This Day in History

Voice of Myanmarထင်ရှားကျော်ကြားသော ရူပဗေဒပညာရှင်နှင့် နိုဘယ်ဆုရှင်ဖြစ်သူ အဲလ်ဘတ် အိုင်းစတိုင်းသည် အသက် ၇၆ နှစ်အရွယ် ၁၉၅၅ ခုနှစ် ဧပြီ ၁၈ ရက်တွင် ကွယ်လွန်ခဲ့သည်။

Read More

This Day in History

Voice of Myanmar ရုရှား အာကာသယာဉ်မှူး ယူရီဂါဂါရင်သည် ၁၉၆၁ ခုနှစ် ဧပြီ ၁၂ ရက်တွင် အာကာသအတွင်းသို့ ပထမဆုံး ရောက်ရှိခဲ့သည့် လူသားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

Read More

ဟားမတ်စ်ခေါင်းဆောင်ရဲ့ သားသုံးယောက် အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံး

ဂါဇာီစီးတီး၊ ဧပြီ-၁၁-၂၀၂၄ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီရက်စ်ရဲ့သား သုံးယောက်သေဆုံးခဲ့ကြောင်း ဟားမတ်စ်အဖွဲ့နဲ့ မိသားစုက ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို အစ္စရေးစစ်တပ်ကလည်း အတည်ပြုထားပြီး ဟားမတ်စ်ခေါင်းဆောင်ရဲ့ သားသုံးယောက်ကို စစ်ဆင်ရေးမှူးတွေ အဖြစ် ဖော်ပြထားပါတယ်။ ဟာဇမ်၊ အာမီယာ၊ မိုဟာမက်တို့ဟာ ဂါဇာကမ်းမြှောင်ဒေသရှိ အယ်လ်ရှာတီစခန်းကို ဗုံးကြဲခံရချိန်မှာ သေဆုံးခဲ့တာလို့ ဟားမတ်စ်အဖွဲ့က ပြောပါတယ်။ တိုက်ခိုက်မှုအတွင်း ဟားမတ်စ်ခေါင်းဆောင်ရဲ့ မိန်းကလေးသုံးယောက်နဲ့ ယောက်ကျားလေးတယောက်အပါအဝင် မြေးလေးယောက်သေဆုံးခဲ့တယ်လို့ ဟားမတ်စ်က ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုအတွင်း ဟားမတ်စ်ခေါင်းဆောင်ရဲ့ မြေးလေးယောက်နဲ့ ပတ်သက်ပြီး လက်ရှိအချိန်ထိ အချက်အလက်မရှိသေးကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။ ဟားမတ်စ်ခေါင်းဆောင်ရဲ့ မိသားစုနေအိမ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဖျက်ဆီးခံခဲ့ရပါတယ်။ သားတွေရဲ့သွေးဟာ ပါလက်စတိုင်းပြည်သူတွေရဲ့ အသက်သွေးထက် ပိုမြတ်နိုးစရာမဟုတ်ကြောင်း အသက် ၆၁ နှစ်အရွယ် ဟားမတ်စ်ခေါင်းဆောင်…

Read More

ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ အမေရိကန်သမ္မတနဲ့ ဂျပန်ဝန်ကြီးချုပ်တို့ သဘောတူ

ဝါရှင်တန်၊ ဧပြီ-၁၁-၂၀၂၄ မျိုးဆက်(VOM) ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေ မြင့်တက်နေချိန်မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါတို့ဟာ နှစ်နိုင်ငံအကြားကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမြင့်တင်ဖို့ ဧပြီ ၁၀ ရက်မှာ ကတိပြုလိုက်ကြပါတယ်။ ဝါရှင်တန်မှာပြုလုပ်တဲ့ သူတို့နှစ်ယောက်ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ကြေညာခဲ့တဲ့ အစီအစဉ်တွေမှာ ဩစတြေးလျနဲ့ လေကြောင်းရန်ကာကွယ်ရေးကွန်ရက်တခု ဖြန့်ကြက်ဖို့လည်း ပါဝင်ပါတယ်။ ဒါအပြင် လကမ္ဘာကို လူသားတွေပြန်လည်စေလွှတ်မယ့် အမေရိကန်ရဲ့ လကမ္ဘာခရီးစဉ်မှာ ဂျပန်အာကာသယာဉ်မှူးတယောက် ပါဝင်ခွင့်ရမှာ ဖြစ်ပြီး အဆိုပါအစီအစဉ် အောင်မြင်ခဲ့ပါကလကမ္ဘာပေါ်ကို အမေရိကန်မဟုတ်တဲ့ ပထမဆုံးအာကာသယာဉ်မှူးဖြစ်လာမှာဖြစ်ပါတယ်။ နှစ်နာရီကြာဆွေးနွေးပွဲမှာ ခေါင်းဆောင်နှစ်ယောက် အင်ဒို-ပစိဖိတ်ဒေသ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်တွေ အပြင် ယူကရိန်းနဲ့ ဂါဇာမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခများနှင့်ပတ်သက်ပြီးလည်းဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးမှု သဘောတူညီချက်တွေအရ အမေရိကန်စစ်တပ်ဟာ ဂျပန်စစ်တပ်နဲ့ ပူးတွဲကွပ်ကဲမှု ဌာနတခုကိုထူထောင်မှာ ဖြစ်ပြီးဩစတြေးလျနဲ့ အတူဒေသတွင်းမှာ ပူးတွဲလေကြောင်းကာကွယ်ရေးကွန်ရက် ဖော်ဆောင်အပြင် ဗြိတိန်နှင့်အတူသုံးနိုင်ငံစစ်ရေးလေ့ကျင့်မှုတွေလုပ်ဖိုကိုလည်းသဘောတူခဲ့ကြပါတယ်။ Ref:BBC Photo:Getty Images

