စီးပွားရေးသမားတွေကို အရမ်းကြိုက်တယ်ဆိုတဲ့ အေးမြတ်သူ

ရန်ကုန် ဖေဖော်ဝါရီ ၃ -၂၀၁၉ သင်းသဒ္ဒါ(VOM) ပရိသတ်အချစ်တော် အေးမြတ်သူကတော့ ကိုယ်တိုင်စီးပွားရေးလုပ်ဖို့ သတ္တိမရှိပေမယ့် စီးပွားရေးသမားတွေဟာ အနိုင်အရှုံးခံရဲတဲ့ သတ္တိရှိလို့ အရမ်းကြိုက်တယ် လို့ ဆိုပါတယ်။ ”အေးမြတ်သူတို့ စီးပွားရေးလုပ်ဖို့က ငွေကြေးရှိဖို့လိုသလို သတ္တိရှိဖို့လည်း လိုပါတယ်။ရင်းရဲမှ ၊အရှုံးအနိုင် ခံရဲတဲ့ သတ္တိရှိဦးမှပါ။စီးပွားသမားတွေကို အေးမြတ်သူအရမ်း ကြိုက်တယ်။သူ့တို့က သူများတွေထက် ပို သတ္တိရှိမှ ဖြစ် တယ်။အေးမြတ်သူမှာ အဲလိုသတ္တိမရှိသလို ငွေကြေးအင်အား အေးမြတ်သူမှာ မရှိပါဘူး”လို့ဆိုပါတယ်။ အနုပညာတချို့ ကိုယ်ပိုင် Brand တွေ ထုတ်တဲ့အပေါ်မှာ ” အေးမြတ်သူ က ကိုယ်ပိုင် Brand ထုတ်ဖို့မရှိပါဘူး၊ ကိုယ့်အနီးပတ်ဝန်းကျင် ကြည့်ရင်းတွေးရင်းနဲ့တော့ ငွေစုဖြစ်ပါတယ်၊ ကိုယ်ပိုင် Brand တစ်ခုထုတ်နိုင်အောင် တောင့်တင်းခိုင်မာတဲ့ ငွေကြေးအင်အား အေးမြတ်သူမှာ မရှိပါဘူး၊ စိတ်ကူးတော့ အေးမြတ်သူ မယဉ်ဖြစ်ပါဘူး၊ ဖြစ်နိုင်လို့ ငွေကြေးတတ်နိုင်ရင်…

Read More

ဖျော်ဖြေရေးကဏ္ဍ အထူးချွန်ဆုံးဆုကို အိန္ဒြာကျော်ဇင်ရရှိ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂-၂၀၁၉ TGH (VOM) မြန်မာနိုင်ငံရဲ့ Entertainment  ဖျော်ဖြေကေဏ္ဍမှာ အထူးချွန်ဆုံးသူအဖြစ်  ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင်က ရရှိခဲ့ပါတယ်။ အိန္ဒြာကျော်ဇင်ဟာ ၂၀၁၄ခုနှစ်က မျက်နှာများတဲ့ကောင်းကင် ရုပ်ရှင်ဇာတ်ကားနဲ့ မြန်မ့ာရုပ်ရှင်အကယ်ဒမီဆုရရှိသူတစ်ဦးဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာလည်း ရင်ဘတ်ထဲကဓား ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီရရှိခဲ့ပါတယ်။ ဆုရရှိတာနဲ့ပတ်သက်ပြီး အိန္ဒြာကျော်ဇင်က “ဒီဆုကိုရတဲ့အတွက် အရမ်းဝမ်းသာတယ်၊ဂုဏ်လည်းယူတယ်၊အားလုံးကိုလည်းကျေးဇူးတင်ပါတယ်၊နောက်ပြီးဒီဆုကိုရတဲ့အတွက် တာဝန်လည်းကြီးသွားတယ်လို့ ထင်မိပါတယ်၊မြန်မာနိုင်ငံအတွက် ကျွန်မအကောင်းဆုံး ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ကျွန်မ ပံ့ပိုးနိုင်သလောက် ကြိုးစားသွားပါမယ်”လို့  ပြောပါတယ်။ ဒါ့အပြင် ဘက်စုံထူးချွန်လှတဲ့ အိန္ဒြာကျော်ဇင်က အလှအပနဲ့ဆိုင်တဲ့ ဆုတွေလည်းရရှိထားသူဖြစ်ပြီး ပရိတ်သတ်များမှ လေးစားအားကျအတုယူရတဲ့စံပြအမျိုးသမီးတစ်ဦးဖြစ်ခဲ့ပါတယ်။ မြန်မာကို ကမ္ဘာကသိအောင် ထူးချွန်တဲ့ သူတစ်ယောက်ဖြစ်တာကြောင့် ” ကမ္ဘာကသိတဲ့ မြန်မာပြည်ဖွား ဖျော်ဖြေရေးကဏ္ဍ အထူးချွန်ဆုံးဆု”ကို ရရှိရထိုက်သူ ၊ဂုဏ်ပြုထိုက်သူအဖြစ်  Pride of myanmar ရဲ့ ရွေးချယ်ချီးမြှင့်ခြင်းခံခဲ့ရတာပဲဖြစ်ပါတယ်။ Pride…

