ဗုံးကွဲမှု​တွေ​ကြောင့် ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားကို အချိန်စောပိတ်လိုက်လို့ ငရုတ်သီးကားတွေ တင်ပို့နိုင်ခြင်းမရှိဘဲ မြဝတီမှာပိတ်မိပြီး ဆုံးရှုံးမှုတွေရှိ

ဇူလိုင် ၂၈ ၊ ၂၀၂၆ CC (VOM) ကရင်ပြည်နယ် ၊ မြဝတီမြို့ ၊ ထိုင်း – မြန်မာနယ်စပ်ရှိ အမှတ် ၂ ချစ်ကြည်ရေးတံတားကို ပုံမှန်ပိတ်ချိန်ထက် ၂ နာရီခွဲစောပြီး ပိတ်လိုက်တာကြောင့် ငရုတ်သီးကားတွေ မြဝတီကုန်သွယ်ရေးဇုန်မှာ ပိတ်မိပြီး ဆုံးရှုံးမှုတွေ ရှိနေတယ်လို့ ကုန်သည်တွေဆီက သိရပါတယ် ။ အမှတ် ၂ ချစ်ကြည်ရေးတံတားကို မြန်မာဘက်ခြမ်း တာဝန်ရှိသူတွေက ပုံမှန်ပိတ်တဲ့ ညနေ ၅ နာရီခွဲထက်စောပြီး နေ့လယ် ၃ နာရီကတည်းက တံတားကို သွားလာခွင့်ပိတ်လိုက်တာ ဖြစ်ကြောင်း ၊ အဲဒီအတွက် မြဝတီနယ်စပ် အမှတ် ၂ တံတားကနေ ထိုင်းကို တင်ပို့မယ့် ငရုတ်သီးကုန်ကားတွေ အချိန်မီတင်ပို့နိုင်ခြင်း မရှိတော့ဘဲ မြဝတီဇုန်ထဲမှာပဲ ကုန်တွေ ချထားရတဲ့အတွက် အလေ့အလွင့်ရှိပြီး ဆုံးရှုံးမှုရှိတယ်လို့ သိရပါတယ်။…

Read More

လူမှုကွန်ယက်မှာ ဝေဖန်မှုမြင့်တက်လာပြီးနောက် DEMU ရထားပေါ် စည်းကမ်းမဲ့ ဆူညံအော်ဟစ်ပြောဆိုခဲ့တဲ့ ဒေါ်မြသန်းတို့အဖွဲ့ ၅၄ ယောက်ကို အမှုဖွင့်လိုက်ပြီ

ဇူလိုင် ၂၆၊ ၂၀၂၆ CC (VOM) မော်လမြိုင် – ရန်ကုန် အမှတ်(၈၄)အစုန် DEMU ရထားပေါ်မှာ ခရီးသည်တွေကို အနှောင့်ယှက်ဖြစ်အောင် အော်ဟစ်ပြောဆိုပြီး ပျော်ပါးခဲ့ကြတဲ့ ဒေါ်မြသန်းဦးစီးတဲ့ ကမ်းနားလမ်းအားကစားအဖွဲ့က ၅၄ ယောက်ကို ဒီနေ့ဇူလိုင် ၂၆ ရက် ၊ မော်လမြိုင်ရဲစခန်းမှာ အမှုဖွင့်အရေးယူလိုက်ပြီဖြစ်တယ်လို့ သိရပါတယ် ။ ဒေါ်မြသန်းဦးစီးတဲ့ ကမ်းနားလမ်းအားကစားအဖွဲ့ရဲ့ စည်းကမ်းမဲ့လုပ်ဆောင်မှုအပေါ် တခြားအရေးယူတဲ့ သူတွေလိုပဲ အဲဒီအဖွဲ့ကိုလည်း အရေးယူပေးဖို့ လူမှုကွန်ယက် စာမျက်နှာကနေတဆင့် တောင်းဆိုမှုတွေမြင့်တက်လာပြီးနောက်မှာ တာဝန်ရှိသူတွေက ခုလို အရေးယူလိုက်တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒေါ်မြသန်းတို့အဖွဲ့ကို ခေါ်ယူစစ်ဆေးတာမျိုးရှိပေမယ့် ဖမ်းဆီးထိန်းသိမ်းထားတာမျိုးတော့ မရှိသေးဘူးလို့ ရဲစခန်းနဲ့နီးစပ်သူ ကပြောပါတယ် ။ ” ခေါ်စစ်မေးတာတော့ရှိတယ်။ ဖမ်းတာဘာညာတော့ မရှိသေးဘူး ။ အမှုတောင်ဒီနေ့မှ ဖွင့်လိုက်တာ လေ ။ ” လို့…

