ကုသခံလိုသူများလို့ သီပေါ သီတဂူ မျက်စိအခမဲ့ ကုသမှုအစီအစဉ်ကို နှစ်ရက်စောပြီး ဖွင့်လှစ်

ဇန်နဝါရီ ၂၇၊ ၂၀၂၅ NN(VOM) ကုသခံလိုသူတွေ များလာတာကြောင့် သီပေါမြို့ သီတဂူစက္ခုဒါန မျက်စိ ဆေးရုံက ၅၅ ကြိမ်မြောက် အခမဲ့မျက်စိကုသမှုအစီအစဉ်ကို မူလသတ်မှတ်ထားတဲ့ ရက်ထက် နှစ်ရက်စောပြီး စတင်လိုက်ရတယ်လို့ ဆေးရုံတာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ မူလက ဒီအစီအစဉ်ကို ဒီလ ၂၈ ရက်နေ့မှာ စတင်ဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကုသရက် မတိုင်ခင်မှာပဲ မျက်စိကုသချင်သူတွေ ကြိုတင်လာ ရောက်စောင့်နေကြတာကြောင့် ဇန်နဝါရီလ ၂၆ ရက်နေ့ကတည်းက ကုသမှု တွေကို စတင်လိုက်ရတယ်လို့ သီပေါမြို့ သီတဂူမျက်စိဆေးရုံ ဦးဆောင်နေတဲ့ သီပေါ မဟာမုနိဘုရားကြီးကျောင်းတိုက် ဆရာတော် ဥူးပညာသီရိက မိန့်ကြားပါ တယ်။ “အေးလည်း အေးနေပြီး လူတွေကလည်း လာအိပ်စောင့်နေကြပြီဆိုတော့ ခွဲစိတ်ပေးမယ့် ဆရာဝန် အင်အားလည်း ပြည့်နေတယ်။ ဒါကြောင့် မနေ့ကပဲ စလိုက်တာပါ။ မနေ့က…

Read More

နီပါဗိုင်းရပ်စ် မြန်မာနိုင်ငံမှာ ကူးစက်မှု မရှိသေးပေမယ့် ရောဂါသယ်ဆောင်တဲ့ လင်းနို့တွေ ရှိတာကြောင့် ရောဂါဖြစ်ပါက ကာကွယ်ထိန်းချုပ်နိုင်ဖို့ စီစဥ်နေ

ဇန်ဝါရီ ၂၇ ၊ ၂၀၂၆ GG (VOM) နီပါဗိုင်းရပ်စ် Nipah virus က လက်ရှိ မြန်မာနိုင်ငံမှာ ကူးစက်ဖြစ်ပွား​ခြင်း မရှိသေးပေမယ့် Nipah virus သယ်ဆောင်တဲ့ လင်းနို့က ဒေသတွင်း ကျက်စားမှု ရှိတဲ့အတွက် ရောဂါကူးစက်ဖြစ်ပွားမှုရှိပါက အချိန်နဲ့ တပြေးညီ ကာကွယ်ထိန်းချုပ်နိုင်ဖို့ အတွက် စီစဥ် ဆောင်ရွက်နေတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒါကြောင့် လက်ရှိမှာ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနဲ့ နယ်စပ်ဝင်ထွက်ဂိတ်တွေမှာ သံသယ ရောဂါလက္ခဏာရှိမရှိကို စောင့်ကြပ်ကြည့်ရှုဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ဒါအပြင် ဖျားနာခြင်း ၊ စိတ်အခြေအနေ ပြောင်းလဲခြင်း (စိတ်ရှုပ်ထွေးခြင်း၊ သတိလွတ်ခြင်း၊ သတိလစ်ခြင်း၊ စကားမပြောနိုင်ခြင်း) နဲ့ အဖျားကြီးခြင်းကြောင့် မဟုတ်ဘဲ တက်ခြင်း အစရှိတဲ့ လတ်တလော ဦးနှောက်​ယောင်ခြင်း…

