This Day in History

Voice of Myanmarစက်ဘီးတီထွင်သူနှင့် စက်ဘီးစက်မှုလုပ်ငန်း၏ ဖခင်အဖြစ် တင်စားခံခဲ့ရသည့် ဗြိတိန်နိုင်ငံသား ဂျိမ်းစတာလေသည် ၁၈၃၀ ခုနှစ် ဧပြီ ၂၁ ရက်တွင် ကွယ်လွန်ခဲ့သည်။

Read More

တောင်တွင်းမြို့နယ်မှာ ရာအိမ်မှူး သုံးယောက် ပစ်သတ်ခံရ

ဧပြီ ၊ ၂၁ ၊ ၂၀၂၄SP ( VOM)မကွေးတိုင်း ၊ တောင်တွင်းကြီးမြို့နယ် ၊ဆတ်သွားကျေးရွာမှာ ရာအိမ်မှူး တာဝန်ထမ်းဆောင်နေတဲ့ လူသုံးယောက် မနေ့ ဧပြီ ၂၀ ရက် ၊ ညနေပိုင်းက ပစ်သတ်ခံရလို့ သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။” မနေ့ကညနေပိုင်း ၅ နာရီဝန်းကျင်မှာ ဆတ်သွားရွာက ရာအိမ်မှူး သုံးယောက် ပစ်သတ်ခံရတယ် ၊ အဲ့ဒီ ရာအိမ်မှူး သုံးယောက်က အောင်မင်္ဂလာကန်ထဲမှာ ငါးပက်နေတုန်း အမည်မသိ (စုံစမ်းဆဲ) လူတယောက်က ဆိုင်ကယ်တစီးနဲ့ရောက်လာပြီး ရာအိမ်မှူး သုံးယောက်စလုံးကို ပစ်သတ်သွားတယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။တောင်တွင်းကြီး မြို့နယ်လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က” ဆတ်သွားရွာက ရာအိမ်မှူး သုံးယောက်ပစ်သတ်ခံရတယ် ၊ ဦးခင်မောင်အေး၊ အသက်…

Read More

နယ်စပ်ဒေသက ပဋိပက္ခတွေအပေါ် အာဆီယံ ဝန်ကြီးတွေ စိုးရိမ်ပူပန်ကြပြန် ၊ နိုင်ငံတကာ လူသားချင်းစာနာမှု အခြေခံမူတွေကို လိုက်နာဖို့ တိုက်တွန်း

ကွာလာလမ်ပူ၊ ဧပြီ-၂၀-၂၀၂၄မျိုးဆက်(VOM)မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် ပဋိပက္ခတွေချက်ချင်းရပ်ဖို့နဲ့ နယ်စပ်ဒေသတွေမှာ လတ်တလောဖြစ်ပွားနေတဲ့ အခြေအနေတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။အထူးသဖြင့် ကရင်ပြည်နယ် မြ၀တီမြို့နဲ့ ရခိုင်ပြည်နယ်တို့မှာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ အရှိန်အဟုန်မြင့်တက်လာတဲ့အပေါ် လွန်စွာစိုးရိမ်ပူပန်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ထပ်မံပြီးတော့ ပြောဆိုကြပြန်ပါတယ်။ဘယ်လိုပုံစံမျိုးနဲ့မဆို ပဋိပက္ခပြင်းထန်လာခြင်းက ဖြစ်ပေါ်လာတဲ့ လူသားချင်စာနာမှုဆိုင်ရာ နောက်ဆက်တွဲအကျိုးဆက်တွေကို ရှောင်ရှားနိုင်ဖို့အတွက် တင်းမာမှုတွေ လျှော့ချရေး၊ အရပ်သားတွေကို အကာကွယ်အကွယ်ပေး လုံခြုံမှုရှိစေရေး၊ နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ အခြေခံမူတွေကို လိုက်နာဖို့၊ အကြမ်းဖက်ပဋိပက္ခကို ချက်ချင်းရပ်ဖို့နဲ့ အဆုံးစွန်ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေက တိုက်တွန်းထားပါတယ်။လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အချိန်နဲ့တပြေးညီ ပေးပို့နိုင်မယ့် ဘေးကင်းတဲ့ဝန်းကျင်တခု ဖန်တီးရေးအပါအဝင် အရပ်သားတွေအပေါ် ပဋိပက္ခတွေကြောင့် ထိခိုက်မှုအနည်းဆုံးဖြစ်မယ့် အရေးပေါ်လုပ်ဆောင်မှုတွေပြုလုပ်ဖို့ကိုလည်း ဝန်ကြီးတွေက တောင်းဆိုထားပါတယ်။အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ညှိုနှိုင်းမှုဌာနနဲ့…