Read More

ကလေးမြို့မှာ ပထမဆုံးအကြိမ်အဖြစ် ရင်ချင်းဆက်အမွှာပူးမွေးဖွား

ကလေး –   ဖေဖော်ဝါရီ  ၁- ၂၀၁၉ မိန်းကလေးရင်ခြင်းဆက် အမွှာ နှစ်ဦးကို ကလေးမြို့ ပြည်သူ့ဆေးရုံက အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့တယ်လို့ ကလေးမြို့ ပြည်သူ့ဆေးရုံကနေ သိရပါတယ်။ အောင်မင်္ဂလာရပ်ကွက် နယ်မြေ(၃) တွင်နေထိုင်တဲ့ ဦးကျော်ဇေယျရဲ့ဇနီး ဒေါ်သီတာဝင်း အသက်(၂၈) နှစ်ဟာ  ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက ကလေးမြို့ ပြည်သူ့ဆေးရုံမှာ  ၈ပေါင်နဲ့ ၈အောင်စ ရှိတဲ့ ရင်ခြင်းဆက် အမွှာမိန်းကလေး တွေကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။  ကလေး အထူးကုဆရာဝန်ကြီးဒေါက်တာနုနုထွေး က “အခုက စောင့်ကြည့်နေတယ်။ ကျန်းမာရေးကောင်းတယ်ဆိုရင် မန္တလေးဆေးရုံ ကို လွှဲပြောင်းပြီး ခွဲစိတ်မှုတွေ ဆက်လုပ်သွားမှာပါ”လို့ ပြောပါတယ်။ ကလေးမြို့ပြည်သူ့ဆေးရုံကနေ ရင်ချင်းဆက်အမွှာ ကို  ပထမဦးဆုံးအကြိမ် ခွဲစိတ် မွေးဖွားနိုင်ခဲ့တာ ဖြစ်ပြီး မြန်မာတစ်နိုင်လုံးမှာတော့ ရင်ခြင်းဆက် အမွှာ၇ မွှာ ကို…

Read More

လိပ်ပြာစံအိမ်ဇာတ်ကားကို နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ ပြသသွားမည်

  ရန်ကုန် ဖေဖော်ဝါရီ ၁ -၂၀၁၉ သင်းသဒ္ဒါ (VOM)   ထိုင်းဒါရိုက်တာ Chartchai Ketnust က ရန်ကုန်၊ ရေနံချောင်းမြို့နယ် အပြင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ မှာပါ ရိုက်ကူးခဲ့တဲ့ လိပ်ပြာစံအိမ်ဇာတ်ကားကို နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ ပြသသွားမယ်လို့ သိရပါတယ်။ အဆိုပါဇာတ်ကားကို ထိုင်း၊စင်ကာပူ၊ ကမ္ဘောဒီးယား၊ ဖီလစ်ပိုင် ၊ ဂျပန် ၊ အင်ဒိုနီးရှား ၊ ဟောင်ကောင် ၊မလေးရှား ၊ဘရူနိုင်း ၊ထိုင်ဝမ် ၊ ဗီဟယက်နမ် ၊လာအို ၊ အိန္ဒိယ စတဲ့ နိုင်ငံပေါင်း ၁၃ နိုင်ငံမှာလည်း ပြသသွားမှာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၈ ရက်မှာတော့ မြန်မာပြည်နဲ့ စင်ကာပူမှာ တပြိုင်တည်း ရုံတင်မှာပါလို့သိရပါတယ်။ လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရလောက နဲ့ သတ္တလောကအကြားရှိနေတဲ့…