Read More

ဇီဝက အထွေထွေရောဂါကုဆေးရုံကြီး မန္တလေးမှာ ဖွင့်လှစ်

မန္တလေး၊ ဇန်နဝါရီ- ၂၃- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၁၀၁ လမ်း ( သိပ္ပံလမ်း ) နဲ့ ၅၇ လမ်းထောင့်မှာ ဆုလာဘ်ကျန်းမာကုမ္ပဏီ (Blissful Health Co.,Ltd)ရဲ့ ဇီဝက အထွေ ထွေရောဂါ အထူးကု ဆေးရုံကြီး ကိုဖွင့်လှစ်ထားပါတယ်။ ဇီဝက အထွေထွေရောဂါ အထူးကုဆေးရုံကြီး ဖွင့်ပွဲကို လာမယ့် ဇန်နဝါရီ ၂၇ ရက်နေ့ မှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး ဆေးကုသမှုနဲ့ ခွဲစိပ်မှုတွေကိုတော့ ဇန်နဝါရီ လ ဒုတိယပတ် ကတည်းက လက်ခံကုသပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ “ဇီဝက အထွေထွေရောဂါ အထူးကု ဆေးရုံကြီးကို ဆရာဝန်ကြီးများ၊ ကျွမ်းကျင်ပညာရှင်များ ၊ဆေးလောကအတွေ့အကြုံ ကောင်းမွန်စွာ ရှိတဲ့သူတွေ စုစည်းပြီး တည်ထောင်ထားတာဖြစ်ပါတယ် ” လို့ ဆေးရုံကြီးရဲ့ တာဝန်ရှိသူ တဦးကပြောပါတယ်။…

Read More

သွေးလွန်တုပ်ကွေး ဒုတိယအကြိမ် ထပ်ဖြစ်ပါက ပြင်းထန်အဆင့် ရောက်နိုင်တဲ့အတွက် ဂရုပြုဖို့ လို

စက်တင်ဘာ ၁၃ – ၂၀၂၅ SN (VOM) သွေးလွန်တုပ်ကွေးရောဂါ ဒုတိယအကြိမ် ထပ်ဖြစ်ပါက ပြင်းထန် သွေးလွန်တုပ်ကွေးအဆင့် ရောက်ရှိနိုင်တဲ့အတွက် အထူး ဂရုပြုဖို့ လိုအပ်တယ်လို့ ဆေးပညာနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို အသိပညာပေးမှုတွေ ပြုလုပ်နေတဲ့ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။ “သွေးလွန်တုပ်ကွေး ပထမတကြိမ် ဖြစ်ထားပြီးတဲ့ ကလေးသူငယ်တွေ နောက်တကြိမ် ထပ်ဖြစ်တယ်ဆိုရင် အသက်အန္တရာယ်အထိ ရှိနိုင်တယ်။ သေချာလေး ဂရုစိုက်ရမယ်။ ပြင်းထန် သွေးလွန်တုပ်ကွေးအဆင့်ကို ရောက်နိုင်တယ်။ ခု‌နောက်ပိုင်းက ဖျားရင်လည်း တခါဖျားပြီး နောက်တခါထပ်ဖြစ်တဲ့ လူနာတွေ အတော်များများ တွေ့လာရတယ်။ ဒီရောဂါ အဖြစ်များတဲ့လကတော့ မေ၊ ဇွန်၊ ဇူလိုင် သုံးလပေါ့။ သွေးလွန်တုပ်ကွေးမှန်း သိရင်တော့ ချက်ချင်း ဆေးရုံတက် ကုရင်တော့ အကောင်းဆုံးပါ” လို့ သူက ပြောပါတယ်။ အဆိုပါရောဂါဟာ…

