဆိုပေမယ့် အပေါ်ထပ်နဲ့ အောက်ထပ်ပါပဲ။ တခါတလေ အဖွားဖြစ်သူနဲ့ အိပ်လိုက် ညီမနဲ့ အိပ်လိုက်ပါပဲ။ Liam လေးက…
Read Moreအချစ်ကြီးပေမယ့် လက်လွှတ်လိုက်ပြီဆိုရင် ဘယ်တော့မှ ပြန်မကြည့်ဘူးဆိုတဲ့ ရွှေအိမ်စည်
ရန်ကုန် နိုဝင်ဘာ ၁၇ – ၂၀၁၈ သင်းသဒ္ဒါ(VOM) အလှမယ် လောကမှတဆင့် သရုပ်ဆောင်လောကထဲကိုပါ ရောက်ရှိလာတဲ့ သရုပ်ဆောင် ရွှေအိမ် စည်ကတော့ “ အိမ်စည်က အချစ်ကြီးတဲ့ သူတစ်ယောက်ဆိုပေမဲ့ ကိုယ်အပေါ်တစ်ခုခု အမှားလုပ်မိလို့ပဲ ဖြစ်ဖြစ် ကိုယ့်အပေါ်မှာ မကောင်းဘူးဆိုရင် လုံးဝမလှည်ကြည့်တော့ဘူး။ ကိုယ့်ဆီ ဘယ်လောက်ဘဲ တောင်းပန်ပန် လုံးဝ သူစိမ်းတစ်ယောက်လို ဖြစ်သွားရော။ အချစ်ကြီးတယ်ဆိုတာကလည်း အတိုင်းအတာ တစ်ခုထိ ပါ ဘဲ”လို့ ဆိုလာပါတယ်။ သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးထားတဲ့ အပြင် နိုဝင်ဘာ ၁၉ ရက်မှာ ရန်ကုန်မြို့ ကတော့ ထွက်ခွာပြီးတော့ ပိုလန်နိုင်ငံမှာ ကျင်းပမယ့် Miss Supranational International 2018 ပြိုင်ပွဲ ကြီးမှာ ၀င်ရောက် ယှဉ်ပြိုင်သွားမှာလည်း ဖြစ်ပါတယ်။ “အိမ်စည်က ဘယ်လိုမိန်းကလေးမျိုးလဲဆိုရင် မိန်းကလေးမဆန်တတ်တဲ့…
Read Moreအိမ်ထောင်ပြုဖို့အတွက် အဆင်သင့်ဖြစ်အောင် ကိုယ်ကိုကိုယ် ပြုပြင်ပြောင်းလဲနေတယ်ဆိုတဲ့ အေးမြတ်သူ
ရန်ကုန် နိုဝင်ဘာ ၁၇ – ၂၀၁၈ သင်းသဒ္ဒါ (VOM) ပါးချိုင့်လေးနဲ့ ပရိသတ်ကို ဆွဲဆောင်ခဲ့တဲ့ အချစ်တော် အပျိုကြီး သရုပ်ဆောင် အေးမြတ်သူကတော့ “အိမ်ထောင်ပြုဖို့ အတွက်ကတော့ ဘာမှမစီစဉ်ရသေးပါဘူး။ ကိုယ့်ကိုကိုတော့ အမြဲတမ်း အိမ် ထောင်ပြု ဖို့အတွက် အဆင့်သင့်ဖြစ်အောင် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲနေပါတယ်”လို့ ဆိုလာပါတယ်။ အေးမြတ်သူကတော့ ဒါနသာသနာအလှူတွေလည်း ပြုလုပ်နေပြီးတော့ နိုဝင်ဘာ ၁၈ ရက်မှာ ကန်တော့ပေးမိတ်ဆက်မယ့် ဒါရိုက်တာ စတီးလ် ရိုက် ကူးမယ့် ကျားနှင့် ဆင် ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း နေတိုး၊နေထက်လင်း၊ထွန်းထွန်း၊ဇင်ဝိုင်း နဲ့ ရွှေသမီးတို့နဲ့ အတူ ပါဝင်သရုပ်ဆောင်ဖို့လည်း ရှိပါတယ်။ အိမ်ထောင်ပြုမယ်ဆိုရင်ရော အေးမြတ်သူက “လက်ရှိမှာတော့ အေးမြတ်သူ အပျိုကြီးတော့ မလုပ် ချင်ပါဘူးရှင့် ။ အေးမြတ်သူသည် အိမ်ထောင်ရှင်မကောင်း တစ်ယောက်လည်း ဖြစ်ချင်ပါသေးတယ်။ ဘဝမှာ…
