မတ် ၁၁၊ ၂၀၂၅ ZY(VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ၊ နောက်ဆုံးပါတ်ကနေစတင်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)က တပ်သားသစ်စုဆောင်းဖို့ ဖိအားပေးနေတာကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ အလုပ်ထွက်မှုတွေ ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ ကျေးသီးမြို့နယ်မှာ တပ်သားသစ် စုဆောင်းဖို့အတွက် မြို့နယ်ရှိ လူငယ်စာရင်းတွေကို ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေထံ ဖိအားပေး စာရင်းတောင်းခံလာမှုကြောင့် အချို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေက တာဝန်ကနေ နှုတ်ထွက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ “အခုထိဆိုရင် ထွက်စာတင်ထားတာ ငါးယောက်ရှိပြီ။ တချို့ကလည်း ထွက်ချင်နေကြပေမယ့် အခြေအနေ စောင့်ကြည့်နေတုန်းပဲ။ ဖိအား အရမ်းများတယ်လေ။ မဖြစ်မနေမလို့သာ အုပ်ချုပ်ရေးမှူးလုပ်နေကြတာ၊ နှစ်ဖက်စလုံးကို ကြောက်နေရတာဆိုတော့ အခုလိုနှုတ်ထွက်ကြတာ ထူးတော့မထူးဆန်းပါဘူး”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။ SSPPက လူငယ်များကို စစ်သားအဖြစ် တိုက်ရိုက်ခေါ်ယူခြင်းမရှိပေမယ့် တပ်သားသစ် စုဆောင်းဖို့အတွက် လူငယ်စာရင်းတွေကောက်ယူဖို့ ဖိအားပေးနေတဲ့အပြင်…
Read Moreဧည့်လာနည်းသွားတဲ့ ချောင်းသာကမ်းခြေ အနည်းငယ်ပြန်လည်စည်ကားလာ
Ms (VOM) မတ်၁၂၊၂၀၂၅ ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းက စစ်ရေးသတင်းတွေကြောင့် ခရီးသွားဧည့်သည်ဝင်ရောက်မှု မရှိသလောက်နည်းပါးသွားတဲ့ ချောင်းသာကမ်းခြေမှာယခုလကစတင်ပြီး အနည်းငယ်ပြန်လည်စည်ကားလာနေကြောင်း ဒေသခံများထံကသိရပါတယ်။ နှစ်စဉ်ပွင့်လင်းရာသီကာလမှာ ဧည့်သည်ဝင်ရောက်မှာအများဆုံးဖြစ်ခဲ့တဲ့ချောင်းသာကမ်းခြေမှာ ပြီးခဲ့တဲ့ဇန်နဝါရီ၂၁ရက်ကနေ ဖေဖော်ဝါရီလကုန်အထိ ခရီးသွားဧည့်သည် မရှိသလောက်ပြတ်လပ်ခဲ့တယ်လို့ဆိုပါတယ်။ ” အခုတော့ဧည့်သည်တွေပြန်ဝင်လာနေပါပြီ ။လက်ရှိတပေါင်းပွဲတော်ကာလ ပိတ်ရက်ရှည်အတွက်ဟိုတယ်၊ဘိုကင်ကြိုယူတာတွေလည်းရှိနေပါတယ်။ကမ်းခြေကအရင်ကလောက်အထိတော့ဧည့်သည်မများသေးပေမယ့် ပုံမှန်လာလည်တာတွေ အပန်းဖြေနေတာတွေတော့ရှိနေပါတယ်။ဧည့်သည်တွေပိုလာအောင်လည်း ဟိုတယ်နဲ့စားသောက်ဆိုင်တွေတချို့က ဈေးလျော့ပေးတာ၊discountပေးတဲ့ ပရိုမိုးရှင်းတွေ လုပ်တာတွေလည်းရှိနေတယ်။အရင်အချိန်ကဆို ချောင်းသာလိုနေရာက အခုလိုပရိုမိုးရှင်းတောင်လုပ်စရာမလိုပဲ စည်ကားခဲ့တာပါ”လို့ လတ်တလောချောင်းသာကမ်းခြေရဲ့ဧည့်ဝင်ရောက်မှုအခြေအနေနဲ့ပတ်သက်ပြီးဒေသခံတယောက်ကပြောပါတယ်။ ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်က ချောင်းသာနဲ့ရွှေသောင်ယံကမ်းခြေများအနီးမှာ ရှိတဲ့မကျီးဇင်နဲ့ဘောမိကျေးရွာတွေမှာ ပြီးခဲ့တဲ့ဇန်နဝါရီ၉ရက်ကAAနဲ့နစကတပ်တွေတိုက်ပွဲများဖြစ်ပွားခဲ့ကာ လေကြောင်းတိုက်ခိုက်မှုတွေလည်းရှိခဲ့တာကြောင့် ကမ်းခြေအနီးကကျေးရွာတွေစစ်ဘေးရှောင်ခဲ့ကြသလို ချောင်းသာကမ်းခြေကဟိုတယ်နဲ့တည်းခိုခန်းများပိတ်ထားခဲ့ရတဲ့အထိ ဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။ လက်ရှိမှာတော့ တိုက်ပွဲဖြစ်ခဲ့တဲ့ မကျီးဇင်နဲ့ဘောမိကျေးရွာတွေကလွဲပြီး ကျန်ရှိတဲ့အနီးနားကျေးရွာတွေဖြစ်တဲ့ရွှေသောင်ယံ၊ အုန်းချောင်း၊ ၀က်သေ၊ သဘော့ကန် စတဲ့ကျေးရွာများမှ ဒေသခံစစ်ဘေးရှောင်များလည်း နေရပ်ကိုပြန်လည်ဝင်ရောက်နေထိုင်ကြသလို ချောင်းသာကမ်းခြေက စီးပွားရေးလုပ်ငန်းတွေလည်းပြန်လည် လည်ပတ်လုပ်ကိုင်နေကြပြီလို့ဆိုပါတယ်။ ” ချောင်းသာပြန်သွားလို့ရပြီလားလို့ လမ်းခရီးအခြေအနေစုံစမ်းကြည့်တာ။စစ်ဆေးတာတော့ရှိပေမယ့်သွားလို့ရနေပြီလို့ပြောတယ်။ ချောင်းသာလမ်းပိုင်းကို ပြန်ချဲ့နေတာတွေလည်းအခုလုပ်နေတယ်လို့ ဟိုကပြန်လာသူတွေကပြောပါတယ်လို့ အားလပ်ရက်ရုံပိတ်ရက်မှာ ကမ်းခြေကိုခရီးထွက်ရန်စီစဉ်ထားသူတယောက်ကပြောပါတယ်။…
Read Moreရုရှားထုတ်ကားတွေ မြန်မာနိုင်ငံ တင်သွင်းမယ့် သတင်းထွက်နေပေမယ့် ကားစျေးကွက်အပေါ် သက်ရောက်မှုနည်း
မတ် ၁၂ – ၂ဝ၂၅ KKO(VOM) ရုရှားနိုင်ငံထုတ်ကားများ မြန်မာကို တင်သွင်းမယ်လို့ သတင်းတွေထွက်ပေါ်နေပြီး လက်ရှိ ပြည်တွင်းကားဈေးကွက်မှာတော့ ဒီကိစ္စကြောင့် သိသိသာသာ အပြောင်းအလဲမရှိသေးဘူးလို့ ရန်ကုန်ကားဈေး ကွက်အတွင်းကနေ စုံစမ်းသိရှိရပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က နစက ဥက္ကဌ ရဲ့ ရုရှားနဲ့ ဘီလာရုစ်နိုင်ငံခရီးစဥ်တွေအပြီးမှာ ရုရှားနိုင်ငံထုတ် ကားတွေကို ပြည်တွင်းသို့တင်သွင်းမယ်ဆိုတဲ့ သတင်းတွေဟာ ကားလောကအသိုင်းအဝိုင်းကြားမှာ ကျယ်ပြန့်စွာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒါအပြင် ဘီလာရုစ်နဲ့ မြန်မာနှစ်နိုင်ငံအကျိုးတူပူးပေါင်းပြီး EV လျှပ်စစ်ကားတွေကိုထုတ်လုပ်သွားမယ်ဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်နေတာဖြစ်ပါတယ်။ “ရုရှားနိုင်ငံထုတ်ကားတွေ တင်သွင်းမယ်ဆိုပေမယ့် ပြည်တွင်းကားဈေးကွက်ကို သူကထိခိုက်မှုမရှိနိုင်ဘူးလို့ ပြောလို့ရတယ်။အခုလက်ရှိ မူဝါဒလို ၂ဝ၂၄ -၂ဝ၂၅ မော်ဒယ်မြင့်ကားတွေပဲ သွင်းလာမယ်ဆိုရင် ပြည်တွင်းကားဈေးကွက်က သိသိသာသာ ပြောင်းလဲမှုဖြစ်မှာမဟုတ်ဘူး။မြေပြင်ဈေးကွက်ကို ထိခိုက်မှုမရှိနိုင်ဘူး။သိပ်တော့မထူးဘူး။ကားဈေးကျဖို့ ဆိုတာကလည်း အစိုးရရဲ့ကားနဲ့ ပတ်သက်တဲ့ မူဝါဒတွေ ထူထူးခြားခြား ပြောင်းလဲမှုဖြစ်မှပဲရမယ်။ဒါပေမဲ့ အစိုးရက သူတို့လည်း လုပ်စရာတွေကများ…
Read Moreဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ICC တရားရုံး ပို့ဆောင်
မနီလာ၊ မတ်-၁၂-၂၀၂၅ မျိုးဆက်(VOM) ဖိလစ်ပိုင်မှာ ပြုလုပ်တဲ့ မူးယစ်စစ်ပွဲအတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကြောင့် ICC က ဖမ်း၀ရမ်းထုတ်ပြီး အဖမ်းခံခဲ့ရတဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးကို နယ်သာလန်နိုင်ငံ သည်ဟိဂ်ရှိ တရားရုံးကို လေယာဉ်နဲ့ ပို့ဆောင်နေတယ်လို့ တာဝန်ရှိသူတွေ့ ပြောပါတယ်။ သမ္မတဟောင်း ဒူတာတေးဟာ ဟောင်ကောင်ကနေ မြို့တော်မနီလာလေဆိပ်ကို ရောက်ပြီးမကြာခင်မှာ ဖိလစ်ပိုင်ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာဖြစ်ပါတယ်။ ဖိလစ်ပိုင် လုပ်ဆောင်ရမယ့် တာဝန်၀တ္တရားတွေကို စတင်လုပ်ဆောင်နေပြီလို့ သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ပြောပါတယ်။ ဒူတာတေး သမ္မတာဝန်ယူချိန် မူးယစ်စစ်ပွဲအတွင်း ထောင်ပေါင်းများစွာသော မူးယစ်ရောင်းဝယ်သူများ၊ သုံးစွဲသူများနဲ့ သံသယရှိသူ ထောင်ပေါင်းများစွာ အစစ်အဆေး အမေးအမြန်းမရှိ သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲံခံထားရပါတယ်။ ဒူတာတေးကို ဖမ်းဆီးနိုင်ရေးအတွက် နိုင်ငံတကာရဲတပ်ဖွဲ့က ဖိလစ်ပိုင်ကို အကူအညီတောင်းခဲ့တာလို့ သမ္မတ မားကို့စ်ဂျူနီယာက ဆိုပါတယ်။ ဖခင်နဲ့အတူ ICC လိုက်မယ်လို့…
Read Moreမတ္တရာတိုက်ပွဲ ဆက်လက် ပြင်းထန်နေ