Read More

ဖေဖေါ်ဝါရီလအတွက် ဆရာဦးမင်းသိန်း၏ ဗေဒင်ဟောစာတမ်း

တနင်္ဂနွေ တနင်္ဂနွေနေ့ဖွားသားသမီးတို့သည် ဤလသည် ရိုးရိုးကျင့် မြင့်မြင့်ကြံလုပ်ကိုင်နေထိုင်ပါက အကြံအစည် ရည်ရွယ်ချက်များအောင်မြင်အံ့။ အင်္ဂါနေ့၊ ကြာသပတေးနေ့ဖွားသူတို့နှင့် အကျိုးပေးကောင်းအံ့။ အချစ်ရေး၊ လူမှုရေး၊ ရှုပ်ထွေးမှုများကို အသိ၊ သတိဖြင့်ရှောင်ရှားနိုင်လျှင် ကံကောင်းနိုင်အံ့။ အိမ်ထောင်ရေးတွင် အမျိုးသမီးများအဖို့ ပိုမို ကံကောင်းနိုင်အံ့။ ပညာနှင့် ပတ်သက်သောလုပ်ငန်း၊အိမ်၊ ခြံ၊ မြေလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ဆေးနှင့် ဆေးပစ္စည်းရောင်းဝယ်ရေးတို့နှင့် အကျိုးပေးကောင်းအံ့။ ကျန်းမာရေး စောင့်ရှောင်မှုကောင်းခြင်းကြောင့် နှလုံး၊ အသည်း၊ ဝေဒနာတို့မှ သက်သာအံ့။ ကြီးကဲသူတို့က မိမိ၏သစ္စာရှိမှုနှင့် သတ္တိရှိရှိလုပ်ကိုင်မှုကြောင့် မိမိအားကူညီစောင့်ရှောက်အံ့။ စစ်မှန်သော နှလုံးသားရေးရာ ကိစ္စများကြုံတွေ့ရအံ့၊ လုပ်ငန်းစီးပွားတိုးတက်ပါမည်။ (ယတြာ။အနောက်တောင်အရပ်မျက်နှာမူပြီး သောကြာနံဘုရားတွင် မေမြို့ပန်းကပ်လှူပါ။)   တနင်္လာ တနင်္လာနေ့ဖွားသားသမီးတို့သည် ဤလတွင် အတိုက်အခံ၊ အနှောက်အယှက်များကို စိတ်စေတနာကောင်းဖြင့် အဖြေရှာ ၊ဖြေရှင်းနိုင်လျှင် ယှဉ်ပြိုင်လာသမျှအောင်မြင်အံ့။ အကြွားမဖက်ဘဲ ကတိတည်ပြီး လုံ့လ ဝီရိယဖြင့် လုပ်ငန်းကိစ္စများကို…

Read More

မြန်မာဂန္ထ၀င်အဆိုတော်ကြီးဖြစ်တဲ့ ဦးမင်းနောင် ကွယ်လွန်

ရန်ကုန် ဖေဖော်ဝါရီ ၂ -၂၀၁၉ သင်းသဒ္ဒါ (VOM) မြန်မာဂန္ထ၀င်အဆိုတော်ကြီး စည်သူဘွဲ့ရ ဦးမင်းနောင် (ကိုမင်းနောင်)  အသက် ၈၈ နှစ်ဟာ  ၉၆ ပါးရောဂါနဲ့  ဇန်န၀ါရီ ၃၁ ရက် ညနေ ၅နာရီ ၄၅ မိနစ်က  ရန်ကုန်မြို့  အာရှတော်ဝင်ဆေးရုံ ၇ လွှာ၊ အခန်းနံပါတ် ၁၇ မှာတော့ ကွယ်လွန်ခဲ့ပါတယ်လို့  သိရပါတယ်။ ”အန်တီတို့ရဲ့ အစ်ကိုလို ဖခင်လိုဖြစ်နေတဲ့ လေးစား ခဲ့ရတဲ့ ဦးမင်းနောင်ပါ။ ဂန္တဝင်အဆိုတော် စည်သူဘွဲ့ထားတဲ့ စည်သူဦးမင်းနောင်လို့လည်းခေါ်လို့ ရပါတယ်။ ဒီအစ်ကို အစ်မတွေရဲ့ အရိပ်အောက်မှာ အန်တီလဲ့တို့ကြီးပြင်းခဲ့တာပါ။ကိုယ့်တွေ ကလေးဘဝမှာ သူတို့က နိုင်ငံကျော်အဆိုတော်ကြီးတွေဖြစ်နေပါပြီ။ အစ်ကိုကအသက် ၂၀ နှစ်အရွယ်လောက်က တေးသီချင်းတွေကိုဆိုခဲ့တာပါ။ ဥပမာ သီချင်းဆိုဖို့သွားတာပဲဖြစ်ဖြစ် ဘယ်သွားသွားမခွဲကြဘူးပေါ့။ နှစ်အိမ်တစ်အိမ်လို နေတာပါ။ မနေ့က ညပိုင်းက ထမင်းစားပြီးတော့…

