ကျိုက်ထိုမှာ ပစ်ခတ်မှုဖြစ်ပြီး ဘုန်းကြီးပျံလွန်တော်မူပြီး လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဒဏ်ရာပြင်းထန်ရရှိ

မွန် -မတ် – ၂၅ – ၂၀၂၄ GG ( VOM ) မွန်ပြည်နယ် ၊ ကျိုက်ထို​မြို့နယ်၊ ကင်မွန်းချောင်း-ကျိုက်ထိုသွားကားလမ်းဘေး၊ ကင်မွန်းချောင်းကျေးရွာက လက်ဖက်ရည်ဆိုင်မှာ ပစ်ခတ်မှုဖြစ်ပြီး ဘုန်းကြီးတပါးပျံလွန်တော်မူကာ ဆိုင်ပိုင်ရှင်အမျိုးသားလည်း ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့သိရပါတယ်။ ဒီကနေ့မတ်လ ၂၅ ရက်နေ့ ၊နေလယ် ၁ နာရီကျော်လောက်မှာ ကင်မွန်းချောင်းရွာရှိ စွယ်တော် လက်ဖက်ရည်ဆိုင်မှာ ပစ်ခတ်မှုဖြစ်ခဲ့တာဖြစ်ပြီး ဘုန်းကြီးက လက်ဖက်ရည်ဆိုင်ထဲကနေပြန်ထွက်လာစဥ်ပစ်ခတ်ခံရတာဖြစ်ပြီး ဆိုင်ရှင်ကတော့ ဆိုင်ထဲထိ ဝင်ပစ်ခံရတာဖြစ်တယ်လို့သိရပါတယ်။ ” ဘုန်းကြီး နဲ့ ဆိုင်ပိုင်ရှင်က တပ်သတင်းပေးဆိုပြီး ပစ်ခတ်လိုက်တာလို့ pdf ဘက်ကထုတ်တာတွေ့ရတယ်။ ဘုန်းကြီးက လက်ဖက်ရည်ဆိုင်ထဲကနေ ပြန်အထွက်ဆိုင်ကယ်ပေါ်အရောက်ပစ်ခံရတာ၊ဘုန်းကြီးပစ်ပြီးမှ ပိုင်ရှင်ကိုထပ် ပစ်တာ၊ ဘုန်းကြီးက လက်မောင်းရင်းမှာ ကျည်တချက်၊ ကျောကုန်းမှာ ကျည်တချက်နဲ့နေရာမှာပွဲချင်းပြီးပ၊ဦးတင်ငြိမ်းကတော့ ဆီးခုံမှာ (၁)ချက်၊ ညာဘက်မှာ တချက်ရှပ်ထိတယ်” လို့ ကျိုက်ထိုဒေသခံတဦးကပြောပါတယ်။ ပစ်ခတ်မှုမှာ…

Read More

မန္တလေးက မှုခင်းသတင်းထောက် လေး​ယောက် ရုံးညစောင့် တာဝန်ကျတဲ့အချိန် ဓားခုတ်ခံရ

မတ် ၊ ၂၅ ၊ ၂၀၂၄ SP (VOM) မန္တလေးတိုင်း ၊ ပြည်ကြီးတံခွန်မှာ အခြေပြု ရုံးစိုက်ထားတဲ့ နေပြည်တော်တိုင်မ်း သတင်းဌာနရဲ့ ရုံးကို မနေ့ မတ် ၂၄ ရက်ညပိုင်းက အမည်မသိ(စုံစမ်းဆဲ) လူတစုက အဲ့ဒီရုံးထဲကို ဝင်ရောက်ပြီး ညစောင့်တာဝန်ကျ သတင်းသမား လေးယောက်ကို ဓားနဲ့ခုတ်မှု ဖြစ်ပွားခဲ့တယ်လို့ မန္တလေးဒေသခံ သတင်းသမားတွေဆီက သိရပါတယ်။ ” မနေ့ မတ် ၂၄ ရက် ၊ မနက်စောပိုင်း ၁ နာရီဝန်းကျင်က ဖြစ်တယ် ၊ အဲဒီ သတင်းထောက်ရုံးခန်း ဆိုင်းဘုတ်နဲ့ ပရိဘောဂ ပစ္စည်းတွေဖျက်ဆီးသွားတယ်လို့ သိရတယ် ၊ ဒါအပြင် ညစောင့်တာဝန်ကျ မှုခင်းသတင်းထောက် သုံးလေးယောက်လည်း ဒဏ်ရာရတယ်လို့ ကြားရတယ် ၊ ဒဏ်ရာရ သတင်းထောက်တွေက မန္တလေးဆေးရုံမှာ ဆေးကုနေရတယ်…

