လောင်းလုံမှာ သီလရှင် ဆရာကြီး ၁ ပါး အပါအဝင် ဒေသခံ ၇ ဦး ပစ်သတ်ခံရ

စက်တင်ဘာ ၊ ၂၉ ၊ ၂၀၂၃ SP ( VOM) တနင်္သါရီတိုင်း ၊ ထားဝယ်ခရိုင် ၊ လောင်းလုံမြို့နယ်မှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးထားတဲ့ သီလရှင် ဆရာကြီး ၁ ပါး အပါအဝင် ဒေသခံ ၇ ဦးကို ဖမ်းဆီးချုပ်နှောင်ထားရာကနေ ပစ်သတ်လိုက်တယ်လို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေရဲ့ ထုတ်ပြန်အချက်အရ သိရပါတယ်။ ” အသတ်ခံရတဲ့သူတွေက လောင်းလုံနယ်ထဲက သူတွေဖြစ်တယ် ၊ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ဖမ်းဆီးစစ်ဆေးပြီး ဒလန်လို့ စွပ်စွဲချက်နဲ့ သတ်လိုက်တယ် ၊ အသတ်ခံရသူတွေကတော့ သီလရှင်ဆရာကြီး ဒေါ်နန္ဒစာရီ ၆၄ နှစ် ၊ ဒေသခံ ဦးလှရွှေ ၈၂ နှစ်၊ ဦးမောင်မိုး ၅၀ နှစ် ၊ အသက် ၄၀ အရွယ်…

Read More

မြင်းခြံမြို့နယ်မှာ ပြည်ခိုင်ဖြိုး ပါတီဝင် ၄ ဦး ပစ်သတ်ခံရ

စက်တင်ဘာ၂၈-၂၀၂၃ SP (VOM) မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ် ၊ ပျိုးကန်ကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက ပြည်ခိုင်ဖြိုးပါတီဝင် ၄ ဦးကို သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မနက် ၇ နာရီဝန်းကျင်က ဖြစ်တာပါ ၊ သေဆုံးသူတွေကတော့ ဦးခင်မောင်ထွေး(ခ)ဦးကျင်စိုး၊၅၄နှစ်၊ သူ့မိန်းမ ဒေါ်သန်းကြည် (ခ)ဒေါ်စိန်တင်၊၅၃နှစ် ၊ ဒေါ်လုံး၊ ၅၄ နှစ် ၊ ဦးကျော်မိုး ၊၅၃ နှစ်၊ဖြစ်တယ် ၊ သူတို့ ၄ ယောက်က အိမ်ထဲမှာ စကားပြောနေကြတုန်း ဒလန်မိသားစုတွေလို့ ပြောပြီး ပစ်သတ်သွားတာ”လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး မြင်းခြံခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” သေဆုံးသူတွေထဲက ဒေါ်သန်းကြည် ဆိုသူဟာ ပျိုးကန်ကျေးရွာ…

Read More

မိုးထိမိုးမိ ရွှေလုပ်ကွက် လုပ်ကိုင်ခွင့်ရခဲ့တဲ့ ဦးစိုးထွန်းရှိန်ကို ထောင် ၁၀ နှစ် အမိန့်ချ

စက်တင်ဘာ ၊ ၂၈ ၊ ၂၀၂၃ SP ( VOM) မန္တလေးတိုင်း ၊ ရမည်းသင်းမြို့ ၊ ရမည်းသင်း အကျဥ်းထောင်မှာ ချုပ်နှောင်ခံထားရတဲ့ မိုးထိမိုးမိ ရွှေတူးဖော်ရေး လုပ်ကွက်ကို လုပ်ကိုင်ခွင့်ရခဲ့တဲ့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို မနေ့ စက်တင်ဘာ ၂၇ ရက်က ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” မနေ့က ရမည်းသင်းခရိုင်တရားရုံကနေ ဦးစိုးထွန်းရှိန်ကို အများပြည်သူပိုင် ပစ္စည်းကာကွယ်ရေး ဥပဒေပုဒ်မ ၃ အရ ထောင်ဒဏ် ၁၀ နှစ်ချလိုက်တာဖြစ်တယ် ” လို့ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။ ဦးစိုးထွန်းရှိန် ပြစ်ဒဏ်ချတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ရမည်းသင်းခရိုင် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့က ထောင် ၁၀ နှစ်ချလိုက်တယ် ၊…

Read More

ကလေးမှာ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲလို့ အိပ်ပျော်နေတဲ့ မိသားစု ၄ ယောက်သေဆုံး