Read More

က​ဗျာလွတ်​အကကို ပွဲ​တိုင်း​ကျော်​​အောင်​ ​ဆောင်​ရွက်​မည်

မန္တ​လေး၊ ဇန်​နဝါရီ ၃၀-၂၀၁၉ ဟိန်းကို(VOM) မန္တ​လေးမြို့က ဘုန်း​တော်​ကြီးသင်​ပညာ​ရေး​ကျောင်း​တွေမှာ နှစ်​စဉ်​ပြုလုပ်​​နေတဲ့ မြန်မာရိုးရာယဉ်ကျေးမှုပွဲတော် အခမ်းအနားများ ကျင်းပရာမှာ ထည့်​သွင်းကပြ​နေတဲ့ အေရိုးဗစ်အက၊ ပန်းပွားအက ​ကပြတဲ့​နေရာအစား မြန်မာရိုးရာ ကဗျာလွတ်အကကို အစားထိုးကပြနိုင်​ဖို့အတွက်​ ​ဆောင်​ရွက်​သွားမှာဖြစ်​တယ်​လို့ မန္တ​လေး ကံတက်​ကုန်း(မစိုးရိမ်​)ဘုန်း​တော်​ကြီးသင်​ပညာ​ရေး​ကျောင်း အကျိုး​တော်​​ဆောင်​ဥက္ကဌ ဦးဝင်းလှိုင်​ဦး က ​ပြောပါတယ်​။ #voiceofmyanmar#မန္တ​လေး#က​ဗျာလွတ်​အကများပါဝင်​ကပြနိုင်​ရန်​​ဆောင်​ရွက်​မည်​#

Read More

ဟိုတယ်တိုင်းရဲ့ မနက်စာအစီအစဉ်မှာ မုန့်ဟင်းခါးကို မြန်မာအစားအစာအဖြစ် ထည့်သွင်းပေးစေလို

ရန်ကုန်- ဇန်ဝါရီ ၃၀၊ ၂၀၁၉   ပြည်တွင်းမှာဖွင့်လှစ်ထားတဲ့ ဟိုတယ်၊ မိုတယ်တွေ အနေနဲ့ မနက်စာ ကျွေးမွေးတဲ့ အစီအစဉ်တွေထဲမှာ မုန့်ဟင်းခါးကို ထည့်သွင်းပေးစေချင်တယ်လို့ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဌဦးနေလင်းက အကြံပြုပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံကိုလာရောက်လည်ပတ်ကြတဲ့ခရီးသွား ဧည့်သည် ၊ နိုင်ငံတကာက ခရီးသွားဧည့်သည်တွေအနေနဲ့ မုန့်ဟင်းခါးကို မြန်မာ့အစားအစားအစာအဖြစ် သိရှိစေဖို့ စတင်လုပ်ဆောင်နေတာကြောင့် နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ဟိုတယ်လုပ်ငန်းရှင်တွေအနေနဲ့လည်း ပူးပေါင်းပါဝင်ပြီး လုပ်ဆောင်ပေးစေလိုခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ “မနက်စာကျွေးတဲ့အခါ  မုန့်ဟင်းခါးကိုထည့်ကျွေးစေချင်တယ်။ အဲ့လိုထည့်ခြင်းအားဖြင့် နိုင်ငံတကာက ဧည့်သည်တွေ ဟိုတယ်မှာ တည်းတဲ့အခါ မြန်မာအစားအစာ ဘယ်ဟာလည်းလို့မေးရင် ဒီဟာက မုန့်ဟင်းခါး၊ မြန်မာအစားအစာဖြစ်တယ်ဆိုတာသိမယ်။ သူတို့မြည်းစမ်းကြည့်မယ်၊ ကြိုက်တာမကြိုက်တာထက် မုန့်ဟင်းခါးဆိုတာ မြန်မာအစားအစာမှန်း သူတို့သိသွားတာပေါ့။ ဒါမျိုးလေးတွေလုပ်စေချင်တယ်။”လို့ ဦးနေ လင်းကပြောပါတယ်။ ဒါ့အပြင် နိုင်ငံတော်အစိုးရအနေနဲ့လည်း ပံ့ပိုးမှုတွေရှိလာခဲ့မယ်ဆိုရင် ထိရောက်မှုပိုပြီးရှိစေမယ်လို့လဲဆိုပါ တယ်။ ဒါကြောင့် နိုင်ငံခြားသားခရီးသွားတွေ  မြန်မာနိုင်ငံကို လာရောက်တဲ့…

