တရားမျှတမှုနဲ့ ဖိအားပေးဖို့ ရုရှားနိုင်ငံထဲ ဝင်တိုက်တာလို့ ယူကရိန်းသမ္မတ ဇီလန်စကီးပြော

  ကိဗ်ယက်၊ ဩဂုတ်-၁၂-၂၀၂၄ မျိုးဆက်(VOM) တရားမျှတမှုနဲ့ ရုရှားတပ်တွေကို ဖိအားပေးဖို့အတွက် ရုရှားနိုင်ငံထဲကို ဝင်ရောက်တို်ကခိုက်တာဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါဟာ ယူကရိန်းစစ်ပွဲစတင်ပြီးနောက် ရုရှားပိုင်နက်ထဲကို ယူကရိန်းတပ်တွေ အံ့အားသင့်ဖွယ် ထိုးစစ်ဆင်တိုက်ခို်ကမှုကို ပထမဆုံးအကြိမ် ဝန်ခံလိုက်တာလည်း ဖြစ်ပါတယ်။ “ ယူကရိန်းဟာ တရားမျှတမှုကို အမှန်တကယ်ပြန်လည်ရရှိနိုင်ကြောင်း သက်သေပြနေတာဖြစ်ပြီး ရန်သူအပေါ် လိုအပ်တဲ့ဖိအားမျိုးတွေ ပေးသွားမယ်” လို့ သမ္မတ ဇီလန်စကီးက ညစဉ်မိန့်ခွန်းမှာပြောပါတယ်။ ရုရှားနိုင်ငံ ကွတ်ခ်ဒေသကို ယူကရိန်းတပ်တွေ ဝင်ရောက်တိုက်ခိုက်နေတာဟာ ခြောက်ရက်မြောက်နေ့ရှိနေပြီး ရုရှားကတော့ အဲဒီဒေသမှာ စစ်ကူတွေ စေလွှတ်ထားပါတယ်။ မြို့ခံတွေကိုလည်း ရုရှားအာဏာပိုင်တွေက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနေပါတယ်။ ဒီအတော့အတွင်း အဲဒီဒေသရှိ နျူကလီးယား ဓါတ်အားပေးစက်ရုံ အနီးမှာ ဒုံးကျည်ကျရောက်ပေါက်ကွဲမှုတွေ ရှိခဲ့ပြီး ဒီကိစ္စကို ရုရှားနဲ့ ယူကရိန်းတို့က အပြန်အလှန်စွပ်စွဲထားပြီး အိုင်အေအီးအေကတော့ နျူကလီးယားမတော်တဆမှုတွေ ရှောင်ရှားနိုင်ဖို့…

Read More

တကောင်းမြို့မှာ တိုက်ပွဲပြင်းထန်နေပြီး အရပ်သား သေဆုံးမှုတွေ ရှိ

  ဩဂုတ် ၁၂ – ၂၀၂၄ SS (VOM) မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်၊ စစ်ကိုင်းတိုင်းအစပ်မှာရှိတဲ့ တကောင်းမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အရပ်သား ထိခိုက် သေဆုံးမှုတွေလည်း ရှိနေတယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေက တကောင်းမြို့ရှိ နစက တပ်စခန်းတွေကို မနေ့ ဩဂုတ် ၁၁ ရက်၊ မနက် ၅ နာရီဝန်းကျင်မှစပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ကာ အပြီးသတ်သိမ်းပိုက်နိုင်ဖို့ စစ်ခန်းတခုသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။ တိုက်ပွဲကြား လက်နက်ကြီး ထိမှန်တာ‌ကြောင့် ဒေသခံပြည်သူ အမျိုးသမီးကြီး တယောက် သေဆုံးပြီး အမျိုးသမီးငယ် တယောက်လည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “မနေ့က တနေကုန်ပဲ တိုက်ပွဲတွေပြင်းထန်နေတာ။ မြို့ပေါ်မှာရှိတဲ့ နစကရဲ့ အထိုင်စခန်းတွေဖြစ်တဲ့ ‌တိုက်နယ်ဆေးရုံနဲ့ ရဲစခန်းက တပ်ဖွဲ့တွေ လက်နက်ချပေမယ့်…