စက်တင်ဘာ ၂၈ ၊ ၂၀၂၃ SP(VOM) စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကတလးမြို့နယ် (တောင်ပိုင်း) ၊ ရှားဘိုကျေးရွာမှာ မနေ့ စက်တင်ဘာ ၂၇ ရက် ညပိုင်းက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး မိသားစုတွေ သေဆုံးဒဏ်ရာရခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” လက်နက်ကြီးကျည်က ရှားဘိုရွာရဲ့ အရှေ့တောင်ထဲဆီကလာတာ ၊ အဲ့ဒီဘက်မှာ ​ဟံသာဝတီ ၊ ကြံသာ ၊ အောင်သာ စတဲ့ရွာတွေရှိတယ် ၊ အဲ့ဒီဘက်မှာက စစ်တပ်ရဲ့တပ်စခန်းတွေရှိတယ် ၊ လက်နက်ကြီးကို ဘယ်အဖွဲ့က ပစ်တာလဲဆိုတာ မသိရသေးဘူး ၊ ရှားဘိုရွာထဲက နေအိမ်တလုံးကို ထိမှန် ပေါက်ကွဲပြီး မိန်းကလေး ၃ ယောက်နဲ့ ဆယ်ကျော်သက်အရွယ် ယောင်္ကျားလေး ၁ ယောက် ထိမှန် သေတယ် “လို့ ဒေသခံ ပရဟိတသမားတယောက်က…

Read More

ဟဲဟိုးမှာ ဟိုက်ဂျက်တစီးက ရပ်ထားတဲ့ ၆ ဘီးကားကို ဝင်တိုက်မိလို့ ၂ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ

စက်တင်ဘာ ၂၈ – ၂၀၂၃ SN (VOM) ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့၊ မိတ္ထီလာ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၈၉/၇) နဲ့ (၉၀/၀) ကြားမှာ ဒီနေ့ စက်တင်ဘာ ၂၈ ရက်၊ မနက် ၆ နာရီဝန်းကျင်က Hijet ယာဉ်တစီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမှာရပ်ထားတဲ့ Nissan (၆)ဘီးယာဉ်ကို ဝင်တိုက်မိခဲ့တာကြောင့် ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။ ယာဥ်တိုက်မှုကြောင့် Hijet ယာဉ်မှ ယာဉ်မောင်းဖြစ်သူ ကားခေါင်းခန်းအတွင်း ညပ်နေကြောင်း သတင်းအရ ဟဲဟိုးနယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ “Hijet က အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမှာရပ်ထားတဲ့ကားကို နောက်ကနေ ဝင်တိုက်လိုက်တာပါ။ ဒီဖြစ်စဉ်မှာ ယာဉ်မောင်းဖြစ်တဲ့ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး သေဆုံးသွားပါတယ်”…

Read More

ပုသိမ် ပြည်တော်သာ ဝန်ထမ်းအိမ်ရာမှာ နေထိုင်တဲ့ မိသားစု ၁၄၉ စုကို ဖယ်ရှားဖို့ အမိန့်ထုတ်

စက်တင်ဘာ ၊ ၂၈ ၊ ၂၀၂၃ SP (VOM) ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ စည်ပင်သာယာရေး ဦးစီးဌာန ၊ အိုးအိမ်ဌာနပိုင် ပြည်တော်သာ ဝန်ထမ်းအိမ်ရာမှာရှိတဲ့ အိမ်ထောင်စုတွေကို မနက်ဖန် စက်တင်ဘာ ၂၉ ရက်နောက်ဆုံးထားပြီး နေအိမ်က ထွက်ခွာပေးဖို့ အမိန့်ထုတ်ထားတယ်လို့ ​အဲ့ဒီ အိမ်ရာမှာနေထိုင်တဲ့ သူတွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အိမ်ခန်း ၃၃ ခန်းမှာနေထိုင်တဲ့သူတွေကို ဖယ်ရှားပြီးပြီ ၊ မနက် စက်တင်ဘာ ၂၉ ရက်မှာ နောက်တကြိမ် အိမ်ခန်းပေါင်း ၁၄၉ ခန်း ထွက်ပေးဖို့ အမိန့်ထုတ်ထားတာ ” လို့ ပြည်တော်သာ အိမ်ရာမှာနေတဲ့ ဝန်ထမ်းတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ လူမှုရေးဝန်ကြီးရုံးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ပြည်တော်သာ…

Read More

ဂန့်ဂေါမြို့နယ်ထဲမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး လူပေါင်း ၄၀ ကျော် သေဆုံး

စက်တင်ဘာ ၊ ၂၈ ၊ ၂၀၂၃ SP ( VOM) မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါမြို့နယ် (မြောက်ပိုင်း) လက်ပံကျေးရွာနဲ့ သာကောင်းကျေးရွာအရှေ့ဘက် ၊ အလောင်းတော်ကဿပ တောထဲမှာ မနေ့ စက်တင်ဘာ ၂၇ ရက်က ထိတွေ့တိုက်ပွားတွေဖြစ်ပွားပြီး သေဆုံးဒဏ်ရာရတာတွေဖြစ်တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” အရှေ့တောင်ဘက်က တောထဲမှာ ၂၆ ရက်ကတည်းက စဖြစ်တာပါ ၊ လေယာဥ်နဲ့ ဗုံးကျဲပစ်ခတ်တယ်လို့ ကြားရတယ် ၊ နေရာမှာပဲ သေဆုံးသူ ၄၀ ကျော်တယ် ၊ ဒဏ်ရာရတဲ့သူတွေလည်းများတယ် ၊ အဲ့ဒီထဲက မြင်းဇာရွာ ဆေးခန်းမှာ ၅ ယောက်ထပ်သေတယ် ” လို့ တိုက်ပွဲဖြစ်ပွားတဲ့ နေရာနဲ့ နီးစပ်တဲ့ လက်ပံရွာခံတယောက်က ပြောပါတယ်။ အဲ့ဒီ…