Read More

မုံရွာမှာ အစိုးရပိုင် သစ်စက် မီးလောင်

မတ် ၊ ၂၅ ၊ ၂၀၂၄ SP ( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ အိုးဘိုတောင်ရပ်ကွက်မှာရှိတဲ့ အစိုးရဌာနပိုင် အမှတ် ၇၅ သစ်စက်ဟာ ဒီကနေ့မနက်ပိုင်း ၄ နာရီကျော်က မီးလောင်သွားတယ်လို့ စစ်ကိုင်းတိုင်း မီးသတ်ဦးစီးဌာနဆီက သိရပါတယ်။ ” ဒီမနက် သစ်စက်ရုံ မီးလောင်တာက အတော်များတယ် ၊ အရင်ကလည်း အဲ့ဒီစက်ရုံက မီးလောင်ဖူးတယ် ၊ အခုတကြိမ်လောက် မီးများဘူး ” လို့ အိုးဘိုတောင်ရပ်ကွက်နေ ဒေသခံတယောက်က ပြောပါတယ်။ မုံရွာမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ပြီးခဲ့တဲ့ ၂၀၂၂ သြဂုတ်လတုန်းက အဲ့ဒီ အမှတ် ၇၅ သစ်စက်ရုံက သစ်ပုံတွေ မီးရှို့ခံရတာ တကြိမ်ရှိတယ် ၊ အဲ့ဒီနောက် အောက်တိုဘာမှာ အဲ့ဒီစက်ရုံထဲက ရုံးခန်းထဲမှာ…

Read More

ချမ်းအေးသာစံမြို့နယ်က KBZဘဏ်မှာ သိန်း(၂)ထောင်နီးပါး ဓားပြတိုက်ခံရ

မန္တလေး၊ မတ် ၂၅-၂၀၂၄ Voice Of Myanmar(VOM) မန္တလေးမြို့၊ ‌ချမ်းအေးသာစံမြို့နယ်၊ ၇၄လမ်း ၃၁ နဲ့ ၃၂လမ်းကြားရှိ KBZဘဏ်မှာ ဒီကနေ့မနက် ၁၁နာရီကျော်အချိန်ခန့်က သိန်း(၂)ထောင်နီးပါး ဓားပြတိုက်လုယက်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။ ” ဖြစ်စဉ် CCTVကိုတော့ တာဝန်ရှိသူတွေ ကြည့်နေပါပြီ၊ စိစစ်ဆဲ သေနတ်အတိုနဲ့ ရဲဒင်း(၁)ခု ကိုင်ထားသူအပါအဝင် အမျိုးသား(၃)ယောက် ဆိုင်ကယ်နဲ့လာပြီး ဓားပြလုယက်တိုက်သွားတာပါ၊ ခန့်မှန်းချေအရတော့ သိန်း ၂၀၀၀ထောင်နီးပါးရှိမယ်”လို့ ရဲနဲ့နီးစပ်သူကပြောပါတယ်။ အမည်မသိ အမျိုးသား(၃)ဦးက ဆိုင်ကယ်(၂)စီးနဲ့ ရောက်လာပြီး ဘဏ်အတွင်းရှိ ဝန်ထမ်းများနှင့် ဘဏ်လုပ်ငန်း လာရောက်ဆောင်ရွက်သူများကို သေနတ်ပြခြိမ်းခြောက်ကာ ဘဏ်ကောင်တာအတွင်းမှ ဆာလာအိတ်ေတွနဲ့ ငွေ သိန်း(၂)ထောင်နီးပါးကို ဓားပြတိုက်လုယူသွားတာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃၊ နိုဝင်ဘာ ၁၇ရက်ကလည်း မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀ ၇၂နဲ့၇၃လမ်းကြားက “အောင်”ရွှေဆိုင်…