Read More

တောင်သာမှာ တိုက်ပွဲတွေကြောင့် အစိုးရပိုင်အထည်ချုပ်စက်ရုံ မီးလောင်

  ဩဂုတ် ၁၂ – ၂၀၂၄ GG (VOM) မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ ဒီနေ့ဩဂုတ်လ ၁၂ ရက်နေ့မနက်အစောပိုင်းကစပြီး တိုက်ပွဲတွေပြင်းထန်နေပြီး အရပ်သားတွေကျည်ထိမှန်ထားသလို အစိုးရပိုင် အထည်ချုပ်စက်ရုံအပါ အဝင် အဆောက်အဦအချို့လည်းလက်နက်ကြီးထိမှန်ပျက်စီးမှုတွေရှိနေတယ်လို့သိရပါတယ်။ တောင်သာမြို့နယ်ရှိ အစိုးရပိုင် အမှတ်(၁၀)အထည်ချုပ်စက်ရုံ(စွပ်ကျယ်စက်ရုံ)နဲ့ တောင်သာ-မိတ္ထီလာလမ်းပိုင်းမှာရှိ ဓာတ်ငွေ့ပိုက်လိုင်းစက်ရုံရှိ နစက တပ်ဖွဲ့ဝင်တွေကို နယ်မြေခံ PDF တပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာကနေ တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်တယ်လို့သိရပါတယ်။ ” တိုက်ပွဲဖြစ်တဲ့ဘက်တွေသွားလာလို့မရဘူးလေ။လူနာကောက်ဖို့တောင်မသွားရဲလို့ အခြေအနေကြည့်လှုပ်ရှားနေရတဲ့အခြေအနေပါ။စွပ်ကျယ်စက်ရုံမီးလောင်တယ်။တောင်သာမြို့အဝင်က ဓာတ်ငွေ့ပိုက်လိုင်းစက်ရုံမှာလည်းစစ်တပ်ရှိတော့အဲ့ဒီနေရာတွေကို ဝင်တိုက်ကြတာပါ။ကားတစီးထဲကလူနှစ်ယောက်ကျည်ထိထားတယ်။” လို့ ဒေသခံတယောက်ကပြောပါတယ်။ တိုက်ပွဲအကြားသွားလာတဲ့ ကားတစီးကျည်ထိမှန်ပြီး အရပ်သားနှစ်ယောက်ကျည်ထိမှန်ခဲ့တာဖြစ်ကြောင်း ၊ လက်ရှိမှာ ကျည်ထိမှန်ထားတဲ့ အရပ်သားနှစ်ယောက်ကို လူနာတင်ကားနဲ့မြင်းခြံကိုသယ်ဆောင်သွားနေပြီဖြစ်တယ်လို့သိရပါတယ်။ ” စွပ်ကျယ်စက်ရုံမီးလောင်တာတော့မှန်တယ်။ သူကမြို့အဝင် မြင်းခြံဘက်အထွက်မှာရှိတာ။အဲ့ဘက်ကတိုက်ပွဲဖြစ်တော့မသွားရဲဘူး။မြို့ထဲတောင်အသွားအလာရှင်းပါတယ်။ စက်ရုံက အကုန်လုံးတော့ မပျက်စီးဘူးသိရတယ် “လို့ နောက်ထပ်ဒေသခံတယောက်ကပြောပါတယ်။ အဆောက်အဦကျည်ထိမှန်မှုအနေနဲ့က မနေ့ကညပိုင်းမှာ လှည်းကူးမအုပ်စု ၊ ပြဿဒ်ကြီးကျေးရွာ…