Read More

မိုးညှင်း-မြစ်ကြီးနား ရထားလမ်းပိုင်း သံလမ်းထိန်းကလစ်‌တွေအခိုးခံရပြီး ရထားလမ်းချော်ခဲ့လို့ ပြန်လည်ပြုပြင်​နေရ

ဇူလိုင်-၂၄-၂၀၂၆ KKA (VOM) ဇူလိုင် ၂၁ ရက်နေ့ကမှ ပြန်စဆွဲခဲ့တဲ့ မိုးညှင်း-မြစ်ကြီးနား ရထားလမ်းပိုင်းမှာ သံလမ်းထိန်းကလစ်တွေ ဖြုတ်ယူအခိုးခံလိုက်ရပါတယ်။ အဲဒီလို ခိုးယူခံရတာကြောင့် ရထားစက်ခေါင်းနဲ့ တွဲဆိုင်း လမ်းချော်တာတွေ ဖြစ်ခဲ့ပြီး ရထားလမ်းကိုလည်း ယာယီပိတ်လိုက်ရတယ်လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ဆီကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်းမှာ ဟိုပင်မြို့နယ် နန်းခွင်ဘူတာကနေ ထွက်လာတဲ့ ရထားလမ်းလုံခြုံရေး ကင်းလှည့်ရထားဟာ နန်းခွင်နဲ့ ဟိုပင်ဘူတာကြား ရောက်တဲ့အချိန်မှာ စက်ခေါင်းနဲ့အတူ နောက်ပါတွဲ ဆိုင်း၂ တွဲ လမ်းချော်ကျသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နန်းခွင်-ဟိုပင် လမ်းပိုင်းကို ယာယီပိတ်ထားခဲ့ရတာလည်းဖြစ်ပါတယ်။ ဒီလို လမ်းချော်သွားတဲ့အတွက် မီးရထားတာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့တဲ့အခါမှာ ပေ ၂၄၀ ခန့်ရှိတဲ့ သံလမ်းဧရိယာအတွင်းက သံလမ်းထိန်းကလစ် စုစုပေါင်း ၄၀၈ ခုကို မသမာသူတွေက ဖြုတ်ယူခိုးသွားတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။…

Read More

ကံပိုင်တည်လမ်းမှာ မြေပြိုလမ်းပိတ်မိတဲ့ ကားသမားတွေဆီ KIA က ငွေကောက်နေလို့ အခက်ကြုံ

ဇူလိုင် ၁၈၊ ၂၀၂၆ Shy V (VOM) ကချင်ပြည်နယ်၊ မြစ်ကြီးနား–ဆဒုံး–ကံပိုင်တည် ကုန်သွယ်ရေးလမ်းမပေါ်မှာ မြေပြိုမှုကြောင့် လမ်းပိတ်မိနေတဲ့ ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ်တွေကို KIA တပ်ဖွဲ့ဝင်တွေက “ဧည့်စာရင်း” အတွက်ဆိုပြီး ယာဉ်တစီးကို တရက် ကျပ် ၁၂,၀၀၀ နှုန်း ကောက်ခံနေတဲ့အတွက် ကားသမားတွေ အခက်အခဲ ပိုကြုံနေရတယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။ လက်ရှိမှာ ဆဒုံးလမ်းပိုင်းနဲ့ ကံပိုင်တည်ဘက်မှာ မြေပြိုမှုတွေကြောင့် ခရီးသည်တင်ယာဉ်နဲ့ ကုန်တင်ယာဉ် အများအပြား ပိတ်မိနေပြီး၊ လမ်းမပွင့်သေးတဲ့အတွက် ကုန်ပို့ဆောင်ရေးလုပ်ငန်းတွေလည်း ရပ်နားထားရတယ်လို့ ဆိုပါတယ်။ လမ်းပိတ်နေတဲ့ ကာလအတွင်း ဝင်ငွေမရှိဘဲ စားစရိတ်၊ နေစရိတ်တွေ ကုန်ကျနေရတဲ့အပြင် KIA ဘက်က နေ့စဉ် ငွေကောက်ခံနေတာကြောင့် ပိုပြီး ဒုက္ခရောက်နေရတယ်လို့ ကုန်တင်ယာဉ်မောင်းတယောက်က ပြောပါတယ်။ “လမ်းက မပွင့်သေးဘူး။ ဒီနေ့ ဒါမှမဟုတ် မနက်ဖြန်လောက်မှ ပွင့်မယ်လို့…