Read More

မြဝတီတံတား တိုက်ပွဲ ဆက်လက်ပြင်းထန်နေ ၊ အရပ်သားလေးယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိနေကာ အိမ်တွေပါ မီးလောင်မှုရှိ

မြဝတီ ၊ ဧပြီ ၂၀ – ၂၀၂၄ GG (VOM) မြဝတီ အမှတ် ၂ ချစ်ကြည်ရေးတံတားမှာ တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းပစ်ခတ်မှုတွေ ၊ လက်နက်ကြီးပစ်ခတ်မှုတွေ ၊မြေပြင် ပစ်ခတ်မှုတွေ ခုညနေပိုင်းအထိ ဆက်တိုက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့သိရပါတယ်။ တိုက်ပွဲအတွင်းမှာ မြဝတီအမှတ် ၂ ချစ်ကြည်ရေးတံတား ပတ်ဝန်းကျင်နေထိုင်သူတွေထဲက စစ်ရှောင်ထွက်လာတဲ့ အရပ်သားဒေသခံကားနှစ်စီး ပစ်ခတ်ခံရပြီး အမျိုးသမီး နှစ်ယောက်နဲ့ အမျိုးသားတယောက်သေဆုံးခဲ့သလို အမျိုးသားတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် အမှတ်၂ချစ်ကြည်ရေးတံတားပတ်ဝန်းကျင်လူနေရပ်ကွက်ထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဒေသခံအမျိုးသမီးကြီးတယောက်လည်းသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေပါရှိနေတယ်လို့သိရပါတယ်။ ” လက်နက်ကြီး ကတော့ လေယာဉ်နဲ့ တောက်လျှောက်ဝဲပြီးပစ်တယ်။တံတား၂ဘက်ပေါ့။အဲ့ဒီဘက်ပစ်တာပေါ့။ခုထိလည်းပစ်နေတုန်းပဲ လာပစ်လိုက်ပြန်သွားလိုက်လုပ်နေတာ။ အရပ်သားကားပစ်ခံရတာက သူတို့ကမှားပစ်တာပေါ့။ အရပ်သားကားနှစ်စီးက စစ်ရှောင်ထွက်လာတာ သူတို့ကအတွေ့ကြုံလည်းမရှိဘူး၊အလံဖြူလည်းမထောင်ထားဘူး၊ကားမှန်လည်းချမထားဘူး၊အရှိန်ကလည်းများတယ်၊လာတာကလည်းတံတား၂ဘက်ကနေထွက်လာတာဆိုတော့ ခလရ၂၇၅ ကစစ်သားတွေထွက်လာတယ်ဆိုပြီး ရေပူလမ်းဆုံရောက်နေတဲ့အဖွဲ့စုံကဝိုင်းပစ်တော့ ဘေးကိုထိုးကျသွားတာ၊ပြီးတော့မှ မှားသွားတယ်ဆိုပြီး ဆေးဘာညာထည့်ပေးပေမယ့် သုံးယောက်က ဆေးရုံရောက်သေဆုံးသွားတယ်။နောက်ဒဏ်ရာရအမျိုးသားတယောက်ကမဲဆောက်ဆေးရုံပို့ထားတယ်။လက်နက်ကြီးကျလို့သေဆုံးတာအမျိုးသမီးတယောက်ရှိတယ်ဆိုတော့အားလုံးလေးယောက်သေပါတယ်။ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်ကျနော့ဆီတော့ စာရင်းကမရောက်သေးတော့သေချာမသိဘူး ” လို့…

Read More

ညောင်ဦးနယ်မှာ ပစ်ခတ်မှုတွေဖြစ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် နှစ်ယောက်သေ ၊ နှစ်ယောက်ဒဏ်ရာရ