Read More

နျူကလီးယား ပစ္စည်းနဲ့လျှို့ဝှက်ချက်တွေ လွှဲပြောင်းဖို့ ဩစတြေးလျနဲ့ အမေရိကန်၊ ဗြိတိန်တို့ လက်မှတ်ထိုး

  ဆစ်ဒနီ၊ ဩဂုတ်-၁၂-၂၀၂၄ မျိုးဆက်(VOM) ဩစတြေးလျဟာ သူ့ရဲ့ ရေတပ်မှာ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေတိုးချဲ့ဖို့အတွက် အဓိကခြေလှမ်းအဖြစ် နျူကလီးယားလျှို့ဝှက်ချက်တွေနဲ့ ပစ္စည်းတွေကို အပြန်အလှန်လွှဲပြောင်းခွင့်ပြုတဲ့ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒီသဘောတူညီချက်ကို ဝါရှင်တန်မှာ လက်မှတ်ရေးထိုးပြီးနောက် ဒီနေ့ကျင်းပတဲ့ ဩစတြေးလျပါလီမန်မှာ တင်သွင်းပြီး အတည်ပြုခဲ့ပါတယ်။ ဒီသဘောတူညီချက်က ဩစတြေးလျရေတပ်မှာ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ ဝယ်ယူဖို့ အရေးပါတဲ့ခြေလှမ်းလို့ ရေတပ်တာဝန်ရှိသူတွေက ပြောပါတယ်။ သဘောတူညီချက်ဟာ ၂၀၂၁ ခုနှစ်ကရရှိထားတဲ့ အော့ကပ်စ်လုံခြုံရေး သဘောတူစာချုပ်ရဲ့ တစိတ်တပိုင်းဖြစ်ပြီး အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ နျူကလီးယားပစ္စည်းနဲ့ နည်းပညာတွေ လွှဲပြောင်းရေးအတွက် ဖြစ်ပါတယ်။ ဩစတြေးလျကို ပေးပို့မယ့် နျူကလီးယားပစ္စည်းတွေ ဖြစ်ပွားလာနိုင်တဲ့ အန္တရာယ်အတွက် ဩစတြေးလျက တာဝန်ယူရမှာဖြစ်ပြီး ရေဒီယိုသတ္တိကြွပစ္စည်းတွေ သိုလှောင်ခြင်းနဲ့ စွန့်ပစ်ခြင်းအတွက်လည်း တာဝန်ရှိတယ်လို့လည်း ဆိုပါတယ်။ ဩစတြေးလျနဲ့ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘော တည်ဆောက်ဖို့နဲ့ အဆင့်မြင့်တိုက်ခိုက်ရေးနည်းပညာတွေ ပူးတွဲတီထွင်ဖို့တွေပါဝင်တဲ့ အော့ကပ်စ်သဘောတူစာချုပ်ဟာ…

Read More

ဂွ-ငါးသိုင်းချောင်း ကုန်စည်လမ်းကြောင်း ပိတ်ထားလို့ ရခိုင်မှာ အခြေခံစားသောက်ကုန် ပိုမိုပြတ်လပ်လာ

