ဇူလိုင် ၂ ၊ ၂၀၂၆ GG(VOM) မွန်ပြည်နယ် ၊ မော်လမြိုင်မြို့မှာ ဇူလိုင် ၁ ရက်နေ့က မိသားစုနဲ့ အဆက်သွယ်ပြတ်ပြီး ပျောက်ဆုံးသွားတဲ့ ဆိုင်ကယ်Taxi ယာဉ်မောင်းအမျိုးသားကို ဒီကနေ့မှာ အသတ်ခံထားရပြီး သေဆုံးနေတဲ့ ရုပ်အလောင်းကိုသာ ပြန်တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အသတ်ခံရသူဟာ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ စာရေးကြီးကုန်းရပ် (၆)လမ်းနေထိုင်သူ အသက် ၄၅ နှစ်အရွယ် ဆိုင်ကယ် Taxi သမားဦးအောင်ဟိန်းဦး ဆိုသူဖြစ်ပြီး မနေ့က ဇူလိုင် ၁ ရက်နေ့ ညနေပိုင်းမှာ Taxi ပြေးဆွဲဖို့ အိမ်ကနေထွက်သွားပြီးနောက် နေအိမ်ကို ပြန်ရောက်မလာဘဲ မိသားစုနဲ့ အဆက်သွယ်ပြတ်တောက် ပျောက်ဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီနောက် ဒီကနေ့ မနက်ပိုင်း မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ တောင်ရိုးတန်း View Point အောက်ဘက်ရှိ ချစ်သူလမ်းကြား လမ်းဘေးခြုံအတွင်းထဲမှာ…
Read MoreCategory: မှုခင်း
ရွာငံမြို့နယ်မှာ တလအတွင်း ၁၇ဦးထက်မနည်း အသတ်ခံရမှုကြောင့် ဒေသခံများစိုးရိမ်ထိတ်လန့်နေ
ရွာငံ၊ဇူလိုင်၂-၂၀၂၆ KKA(VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ရွာငံမြို့နယ်မှာ ပြီးခဲ့တဲ့ဇွန်လအတွင်း အသတ်ခံခဲ့ရသူ ၁၇ဦးထိရှိခဲ့တဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်မှုတွေရှိနေတယ်လို့ ဓနုလူငယ်များ တွဲလက်ညီ လူမှုကူညီရေးအသင်း တာဝန်ခံ ခွန်ဆန်းမင်းအောင်က VOMကိုပြောပါတယ်။ “ကျွန်တော်တို့သိရသလောက်တော့ ကျေးရွာအုပ်ချုပ်ရေးမှူး၊ပြည်သူ့စစ်နဲ့ပြည်သူ ၁၇ဦးလောက်အထိ အသတ်ခံခဲ့ရတယ်။ ရွာငံမြို့ပေါ်တော့ မဟုတ်ပါဘူး။လုံခြုံရေးအလှမ်းဝေးတဲ့ ရွာတွေဘက်မှာဖြစ်နေတယ်။ အဲဒီရိုက်ခတ်မှုက မြို့ပေါ်မှာပါ ညနေစောင်းရင်ကို အသွားအလာ သိသိသာသာနည်းသွားတယ်။ စိုးရိမ်စိတ်တွေက နေရာတိုင်း ရှိသွားတဲ့သဘောပေါ့။”လို့ ခွန်ဆန်းမင်းအောင်ကပြောပါတယ်။ ဇွန်လတလအတွင်းမှာ ရွာငံမြို့နယ်၊မြိုင်ကျေးရွာက ပြည်သူ့စစ်တဦး၊တံတားဖြူကျေးရွာကအုပ်ချုပ်ရေးမှူးတဦး၊ရေဦးကျေးရွာက ရပ်ကျေးစာရေးတဦး၊ ရေပြာအိုင် အထက်ကျေးရွာအနီးမှာ ကျေးလက်သားဖွားဆရာမတဦး၊ရွာငံ ပင်းတယလမ်းခွဲမှာ ဈေးသည်လင်မယားအပါအဝင် ၁၇ဦးအသတ်ခံခဲ့ရကြောင်းသိရပါတယ်။ “တချို့ကိုတော့ လုံခြုံရေးအရရော၊ကာယကံရှင်ရဲ့ ဆန္ဒတွေကြောင်းရော စာရင်းအတိအကျ မပြောတာကိုတော့ နားလည်ပေးစေချင်တယ်။ဘာဆက်ပြောချင်လည်းဆိုတော့ အစိုးရတပ်မတော်နဲ့ပြည်သူ့စစ်တွေအနေနဲ့ မြို့နယ်အစွန်အဖျားလေးတွေ လုံခြုံရေး အပြည့်အဝယူပေးစေချင်တယ်။ ဒါမှလည်း စိတ်အေးေအးနဲ့ သွားလာ လုပ်ကိုင် စိုက်ပျိုးနိုင်ကြမှာမို့ပါ။”လို့ ခွန်ဆန်းမင်းအောင်ကပြောပါတယ်။ ရွာငံရွာနယ်အတွင်း အစွန်အဖျားကျေးရွာတွေမှာ ဒေသတွင်းလက်နက်ကိုင်တွေ ဝင်ထွက်သွားလာနေလို့…
Read Moreတောင်ကြီး ‘အောင်မြေသစ်’ ကိုယ်ပိုင်ကျောင်းဖြစ်စဉ်က အဓမ္မကျင့်တဲ့တရားခံကို ထောင်ဒဏ် ၂၅ နှစ် ချမှတ်သော်လည်း မိဘထုကြား စိုးရိမ်မှုများ ကျန်ရစ်နေဆဲ
တောင်ကြီး-ဇူလိုင်-၁-၂၀၂၆ KKA(VOM) တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ “အောင်မြေသစ်” ကိုယ်ပိုင်အထက်တန်းကျောင်းမှာ Grade 12 ကျောင်းသူတဦး အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ဖြစ်စဉ်ကျူးလွန်သူဖြစ်တဲ့ ကျောင်းအုပ်ရဲ့သား ဇာနည်သွေးကို တောင်ကြီးခရိုင်တရားရုံးက ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်မှာ ရာဇသတ်ကြီးပုဒ်မ ၃ ခုနဲ့ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။ အဓမ္မပြုကျင့်မှု (ပုဒ်မ ၃၇၆-၁) အတွက် အလုပ်နှင့် ထောင်ဒဏ် အနှစ် ၂၀၊ကာယန္ဒြေဖျက်ဆီးမှု (ပုဒ်မ ၃၅၄) အတွက် အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်၊ခြောက်လှန့်တောင်းယူမှု (ပုဒ်မ ၃၈၄) အတွက် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်စုစုပေါင်း (၂၅)နှစ်ချမှတ်ခဲ့ကြောင်းသိရပါတယ်။ တရားဥပဒေအရ ပြစ်ဒဏ်စီရင်ချက် ထွက်ပေါ်လာေပမယ့်လည်း ဒီဖြစ်ရပ်ဟာ ပုဂ္ဂလိက ပညာရေးကဏ္ဍရဲ့ လုံခြုံရေးနဲ့စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အားနည်းချက်များကို မီးမောင်းထိုးပြနေပါတယ်။ဒါကို ကျောင်းတည်ထောင်သူတွေနဲ့ဆရာ၊ဆရာမတွေအလေးထားရပါလိမ့်မယ်။ သား၊သမီးများကို…
Read Moreမြဝတီမှာ ဓါတ်ဆီလှယ်ရာကနေ မီးလောင်မှုဖြစ်ပြီး လသားအရွယ်ကလေးသေဆုံးကာ ဖခင် စိုးရိမ်ရတဲ့ ဒဏ်ရာရ
မြဝတီ၊ ဇူလိုင် ၁-၂၀၂၆ KKA(VOM) ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဒီနေ့ (ဇူလိုင် ၁ ရက်) ညနေပိုင်းက ခြင်ဆေးထွန်းထားသည့်အနီး ဓာတ်ဆီလှယ်ရာမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အသက် ၂ လအရွယ် ကလေးငယ်တဦး မီးလောင်သေဆုံးကာ ဖခင်ဖြစ်သူလည်း စိုးရိမ်ရတဲ့ဒဏ်ရာတွေရရှိခဲ့ကြောင်း မြဝတီမြို့နယ်မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။ ဒီနေ့ ညနေ ၅ နာရီခန့်က မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ချစ်ကြည်ရေးလမ်းရှိ (၁၀×၁၀) ပေပတ်လည် ထရံကာ၊ သွပ်မိုး၊ မြေစိုက်အိမ်အတွင်းခြင်ဆေးထွန်းထားတဲ့ ခွက်အနီးမှာ (၅) ဂါလံဆံ့ ပလတ်စတစ်ပုံးထဲက ဓာတ်ဆီကို ဗူးငယ်များအတွင်းကို လှယ်ထည့်ရာကတဆင့် မီးဟပ်ကာ ရုတ်တရက် မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့က ကနဦးသတင်းထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်ထဲမှာ မီးလောင်မှုကြောင့် အိမ်အတွင်းရှိနေတဲ့ အမည်မပေးရသေးတဲ့ အသက် ၂ လသားအရွယ် ကလေးငယ်တဦးမှာ အခင်းဖြစ်နေရာမှာပဲ မီးလောင်သေဆုံးခဲ့ရပြီး၊ ၎င်း၏ဖခင်ဖြစ်သူမှာလည်း…
Read Moreမုံရွာမြို့နယ် ပလဖကို ခရိုင်တပ်ရင်းတွေ ဝင်စီးပြီး ပစ်ခတ်လို့ မြို့နယ်ပလဖတာဝန်ခံအပါအဝင် ခုနှစ်ယောက်သေဆုံး
ဇွန် ၃၀ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က မြို့နယ် ပြည်သူ့လုံခြုံရေး အဖွဲ့ (ပလဖ) စခန်းတွေကို NUG လက်အောက်က တပ်ရင်းတွေ ဝင်ရောက်စီးနင်းခဲ့တာကြောင့် ပစ်ခတ်မှုဖြစ်ပွားပြီး ခုနှစ်ယောက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။ မနေ့က ဇွန် ၂၉ ရက်နေ့ ညနေပိုင်းမှာ မုံရွာမြို့နယ် ပလဖ တပ်စခန်းသုံးနေရာကို မုံရွာခရိုင်တပ်ရင်းတွေက ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ကြောင်း ၊ အဲဒီမှာ ပစ်ခတ်မှုတွေဖြစ်ပွားပြီး မြို့နယ် ပလဖ တာဝန်ခံ အပါအဝင် ငါးယောက် နဲ့ ဒေသခံ နှစ်ယောက် စုစုပေါင်း ခုနှစ်ယောက်သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ” အဲဒီပစ်ခတ်မှုမှာ မြို့နယ် ပလဖ တာဝန်ခံကိုအာကူး သေဆုံးတယ်။နောက်ထပ် ပလဖ တပ်ဖွဲ့ဝင် လေးယောက်သေတယ်။ ဒေသခံက နှစ်ယောက်သေတယ်။ သုံးယောက်ဒဏ်ရာရတယ် သိရတယ်။ အဲဒီနယ်ဘက်မှာ…
Read Moreမိတ္ထီလာမြို့နယ်တွင်းမှာ ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ပိုက်ဆံသိန်း ရာချီတောင်းနေတဲ့ သူတွေကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးနေ
ဇွန် ၃၀ ၊ ၂၀၂၆ GG (VOM) မန္တလေးတိုင်း ၊ မိတ္ထီလာမြို့နယ်အတွင်းမှာ ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးပြီး သိန်းရာချီ ငွေတောင်းခံတဲ့ အမျိုးသားလေးယောက်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဒီကနေ့ ဇွန် ၃၀ ရက်နေ့ ညနေပိုင်းမှာ ဖမ်းဆီးလိုက်ပြီ ဖြစ်တယ်လို့ စုံစမ်းသိရှိ ရပါတယ် ။ အဆိုပါ အမျိုးသားလေးယောက်ဟာ မိတ္ထီလာမြို့ နယ်အတွင်းက ပြည်သူတွေကို ဖမ်းပြီး စစ်မှုထမ်းထဲမပါလိုရင် ပိုက်ဆံပေးဖို့ တောင်းနေသူတွေဖြစ်ကြောင်း ၊ သူတို့ကို အရေးယူနိုင်ဖို့ သက်ဆိုင်ရာကလည်း လိုက်လံစုံစမ်းနေတာကြာပြီ ဖြစ်တယ်လို့ သိရပါတယ် ။ ” အခုမိတဲ့သူတွေကို သက်ဆိုင်ရာက လိုက်နေတာကြာပြီ။ ဖမ်းမိတာတော့ ခုညနေပိုင်းကပါ။ ခုဖမ်းမိတဲ့ သူတွေထဲမှာ မိတ္ထီလာထဲက သူတွေလည်းပါသလို ပျော်ဘွယ်ဘက်က သူတွေလည်း ပါတယ်သိရတယ်။ ကျန်တဲ့ အခြေအနေတော့ မသိရသေးဘူး…
Read Moreလူသတ်မှုကျူးလွန်တဲ့ အမျိုးသားတစ်ဦးကို “ဝ” တပ်ဖွဲ့ သေဒဏ်ပေး
ဇွန် ၂၉၊ ၂၀၂၆။ NN(VOM) UWSA “ဝ” တပ်ဖွဲ့ ထိန်းချုပ်တဲ့ ဟိုပန်ခရိုင်၊ နမ့်တစ်မြို့နယ်အတွင်းမှာ လူသတ်မှု ကျူးလွန်ခဲ့တဲ့ အမျိုးသားတစ်ဦးကို “ဝ” တပ်ဖွဲ့က အများရှေ့မှာ စီရင်ချက်ချပြီး သေဒဏ်ပေးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လူသတ်မှု ကျူးလွန်တဲ့ အမျိုးသားဟာ အသက် ၄၀ အရွယ်ဖြစ်ပြီး မိခင်ဖြစ်သူကို သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေထံက သိရပါတယ်။ “သားက ဆေးကြောင်နေတာ ထင်တယ်။ အမေကို ပိုက်ဆံတောင်းတာ မပေးလို့ဆိုပြီး ရိုက်သတ်လိုက်တာ။ အဲဒါကို “ဝ” ရဲတွေက ဖမ်းသွားတာ လေး လလောက် ရှိပြီ။ အခုမှ သေဒဏ်ပေးလိုက်တာ” လို့ ဟိုပန်ဒေသခံတ ယောက်က ပြောပါတယ်။ ပြစ်မှု ကျူးလွန်ခဲ့တဲ့သူကို မနေ့က မနက်ပိုင်းမှာပဲ နမ့်တစ်မြို့က လူအများရှေ့ မှာ စီရင်ချက်ချပြီး သေဒဏ်ချမှတ်ခဲ့ပြီး တခြားနေရာတစ်ခုမှာ…
Read Moreထိုင်းမှာ အုပ်စုဖွဲ့အရက်သောက်ပြီး သီချင်းဖွင့်တဲ့ မြန်မာအဖွဲ့ သေနတ်နဲ့ပစ်ခတ်ခံရလို့ သုံးယောက်သေဆုံး
ဇွန် ၂၈ ၊ ၂၀၂၆ CC (VOM) ထိုင်းနိုင်ငံ ချာချောင်းစောင်ဝ်ခရိုင်(Chachoengsao)၊ ဖနွန်စာရခမ်မြို့နယ် (Phanom Sarakham)ထဲက ကျေးရွာတခုအနီးမှာ သီချင်းဖွင့်ကာ အုပ်စုဖွဲ့ အရက်သောက်တဲ့ မြန်မာအလုပ်သမားအဖွဲ့ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သုံးယောက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။ မြန်မာအလုပ်သမား အယောက် ၂၀ လောက်ပါတဲ့ အဖွဲ့ဟာ မနေ့က ဇွန် ၂၇ ရက်နေ့ညပိုင်းက နောင်နမ်ဒမ်ကျေးရွာ ကျေးရွာအနီးကွင်းပြင် မှာ အုပ်စုဖွဲ့အရက်သောက်ပြီး Song Box နဲ့သီချင်းဖွင့်တာကြောင့် ကျေးရွာလုံခြုံရေးအဖွဲ့ဝင်တွေက ရောက်လာပြီး အသံမကျယ်ဖို့နဲ့ အနှောက်အယှက်မဖြစ်စေဖို့ လာရောက်သတိပေးရာကနေ ခိုက်ရန်ဖြစ်ပွား ပြဿနာတက်ပြီး မြန်မာသုံးယောက် သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းကျေးရွာလုံခြုံရေးအဖွဲ့ဝင် တယောက်မှာလည်း ပုလင်းနဲ့ ဦးခေါင်းအရိုက်ခံရပြီး ဓားဒဏ်ရာတွေပါ ရရှိခဲ့တယ်လို့ ထိုင်းသတင်းဖော်ပြချက်တွေအရ သိရပါတယ်။ ဒီကိစ္စနဲ့ ပဆ်သက်ပြီး ” သူတို့သောက်စားတဲ့နေရာက ကမ်းမမြင်လမ်းမမြင်တဲ့နေရာပါ…