ဧပြီ ၊ ၂၀ ၊ ၂၀၂၄SP (VOM)မန္တလေးတိုင်း ၊ ညောင်ဦးမြို့နယ် ၊ငါ့သရောက်မြို့နယ်ခွဲ ၊ ငါ့သရောက်ကျေးရွာအုပ်စု ၊ တောပြားကျေးရွာမှာ မနေ့ ဧပြီ ၁၉ ရက်ည ၇ နာရီခွဲဝန်းကျင်က ပစ်ခတ်မှုတွေဖြစ်ပွားပြီး သေဆုံးဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။” အမည်မသိ ( စုံစမ်းဆဲ) လူငယ်နှစ်ယောက်က သေနတ်အရှည်တွေကိုင်လာပြီးတော့ ပစ်ခတ်တာဖြစ်တယ် ၊ အဲ့ဒီ ပစ်ခတ်မှုကြောင့် လူနှစ်ယောက်သေဆုံးပြီး ၊ နှစ်ယောက်ဒဏ်ရာရတယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ညောင်ဦးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က” ညက တောပြားရွာ မြောက်ဘက်မှာရှိတဲ့ ကျေးရွာေရပေးဝေးရေး စက်ရေတွင်းနားမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတိုင်းကျော် ၅၆ နှစ် နဲ့ ဦးသိန်းနိုင် ၄၀ နှစ် ဆိုသူ…

Read More

ယူကရိန်းအတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ စစ်ရေးအထောက်အပံ့တွေ ပိုမိုပေးအပ်မယ်လို့ နေတိုးအဖွဲ့ ကတိပြု

ဘရပ်ဆဲလ်၊ ဧပြီ-၂၀-၂၀၂၄မျိုးဆက်(VOM)ယူကရိန်းအတွက် အဆင့်မြင့်တဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ စစ်ရေးအထောက်အပံ့တွေ ထပ်မံ ပေးအပ်သွားမယ်လို့ မနေ့ကကျင်းပတဲ့ နေတိုး-ယူကရိန်း ထိပ်သီးဆွေးနွေးပွဲအပြီးမှာ နေတိုးအဖွ့ဲအကြီးအကဲ စတိုတန်ဘာ့ဂ်က ကတိပြုပြောဆိုလိုက်ပါတယ်။ယူကရိကိန်းမှာ လူသေဆုံးစေတဲ့ ရုရှားရဲ့ တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေချိန်မှာ ယူကရိန်းရဲ့ တောင်းဆိုမှုတွေအပြီး အဆင်မြင့်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပေးဖို့ နေတိုးအဖွဲ့က ကတိပြုလိုက်တာလည်းဖြစ်ပါတယ်။ဗီဒီယိုလင့်ခ်ကနေ ပြုလုပ်တဲ့ နေတိုး-ယူကရိန်းထိပ်သီးအစည်းအဝေးအပြီးမှာတော့ နေတိုးအဖွဲ့ ကာကွယ်ရေးဝန်ကြီးတွေဟာ ယူကရိန်းအတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေအပါအဝင် နောက်ထပ်စစ်ရေးအထောက်အပံ့တွေ တိုးမြှင့်ပေးဖို့ သဘောတူခဲ့ကြောင်း စတိုတန်ဘာ့ဂ်က ပြောပါတယ်။ယူကရိန်းမြို့တွေကို ကာကွယ်နိုင်ဖို့အတွက် နောက်ထပ် ပက်ထရီးယော့လေကြောင်းရန်ကာကွယ်ရေး စနစ် သို့မဟုတ်အလားတူ စနစ်မျိုးလိုအပ်နေကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက တောင်းဆိုထားခဲ့တာဖြစ်ပါတယ်။ယူကရိန်းမှာ ပက်ထရီးယော့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေရှိနေပေမယ့်လည်း ရုရှားရဲ့ အကြီးအကျယ်တိုက်ခိုက်မှုတွေကြောင့် မြို့တွေကို ခုခံကာကွယ်ဖို့ မလုံလောက်ပါဘူး။ ပြီးခဲ့တဲ့နေ့ကလည်း ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကြောင့် ကလေးငယ်နှစ်ယောက်အပါအဝင် လူခုနှစ်ယောက်သေဆုံးခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။Ref:BBCPhoto:AP

