ရန်ကုန် ဒီဇင်ဘာ ၂၅-၂၀၁၈ သင်းသဒ္ဒါ(VOM) Sexy ဖက်ရှင်တွေကြောင့် ပရိသတ်စိတ်ဝင်စားခြင်းခံရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ ပွဲတက်ဌားရင် Sexy ဘက်သွားတဲ့ ပုံတွေပဲဌားကြတယ်လို့ ဆိုပါတယ်။ “သင်ဇာရဲ့ ဖက်ရှင်ဒီဇိုင်းကတော့ သူတို့ရဲ့ တောင်းဆိုမှုကြောင့်ပါ၊ အဖြူလေးကိုဝတ်ပေး ပါးပါးလေးဝတ်ပေး ပေါ့၊ အဲဒါကြောင့် ဒီလိုမျိုးလေးဝတ်ဖြစ်တာပါ၊ ဘယ်လိုဝတ်ပေးဆိုပြီးတော့ သူတို့လိုချင်တာကို ပြောပြလာတယ်၊ ကိုယ့်အဆင်ပြေရင်တော့ လက်ခံပြီး တက်ပေးတာပေါ့”လို့ ဆိုပါတယ်။ ၂၀၁၈မှာတော့ သင်ဇာဝင့်ကျော်အနေနဲ့ ရုပ်ရှင်ကားတွေလည်း အများကြီး ရိုက်ထားသလို ဆိုင်ပွဲတွေ ၊ကြော်ငြာတွေလည်း အများကြီး ရိုက်ကူးလာရတယ်လို့ သိရပါတယ်။သူမအတွက် ကံကောင်းတဲ့ နှစ်တစ်နှစ်လို့ သိရပါတယ်။ ” ဘာပဲဖြစ်ဖြစ် သင်ဇာကိုခေါ်ပေးတာ ဖိတ်ပေးတာကို အများကြီး ကျေးဇူးတင်ပါ တယ်၊ သူတို့က သင်ဇာရဲ့ ထမင်းရှင်လို့လည်း ပြောလို့ရပါတယ်”လို့ ဆိုပါတယ်။ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီးတော့ “၂၀၁၉ မှာတော့ ဖက်ရှင်ကို…
Read MoreCategory: Lifestyle
ချစ်သူနဲ့လမ်းခွဲလိုက်ရပြီဆိုတဲ့ သွန်းဆက်
ရန်ကုန် ဒီဇင်ဘာ ၂၃-၂၀၁၈ သင်းသဒ္ဒါ(VOM) ပရိသတ်အချစ်တော် သရုပ်ဆောင် သွန်းဆက်ကတော့ ၂၀၁၈ ခုနှစ်ကတော့ ကိုယ်နဲ့ သေသေချာ ချာတွဲလာတဲ့ ချစ်သူနဲ့လမ်းခွဲလိုက်ရတယ်ဆိုပါတယ်။ “၂၀၁၈ ကိုအရမ်းကို မုန်းတယ်။ သွန်းဆက် ငယ်ငယ်ထဲကစိတ်ညစ်စရာ သိပ်မရှိခဲ့ဘူး။ပေါ့ပေါ့ပါးပါး လေးပဲ အရာရာဖြတ်သန်းသွားဖြစ်တယ်။အဆင်ပြေတယ် စိတ်ဆင်းရဲစရာ သိပ်မရှိခဲ့ဘူး။ ၂၀၁၈ကတော့ တစ်ချိန်လုံး ငိုနေရတယ်။အမေ ကင်ဆာဖြစ်တယ်။ ချစ်သူနဲ့လက်ခွဲလိုက်ရတယ်။ ဒီနှစ်က UNLUCKY ပါပဲ “လို့ဆိုပါတယ်။ ၂၀၁၈ မှာတော့ မိခင်ဖြစ်သူ ကင်ဆာရောဂါဖြစ်တဲ့အတွက် သရုပ်ဆောင်ပိုင်းနနဲ့ အနည်းငယ်အဆက် အသွယ်ပြတ်ခဲ့တယ်လို့ သိရပါတယ်။ဝင်ငွေမရှိပဲ ထွက်ငွေများတဲ့နှစ်လို့လည်း ပြောလာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ပြန်လည်ရိုက်ကူးမယ်လို့ သိရပါတယ်။ ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့၊ကလေးဆေးရုံတိုးချဲ့ဆောင်သစ် သွေးနှင့်ကင်ဆာဌာနမှာ အလှူလုပ်ဖြစ်တာနဲ့ ပတ်သက်ပြီးတော့ “ကင်ဆာရောဂါဖြစ်တဲ့သူတွေ ဆေးတွေက လည်း အရမ်းပြင်းတော့ တော်တော်လေး…
Read Moreကျွန်တော်ပုံတွေ Share ပေးတဲ့ ကောင်မလေးတွေ အားလုံးကို အရမ်းချစ်ပါတယ်ဆိုတဲ့ “ဒေါင်း”
ရန်ကုန် ဒီဇင်ဘာ ၂၂-၂၀၁၈ သင်းသဒ္ဒါ(VOM) နှုတ်ခမ်းနီမလေးများ အသည်းကျော် ဒေါင်းကတော့ ကျွန်တော်ပုံတွေ Share ပေးတဲ့ ကောင်မလေးတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးကို အရမ်းချစ်ပါတယ်လို့ဆိုပါတယ်။ မိန်းကလေးပရိသတ်အများဆုံး ဒေါင်း၏ ဓာတ်ပုံအရမ်းကို Share တဲ့အပေါ်မှာ “ဓာတ်ပုံရိုက်ရင် ကင်မရာကို မကြည့်ဖြစ်ဖူး၊ ချစ်တဲ့ပရိသတ်တွေကို ရင်ထဲကကြည့်ပြီးတော့ ရိုက်ဖြစ်ပါတယ်၊ ဒီပရိသတ်တွေရှိလို့ ကျွန်တော် ကံကောင်းတယ်လို့ ယူဆပါတယ်၊နောက် ကျွန်တော်ကို ယုံကြည်စွာနဲ့အားပေးတဲ့အတွက်ပါ၊ အနုပညာပတ်သက်ပြီးတော့လည်း အများကြီး ကြိုးစားပါမယ်”လို့ဆိုပါတယ်။ လက်ရှိမှာတော့ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလမှာ ရုံတင်မယ့် လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးကို သရုပ်ဆောင်တွေဖြစ်တဲ့ နိုင်းနိုင်း၊ ၀တ်မှုန်ရွှေရည်နဲ့ ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့နဲ့ အတူုပါဝင် သရုပ် ဆောင် ထားပါတယ်။ “ကျွန်တော် ဒီဇာတ်ကားမှာတော့ ဓာတ်ပုံဆရာတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်၊ ဓာတ်ပုံအတွက်ဆိုရင် မရရအောင်လုပ်ဆောင် ကြည့်ချင်သူပေါ့၊မရိုက်ခင်မှာ ဒီဇာတ်ကောင်ကို အကောင်းဆုံး ကြိုးစားထားပါတယ်၊အံ့သြထိန့်လန့်စရာ သရဲကားလည်းဖြစ်လို့…
Read Moreဗလတောင့်တောင့် အကြီးကြီးတွေ မကြိုက်ဘူးဆိုတဲ့ ခင်ဝင့်ဝါ