Read Moreချစ်ရင်လည်းအရမ်းချစ် လွမ်းရင်လည်း အရမ်းလွမ်းချင်တယ် ဆိုတဲ့ မအေးသောင်း
ရန်ကုန် နိုဝင်ဘာ ၁၆ – ၂၀၁၈ သင်းသဒ္ဒါ(VOM) မြန်မာဆန်ဆန် ဝတ်စုံလေးတွေနဲ့ ပရိသတ်ရဲ့ ရင်ထဲကို တစ်ကြိမ်ပြန်လည်းတိုးဝင်ရောက်လာတဲ့ အပျိုကြီး သရုပ်ဆောင် အေးဝတ်ရည်သောင်း (ခ) ပေါက်စီက အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ ” ပေါက်စီက လွမ်းတဲ့အရာကိုကြိုက်တယ်။ ၀တ္ထုဖက်လည်း ဒီလိုပဲအဲအတိုင်းအပြင်မှာ ခံစားတယ်။ တကယ်တမ်း ပေါက်စီက ချစ်ရင်လည်း တအားချစ် ၊ လွမ်းကလည်း လွမ်းချင်တယ်”လို့ ဆိုလာပါတယ်။ သူမရဲ့လက်ရှိ အချစ်ရေးကတော့” ပေါက်စီက အေးဆေးပါပဲ။ဒီအ ရွယ်ရောက်မှ အရမ်းကြီးလည်း စိတ်မညစ်ချင်ဘူး။ လွမ်းတာ ကို ပေါက်စီကကြိုက်လို့ သတ်သတ်မဲ့ ကိုယ်တိုင်လည်း ရန်ရှာ။ ကိုယ်တိုင်က လွမ်းချင်လို့ ပြဿနာမတက်အောင်လုပ်တယ်။ Drama Queen ပေါ့။ ပေါက်စီက လွမ်းတဲ့အရာကိုကြိုက်တယ်။ ၀တ္ထုဖတ်လည်း ဒီလိုပဲအဲအတိုင်းအပြင်မှာ ခံစားတယ်။ ပေါက်စီ ကို ချစ်တဲ့သူတွေက…
Read Moreဝေဖန်ပြောဆိုမူတွေကို ဘယ်လိုအကြောင်းနဲ့မှ မတုံ့ပြန်တော့ဘူး ဆိုတဲ့ သင်ဇာဝင့်ကျော်
ရန်ကုန် နိုဝင်ဘာ ၁၅-၂၀၁၈ သင်းသဒ္ဒါ (VOM) Sexy ပုံစံဝတ်ဆင်မှုကြောင့် ပရိတ်သတ်စိတ်ဝင်စားခြင်းကို ပိုခံရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ “လူမူကွန်ယက်စာမျက်နှာတွေမှာ ဝေဖန်ပြောဆိုမူတွေကို ဘယ်လိုအကြောင်းနဲ့မှ တုံပြန်ခြင်းမပြုတော့သလို ၊ သင်ဇာကို ချစ်နေတဲ့သူတွေအတွက်ကိုပဲ ကြိုးစားကာအလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပြီးတော့ ကိုယ်ကိုမုန်းနေတဲ့ သူတွေကို ဘာမှပြောစရာစကားမရှိကြောင်း ဆိုပါတယ်။ ဝေဖန်ပြောဆိုမူတွေနဲ့ ပတ်သတ်ပြီးတော့ “ဝေဖန်မူတွေကို ဘယ်လိုမှတော့ မတုံပြန်တော့ပါဘူး။ ကိုယ်ကို ကြိုက်တဲ့သူရှိမယ်။ ပြီးတော့ ကိုယ်ကို မကြိုက်တဲ့သူရှိမယ်။ မုန်းတဲ့သူလည်း ရှိမှာပါ။ ကိုယ်ကတော့ ကိုယ့်ကို ချစ်တဲ့သူတွေ အတွက်ဘဲ အလုပ်လုပ်တယ်။ သူတို့ အတွက်ဘဲ ကြိုးစားတယ်။ ကိုယ့်ကို မုန်းနေတဲ့သူတွေ အတွက် ဘာမှပြောစရာ စကားမရှိပါဘူး။ သူတို့အတွက် သင်ဇာ အလုပ်လုပ်နေတာ မဟုတ်ပါဘူး။ ကိုယ့်ကို ချစ်တဲ့သူတွေအတွက် ကြိုးစားနေခြင်းဖြစ်ပါတယ်။ သင်ဇာကို ချစ်တဲ့သူတွေကတော့ သင်ဇာကို…
Read More