Read More

မြင်းခြံ – မြို့သာကားလမ်းမှာ မိုင်းထိမှန်ခဲ့တဲ့ ဒုရဲမှူးကြီး တယောက်သေဆုံး

မတ် ၊ ၂၅ ၊ ၂၀၂၄ SP (VOM) မန္တလေးတိုင်း ရဲတပ်ဖွဲရုံးမှာ တိုင်း မှု့ခင်းကျဆင်းရေးနဲ့နှိမ်နင်းရေး (တိုင်းမှုကူ)ဌာန ၊ တာဝန်ခံ ဒုရဲမှူးကြီး ကျော်ဇင်မြင့် ဆိုသူဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကြောင်းထွက်ရင်း မိုင်းထိမှန်ပြီး နောက်ပိုင်းမှာ သေဆုံးခဲ့တာကြောင့် သူရဲ့ ရုပ်အလောင်းကို ဒီကနေ့မှာ သဂြိုလ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ” ဒုရဲမှူးကြီး ကျော်ဇင်မြင့် ဆိုသူက မန္တလေးတိုင်းမှာ အနေကြာ တာဝန်ထမ်းဆောင်ခဲ့တယ် ၊ အရင်က အမရပူရ ယာဉ်ထိန်း ၊ အဲ့ဒီနောက် အောင်မြေသာဇံ မြို့နယ်မှူး ၊ ရာထူးတိုးပြီး ချင်းပြည်နယ်မှာ တာဝန်ကျတယ် ၊ ချင်းပြည်နယ်မှာ မသွားရပဲ မန္တလေး ၊ တိုင်းမှုကူ တာဝန်ခံ လုပ်နေတာဖြစ်တယ် ၊ ပြီးခဲ့တဲ့ရက်ပိုင်းက မြင်းခြံနယ်ဘက်ကို…

Read More

အိန္ဒိယဘ​က်ကနေ မြန်မာဘက်ကို တင်ပို့တဲ့ လက်နက်ခဲယမ်းတွေ မီဇိုရမ်ပြည်နယ်မှာ ဖမ်းမိ

မတ် ၊ ၂၄ ၊ ၂၀၂၄ SP (VOM) အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ ဇိုခွာသရ်ကျေးရွာ ၊ အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်လမ်းမှာ မြန်မာနိုင်ငံသားတယောက်ဆီကနေ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိတယ်လို့ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ ​မြန်မာနိုင်ငံသားတယောက်ဆီကနေ မြန်မာဘက်ကို တင်ပို့ပေးမယ့် လက်ခဲယမ်းတွေကို ပြီးခဲ့တဲ့ သောကြာနေ့က ဇိုခွာသာရ်ရွာမှာ အာသံရိုင်ဖယ်နဲ့မီဇိုရမ်ရဲတပ်ဖွဲ့ကဖမ်းမိတာဖြစ်တယ် ၊ ဖမ်းမိတဲ့လက်နက်များက ကျည်ကဒ်တခုပါ M4 ရိုင်ဖယ်တလက်၊ ကျည်ကဒ်ပါ ဂျာမန်ပစ္စတိုသေနတ် တလက်၊ နှစ်လုံးပူး ရိုင်ဖယ် သေနတ်နှစ်လက်၊ တလုံးထိုးရိုင်ဖယ်သေနတ်နှစ်လက် ၅.၅၆ မမကျည်တောင့် ၂၀နှင့် ၉မမ ကျည်တောင့် ၆ ခုနဲ့ ဟဲလ်မက် နှစ်လုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ” အဲဒီ မြန်မာနိုင်ငံသားဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ဖော်မပြထားဘူး…