ရန်ကုန် ဒီဇင်ဘာ ၂၁-၂၀၁၈ သင်းသဒ္ဒါ(VOM) အလှမယ် သရုပ်ဆောင် ခင်ဝင့်ဝါကတော့ “လူငယ်ဆိုတော့ အချစ်ရေးက ပြောလို့တော့မရ သေး ဘူးပေါ့။ ဗလတောင့်တောင့် အဲလို အကြီးကြီးတွေ ဘယ်လိုပြောရမလဲ မကြိုက်ဘူး”လို့ဆိုပါတယ်။ ချစ်သူအပေါ် စိတ်ကူးယဉ်ပုံစံကတော့ “ညီမက ကိုယ့်သတ်မှတ်ပြီးတော့ စံထားတာတော့ မရှိပါ ဘူး၊လူတိုင်းကတော့ Perfect ဖြစ်တဲ့သူကို လိုချင်တာပေါ့လေ၊ ဘယ်အရာမှ Perfect ဖြစ်တာမှမရှိတာ၊ ပြီး ပြည့်စုံတယ်ဆိုတာ ဘယ်နေရာမှမရှိဘူးလေ၊ ဘယ်လိုပြောမလဲ ကံပေါ့၊ ညီမက ကိုရီးယားမင်းသား ပုံစံလေး တွေ ကြိုက်တယ်”လို့ဆိုပါတယ်။ 2019 ခုနှစ်မှာတော့ အနုပညာအလုပ်တွေကို ပရိသတ်လက်ခံလာအောင် အကောင်းဆုံးလုပ်ဆောင် သွားမယ် လို့လည်း သိရပါတယ်။လာမယ့်နှစ်ထဲ သူမရဲ့ ရုပ်ရှင်ဇာတ်ကားတွေ အများကြီးရုံတင်ပေးဖို့ ကျန်သေး တယ်လို့လည်း သိရပါတယ်။ ၂၀၁၈ခုနှစ်ရဲ့ အနုပညာသုံးသပ်ချက်ကတော့ “ကိုယ့်အများကြီးထက်ပြီးတော့ ကြိုးစားဖို့ လိုသေးလို့ ထင်ပါ…
Read Moreအချစ်ရေးမှာ သစ္စာရှိရှိ နားလည်မှုတွေ တည်ဆောက်ဖြစ်ပါတယ်ဆိုတဲ့ ဘေဘီမောင်
ရန်ကုန် ဒီဇင်ဘာ ၂၁-၂၀၁၈ သင်းသဒ္ဒါ(VOM) ချစ်သူဖြစ်တဲ့ အဆိုတော် သားဂန်းနဲ့ ဘေဘီမောင်တိုရဲ့ Relationshipကိုတော့ သစ္စာရှိရှိ နားလည်မှုတွေ တည်ဆောက်ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ”ဘေဘီတို့နှစ်ယောက်ရဲ့ မေတ္တာတရားက မှန်ကန်တဲ့အတွက် ပရိသတ်ကို အတိအလင်းချပြတာပါ၊ တစ်ယောက်နဲ့ တစ်ယောက်သံယောဇဉ်လည်း ပိုတိုးလာလို့ ခိုင်မြဲပြီးလို့ ရည်ရွယ်ထားတဲ့အတွက် ပရိသတ်ကို အသိပေးလိုက်တာပါ၊ ဘေဘီတို့ Relationship က အပြန်အလှန်နားလည်မှုရယ်၊ ကိုင်းကျွန်းမီကျွန်းကိုင်းမီ နေထိုင်ဖြစ်ပါတယ်၊ တစ်ယောက်နဲ့တစ်ယောက်က အသက်အရွယ်ကလည်း နည်းနည်းကွာတော့ သူ့ကလည်း ကိုယ့်ကိုအစ်မတစ်ယောက်လို့ ချစ်ပါတယ်၊ ဘေဘီက အစထဲက ပွင့်ပွင့်လင်းလင်းနေတတ်တဲ့သူဆိုတာကို သူလည်းသိတယ်၊ ရိုးရိုးသားသားနဲ့ပဲ ဆက်ဆံ့ဖြစ်ပါတယ်”လို့ ဆိုပါတယ်။ သူမနဲ့ သားဂန်းတိုရဲ့ ချစ်သူသက်တမ်း ၈ လရှိပြီး နှစ်ယောက်ရဲ့ Plan တွေချထားတယ်လို့လည်း သိရပါတယ်။ ” ဘေဘီတို့ နှစ်ယောက်လုံးက မိသားစုကို ကြည့်ရှုစောင့်ရှောက်ရတဲ့သူတွေ ဖြစ်နေတယ်လေ၊အိမ်ထောင်ပြုဖို့ လိုပါဦးမယ်၊…