Read More

မူဆယ်မြို့နယ်မှာ ARTဆေး ပြတ်လပ်လို့ အခက်အခဲ ဖြစ်နေ

မတ် ၁၄၊ ၂၀၂၅ Shy V VOM ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်မှာ HIV ပိုး ထိန်းချုပ်တဲ့ ART (Antiretroviral Therapy) ဆေးပြတ်လပ်လို့ အခက်အခဲ ဖြစ်နေရကြောင်း HIV/AIDS နဲ့အတူနေထိုင်သူတွေ ဆီက သိရပါတယ်။ “မူဆယ်မှာ ART ဆေး မရတာ ကြာပြီ။ တောင်ကြီးမှာ သွားယူရတာ ၂ ခေါက်ရှိပြီ။ လမ်းခရီးလည်း အရမ်းခက်ခဲ၊ ငွေလည်း ခက်ခဲလို့ ၆ လ စာ အတွက် ဆေး ပေးလိုက်ဖို့ ညှိကြည့်တယ်။ မရဘူး။ အဲလို ပေးလိုက်ရင် တခြား လူတွေ အတွက် ဆေးတောင် မရှိတာ့ဘူးလို့ ပြောလာတယ်။ ရှမ်းမြောက် နီးတဲ့ နေရာတွေမှာ ညှိယူလို့ရလား ဆိုတော့ နိုင်ငံရေး အခြေအနေ မသိထားတော့ ခက်တယ်လို့…

Read More

ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ

ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက စစ်ရှောင် ဒေသခံပြည်သူ ၃၀၀၀ လောက်အထိ အရေပြားရောဂါ ဆိုးရွားစွာကူးစက်ခံနေရပြီး ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေ ဆီကသိရပါတယ်။ အရေပြားရောဂါကူးစက်ခံထားရတဲ့အထဲမှာ ကလေးငယ်တွေက ပိုများပြီး လူဦးရေ၂၀၀၀ လောက်ရှိကြောင်း ၊ ဆေးဝါးမလုံလောက်မှုတွေကြောင့် ရောဂါဖြစ်ပွားမှုနူန်းကလည်း အချိန်တိုအတွင်းမှာ လူထောင်ချီတဲ့အထိ ဖြစ်ပွားလာတာဖြစ်တယ်လို့သိရပါတယ်။ “အခုစစ်ပွဲတွေဖြစ်ပြီးနောက်ပိုင်းမှဖြစ်တာကိုအခုပွားလာတာပေါ့။စစ်ရှောင်ရင်းနဲ့ဖြစ်ကြတာ။ခုလောလောဆယ်ဖြစ်နေတဲ့လူနာက ၃၀၀၀ လောက်ရှိပါတယ်။ရွာတွေက အကုန်လိုလိုပါပဲ။ စစ်ရှောင်နေတဲ့ရွာတွေမှာ။ လူကြီးကလေးအကုန်ဖြစ်တာကို ကလေးတွေမှာပိုဆိုးတာပေါ့။ ” လို့ အရေပြားရောဂါ ခံစားနေရတဲ့ပြည်သူတွေကို အကူအညီပေးနေသူတယောက်ကပြောပါတယ်။ လက်ရှိ ဂွမြို့နယ်ကို AA ကထိန်းချုပ်ထားတာဖြစ်တဲ့အတွက် နစကဘက်မှလည်း ေဝါးပစ္စည်းတွေသယ်ယူခွင့်ကန့်သတ်ထားတာကြောင့် ဂွမြို့နယ် အတွင်း ဆေးဝါးဝယ်ယူရခက်ခြင်း၊ဆေးဝါးစျေးနူန်းတွေအဆမတန်မြင့်ခြင်း၊ ဆေးဝါးဝယ်ယူဖို့ငွေကြေးအင်းအားလိုအပ်ချက်ရှိခြင်း စတဲ့အခက်အခဲတွေကြောင့် အရေပြားရောဂါ ကုသဖို့အတွက်ဆေးဝါးတွေမလုံလောက်မှုဖြစ်ပေါ်နေရပါတယ်။ ဒါကြောင့် စစ်ဘေးရှောင် အရေးကူညီဆောင်ရွက်နေသူတွေက အရေပြားရောဂါ ခံစားနေရသူတွေအတွက်…