Read More

သထုံမြို့နယ်မှာ သုံးရက်အတွင်း ပိုင်ရှင်မဲ့ အမျိုးသားအလောင်း လေးလောင်းတွေ့

မတ် ၊ ၂၄ ၊ ၂၀၂၄ SP ( VOM) မွန်ပြည်နယ် ၊ သထုံခရိုင် ၊ သထုံမြို့နယ်မှာ မတ် ၂၁ ကေန မတ် ၂၄ ရက်အထိ သုံးရက်ဆက်တိုက် ပိုင်ရှင်မဲ့ အမျိုးသား ရုပ်အလောင်း လေးလောင်း​တွေ့ရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ပရဟိတသမား တယာက်က ” မနေ့ မတ် ၂၃ ရက် မနက်ပိုင်းက ကြေးသွန်းဘုရားဝင်းအတွင်းမှာ အမည်မသိ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရတယ် ၊ နောက်ပြီး မတ် ၂၂ ရက်က ကော့သန် ၊ အောင်ကန်သာလမ်းဘေး လယ်ကွင်းထဲမှာ အသက် ၄၀ နှစ် ဝန်းကျင်အရွယ် အမျိုးသားတယောက်ရဲ့ ရုပ်အလောင်းတွေ့ရတယ် ၊ နောက်ပြီး မတ် ၂၁ ရက်က…

Read More

စစ်ကိုင်းတိုင်းမှာ ဒီရက်ပိုင်းအတွင်း ဌာနဆိုင်ရာ ဝန်ထမ်းတွေ ဖမ်းဆီးခံရတာ အဖြစ်များလာ

မတ် ၊ ၂၄ ၊ ၂၀၂၄ SP ( VOM) စစ်ကိုင်းတိုင်းမှာ ဒီရက်ပိုင်းအတွင်း ဌာနဆိုင်ရာ ဝန်ထမ်းတချို့ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ဖြစ်စဥ်တွေ အဖြစ်များလာတယ်လို့ ဝန်ထမ်းရေးရာ အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ဒီမနက် အစောပိုင်း ၁ နာရီဝန်းကျင်က ရွှေဘိုမြို့ ၊ အမှတ် ၇ ရပ်ကွက် ၊ တိုင်းရင်းဆေးရုံနားမှာနေထိုင်တဲ့ မြို့နယ်ထွေအုပ် စာရေးမတယောက်ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့ ခုနှစ်ယောက်က သူ့ရဲ့အိမ်ထဲဝင်ရောက်ပြီး ဖမ်းခေါ်သွားတယ် ၊ ဘယ်က်ိုဖမ်းသွားလည်းဆိုတာ အခုထိ မသိရသေးဘူး ၊ ​ဒါ့အပြင် ပြီးခဲ့တဲ့ မတ် ၂၂ ရက် ၊ မနက် ၁၀ နာရီဝန်းကျင်က ရွှေဘိုမြို့၊ အမှတ် ၄ ရပ်ကွက်၊…

Read More

လှည်းကူးမြို့နယ် အမြန်လမ်းမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ အသတ်ခံထားရတဲ့ ရုပ်အလောင်းနှစ်​လောင်း တွေ့ရှိ