Read More

ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းရေး ရပ်တန့်နိုင်မှာမဟုတ်ကြောင်း တရုတ်သမ္မ ရှီကျင်းပင်ပြော

ပေကျင်း၊ ဧပြီ-၁၁-၂၀၂၄ မျိုးဆက်(VOM) ထိုင်ဝမ်နဲ့ပြန်လည်ပေါင်းစည်းရေးကို ရပ်တန့်လို့ရမှာမဟုတ်ကြောင်းနဲ့ ဆွေးနွေးလို့မရတဲ့ ပြသနာမရှိဘူးလို့ တရုတ်သမ္မတ ရှီကျင်းပင်က ထိုင်ဝမ်သမ္မတဟောင်း မာရင်ရွှေနဲ့ တွေ့ဆံရာမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်ထိ ထိုင်ဝမ်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မာရင်ရွှေဟာ တရုတ်နိုင်ငံကို လာရောက်တဲ့ ပထမဆုံး ထိုင်ဝမ်ခေါင်းဆောင်ဟောင်းဖြစ်ပြီး လက်ရှိခရီးစဉ်ဟာ ဒုတိယမြောက်ခရီးစဉ်လည်း ဖြစ်ပါတယ်။ “ ပြည်ပက ဝင်ရောက်စွက်ဖက်မှုတွေက နိုင်ငံနဲ့ မိသားစုန ပြန်လည်ပေါင်းစည်းရေး သမိုင်းဝင်လမ်းကြောင်းကို ရပ်တန့်လို့မရဘူးလို့ “ ရှီကျင်းပင်က ပြောဆိုခဲ့ကြောင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ရေလက်ကြားနှစ်ဘက်ရှိ လူမျိုးများမှာ တရုတ်လူမျိုးတွေသာဖြစ်ပြီး မဖြေရှင်းနိုင်တဲ့ ဒေါသတွေနဲ့ ဆွေးနွေးလို့မရတဲ့ ပြသနာတွေမရှိကြောင်းနဲ့ ခွဲထုတ်နိုင်တဲ့ အင်အားမျိုးမရှိဘူးလို့ ရှီကျင်းပင်က ပြောပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုထားပြီး လိုအပ်ပါက စစ်အင်အားသုံးမယ်လို့ ထုတ်ဖော်ပြောဆိုထားဖူးပြီး လက်ရှိမှာလည်း စစ်ရေးဖိအားတွေ…