Read Moreပခုက္ကူက ရဲအကြီးအကဲတွေ ဘာဖြစ်နေကြသလဲ
ပခုက္ကူ -ဇွန် -၂၈-၂၀၂၆ VOM မကွေးတိုင်း ပခုက္ကူမြို့မှာ ဒီနေ့ ဇွန် ၂၈ ရက်ညနေက ခရိုင်ရဲတပ်ဖွဲ့မှူးဟာ ကိုယ့်ကိုယ်ကိုယ် ကတ်ကြေးနဲ့ထိုးတဲ့ဖြစ်စဥ်ဖြစ်လို့ အရေးပေါ်ဆေးရုံတင်ရသလို မြို့နယ်ရဲတပ်ဖွဲ့မှူးလည်း မြို့လယ်ခေါင် ကားတိုက်မှုဖြစ်လို့ အရေးပေါ်ဆေးကုသမှုခံယူနေရပါတယ်။ ဒီနေ့ ဇွန် ၂၈ ရက် ညနေ ၅ နာရီ ၂၀ မိနစ်အချိန်ခန့်က ပခုက္ကူမြို့၊ အမှတ် (၁၄) ရပ်ကွက်၊ အရင်ဇက်ဆိပ်ကိုသွားတဲ့ အုတ်ရိုးနီတံတားတောင်ထိပ်အနီးမှာ ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းဝင်းဟာ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ရန် ကြိုးပမ်းမှုတရပ် ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ဒီဖြစ်စဥ်ကိုသိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်ပြောပြတာက ” ခရိုင်ရဲတပ်ဖွဲ့မှူး အမှတ် (၁၄) ရပ်ကွက်၊ အုတ်ရိုးနီတံတားတောင်ထိပ်နာက အကင်ဆိုင်က ကတ်ကြေးနဲ့ သံပုရာသီး တောင်းခဲ့ပြီး ကားအတွင်း ပြန်ဝင်သွားတယ်။ တပည့်တွေကတားတယ် တပည့်တွေ ကန်ကျောက်ဖယ်ရှားပြီး ကားတံခါးကို Lock ချတယ်။…
Read Moreရန်ကုန် ပုဇွန်တောင်ချောင်းထဲ ရေဆင်းကူးတဲ့ လူငယ်လေးယောက်အနက် နှစ်ယောက်သေဆုံးခဲ့
ဇွန် ၂၇ ၊ ၂၀၂၆ GG (VOM) ရန်ကုန်တိုင်း ၊မင်္ဂလာတောင်ညွန့်မြို့နယ် ၊ စက်ဆန်းရပ်ကွက် ၊ PRO1 Global Home Center နောက်ကျောက ပုဇွန်တောင်ချောင်းထဲမှာ ရေဆင်းကူးရာကနေ လူငယ်အမျိုးသားနှစ်ယောက် သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်က ဇွန် ၂၆ ရက်နေ့ ၊ ညနေ ၃ နာရီလောက်မှာ PRO1 Global Home Center က အလုပ်ကြမ်းသမားလေးတွေ ဖြစ်ကြောင်းသိရပြီး သေဆုံးသူတွေက အသက် ၁၆ နှစ်အရွယ် လေးတွေဖြစ်တယ်လို့ သိရပါတယ်။ “ကလေးတွေက ၁၅ ၊ ၁၆ အရွယ်တွေပါ။ ကလေးတယောက်က မျောပါသွားပြီး ပျောက်သွားတယ် ။ရှာမတွေ့သေးဘူး။ ရေကလည်းတက်နေတယ်ဆိုတော့ ရေအတက်နဲ့ ရေကူးတဲ့အရှိန်နဲ့ ကလေးတွေက ကြွက်တက်ပြီး ဖြစ်သွားတယ်ထင်ပါတယ်။ ပျောက်ဆုံး တယောက်ကလည်း သေဆုံးများပါတယ်။ရှင်တယ်ဆိုရင်…
Read More