Read More

သီပေါတံတားနဲ့ ရေလမ်းခရီးကြားက ရှမ်းမြောက်ပြည်သူတွေရဲ့သောက

ဇူလိုင်၁၈၊ ၂၀၂၆ NN(VOM) “ဓာတ်ပုံတွေ မရိုက်နဲ့နော်.. ဓာတ်ပုံတွေမရိုက်နဲ့ တွေ့ရင် ဖုန်းသိမ်းမှာ။ ဟိုကားကြီးကလူတွေ ဒီမှာလာ ဒီမှာလာ…” စတဲ့ လှေသမားတွေနဲ့ အထမ်း သမားတွေရဲ့ အော်သံတွေကြားမှာ ခရီးသွားတွေ ပျားပန်းခတ်နေကြပါတယ်။ ကိုယ့်လူတွေကျန်ခဲ့မလား အိတ်တွေ မှားသယ်သွားမလား မြစ်ထဲမှာအဆင် ပြေမလားဆိုတာကို ကြည့်ရင်း ရင်တမမ နဲ့ စက်လှေပေါ်ကို တက်ရတဲ့အခိုက်အတန့်ဟာ ဘဝမှာ နောက်တစ်ကြိမ် ခရီး မသွားချင်လောက်အောင် ဖြစ်ရတယ် လို့ မဖြူဖွေးက ညည်းတွားပြပါတယ်။ “လှေထဲမှာ ပစ္စည်းတွေရော လူတွေရော စုပြုံတင်ထားတာ။ လှေရဲ့ ဗိုက်နေရာမှာဆို ရေနဲ့က ထိဖို့ လက်မလောက်လေးလိုနေတာ။ လူတွေက လှုပ်ရင် လှေက ယိမ်းထိုးပြီး မြုပ်တော့မလို မြုပ်တော့မလိုနဲ့ ဘုရားတပြီး ဖြတ်ခဲ့ရတာ” လို့ သီပေါ ဒုဋ္ဌဝတီမြစ်ထဲ စက်လှေနဲ့ ဖြတ်ကူးခဲ့ရတဲ့ အတွေ့ အကြုံကို…

Read More

သီပေါတံတားကနေ ကားတွေ ဖြတ်သန်းခွင့် ပိတ်ထားဆဲဖြစ်တာကြောင့် ခရီးသွားတွေ ကားတဆင့် ပြောင်းစီးနေရဆဲ

ဇူလိုင် ၁၅၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့က သီပေါတံတားမှာ ကားတွေ ဖြတ်သန်းခွင့် ပိတ်ထားဆဲဖြစ်တာကြောင့် လားရှိုး-မူဆယ်လမ်းကြောင်းကို အသုံးပြုတဲ့ ခရီးသွားပြည်သူတွေဟာ အခုချိန်အထိ ကားတဆင့် ပြောင်းစီးပြီး သွားလာနေရဆဲဖြစ်တယ်လို့ ခရီးသွားပြည်သူတွေနဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။ “သီပေါတံတားပေါ်ကနေ အချိန်ကန့်သတ်ပြီး လူတော့ လမ်းလျှောက်ဖြတ်လို့ရတယ်။ ဒါပေမယ့် လမ်းလျှောက်ရတာ ဝေးတယ်။ စက်လှေနဲ့ မြစ်ကူးရင်တော့ လမ်းသိပ်မလျှောက်ရဘူး။ လှေစီးခက တယောက်ကို ကျပ်တသောင်း ပေးရတယ်” လို့ ခရီးသွားပြည်သူတယောက်က VOM ကို ပြောပါတယ်။ စက်လှေနဲ့ မြစ်ကူးဖို့ဆိုရင် အလှည့်ကျ တန်းစီစောင့်ဆိုင်းရတာတွေ ရှိပြီး၊ တံတားပေါ်ကနေ လမ်းလျှောက်ဖြတ်မယ်ဆိုရင်တော့ ပစ္စည်းအနည်းငယ်သာ ပါသူတွေအတွက် ပိုအဆင်ပြေတယ်လို့ သူက ဆိုပါတယ်။ “ပစ္စည်း သယ်ခက ကားဂိတ်က ပေးရတာ။ မြစ်ဆိပ်ကနေ ဆိုရင် ပစ္စည်း…