Read More

မြောင်းမြမှာ မိသားစုလိုက် အစာအဆိပ်သင့် ကလေးငယ်သေဆုံး

ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ဧရာဝတီတိုင်း၊မြောင်းမြမြို့နယ်၊နာနတ်တောင်ရွာမှာ မိသားစုလိုက်အစာအဆိပ်သင့်ပြီး ကလေးငယ် သေဆုံးကာ ကျန်မိသားစုသုံး​ယောက်က ဆေးကုသမှုခံယူနေရဆဲဖြစ်တယ်လို့သိရပါတယ်။ မနေ့က ဖေဖော်ဝါရီ ၄ ရက်နေ့ညပိုင်းမှာ ငါးပူတင်းဟင်းချက်စားပြီးနောက် ကလေးငယ်နှစ်ယောက်အပါအဝင် မိသားစုလေးယောက်လုံး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တာမှာ အချိန်မီဆေးရုံသွားရောက်နိုင်ခြင်းမရှိခဲ့တာကြောင့် အသက် ၅ နှစ်အရွယ်ကလေးငယ် သေဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ အစာအဆိပ်သင့်မှုကြောင့် လက်ရှိဆေးကုသနေရသူတွေထဲမှာ အဖေဖြစ်သူနဲ့ အသက်နှစ်နှစ်အရွယ်ကလေးငယ်တို့ကလည်း အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ သိရပါတယ်။ ” မနေ့ညကတည်းက မိသားစုလိုက်အစာအဆိပ်သင့်တာကို ခုမနက်၇နာရီမှဘုန်းဘုန်းတို့ဆီအကြောင်းကြားတာ။ မိသားစုလိုက်ဖြစ်တာဆိုတော့ဘယ်သူမှအသိမပေးနိုင်ဘူး။ ပတ်ဝန်းကျင်ကအသိပေးမှဘုန်းဘုန်းတို့သိရတာ။ အချိန်မီမဆက်သွယ်နိုင်တဲ့အကျိုးကြောင့် ခုလိုအသက်သေတဲ့အထိဖြစ်ရတယ်လို့ယူဆတယ်။ သူတို့ရွာကလည်းဖွံ့ဖြိုးမှုအားနည်းတဲ့ရွာပါ။ တောလမ်းတွေကသွားလာရတယ်။ အခုအစာအဆိပ်သင့်တဲအထဲမှာ ၅နှစ်ကလေးကဆုံးသွားပြီ။ အဖေနဲ့ ကျန်တဲ့ကလေးလေးကလည်း ကသတိရတချက်မရတချက်။ အမေဖြစ်သူပဲကောင်းကောင်းသတိရတယ်။” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ အေးမြ ​ဖြူစင်ဇီဝိတဒါနသွေးလှူရှင်အသင်းမှ တာဝန်ရှိသူဆရာတော်အရှင်ဝဏ္ဍသီရိက မိန့်ပါတယ်။ လက်ရှိမှာတော့ အစာအဆိပ်သင့်မှုဒဏ်ခံစားနေရတဲ့ မိသားစုဝင်သုံးယောက်လုံးကို မြောင်းမြ ဆေးရုံမှာ ဆေးဝါးကုသမှုပေးနေတယ်လို့သိရပါတယ်။ ၂၀၂၄…

Read More

တောင်ကြီးမြို့နယ်ရောက် ကယားစစ်ရှောင်တွေ ဝမ်းပျက်ဝမ်းလျှောနဲ့ အော့အန်မှုတွေ ဖြစ်ပွားနေ

ZY(V0M) ဇန်နဝါရီ ၁၈၊ ၂၀၂၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ကို လာရောက်တိမ်းရှောင်နေကြတဲ့ ကယားပြည်နယ်က စစ်ဘေးရှောင်တွေဟာ လက်ရှိအချိန်မှာ ဆောင်းရာသီ အအေးဒဏ်တွေကြောင့် အသက်အရွယ်မရွေး ဝမ်းပျက်ဝမ်းလျှောနဲ့ အော့အန်တာတွေ ဖြစ်ပွားနေကြတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေ ထံကနေ သိရပါတယ်။ ကယားပြည်နယ်၊ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်တွေကနေ တောင်ကြီးမြို့နယ်ကို လာရောက်ခိုလှုံနေတဲ့ စစ်ဘေးရှောင်လူဦးရေ ၄၀၀ ကျော် ကျန်ရှိနေသေးပြီး စစ်ဘေးရှောင်ဦးရေ ၅၀ကျော်ဟာ အခု ဇန်နဝါရီလ၊ ပထမပါတ်ကစတင်ပြီး အအေးဒဏ်တွေကြောင့် အသက်အရွယ်မရွေး ဝမ်းပျက်ဝမ်းလျှောနဲ့ အော့အန်တာတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ “တော်တော်များများကတော့ ပြန်ကုန်ကြပြီ။ အရင်ကဆို လူဦးရေ ၃၀၀၀ကျော်ရှိတာ၊ အခုက ၄၀၀ကျော်ပဲ ကျန်တော့တယ်။ လေက အရမ်းတိုက်ပြီး နှင်းတွေလည်းကျ၊ အရမ်းအေးတဲ့အခါကြတော့ အခုလိုတွေ ဖြစ်နေကြတာ။ စောင်၊ အနွေးထည်တွေမရှိတဲ့အပြင် အမိုးအကာ မလုံခြုံတဲ့နေရာမှာ နေထိုင်ကြရတာလည်း ပါတာပေါ့”လို့…