  ဩဂုတ် ၁၂ – ၂၀၂၄ SN (VOM) ရခိုင်ပြည်နယ်ထဲကို ကုန်စည်တင်ပို့ရာမှာ ဧရာ၀တီတိုင်း ရေကြည်မြို့ကနေ ဂွ-ငါးသိုင်းချောင်းလမ်းအတိုင်း အခြေခံစားသောက်ကုန် သယ်ယူခွင့်ကို ဆက်လက် ပိတ်ပင်ထားတာကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန် ထပ်မံ မြင့်တက်လာကာ ပစ္စည်းပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ကုန်သည်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ဂွ – ငါးသိုင်းချောင်း လမ်းမအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လ ပထမအပတ်ကစပြီး ရေကြည်မြို့ကနေ ရခိုင်ပြည်နယ်အတွင်း ပစ္စည်းတင်ပို့ခွင့်ကို ပိတ်ပင်ခံထားရတာဖြစ်တယ်လို့ သိရပါတယ်။ “သူတို့က တင်ပို့ သယ်ယူခွင့် ပိတ်ထားတယ်လို့ ကြိုပြောတာမဟုတ်ဘူး။ ဂိတ်ရောက်မှ ဆက်သွားခွင့်မပေးတာ။ ရေကြည်ကနေ ဂွမြို့ကို ဘာကုန်စည်တွေကိုပဲ ပို့ပို့ ဂွ – ငါးသိုင်းချောင်းလမ်း၊ ဗေဒါစစ်ဆေးရေးဂိတ် အဝင်အထွက်ကနေ ပြန်လွှတ်ခံနေရတယ်” လို့ ကုန်သည်တယောက်က ပြောပါတယ်။ ရခိုင်ပြည်နယ်ဘက်ကို…

Read More

သီပေါမှာ သုံးရက်အတွင် လက်နက်ကြီးကြောင့် အရပ်သား ကိုးယောက်သေပြီး ခြောက်ယောက်ဒဏ်ရာရ

  ဩဂုတ် ၁၂ – ၂၀၂၄ CC (VOM) ရှမ်းမြောက် ၊သီပေါမြို့နယ်မှာ တိုက်ပွဲမရှိပေမယ့် လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဒီနေ့ ဩဂုတ်လ ၁၂ ရက်နေ့မှာ မိသားစုသုံးယောက်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ သီပေါမြို့နယ်မှာ ဩဂုတ်လ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တုန်းကလည်း လက်နက်ကြီးထိမှန်လို့ သေဆုံးခဲ့ရသူ ခြောက်ယောက်နဲ့ထိခိုက်ဒဏ်ရာရသူခြောက်ယောက်ရှိခဲ့တာကြောင့် ဒီနေ့အထိ သုံးရက်အတွင်းမှာဆိုရင် အရပ်သားသေဆုံးမှု ကိုးယောက်အထိရှိတယ်လို့သိရပါတယ်။ ” ဒီနေ့သေတဲ့မိသားစုသုံးယောက်က သီပေါဒေသခံတွေမဟုတ်ဘဲအိမ်ငှားနေကြသူတွေလို့သိရတယ်။သူတို့အိမ်ပေါ်လက်နက်ကြီးကျတာပါ။သီပေါမှာကအခုထိငြိမ်နေတယ်တိုက်ပွဲမရှိပါဘူး။အိမ်ကမြို့လယ်ရပ်၊ပြောင်းပွဲရုံနားကအိမ်ပါ။တိုက်ပွဲမရှိဘဲ မြို့ထဲကိုလက်နက်ကြီးတွေကျတာပါ။” လို့ဒေသခံကပြောပါတယ်။ သီပေါမှာ အရက်ရက်တွေက နှစ်ဖက်ထိတွေ့တိုက်ပွဲတွေပြင်းထန်ပြီး ဒရုန်းဗုံးတွေပစ်ခတ်ခြင်း၊လေကြောင်းပစ်ကူပစ်ခတ်ခြင်းတွေအထိရှိခဲ့တာကြောင့် မြို့ထဲကို လက်နက်ကြီးကျပေါက်ပွဲကာ အရပ်သားသေဆုံးရတာဖြစ်ပြီး လူနေအိမ်အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးမှုတွေရှိနေတယ်လို့သိရပါတယ်။ သီပေါမြို့နယ်မှာ မနေ့ကဩဂုတ်လ၁၁ ရက်နေ့ညပိုင်းကစပြီး မြေပြင်နှစ်ဖက်ထိတွေ့တိုက်ပွဲတွေရပ်သွားတာ လက်ရှိအချိန်ထိဖြစ်ကြောင်း ၊ တိုက်ပွဲကြောင့်သီပေါမြို့ဒေသခံအများအပြားစစ်ရှောင်နေကြသလို အချို့ဒေသခံတွေကလည်းခုထိမပြောင်းရွှေ့သေးဘဲ မြို့ထဲမှာနေထိုင်မှုရှိနေတယ်လို့သိရပါတယ်။ သီပေါမြို့နယ်မှာတော့ ပြီးခဲ့တဲ့ ဇူလိူင်လ ၄ရက်နေ့ညနေပိုင်းကစပြီး TNLA ပူးပေါင်းတြ်တွေနဲ့ နဲ့နစက တပ်တွေ…