Read More

နဘား – ကသာလမ်းပိုင်း ပြန်ဖွင့်ပေမယ့် မန္တလေးဘက် အဆင်းကားတွေ သွားလို့မရသေး

ဇူလိုင် ၁၄ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်း၊ ကသာခရိုင်အတွင်းရှိ နဘား – ကသာလမ်းပိုင်းက မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား လမ်းကို ဒီကနေ့ ဇူလိုင် ၁၄ ရက်၊ မနက် ၇ နာရီဝန်းကျင်မှာ ပြန်ဖွင့်လိုက်ပေမယ့် ထီးချိုင့် – ကသာလမ်းကတော့ မပွင့်သေးဘဲ မန္တလေးမြို့ဘက်ကို သွားလို့မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ မြစ်ကြီးနား – မန္တလေးလမ်းပိုင်းထဲက အင်းတော်မြို့နယ်အတွင်းမှာ တိုက်ပွဲ ဖြစ်ပွားနေတာတွေကြောင့် အဲဒီလမ်းပိုင်းမှာ ဇွန် ၃၀ ရက်နေ့ကစပြီး ကုန်တင်ကားနဲ့ ခရီးသည်တင်ကား ရာနဲ့ချီ ပိတ်မိနေခဲ့တာပြီး လမ်းပိတ်ဆို့မှု ၁၅ ရက်ဝန်းကျင် အကြာမှာတော့ နဘား – ကသာလမ်းပိုင်းကို ပြန်လည် သွားလာလို့ရပြီလို့ သိရပါတယ်။ “ထီးချိုင့် – ကသာလမ်းပိုင်းမှာ သစ်ပင်တွေလှဲချထားတာ၊ လမ်းကို…

Read More

ပြင်ဦးလွင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်မယ့် ပြင်ဦးလွင်လေဆိပ် ဖွင့်လှစ်

မန္တလေး၊ ဇူလိုင်- ၁၁- ၂၀၂၆ VOM ပြင်ဦးလွင်မြို့ရဲ့ ခရီးသွားလုပ်ငန်း၊ ဒေသစီးပွားရေးနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်တင်နိုင်ဖို့အတွက် အကောင်အထည် ဖော် ဆောင်ရွက်ခဲ့တဲ့ ပြင်ဦးလွင်လေဆိပ်ကို ဒီကနေ့မနက်ပိုင်းမှာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။ လေဆိပ်ဖွင့်လှစ်ခြင်းဟာ အစိုးရရဲ့ ရက်(၁၀၀) စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့အထဲက အရေးပါတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ပြင်ဦးလွင်မြို့ကို ပန်းမြို့တော်၊ ကျန်းမာ ရေးမြို့တော်၊ ပညာရေးမြို့တော်၊ IT မြို့တော်နဲ့ ကော်ဖီမြို့တော်အဖြစ် အဆင့်မြှင့်တင်ဖော်ဆောင်နိုင်ရေးအတွက် အရေးပါသည့် အခြေခံအဆောက်အအုံတစ်ခုလည်း ဖြစ်တယ်လို့ နိုင်ငံ တော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ပြင်ဦးလွင်ဒေသနဲ့ ရှမ်းရိုးမဒေသတွေကို ခရီးသွားလုပ်ငန်းကွန်ရက်နဲ့ ပိုမိုချိတ်ဆက်ပေးနိုင်မှာဖြစ်သလို ပြည်တွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသထွက် သစ်သီးဝလံ၊ ပန်းမန်နဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေကို ဒေသအသီးသီးအတွက်လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေးနဲ့ ဒေသစီးပွား ရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်လည်း…

Read More

မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း ရထားခရီးစဉ်ကို ဇူလိုင် ၂၀ရက်မှာ စတင်ပြေးဆွဲမယ်