Read More

ဥရောပလုံခြုံရေး အကြီးမားဆုံးခြိမ်းခြောက်မှုကို တရုတ်နိုင်ငံ မီးလောင်ရာလေပင့် လုပ်နေတယ်လို့ အမေရိကန်ပြော

ရောမ၊ ဧပြီ-၂၀-၂၀၂၄မျိုးဆက်(VOM)စစ်အေးတိုက်ပွဲပြီးဆုံးပြီးနောက်ပိုင်း ဥရောပလုံခြုံရေးအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုကို တရုတ်နိုင်ငံက မီးလောင်ရာလေပင့် လုပ်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ပြောဆိုလိုက်ပါတယ်။တရုတ်နိုင်ငံက ရုရှားကို လက်နက်နဲ့ပတ်သက်တာတွေ လွှဲပြောင်းနေမှုကို တားဆီးနိုင်ရေး ဂျီ-၇ နိုင်ငံတွေင လုပ်ဆောင်နေကြောင်း အီတလီမှာ ကျင်းပတဲ့ ဂျီ-၇ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီးမှာ ဘလင်ကင်က ဆိုပါတယ်။တရုတ်ဟာ ရုရှားစစ်တပ်တိုးတက်ဖွံ့ဖြိုးလာစေရန်အတွက် အဓိကပံ့ပိုးကူညီနေသူဖြစ်ပြီး ပို့ကုန်ထိန်းချုပ်မှုတွေနဲ့ အရေးယူပိတ်ဆို့မှုများကြောင့် ပျက်ပြားနေတဲ့ ရုရှားရဲ့ ကာကွယ်ရေးစက်မှုလုပ်ငန်းကို ပြန်လည်တည်ဆောက်ရေးမှာ စက်ကိရိယာတွေ၊ တပိုင်းလျှပ်ကူးပစ္စည်း ထုတ်ကုန်တွေနဲ့ အခြားပစ္စည်းတွေကို ပံ့ပိုးပေးနေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။လက်နက်တွေကို ရုရှားအတွက် တိုက်ရိုက် ထောက်ပံ့ပေးမှုမရှိသော်လည်း အစိတ်အပိုင်းတွေနဲ့ အရေးပါတဲ့ သွင်းအားစုများ ဆက်လက်ထောက်ပံ့နေခြင်းက ယူကရိန်းအပေါ်ရန်စတဲ့ ရုရှားကို အားပေးအားမြှောက်ပြုလုပ်နေခြင်းဖြစ်ကြောင်း သူကပြောပါတယ်။ဥရောပနိုင်ငံတွေအပြင် အခြားနိုင်ငံတွေနဲ့ပါ ဆက်ဆံရေးကောင်းမွန်လိုတဲ့ တရုတ်နိုင်ငံရဲ့ ရည်ရွယ်ချက်ကို ဘလင်ကင်က ဝေဖန်ခဲ့ပြီး ဒီနှစ်မျိုးစလုံး တပြိုင်တည်း မရနိုင်ကြောင်း သူကထောက်ပြပြောဆိုပါတယ်။Ref:NHKPhoto:Reuters

Read More

မန္တလေး ကုန်စည်ဒိုင် ၂၀ – ၄-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ

မန္တလေး- ဧပြီ- ၂၀- ၄-၂၀၂၄(VoiceOfMyanmar)ဂျုံစေ့အမျိုးမျိုး စျေးနှုန်းဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) – ၆၀ ပိဿာ – 150000/ဂျုံ (မုံရွာ/ဘုတလင်) – ၆၀ ပိဿာ – 150000/ဂျုံ (စဈိကိုငျး/ဆားတောင်/ရွှေဘို) – ၆၀ ပိဿာ – 150000/ဂျုံ (မြင်းမူ/မြောင်) – ၆၀ ပိဿာ – 150000ဂျုံ (ကလေး) – ၆၀ ပိဿာ – 120000ဂျုံ (ရှမ်း) – ၆၀ ပိဿာ – 140000ဂျုံ (အထွက်တိုး) – ၆၀ ပိဿာ – 125000ဂျုံ (AUS) – ၁ ပိဿာ – 3300 (ygn)ဂျုံဖွဲ – ၁ ပိဿာ – 1300/ကုလားပဲလုံး စျေးနှုန်းများV2…