မတ် ၁၂ – ၂၀၂၅ SS (VOM) မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင် တပ်တွေကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လက်ရှိမှာ မတ္တရာမြို့ (အရှေ့ခြမ်း) အပြင် မြို့အနောက်တောင်ဘက်က ဘိုကုန်း၊ ထန်းပင်ကုန်းနဲ့ ကျောက်တံတားရွာတို့မှာ တိုက်ပွဲတွေရှိနေပြီး နစက က လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ကာ ပြန်လည် ခုခံနေတယ်လို့ သိရပါတယ်။ “မနေ့ကလည်း မတ္တရာမြို့ (အရှေ့ခြမ်း)၊ သဖန်းကိုင်းရွာ စာသင်ကျောင်းနဲ့ ရွာအနီးဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်တယ်။ တယောက် မစိုးရိမ်ရ ဒဏ်ရာရတယ်။ စာသင်ကျောင်းရဲ့ တောင်ဘက် အုတ်တံတိုင်းလည်း ပြိုကျသွားတယ်။ အုတ်တံတိုင်းရဲ့ တောင်ဘက် ကပ်လျက်က လက်ဖက်ရည်ဆိုင်လည်း ပျက်စီးတယ်။ နောက်ပြီး စာသင်ကျောင်း အရှေ့မြောက်ဘက်က အဆောက်အအုံတလုံးလည်း ပျက်စီးတယ်” လို့…
Read Moreတာချီလိတ်မြို့ပေါ်မှာ ရပ်ကွက်ရုံးအနီး သေနတ်ပြ လုယက်မှုဖြစ်ပွား
မတ် ၁၂၊ ၂၀၂၅ ZY(VOM) ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးမှာ ဒီကနေ့ မတ်လ ၁၂ရက်၊ မနက်ပိုင်းအချိန်က အမျိုးသမီးတယောက် သေနတ်ပြလုယက်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်အောင်မြေရပ်ကွက်ရုံးအနီးရှိ ခေါက်ဆွဲခပ်ဆိုင်မှာ ခေါက်ဆွဲစားနေတဲ့ အမျိုးသမီးကို Crown အမျိုးအစား အနက်ရောင်ကားနဲ့ အမျိုးသား လေးယောက် ရောက်ရှိလာပြီး နှစ်ယောက်က ကားပေါ်မှာ ကျန်နေခဲ့ကာ နှစ်ယောက်က ကားပေါ်မှ ဆင်းလာကာ ဓားပြတိုက်သွားတာဖြစ်တယ်လို့ သိရပါတယ်။ “မနက် ၉နာရီခွဲလောက်တုန်းက ပါလျှံ-၂က ရပ်ကွက်ရုံးနားမှာပဲ ဖြစ်သွားတာ။ သေနတ်ထုတ်ပြပြီးတော့ ပါတာအကုန်ယူသွားတာ။ သေနတ်ပါနေတော့ ဆိုင်ရှင်ကော၊ ဓားပြတိုက်ခံရတဲ့သူကော အော်လည်း မအော်ရဲ၊ ဘာမှလည်း ပြန်မလုပ်ရဲဘူးလေ။ သေနတ်ကတော့ ပစ္စတိုလို့ ပြောတယ်”လို့ ဒေသခံတယောက်က VOMကို ပြောပါတယ်။ အခင်းဖြစ်ရာနေရာဟာ မြို့တွင်းမှာဖြစ်သလို လူသွားလူလာမပြတ်တဲ့ နေရာဖြစ်ပြီး လုယက်သူတွေဟာ အဲဒီအမျိုးသမီးထံကနေ…
Read Moreဗန်းမော်မှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး လိုင်ဇာအနီး အသေခံဒရုန်းနဲ့ ဗုံးကြဲ