Read More

နေပြည်တော်မှာ မိသားစုလိုက် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွား

  ဩဂုတ် ၁၁ – ၂၀၂၄ GG (VOM) နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ မြတ်လေးလမ်းက အိမ်တအိမ်မှာ သုံးလောင်းပြိုင်လူသတ်မှု ဩဂုတ်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အသတ်ခံရတဲ့သူသုံးယောက်က မိသားစုဝင်တွေဖြစ်ပြီး ဓားဒဏ်ရာတွေနဲ့နေအိမ်အတွင်းရှိ တနေရာစီမှာ အသတ်ခံထားရတာဖြစ်ကြောင်း၊ ကားတစီးနဲ့ဖုန်းတွေလည်း ပျောက်ဆုံးနေ တယ်လို့သိရပါတယ်။ ” အဖေ၊အမေ၊သား အားလုံးသုံးယောက်။အဖေဖြစ်သူကမီးဖိုချောင်ထဲမှာအသတ်ခံရတယ်။အမေဖြစ်သူကရေချိုးခန်းထဲမှာ၊သားဖြစ်သူကတော့သူ့အခန်းထဲမှာအသတ်ခံထားရတာတွေ့တယ်။အကုန်လုံးဓားဒဏ်ရာပဲတွေ့တယ်။သားဖြစ်သူကတော့ကုတင်ပေါ်မှာမှောက်ရက်အနေအထားနဲ့သေနေတာ ။ ” လို့ နေပြည်တော်အခြေစိုက်လူမှုကူညီရေးအဖွဲ့ဝင်တယောက်ကပြောပါတယ်။ အသတ်ခံရသူတွေထဲက အသက်၄၉ နှစ်အရွယ်ရှိ ဖခင်ဖြစ်သူ ဦးသန်းနိုင်ထွန်းမှာ ထိုးသွင်းဒဏ်ရာ နှစ် ချက် ၊အသက် ၄၈ နှစ်အရွယ် မိခင် ဖြစ်သူ ဒေါ်စောသန္တာဦးမှာ ထိုးသွင်းဒဏ်ရာ လေးချက်နဲ့ အသက် ၂၉ နှစ်အရွယ် သားဖြစ်သူ မောင်ရွှေအုပ်စိုးမှာ ထိုးသွင်းဒဏ်ရာ သုံးချက်တွေ့ရှိရတယ်လို့သိရပါတယ်။ လက်ရှိမှာတော့ အဆိုပါ ရုပ်အလောင်းတွေကို နေပြည်တော် ကုတင်တထောင်ဆေးရုံကို…