Read Moreကုန်းဘောင်ခေတ်က ရှေးဟောင်း အိမ်ကြီးအကြောင်း
မုံရွှာ ဒီဇင်ဘာ ၁၈-၂၀၁၈ စောပြည့်ချမ်းသာ (VOM) စစ်ကိုင်းတိုင်း မုံရွှာမြို့ လယ်ဇင်စံပြကျေးရွာမှာရှိတဲ့ ကုန်းဘောင်ခေတ်က ရှေးဟောင်းအိမ်ကြီး အကြောင်းကို Voice Of Myanmar သတင်းဌာနကသွားရောက်မေးမြန်းခဲ့ပါတယ်။ အဲဒီ ရှေးဟောင်းအိမ်ကြီးဟာ ကုန်းဘောင်ခေတ်က လယ်ဇင်းနယ်ပိုင် သူကြီးဦးရာဗိုလ်၊ ဒေါ်မေရှန်တို့ရဲ့ နေအိမ်ဖြစ်ပြီး ခေတ်အဆက်ဆက် ဆွေးမျိုးတော်စပ်သူတွေက ထိန်းသိမ်းစောင့်ရှောက်လာတာ ယနေ့ထိတိုင်ပါပဲ။ ရှေးဟောင်းအိမ်ကြီးမှာ ရှိတဲ့ ရှေးဟောင်းလက်ရာတွေနဲ့အတူ အလှဓါတ်ပုံရိုက်ကူးကြပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ တင်လာကြတဲ့အတွက် ခုနောက်ပိုင်းမှာလူသိများပြားလာပြီး ပြည်တွင်း ခရီးသွားတွေသာမက ပြည်ပခရီးသွားတွေကပါ လာရောက့်လေ့လာ မှတ်တမ်းတင်ဓါတ်ပုံတွေ ရိုက်ကူးလျက်ရှိပါတယ်။ #voiceofmyanmar#မုံရွာ# ကုန်းဘောင်ခေတ်ကရှေးဟောင်းအိမ်ကြီးအကြောင်း#
Read Moreပထမ လယ်တီဆရာတော်ဘုရာကြီး သတင်းသုံးခဲ့တဲ့ ရှေးဟောင်းကျောင်းပျက်စီးနေ
မုံရွာ ဒီဇင်ဘာ ၁၈-၂၀၁၈ စောပြည့်ချမ်းသာ (VOM) ကိုလိုနီခေတ်ကတည်းက တည်ဆောက်ထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ လယ်ဇင်စံပြကျေးရွာ၊ သာသနဝိသောဓနိကျောင်းတိုက်အတွင်းက ပထမလယ်တီဆရာတော်ဘုရားကြီး သီတင်းသုံး ကျမ်းပြုစုသွားတဲ့ ရှေးဟောင်းကျောင်းဆောင်ကြီး မှာ ပျက်စီးယိုယွင်းနေပြီးဖြစ်ပါတယ်။ ရှေးဟောင်းကျောင်းဆောင်ကြီးကို လယ်ဇင်နယ်ပိုင်သူကြီး ဦးရာဗိုလ်နဲ့ဇနီး ဒေါ်မေရှန်တို့က ၁၂၅၈ ခုနှစ် စတင်တည်ဆောက်လှူဒါန်းခဲ့တာဖြစ်ပြီး ၁၂၆၁ ပြီးစီးခဲ့တာဖြစ်ပါတယ်။ ယခုမှာ နှစ်ကာလသက်တမ်း ကြာမြင့်နေတဲ့အတွက် ရာသီဥတုဒဏ်၊သဘာဝဘေးဒဏ်တွေခံရပြီး ပျက်စီးယိုယွင်ပျက်စီးလျက်ရှိတယ်လို့ သာသနဝိသောဓနိကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ဦးပဏ္ဍိတ က မိန့်ကြားပါတယ်။ “နယ်ပိုင်ကြီးဦးရာဗိုလ်၊ဒေါ်မေရှန်တို့က ၁၂၅၈ ခုနှစ်မှာ ကျောင်ဆောက်လုပ်လှူဒါန်းတယ်၊ ကျောင်းကြီးပြီးသွားတော့ ပထမလယ်တီဆရာတော်ကြီး ဦးဥာဏဓဇ ကို ပင့်ပြီး လှူဒါန်းခဲ့တယ်၊လယ်တီဆရာတော်ဘုရားကြီးက စာလိုက်သံဃာတွေနဲ့ စာချရင်နဲ့ နိဗ္ဗာန ဒီပနီကျမ်း ကို ဒီကျောင်းကြီးမှ ပြုစုသွားတာ၊လက်ရှိ ပျက်စီးနေပြီး ဒီကျောင်းကြီးပြင်ဖို့ဆိုတာကလည်း ခက်ခဲတယ်၊ ပြင်ဖို့ အောင်မြင်ဖို့ ဆိုတာလည်း မလွယ်ဘူး၊ချမ်းသာတဲ့ ပုဂ္ဂိုလ်တွေဝင်လာရင်တော့…
Read Moreမြန်မာနိုင်ငံမှာ မော်ဒယ်တစ်လိုင်းတည်းနဲ့ ရပ်တည်ဖို့ခက်ခဲတယ်ဆိုတဲ့ မေဘရဏီသော်
ရန်ကုန် ဒီဇင်ဘာ ၁၆-၂၀၁၈ သင်းသဒ္ဒါ(VOM) မျက်နှာချိုချိုလေးနဲ့ အလှမယ် မေဘရဏီသော်ကတော့ မြန်မာနိုင်ငံမှာ မော်ဒယ်တစ်လိုင်းတည်းနဲ့ ရပ်တည်ဖို့ ခက်ခဲတယ်ဆိုတဲ့ ဆိုလာပါတယ်။ “မေသော်တို့ လိုင်းတစ်ခုထဲ သွားဖို့ကအရမ်းကို ခက်ခဲမှုတွေ ပင်ပန်းမှုတွေ အများကြီး ရှိပါတယ်၊ ဒါကြောင့်မို့ မော်ဒယ်လ်လိုင်းပဲ တစ်ခုပဲမရပ်တည်ပဲ အခွင့်အရေးရရင် ရသလို အဖက်ဖက်ကို သွားကြည့်ဖြစ် ပါတယ်၊ ဒါကြောင့် မေသော်အနေနဲ့ အတွေ့အကြုံသစ်တွေနဲ့ စိန်ခေါ်မှုတွေတော့ဖြစ်ပါတယ်”လို့ဆိုပါတယ်။ လတ်တလောမှာတော့ ဖက်ရှင်ရှိုးပွဲတွေ Photo တွေကို ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ Miss Universe Myanmar 2015 ရဲ့ အလှမယ် မေဘရဏီသော်ကတော့ အနုပညာနဲ့ ပတ်သက်ပြီးတော့ ပညာ ရပ်တွေ လေ့ လာသင်ယူနေတယ်လို့လည်း သိရပါတယ်။ ဇာတ်လမ်းတွဲဖြစ်တဲ့ ဇနီးချောများကွန်ရက်မှာလည်း သရုပ်ဆောင် တွေဖြစ်တဲ့ စိုးပြည့်သဇင် ၊ ခင်သဇင် ၊ မြနှင်းရည်လွင်တို့နဲ့…
Read Moreမြန်မာနိုင်ငံမှာ အရည်အချင်းရှိ တဲ့သူတွေကိုြုပုပြင်ပျိုးထောင်ပေ်းတဲ့ အင်အား အရမ်းနည်းတယ်ဆိုတဲ့ ရွှေအိမ်စည်