မတ် ၁၂၊ ၂၀၂၅ Shy V (VOM) ဗန်းမော်မှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး လိုင်ဇာအနီးဘက်လည်း မတ်လ ၁၂ ရက်နေ့ မနက် အစောပိုင်း အသေခံ ဒရုန်းနဲ့ ဗုံးလာကြဲခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လိုင်ဇာက အသေခံ ဒရုန်း တစင်းလာကျတယ်။ တောင်ပေါ်တက်သွားတဲ့လမ်း အပေါ်ဘက်ကျတာ။ အထိအခိုက်တော့ မရှိဘူး။ ဗန်းမော်ဘက် တိုက်ပွဲ ပြင်းထန်လို့ ထင်တယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ကနေ့ မတ်လ ၁၂ ရက်နေ့ မနက် ၁ နာရီ ၄၀ မိနစ်ခန့်က လိုင်ဇာအနီး အသေခံ ဒရုန်း တစင်း သစ်ပင်ပေါ် လာကျတာဖြစ်ပြီး အဲဒီနားနဲ့ နီးတဲ့ ဒေသခံ တယောက်ရဲ့ နေအိမ် မှန်တွေကွဲကုန်တယ်၊ လူ အထိအခိုက်…
Read Moreသံမဏိနဲ့ အလူမီနီယံကို အမေရိကန်အခွန်ကောက်ခံမှု ဥရောပသမဂ္ဂ ချက်ချင်းတုံ့ပြန်
ဝါရှင်တန်၊ မတ်-၁၂-၂၀၂၅ ရတီ(VOM) အမေရိကန်ကို တင်သွင်းလာတဲ့ သံမဏိနဲ့ အလူမီနီယံတွေအပေါ် သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အခွန်ကောက်ခံမှု အမိန့်ဟာ ဒီကနေ့မှ စတင်သက်ဝင်ခဲ့ပြီး ဥရောပသမဂ္ဂကတော့ ဒီကိစ္စအပေါ် ချက်ချင်း လက်တုံ့ပြန်လိုက်ပါတယ်။ ဒေါ်နယ်ထရန့်ဟာ အမေရိကန်ကို တင်သွင်းလာတဲ့ သံမဏိနဲ့အလူမီနီယံတွေကို အခွန် ၂၅ ရာခို်ငနှုန်း ကောက်ခံပြီး နိုင်ငံအားလုံး အခွန်ကင်းလွတ်ခွင့် အဆုံးသတ်ခဲ့ပါတယ်။ ဥရောပသမဂ္ဂကတော့ ဒေါ်လာ ၂၈ ဒဿမ ၃ ဘီလီယံဖိုးရှိ အမေရိကန်ကုပစ္စည်းတွေအပေါ် တန်ပြန်အခွန်စည်းကြပ်မယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုဟာ နိုင်ငံတွင်း သံမဏိနဲ့ အလူမီနီယံထုတ်လုပ်မှုကို မြှင့်တင်နိုင်မယ်လို့ မျှော်လင့်ရပေမယ့်လည်း အမေရိကန် စားသုံးသူတွေအတွက် စျေးနှုန်းမြင့်တက်ပြီး စီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေမယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ ဒေါ်နယ်ထရန့်ဟာ ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အခွန် ၂၅ ရာခိုင်နှု်နးနဲ့ တရုတ်ကုပစ္စည်းတွေအပေါ် အခွန် ၂၀…
Read Moreကြို့ပင်ကောက်မှာ ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးတယောက် အသတ်ခံရ