Read More

ဂါဇာအရေးမှာ အစ္စရေးဝန်ကြီးချုပ် အမှားအယွင်းလုပ်နေတယ်လို့ ဂျိုးဘိုင်ဒင် သတိပေး

ဝါရှင်တန်၊ ဧပြီ-၁၀-၂၀၂၄ မျိုးဆက်(VOM) အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုရဲ့ ဂါဇာအရေးနဲပတ်သက်ပြီး ကိုင်တွယ်ဆောင်ရွက်မှုဟာ အမှားအယွင်းတခု ပြုလုပ်နေတယ်လို့ ယူဆကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ “ သူလုပ်နေတာတွေက အမှားတခုလို့ ကျွန်တော်ထင်ပါတယ်။ သူ့ရဲ့ ချဉ်းကပ်ဆောင်ရွက်မှုတွေကို ကျွန်တော် သဘောမတူဘူး” လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောပါတယ်။ လက်ရှိအခြေအနေအရ ဂါဇာကမ်းမြှောင်ဒေသမှာ လာမယ့် သီတင်းခြောက်ပတ်ကနေ ရှစ်ပတ်ထိ အစားအစာနဲ့ ဆေးဝါးအားလုံး ရရှိသင့်နေပြီလို့ ဂျိုးဘိုင်ဒင်က ဆိုပါတယ်။ စစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ ထောက်ခံမှုဟာ ဂါဇာမှာ စားနပ်ရိက္ခာနဲ့ဆေးဝါးတွေ ပိုမိုဝင်ရောက်ခွင့်ရတဲ့အပေါ် မူတည်တယ်လို့ သူက သတိပေးထားပါတယ်။ “ ကျွန်တော်တောင်းဆိုချင်တာကတော့ အပစ်အခတ်ရပ်စဲရေးပါပဲ။ လာမယ့် သီတင်းပတ် ခြောက်ပတ်ကနေ ရှစ်ပတ်အတွင်း ဂါဇာကိုဝင်ရောက်မယ့် စားနပ်ရိက္ခာနဲ့ ဆေးဝါးအားလုံးကို ခွင့်ြ့ပုပေးဖို့ပါပဲ”လို့ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ ဂါဇာမှာ လိုအပ်တဲ့သူတွေအတွက် ခွင့်ပြုထားတဲ့ အကူအညီတွေကို…

Read More

အီတလီမှာ ဓါတ်အားပေးစက်ရုံ ရေအောက်ပေါက်ကွဲမှု လေးယောက်သေပြီး အများအပြား ပျောက်ဆုံးနေ

ရောမ၊ ဧပြီ-၁၀-၂၀၂၄ မျိုးဆက်(VOM) အီတလီနိုင်ငံမြောက်ပိုင်းမှာ ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံ ပေါက်ကွဲမှုကြောင့် လူလေးယောက် သေဆုံးပြီး အများအပြား ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဘိုလော့နာမြို့ကနေ ၄၃ မိုင်အကွာမှာ တည်ရှိတဲ့ ဆူဗီယာနာကန်ရှိ ဓါတ်အားပေးစက်ရုံဟာ ရေအောက် ပေ ၁၀၀ အနက်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း အာဏာပိုင်တွေက အတည်ပြုပြောဆိုထားပါတယ်။ ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်နေစဉ် မီးလောင်ပေါက်ကွဲမှုဖြစ်ပွားတယ်လို့ ယူဆရကြောင်း ဒေသန္တရ တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူ လေးယောက်မနက် သုံးယောက်က အသက် ၃၅ နှစ်မှ ၇၃ နှစ်အရွယ်တွေဖြစ်ပါတယ်။ ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံ တာဘိုင်ဟာ ရေမျက်နှာပြင်အောက် ရှစ်ထပ်မှာ ပေါက်ကွဲခဲ့ပြီး ရေအောက်နစ်မြုပ်သွားပြီး ဒီဖြစ်စဉ်ကြောင့် အများအပြားဒဏ်ရာရရှိကာ ရဟတ်ယာဉ်နဲ့ ဆးရုံပို့ထားရပါတယ်။ လက်ရှိတွင် ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေကြပြီး အီတလီရဲ့ အကြီးဆုံးသော သမဂ္ဂနှစ်ခုဟာ ဒီကိစ္စနဲ့ပတ်သက်၍ ဧပြီ ၁၀ ရက်မှာ…

Read More

တောင်ကိုရီးယား ရွေးကောက်ပွဲ ဆန္ဒမဲပေးမှုတွေ စတင်

ဆိုးလ်၊ ဧပြီ-၁၀-၂၀၂၄ မျိုးဆက်(VOM) တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ် အစိုးရအပေါ် စမ်းသပ်မှုအဖြစ်တဲ့ တောင်ကိုရီးယား ပါလီမန်ရွေးကောက်ပွဲတွေကို ဒီနေ့ ဧပြီ ၁၀ ရက်မှာ စတင်ကျင်းပနေပြီဖြစ်ပါတယ်။ သမ္မတ ယွန်းဆွတ်ခ်ယိုးလ်ရဲ့ သမ္မတသက်တမ်းဟာ သုံးနှစ်ကျန်သေးပေမယ့် သူ့ရဲ့ အာဏာရ ပီပီပီ ပါတီဟာ အတိုက်အခံ ဒီမိုကရက်တစ်တွေကြီးစိုးတဲ့ လွှတ်တော်မှာ နိုင်ငံရေးအကျပ်အတည်းနဲ့ ရုန်းကန်နေရပါတယ်။ ဒါကြောင့် အမတ်နေရာ ၃၀၀ ရှိတဲ့ လွှတ်တော်မှာ အများစုအနိုင်ရဖို့ မျှော်လင့်နေပါတယ်။ နိုင်ငံတွင်းမှာ အစားသောက်စျေးနှုန်းတွေ မြင့်တက်မှု၊ သက်ကြီးရွယ်အိုတွေများပြားလာမှုနဲ့ ဆရာဝန်တွေရဲ့ သပိတ်စတာတွေက အရေးတကြီး ကိုင်တွယ်ရမယ့် ပြသနာတွေဖြစ်ပါတယ်။ တကယ်လို့ သမ္မတ ယွန်းဆွတ်ခ်ယိုးလ်ရဲ့ပါတီ ရှုံးနိမ့်ခဲ့မယ်ဆိုရင် သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှုကလွဲပြီး ကျန်ကိစ္စတွေအပေါ် လူထုထောက်ခံမှုကျဆင်းနေတဲ့ သူ့အနေနဲ့ ရာထူးကနေ နှုတ်ထွက်နိုင်ခြေရှိနေပါတယ်။ မဲဆန္ဒရှင်တွေဟာ အမတ်နေရာ ၂၅၄ နေရာရှိတဲ့ အမျိုးသားလွှတ်တော်အတွက်…

Read More

This Day in History

Voice of Myanmar ဇီ၀လက်နက်များ ထုတ်လုပ်ခြင်း၊ သိုလှောင်ထားရှိခြင်းနှင့် ထုတ်လုပ်ရန် သုတေသနပြုခြင်းများကို တားမြစ်ထားသည့် ဇီ၀လက်နက်ကွန်ဗင်းရှင်းကို ၁၉၇၂ ခုနှစ် ဧပြီ ၁၀ ရက်တွင် နိုင်ငံပေါင်ါ် ၁၅၀ ကျော်က သဘောတူလက်မှတ် ရေးထိုးခဲ့သည်။

Read More

ဂျာမနီဝန်ကြီးချုပ် အိုလပ်ရှုဇ် သမ္မတရှီကျင်းပင်နဲ့ ထိပ်သီးဆွေးနွေးဖို့ တရုတ်သွားမယ်

ဘာလင်၊ ဧပြီ-၉-၂၀၂၄ မျိုးဆက်(VOM) ဂျာမနီဝန်ကြီးချုပ် အိုလပ်ရှုဇ်ဟာ တရုတ်သမ္မတရှီကျင်းပင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ တရုတ်နိုင်ငံကို သွားရောက်မယ်လို့ ဂျာမနီတာဝန်ရှိသူတွေက ပြောပါတယ်။ သုံးရက်ကြာမြင့်မယ့် သူ့ရဲ့ တရုတ်နိုင်ငံခရီးစဉ်ကို ဧပြီ ၁၃ ရက်မှာ စတင်မှာဖြစ်ပြီး အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောဆိုပါတယ်။ ဒါဟာ အိုလပ်ရှုဇ်ရဲ့ ဒုတိယမြောက်တရုတ်ခရီးစဉ်ဖြစ်ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း တရုတ်နိုင်ငံကို ပထမဆုံးအကြိမ်သွားရောက်ခဲ့ပါတယ်။ လက်ရှိခရီးစဉ်အတွင်း ခေါင်းဆောင်နှစ်ယောက်ဟာ ယူကရိန်းစစ်ပွဲနဲ့ တောင်တရုတ်ပင်လယ် အခြေအနေတွေကို ဆွေးနွေးသွားဖွယ်ရှိပါတယ်။ ဝန်ကြီးချုပ် အိုလပ်ရှုဇ်ဟာ ဧပြီ ၁၆ ရက်မှာ တရုတ်သမ္မတရှီကျင်းပင်နဲ့ ပေကျင်းမှာ တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး ချုံကင်းနဲ့ ရှန်ဟိုင်းမြို့တွေကိုလည်း သွားရောက်ဖွယ်ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ တရုတ်နိုင်ငံဟာ ဂျာမနီရဲ့ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် ဂျာမနီဟာ ရုရှားရဲ့ ဓါတ်ငွေ့နဲ့ စွမ်းအင်အရင်းအမြစ်တွေအပေါ် မှီခိုနေနေရခြင်းမှ သင်ခန်းစာရယူကာ တရုတ်အပေါ် မှီခိုနေရတာတွေကို လျှော့ချဖို့…

Read More
VOM News

FREE
VIEW