Read More

ပေါက်မြို့နယ်မှာ ဆန်ပြတ်လပ်မှုကြောင့် ကြွေဥတွေကို ထမင်းအဖြစ် စားသုံးနေရသူတွေရှိလာ

စက်တင်ဘာ ၊ ၂၈ ၊ ၂၀၂၃ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ ဇီးပြားကျေးရွာမှာ ဆန်ပြတ်လပ်မှုတွေကြုံရပြီး ၊ ထမင်းအစား ကြွေဥတွေကို စားသောက်နေရတယ်လို့ ဇီးပြားရွာခံတွေဆီက သိရပါတယ်။ ” ရွာမှာက အိမ်ခြေ ၂၆၂ အိမ်ရှိတယ် ၊ သုံးလကျော် လေးလနီးပါးရှိပြီ ဆန်ပြတ်လပ်မှု နဲ့ ရင်ဆိုင်နေရတာဖြစ်တယ် ၊ စားသောက်ကုန်တွေ ပြတ်လပ်နေတဲ့အတွက် ထမင်းအစား ၊ တောထဲမှာရှိတဲ့ ကြွေဥတို့ တခြား သစ်သီး သစ်ရွက်တွေ ရှာပြီးစားနေရတယ် ၊ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်ကလည်း တောထဲမှာ သစ်သီးဟင်းရွက်သွားရှာတဲ့ ကိုဖိုးချိုနဲ့ ကိုခင်မောင်အေး ဆိုသူ ၂ ယောက် ဖမ်းဆီးသတ်ဖြတ်ခံရတယ် ၊ ရွာမှာက စားဝတ်နေရေး အရမ်းခက်ခဲနေတာကြောင့်…

Read More

လားရှိုးက Denko ဆီဆိုင် ပေါက်ကွဲမှု သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူ များပြား

စက်တင်ဘာ ၂၇ – ၂၀၂၃ SN + Shy V (VOM) ဒီနေ့ စက်တင်ဘာလ ၂၇ ရက်၊ ညနေ (၅) နာရီဝန်းကျင်က ရှမ်းပြည်နယ်၊ လားရှိးမြို့၊ လားရှိး- မန္တလေး ကားလမ်းမပေါ်ရှိ Denko စက်သုံးဆီဆိုင်မှာ ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ခဲ့ရာ ကနဦးသတင်းတွေအရ လူ ၃ ဦးခန့် သေဆုံးကာ လူ ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ “လားရှိုးကနေ မန္တလေးဘက် အထွက် လမ်းက Denko ဆီဆိုင်မှာ လောင်တာ။ တော်တော်တော့များတယ်။ ကားတွေရောပဲ။” လို့ ဒေသခံ အမျိုးသမီး ၁ ဦးက ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အဲ့ဒီ့ စက်သုံးဆီအရောင်းဆိုင်ကို လာရောက်ဆီဖြည့်နေကြတဲ့ အိမ်စီးကားတွေ အပါအဝင် မူဆယ်- လားရှိုး – နေပြည်တော်ပြေးဆွဲတဲ့…

Read More

ဒလရဲစခန်းက အချုပ်ခန်းဖောက်ပြေးသူ ၆ ဦး ပြန်ဖမ်းမိ

စက်တင်ဘာ ၊ ၂၇ ၊ ၂၀၂၃ SP( VOM) ရန်ကုန်တိုင်း ၊ဒလမြို့ ၊မြို့မရဲစခန်း အချုပ်ခန်းကနေ ဖောက်ထွင်းထွက်ပြေးသွားတဲ့ အချုပ်သား ၆ ဦးကို ပြန်လည်ဖမ်းဆီးခဲ့တယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ” မနေ့ မနက်ပိုင်းက အချုပ်သား ၆ ယောက်က အချုပ်ခန်း အမိုးမျက်နှာကျက်ကို ဖောက်ထွင်းထွက်ပြေးတယ် ၊ အဲ့ဒီဖြစ်စဥ် သိရချင်း လုံခြုံရေးအဖွဲ့တွေက ရေလမ်း ကုန်းလမ်း ၂ ဖက်ပိတ်ပြီး ရှာဖွေတယ် ၊ ထွက်ပြေးသွားတဲ့ ၆ ယောက်ကို ၂၄ နာရီအတွင်း ပြန်ဖမ်းမိခဲ့တယ် ” လို့ ဒလရဲစခန်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်မှာ ထွက်ပြေးသွားတဲ့ အချုပ်သား ၆ ယောက်အနက် အချုပ်သား၂ ဦးဟာ ပြစ်ဒဏ်ကျခံရပြီး ကျန် ၄ ဦးကတော့…

Read More
VOM News

FREE
VIEW