မတ် ၁၂ -၂၀၂၅ GG (VOM) ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့က “နန်းဝတီ “ရွှေဆိုင်ပိုင်ရှင်အမျိုးသမီး သေနတ်နဲ့ပစ်သတ်ခံခဲ့ရမှု ဒီနေ့ မတ် ၁၂ ရက်နေ့မနက်ပိုင်းကဖြစ်ပွားခဲ့ တယ်လို့သိရပါတယ်။ ဖြစ်စဥ်မှာ ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးက ရွှေဆိုင်မှာရှိနေစဥ် ဒေသတွင်းလက်နက်ကိုင်အဖွဲ့တဖွဲ့က လာရောက်ပစ်ခတ်သွားတာဖြစ်တယ်လို့သိရပါတယ်။ “ရွှေဆိုင်က မြို့မစျေးမှာဖွင့်ထားတဲ့ဆိုင်ဆိုတော့ လူစည်တဲ့နေရာပဲလေ။ပစ်ခံရတဲ့ပိုင်ရှင်အမျိုးသမီးကတော့ သေသွားပြီ ။ရွှေတွေဘာညာယူသွားသလား ဘာညာတော့မသိဘူး။ရွှေဆိုင်မှာCCTV ရှိတယ်ဆိုတော့စစ်ကြည့်ရင်သိရမှာပါ။သေနတ်နဲ့ပစ်တဲ့အချိန် သူ့ ယောကျ်ားမရှိတာကံကောင်းသွားတယ်ပြောရမယ်။” လို့ ဒေသခံကပြောပါတယ်။ အသတ်ခံရတဲ့သူက ရွှေဆိုင် ပိုင်ရှင်အမျိုးသမီး မသီရိစံဆိုသူဖြစ်ကြောင်းနဲ့အဆိုပါအမျိုးသမီးကို ပဲခူးရိုးမအခြေပြု BTZM GBK-PDF တပ်ဖွဲ့ကကသူတို့ပစ်ခတ်ခဲ့တာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပြီး ပစ္စည်းတွေနဲ့ပတ်သက်လို့ သိမ်းဆည်းခဲ့တာမျိုးမလုပ်ခဲ့ဘူးလို့ ရေးသားထားတာတွေ့ရပါတယ်။ အဆိုပါ ရွှေဆိုင် ပိုင်ရှင်လင်မယားက ပျူစေားထီးအဖွဲ့ဝင်ဖြစ်တဲ့အပြင် ပြည်သူတွေယုံကြည်မှုနဲ့ အပ်နှံထားတဲ့စပါးကိုလည်း အလွဲသုံးစားလုပ်သလို အပ်နှံထားတဲ့စပါးကိုပြန်လည်တောင်းယူသူတွေကို ဖမ်းဆီးခိုင်းတာကြောင့်လို့ အဆိုပါ PDF အဖွဲ့က ထုတ်ပြန်မှုအရသိရပါတယ်။ မတ်လ ၈ ရက်နေ့ကလည်း ကြို့ပင်ကောက်မြို့နယ်၊…
Read MoreTNLA က ထိန်းချုပ်နယ်မြေတွေမှာ စစ်သားစုဆောင်းရေးတွေ လုပ်ဆောင်လာ
မတ် ၁၁၊ ၂၀၂၅ Shy V (VOM) TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့မှာ TNLA ဘက်က စစ်သားစုဆောင်းလာကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ခုက လူတိုင်း ပလောင်လူမျိုးမှ မဟုတ်ဘူး။ တအိမ် တယောက်တဲ့။ မြို့စောင့် တပ် ပုံစံ ဟုတ်တယ်။” လို့ မိုးကုတ်ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ အသေးစိတ် အစီအစဉ်တွေကိုဝောာ့ သေချာမသိရသေးဘူးလို့ သူက ကပြာပါတယ်။ မိုးကုတ်မြို့ထဲ TNLA တပ်ဖွဲ့က အသက် ၁၈ ကနေ ၄၅ နှစ် အတွင်း အမျိုးသားတိုင်း မြို့စောင့်တပ်အနေနဲ့ စစ်မှုထမ်းရမယ် ဆိုပြီးကျေးရွာ ဥက္ကဌတွေနဲ့ အစည်းဝေးခေါ် ပြောကာ စစ်မှုထမ်းကောက်လာေနတာကြောင့် ဒေသခံတချို့ကတော့ ကန့်ကွက်စာတွေ တင်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် TNLA ထိန်းချုပ်ထားတဲ့…
Read More