ဇူလိုင် ၉-၂၀၂၆ KKA(VOM) ကချင်ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှု မြန်ဆန်စေဖို့နဲ့ခရီးသွားပြည်သူတွေ သွားလာရေး အဆင်ပြေစေဖို့အတွက် မြစ်ကြီးနား၊မိုးကောင်းနဲ့မိုးညှင်းကို မြန်မာ့မီးရထားက ဇူလိုင် ၂၀ရက်နေ့မှာ ဖွင့်ပွဲပြုလုပ်ပြီး စတင်ပြေးဆွဲသွားမယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့က​နေ သိရပါတယ်။ ကချင်ပြည်နယ်အစိုးရအဖွဲ့ စီစဉ် ကြီးကြပ်မှုနဲ့ မီးရထားလမ်း အဆင့်မြှင့်တင်တာ၊ပြုပြင်ထိန်းသိမ်းတာတွေလုပ်ဆောင်နေတာ ရာနှုန်းပြည့် ပြီးစီနေတာဖြစ်တဲ့အတွက် အမှတ်(၄၉) အဆန်၊ အမှတ် (၅၀) အစုန် မြစ်ကြီးနား-မိုးကောင်း -မိုးညှင်း ခရီးစဉ်ကို ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။ အခုလိုပြေးဆွဲနိုင်ဖို့အတွက် ဇူလိုင် ၉ရက်၊နံနက် ၁ဝနာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဝန်ကြီးချုပ် ဦးခက်ထိန်နန်နဲ့ တာဝန်ရှိသူတွေ ညှိနှိုင်းဆွေးနွေးခဲ့ပြီး မီးရထားပြေးဆွဲမယ့်ရက်ကို သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ “သံလမ်းတွေ အဆင့်မြှင့်တာတွေ ပြုပြင်တာတွေကို သတ်မှတ်ရက်ပြီးဖို့ အရှိန်အဟုန်နဲ့ဆောင်ရွက်ခဲ့ရတယ်။ကုန်စည်‌တွေ လွယ်ကူစွာ သယ်ယူပို့‌ဆောင်နိုင်ဖို့နဲ့ခရီးသွာလာတာ အဆင်ပြေစေဖို့အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်ခဲ့တယ်။”လို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကပြောပါတယ်။ အခုလမ်းပိုင်းမှာ မီးရထားတွေ ပြေးဆွဲနိုင်ဖို့အတွက် ပြီးခဲ့တဲ့မေလကနေ စတင်ပြီး…

Read More

မြန်မာ့လေကြာင်းလိုင်းက ရန်ကုန် – လွိုင်ကော် ခရီးစဥ်ကို အမြန်ဆုံး ပြန်လည် ပြေးဆွဲပေးမယ်

နေပြည်တော်၊ ဇူလိုင်- ၈ -၂၀၂၆ KKL(VOM) မြန်မာ့လေကြာင်းလိုင်း အနေနဲ့ ရန်ကုန်-လွိုင်ကော် ခရီးစဥ်ကို ပြေးဆွဲနိုင်ဖို့ လေယာဥ်ပြေးလမ်းနဲ့ လေဆိပ်ဝန်ဆောင်မှုအားလုံး ပြီးစီးနေတဲ့အတွက် အမြန်ဆုံးပြေးဆွဲပေးဖို့ လုပ်ဆောင်နေပြီလို့ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုဝန်ကြီးကပြောပါတယ်။ ဒီကနေ့ပြုလုပ်တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့က လွိုင်ကော်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ရွှေရဲ့ ရပ်နားထားခဲ့တာအချိန်ကာလကြာမြင့်နေတဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်းအနေနဲ့ ရန်ကုန်လွိုင်ကော် အသွားအပြန်ခရီးကို မည်သည့်အချိန်မှာ မည်သည့်နှုန်းထားနဲ့ ပြန်ပြေးဆွဲပေးဖို့ သိရှိလိုတဲ့မေးမြန်းမှုအပေါ် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုဝန်ကြီး က အမြန်ဆုံးပြန်လည်ပြေးဆွဲပေးဖို့ ဖြေကြားခဲ့တာဖြစ်ပါတယ်။ ပို့ဆောင်ရေးဒုဝန်ကြီးကတော့ ၂၀၁၃ – ၂၀၁၄ ခုနှစ်ကစပြီး လက်ရှိအချိန်အထိ လွိုင်ကော်လေဆိပ်ပြေးလမ်းတိုးချဲ့ဆောင်ရွက်ခဲ့တဲ့အခြအနေနဲ့ လက်ရှိ လွိုင်ကော်လေဆိပ်ကို လေယဥ်ပြေးဆွဲနိုင်အောင်ဆောင်ရွက်ပြီးစီးတဲ့အခြေအနေတွေကိုရှင်းလင်းမှုနဲ့အတူ လုံခြုံရေးနဲ့ပတ်သက်ပြီး ကယားပြည်နယ်အစိုးရ ကပြန်လည်ခွင့်ပြုထားတဲ့အခြေအနေတွေကို ဖြေကြားပြီးတဲ့နောက် အမြန်ဆုံးပြန်လည်ပြေးဆွဲပေးမယ်လို့ဆိုပြီးတော့ ရန်ကုန်လွိုင်ကော်ခရီးစဥ်အတွက် ၃၂၀၀၀၀ ကျသင့်မယ်လို့ ပို့ဆောင်ရေးဒုတိယဝန်ကြီးက နှုန်းထားကိုပါ တစ်ဆက်ထဲ…

Read More
VOM News

FREE
VIEW