Read More

ရည်းစားထားလိုက် ပြတ်လိုက်ဖြစ်နေတယ်ဆိုတဲ့ ပိုင်တံခွန်

ရန်ကုန် ဇန်န၀ါရီ ၂၉-၂၀၁၉ သင်းသဒ္ဒါ(VOM) ကိုရီးယား မင်းသားနဲ့တူတယ်ဆိုပြီး မိန်းကလေး ပရိသတ်ကြားနေပန်းစားနေတဲ့ မော်ဒယ်လ် သရုပ်ဆောင် ပိုင်တံခွန်ကတော့ ရည်းစားထားလိုက်ပြတ်လိုက် ဖြစ်နေတယ်လို့ ဆိုပါတယ်။ “ယောက်ျားလေး သရုပ်ဆောင် ဖြစ်လို့ ကိုယ့်ကို ဆော်ကြည်ဘဲလို့ ထင်ကြတာပါ။ တကယ်တော့ ပရိသတ် အထင်လွဲနေတာပါ။ အပြင်မှာ မရှိဘူး။ လူငယ်ဆိုတော့ ရည်းစားထားလိုက် ပြတ်လိုက်နဲ့ပါ။ လောလော ဆယ် ရည်းစားမရှိသေးပါဘူး။ အရင်နဲ့စာရင် ကိုယ်တိုင်လည်း ရင့်ကျက်လာပြီလေ။ အရင်တွေ့ခဲ့တဲ့ ကောင်မလေးတွေက အဲလိုပေါ့။ ကိုယ့်ရည်းစားရင် တည်ငြိမ်ရင့်ကျက်သူကို ရွေးချယ်ဖြစ်မယ်ပေါ့”လို့ဆိုပါတယ်။ သူကတော့ ဖေဖော်ဝါရီ ၁၆ ရက်နေ့လောက်မှာ ကိုမြင့်မြတ်၊ မသင်ဇာဝင့်ကျော်၊ ညိမ်းသော်၊ L ဘောင် နူးတို့နဲ့ အတူ ပူတာအိုကို သွားရောက်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲက ကာရိုက် တာကို တော့ ဒါရိုက်တာက မပြောခိုင်းသေးဘူး။ရုပ်ရှင်ရိုက်ဖို့…

Read More

ဂျပန်နိုင်ငံမှာ ၁၉၉၉  ခုနှစ်နောက်ပိုင်း တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ဒုတိယအမြင့်ဆုံးအဆင့်သို့ ရောက်ရှိ

၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီ-၂၉-၂၀၁၉ ဇီဝညို ၁၉၉၉ ခုနှစ်ကတည်းက စတင်ပြီး လေ့လာဆန်းစစ်မှုများ ပြုလုပ်နေခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ တတိယပတ် တစ်ပတ်အတွင်းမှာ ဂျပန်နိုင်ငံက ဆေးရုံ၊ ဆေးခန်းတစ်ခုချင်းဆီကို လာရောက်ပြသခဲ့ကြတဲ့ တုပ်ကွေးလူနာဦးရေဟာ ဒုတိယအမြင့်ဆုံးကိန်းဂဏန်းအဆင့်ကို ရောက်ရှိနေကြောင်း ဂျပန်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံတ၀ှမ်းက ဆေးရုံ၊ ဆေးခန်းစုစုပေါင်း ငါးထောင်ကို ပုံမှန်စောင့်ကြည့်ခဲ့ရာမှာ တုပ်ကွေးလူနာ ပျမ်းမျှဦးရေဟာ ယခင်ရက်သတ္တပတ်မှာ ရှိခဲ့တဲ့ ပျမ်းမျှလူနာ (၁၅ ဒသမ ၃၇) ကနေ (၅၃ ဒသမ ၉၁) အထိ တစ်ပတ်အတွင်း မြင့်မားလာခဲ့ပြီးတော့ ဒီကိန်းဂဏန်းပမာဏဟာ ၂၀၁၈ ခုနှစ်က စံချိန်တင်တုပ်ကွေးလူနာဦးရေ (၅၄.၃၃) နောက်မှာ ဒုတိယလိုက်ခဲ့တာဖြစ်ကြောင်း ၀န်ကြီးဌာနက ကြေညာခဲ့ပါတယ်။ တစ်ပတ်တာကာလအတွင်း နိုင်ငံတ၀ှမ်း စုစုပေါင်းတုပ်ကွေးလူနာဦးရေ (၂ ဒသမ ၁၃)သန်း ရှိခဲ့ပြီးတော့…

Read More
VOM News

FREE
VIEW