Read More

တိုက်ပွဲတွေ ထပ်မဖြစ်ပေမယ့် ကရင်ပြည်နယ် ကျုံဒိုးက စစ်ရှောင်တွေ နေရပ်မပြန်နိုင်သေး

ရန်ကုန်၊ ဧပြီ ၂၀ – ၂၀၂၄ GG (VOM) ကရင်ပြည်နယ် ကျုံဒိုးမှာ KNU၊KNLA ၊PDF ပူးပေါင်းတပ်တွေနဲ့ နစက စစ်တပ်အကြား မနေ့က ဧပြီလ ၁၉ ရက်နေ့ မနက်ပိုင်းမှာတိုက်ပွဲ ပြင်းထန်ခဲ့ပေမယ့် ဒီနေ့ ဧပြီလ ၂၀ ရက်မှာတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ငြိမ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ကျုံဒိုး တိုက်ပွဲက မနေ့ကမနက်ပိုင်းမှာ ဖြစ်ပွားခဲ့ပြီး နေ့လယ် ၁၂ နာရီလောက်စပြီး ဒီနေ့အထိ အပစ်ခတ်ငြိမ်သွားတာဖြစ်တယ်လို့သိရပါတယ်။ ” မနေ့ကနေ့ခင်းထဲက ငြိမ်သွားတာ ဒီနေ့အထိအေးဆေးပါပဲ။ တိုက်ပွဲမရှိဘူး၊ မရှိဘူးဆိုပေမယ့် ရွာတွေထဲတော့ မနေရဲကြသေးဘူး။စစ်ရှောင်တွေကလည်းပြန်မလာရဲကြသေးဘူး။မြို့ထဲလည်း ဝယ်စရာရှိတာဝယ် အိမ်ပြန်ကြတာ၊အရင်လိုစည်ကားနေတာမျိုးမဟုတ်ဘူး ” လို့ ဒီနေ့ရဲ့အခြေအနေကို ကျုံဒိုးမြို့ခံတဦးကပြောပြပါတယ်။ မြဝတီကို စစ်ကူလာရောက်တဲ့ စစ်ကြောင်းကို KNU ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ရာကနေ ကျုံဒိုးမြို့နယ်မှာရှိတဲ့ နစကရဲ့ ခမရ…

Read More

ပူတာအိုရှိ ဦးတေဇပိုင် ဟိုတယ်မီးလောင်

ဧပြီ ၂၀ – ၂၀၂၄SN (VOM)ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ မူလာရှီးဒီရပ်ကွက်ရှိ မြန်မာ့စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ ပိုင်ဆိုင်တဲ့ Malikha Lodge Hotel မှာ ဒီကနေ့ ဧပြီ ၂၀ ရက်၊ မနက် ၆ နာရီဝန်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။မီးလောင်မှုကြောင့် ဘန်ဂလိုနှစ်ဆောင် ပြာကျသွားခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာကို ပူတာအိုမီးသတ်စခန်းမှ မီးသတ်ယာဉ်တွေအပြင် နစက လုံခြုံရေး တပ်ဖွဲ့ဝင်တွေလည်း လာရောက် မီးငြှိမ်းသတ်ပေးခဲ့တယ်လို့ သိရပါတယ်။“အဆောင် နှစ်ဆောင်တော့ မီးလောင်သွားတယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေရော၊ ဒေသခံတွေရော၊ စစ်တပ်ကရော ဝိုင်းငြှိမ်းကြလို့ အချိန်မီ မီးထိန်းနိုင်လိုက်နိုင်တာ။ တခြား အဆောင်တွေတော့ ပါမသွားဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။လက်ရှိမှာ မီးလောင်မှုကြောင့် လူထိခိုက်မှု ရှိ၊ မရှိ၊ ပျက်စီးဆုံးရှုံးမှုနဲ့ မီးလောင်ရတဲ့ အကြောင်းရင်းတို့ကို သက်ဆိုင်ရာက စိစစ်လျက်ရှိတယ်လို့…

Read More
VOM News

FREE
VIEW