ရန်ကုန် – မတ် – ၂၄-၂၀၂၄ GG (VOM) ရန်ကုန်တိုင်း​​၊ လှည်းကူးမြို့နယ်အပိုင်၊ အမြန်လမ်းမကြီး မိုင်တိုင် 0/4 အနီး လမ်းဘေးမှာ မတ်လ ၂၃ ရက်နေ့ မနက်ပိုင်းက ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားနဲ့ အမျိုးသမီး ရုပ်အလောင်း တွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။ သေဆုံးအမျိုးသမီးမှာ ၂၇ နှစ်ခန့်အရွယ်ခန့်ရှိပြီး အမျိုးသားက အသက် ၃၆ နှစ်အရွယ်ရှိကြောင်း၊ ဒဏ်ရာအနေနဲ့က အမျိုးသမီးမှာ နောက်ကျောဘက်မှာ ထိုးသွင်းဒဏ်ရာတချက်တွေ့ရပြီး အမျိုးသားမှာတော့ လက်မောင်းနှစ် ဖက်မှာ ပြတ်ရှဒဏ်ရာ နှစ်ချက်နဲ့ ရင်ဘတ်မှာ ထိုးသွင်းဒဏ်ရာတချက်တွေ့ရှိရတယ်လို့ဆိုပါတယ်။ ” ရဲကလှမ်းခေါ်လို့ သွားပြီး ရုပ်အလောင်းသယ်ရတယ်။ဆွေမျိုးသားချင်းတွေနဲ့လည်း မတွေ့ရပါဘူး။ဆိုတော့ လှည်းကူးကလား ဘယ်မြို့ကလဲဆိုတာမသိရပါဘူး။မျက်စိနဲ့မြင်ရတာတော့ အမျိုးသမီးမှာ ထိုးသွင်းဒဏ်ရာတချက်၊အမျိုးသားမှာ ပြတ်ရှဒဏ်ရာ နှစ်ခုနဲ့ ထိုးသွင်းဒဏ်ရာတချက်တွေ့ရတယ်။” လို့ ကူညီရေးလမ်းကြောင်း ဆောင်ရွက်ပေးခဲ့တဲ့ ကရုဏာရှင်နာရေးကူညီမှုအသင်း အဖွဲ့ဝင်တ​ယောက်ကပြောပါတယ်။ ရုပ်အလောင်းတွေကိုတော့…

Read More

ကားလောကမှာ ပထမဆုံးအနေနဲ့ ကျပ်သိန်းပေါင်း သောင်းနဲ့ချီပြီး ကုမ္ပဏီတခုက လိမ်လည်မှုဖြစ်ပွား

  မတ် ၂၃ – ၂၀၂၄ SN (VOM) မြန်မာပြည် ကားလောကသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ကျပ်သိန်းပေါင်း သောင်းနဲ့ချီတဲ့ လိမ်လည်မှုတခု ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တယ်လို့ ကားလောကအတွင်းက သိရပါတယ်။ လိမ်လည်ခဲ့တဲ့ ကုမ္ပဏီဟာ King Throne အမည်ရ မော်တော်ယာဉ် အငှားကုမ္ပဏီဖြစ်ပြီး မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ၁၁၃ လမ်းမှာ တည်ရှိကာ ကုမ္ပဏီတည်ထောင်သူ အနေနဲ့ ကားပိုင်ရှင်တွေဆီ ကားပြန်မအပ်တဲ့အပြင် ပေးသွင်းရမယ့် လစာနဲ့ ကားငှားသူတွေဆီက ရယူထားတဲ့ စပေါ်ငွေတွေကို လိမ်လည်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ King Throne ကုမ္ပဏီဂယက်ကြောင့် အဲဒီကုမ္ပဏီကို ကားငှားထားသူတွေနဲ့ စပေါ်တင်ပြီး ကားငှားထားသူတွေကြား စိုးရိမ်ပူပန်နေကြတယ်လို့ သိရပါတယ်။ “ကုမ္ပဏီက လိမ်လည်မှုဖြစ်တယ်ဆိုတာ ဒီနေ့မနက်မှ သိလိုက်ရတာပါ။ လိမ်သွားတဲ့ ကားကုမ္ပဏီကနေ မန္တလေးမှာ ကားငှားမိထားတာပါ။ ကားပိုင်ရှင်နဲ့ ဆက်သွယ်ဖို့…

Read More
VOM News

FREE
VIEW