Read More

ပြည်တွင်းထုတ် သတင်းစာ ၊ဂျာနယ် ၊စာစောင်တွေ ရောင်းအားကျဆင်းမှု နာလန်မထူနိုင်သေး

  သြဂုတ် ၁၁ – ၂၀၂၄ KG ယခုနှစ်ပိုင်းအတွင်းပြည်တွင်းထုတ်သတင်းစာ၊ဂျာနယ်၊စာစောင်တွေ ရောင်းအားကျဆင်းမှုဟာ ဆက်လက်ဖြစ်ပေါ်နေပြီး နာလန်မထူသေးကြောင်း သတင်းစာ၊ဂျာနယ်ဖြန့်ချိရေးကိုယ်စား လှယ်တွေက ပြောပါတယ်။ ကိုဗစ် ၁၉ ကာလမှစတင်လို့ ပြည်တွင်းထုတ်သတင်းစာ၊စာစောင်ရောင်းအားတွေကျဆင်းခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာလည်း အဆိုးဆုံးအခြေအနေကိုဖြတ်ကျော်နေခဲ့ရပြီး လက်ရှိမှာ ရောင်းအားထက်ဝက်ခန့် ကျဆင်းနေတယ်လို့ ဖြန့်ချိရေးလုပ်ငန်းလုပ်ကိုင်သူတွေက ဆိုပါတယ်။ “သတင်းစာ၊စာစောင်ဖြန့်ချိရေးလောကရဲ့ ရွှေခေတ်က ၂၀၀၈ ခုကနေပြီး ၂၀၂၀ အထိလို့ပြောလို့ရပါတယ်။လက်ပွေ့ရောင်းတဲ့သူတွေတောင်အိမ်တွေ၊ဝိုင်းတွေဝယ်နိုင်ခဲ့တယ်။အဲဒီနောက်ကိုဗစ်ကနေစပြီး တဖြည်းဖြည်း ပါးလာလိုက်တာ၊နိုင်ငံရေးအပြောင်းအလဲဖြစ်တော့ပိုဆိုးသွားတာပေါ့။သတင်းစာပို့တဲ့သူတွေကလည်းနေ့တွက်စားစရိတ်တောင်မကိုက်တော့မလုပ်ကြတော့ပါဘူး။ဒီလုပ်ငန်းကိုစွန့်ခွာသွားကြတယ်။ဒီလောကမှာကျန်တဲ့သူတွေက လိုင်းကြီးသမားတွေနဲ့ စာပေကိုချစ်မြတ်နိုးတဲ့သူတွေဘဲကျန်ရစ်တော့တယ်”လို့ ဝါရင့်ဖြန့်ချိရေးသမားဖြစ်သူ ကိုကျော်မြင့်(ဓါတု)က ပြောပြခဲ့ပါတယ်။ ဒါအပြင် လက်ရှိပြည်တွင်းမှာထုတ်လုပ်မှုစရိတ်စကတွေမြင့်တက်လာတာကြောင့် သတင်းစာတစောင်စျေးကလည်းကျပ် ၇၀၀ နဲ့ကျပ် ၈၀၀ လောက်အထိဖြစ်နေပြီးလူတိုင်းဝယ်မဖတ်နိုင်ကြတော့တဲ့အပြင် ယခုလိုဂျာနယ်၊စာစောင်တွေရောင်းပါးကျဆင်းရတာဟာ ပြည်သူတွေခမျာမှာလည်းစားဝတ်နေရေးခက်ခဲတဲ့ကာလကိုဖြတ်သန်းနေရတာကြောင့်ဖြစ်တယ်လို့ သူက ဆက်ပြီးပြောပြခဲ့ပါတယ်။ “အခုအပါတ်စဥ်ထုတ်ဝေတဲ့စာစောင်တွေကသိပ်မရှိတော့ဘူးလေ။ဘာရှိမလဲဆို ပြည်မြန်မာတို့ ၊ ဘောလုံးစာစောင်က Sports Eleven တို့ စနေနေ့ဆိုအားကစားစာစောင်တွေလောက်ပဲထွက်တယ်။ကျွန်တော်ဆိုသတင်းစာဖြန့်ချိရေးလုပ်သက်နှစ်ပေါင်းသုံးဆယ်ရှိပါပြီ။အခုအချိန်အထိသတင်းစာပို့နေတုန်းပါဘဲ။အခုတော့အစိုးရသတင်းစာတွေဖြစ်တဲ့ကြေးမုံ၊မြန်မာ့အလင်းတို့ ရဲ့ ရောင်းအားနဲ့ပဲခြေကန်ထားရတာပေါ့။ပုဂ္ဂလိကသတင်းစာတွေအနေနဲ့က…