ရန်ကုန် ဒီဇင်ဘာ ၁၆-၂၀၁၈ သင်းသဒ္ဒါ(VOM) ပရိသတ်တွေရဲ့ ချင်ခင်မှုကိုရရှိထားတဲ့ အလှမယ် ရွှေအိမ်စည်ကတော့ မြန်မာနိုင်ငံမှာ အရည်အချင်းရှိ တဲ့သူတွေကို သေချာလေးပြုပြင်ပျိုးထောင်ပေးနိုင်တဲ့ အင်အားအရမ်းနည်းနေပါတယ်လို့ ဆိုပါတယ်။ “ကိုယ့်ဘက်က ပိုက်ဆံအားလိုက်နိုင်မှရမယ်၊ ပွင့်ပွင့်လင်းလင်းပြောတာပါ၊ မြန်မာနိုင်ငံမှာ အရမ်းကို Suppotring ကောင်းပြီးတော့ အရမ်းမိုက်တဲ့ organization တွေ ပေါ်လာရင်ပေါ်လာ မပေါ်လာရင် ဘာဖြစ် လာမလဲဆိုတော့ ကိုယ့်ဘက်က ပိုက်ဆံတတ်နိုင်မှပဲရမယ်၊ အဲ့လို အခြေအနေမျိုးမှာရှိတဲ့ ခါးသီးတဲ့ အမှန် တရားတစ်ခုပါ၊ အိမ်စည်တို့ဆိုလည်း အိပ်မက်တစ်ခုနဲ့ ၀င်လာခဲ့တာပါပဲ”လို့ဆိုပါတယ်။ သူမကတော့ ယခုလအတွင်း ပိုလန်နိုင်ငံမှာ ကျင်းပတဲ့ miss supranational ၂၀၁၈ ပြိုင်ပွဲကြီးကိုတော့ မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ယှဉ်ပြိုင်ခဲ့တဲ့ သူလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမက ယနေ့ Junction City မှာ ပြုလုပ်တဲ့ iORA Brand ဖက်ရှင်ဆိုင်…
Read More‘အချစ်ဆိုတာဘာမှန်းတောင် မသိတော့ဘူးဆိုတဲ့ မိစန္ဒီ”
ရန်ကုန် ဒီဇင်ဘာ ၁၄-၂၀၁၈ သင်းသဒ္ဒါ(VOM) ဝဝကစ်ကစ်လေးချစ်စရာကောင်းတဲ့ အဆိုတော် မိစန္ဒီကတော့ “ရင့်ကျက်လာတဲ့ အတွက် အချစ်သီချင်းတွေလည်းဆိုတာနည်းတယ်၊ ချစ်လဲမချစ်ချင်တော့ဘူး၊ အချစ်ဆိုတာဘာမှန်းတောင်မသိတော့ဘူး၊စိတ်ညစ်တယ်”လို့ဆိုလာပါတယ်။ ဂီတအကြောင်းအရာလေးတွေနဲ့ ပတ်သက်ပြီးတော့”အကြောင်းအရာကအစ ပြောင်းသွားတယ်၊စကားလုံးကအစပြောင်းသွားတယ်၊အရင်ကသီချင်းတွေဆို ကလေးဆန်လိုက်တာလို့တွေးတာတွေရှိတယ်၊ပြီးတော့ကြိုက်တဲ့ music ပုံစံလည်းပြောင်းသွားတာပေါ့နော်၊ပြီးတော့ပိုပြီးလည်း ဂျီးများလာတယ်”လို့ဆိုပါတယ်။ အဆိုတော် မိစန္ဒီနဲ့သူငယ်ချင်းတွေ စုပေါင်းဖွင့်လှစ်ထားတဲ့ “Bur Dubai2 (or) Theatre 2 By BurDubai” Bar & Restaurant ဆိုင်ဖွင့်ပွဲကိုတော့ ဒီဇင်ဘာ၁၂ ရက်နေ့က ရန်ကုန်မြို့ ရန်ကင်းမှာ ဖွင့်လှစ်ခဲ့ပါတယ်။ဒါအပြင် မတ်လမှာတော့ သူမရဲ့ စတုတ္ထမြောက်တစ်ကိုယ်တော်ခွေထွက်ဖို့ရှိတယ်လို့ ဆိုပါတယ်။ #voiceofmyanmar#မိစန္ဒီ# ဓာတ်ပုံ – မိစန္ဒီ facebook
Read More