Read More

This Day in History

  Voice of Myanmar ၁၉၅၆ ခုနှစ် ဩဂုတ် ၁၁ ရက်တွင်ကျင်းပသော အာရပ်ကုန်သွယ်ရေးသမဂ္ဂ အစည်းအဝေးတွင် အီဂျစ်သမ္မတ ဂါနယ်အဗ္ဗဒယ်နက်ဆာက စူးအက်တူးမြောင်းကို ထိန်းချုပ်ပြီး အာရပ်အမျိုးသားရေးဝါဒ ပြန်လည်ရှင်သန်လိုကြောင်း အခိုင်အမာပြောဆိုခဲ့ပြီး ဗြိတိန်သို့မဟုတ် ပြင်သစ်က အီဂျစ်ကို တိုက်ခိုက်ခဲ့ပါက အနောက်နိုင်ငံများ၏ စစ်အခြေစိုက်စခန်းများနှင့် ရေနံတူးစင်များကို တိုက်ခိုက်မည်ဟု သမဂ္ဂက သဘောတူခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHistory #August11

Read More

ယူကရိန်းရဲ့ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှု ကွတ်ဒ်ဒေသကို ရုရှားတပ်ကူတွေ စေလွှတ်

  မော်စကို၊ ဩဂုတ်-၁၁-၂၀၂၄ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲစတင်ချိန်ပြီးနောက်ပိုင်း ရုရှားနိုင်ငံထဲကို ယူကရိန်းတပ်တွေရဲ့ အကြီးမားဆုံး နယ်စပ်ဖြတ်ကျော်တိုက်ခို်ကမှုကို ကာကွယ်ဖို့ ရုရှားဟာ ကွတ်ဒ်သေကို တပ်ဖွဲ့ဝင်တွေ ထပ်မံစေလွှတ်နေရပါတယ်။ ယူကရိန်းတပ်တွေဟာ ရုရှားအနောက်ပိုင်း ကွတ်ဒ်ဒေသကို ပြီးခဲ့တဲ့ အင်္ဂါနေ့ကတည်းက စတင်တိုက်ခိုက်ခဲ့ပြီး ကျေးရွာအများအပြားကို သိမ်းယူခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ဒုံးပစ်လောင်ချာတွေ၊ အမြောက်တွေနဲ့အတူ တင့်ကားတပ်ဖွဲ့တွေကို စေလွှတ်ထားတယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အမေရိကန်အခြေစိုက် စစ်ပွဲလေ့လာရေးအင်စတီကျုကတော့ ရုရှားစစ်တပ်ဟာ ယူကရိန်းတပ်တွေနဲ့ တိုက်ခိုက်သား ပြည့်၀နေပြီးဖြစ်တဲ့ ယူကရိန်းအရှေ့ပိုင်း သို့မဟုတ် တောင်ပိုင်းက တပ်တွေကို ကွတ်ဒေသ စေလွှတ်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ကွတ်ဒ်ဒေသမှာ တိုက်ခို်ကဖို့ ပျံသန်းလာတဲ့ မောင်းသူမဲ့လေယာဉ် ၂၆ စင်းကို ကြားဖြတ်ဖျက်စီးနိုင်ခဲ့တယ်လို့ ရုရှားစစ်တပ်က ပြောပါတယ်။ ကွတ်ဒ်ဒေသရှိ နျူကလီးယားဓါတ်အားပေးစက်ရုံ အနီးမှာလည်း ဒုံးကျည် အစိတ်အပိုင်းတွေ ကျရောက်ခဲ့တယ်လို့ ရုရှားကပြောပါတယ်။ ယူကရိန်းတပ်တွေဟာ…

Read More