Read More

ကာကွယ်ဆေး မထိုးရသေးသူနဲ့ အကြိမ်ပြည့်မထိုးရသေးတဲ့ ကလေးငယ်တွေကို Big Catch up ကာကွယ်ဆေးထိုး အစီအစဉ် စတင်မယ်

ဇန်နဝါရီ ၁၇ – ၂၀၂၄ GG (VOM) အသက် ၁ နှစ်မှ ၅ နှစ်အတွင်းကလေးငယ်တွေထဲအကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးတကြိမ်မှ မထိုးရသေးတဲ့ကလေးတွေနဲ့ ကာကွယ်ဆေးအကြိမ်ပြည့်မထိုးရသေးတဲ့ ကလေးတွေကို Big Catch-up လို့ခေါ်တဲ့ ကာကွယ်ဆေးထိုးအစီအစဉ်နဲ့ ကာကွယ်ဆေးထိုးနှံခြင်းကို အခုဇန်နဝါရီလထဲမှာ တနိုင်ငံလုံးစတင်လုပ်ဆောင် ပေးတော့မှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သိရ ပါတယ်။ ထိုးနှံပေးမယ့်ကာကွယ်ဆေးတွေက ငါးမျိုးစပ်ကာကွယ်ဆေး ၊ ဝက်သက် – ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ပိုလီရိုရောဂါကာကွယ်ဆေးတွေကို ထိုးနှံခြင်း၊တိုက်ကျွေးခြင်း ပြုလုပ်ပေးမှာဖြစ်တယ်လို့သိရပါတယ်။ ” ထိုးနှံပေးမယ့်ရက်တွေကတော့ သူ့နေရာဒေသအလိုက်တူမှာ မဟုတ်ဘူး။ဘီးလင်းမှာတော့သုံးကြိမ်ခွဲပြီးကာကွယ်ဆေးတွေထိုးပေးမှာပါ။တကြိမ်ကို ၇ ရက်စီ သတ်မှတ်ပြီးထိုးနှံပေးမှာပါ။ကိုယ့်သက်ဆိုင်ရာ ကာကွယ်ဆေးစုရပ်မှာထိုးလို့ရမယ်။ကိုယ်မထိုးရသေးရင် ကိုယ်နဲ့နီးစပ်ရာကျန်းမာရေးဌာနကိုဆက်သွယ်ထိုးကြပါ။” လို့ ဘီးလင်းမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းကပြောပါတယ်။ စစ်ဘေးရှောင်နေရတဲ့အတွက် ကာကွယ်ဆေး အကြိမ်ပြည့်မထိုးနှံရသေးတဲ့ ကလေးတွေနဲ့ကာကွယ်ဆေး တကြိမ်မှမထိုးရသေးတဲ့ကလေးငယ်တွေ အတွက်လည်း မိခင်တွေအနေနဲ့ လက်ရှိစစ်ရှောင်ရောက်ရှိနေတဲ့ ေနရာဒေသရှိ ကျန်းမာရေးဌာန၊ဆေးရုံတွေ၊ နီးစပ်ရာနေရာဒေသရှိအုပ်ချုပ်ရေးပိုင်း ကို ဆက်သွယ်ပြီး ကာကွယ်ဆေးထိုးနှံနိုင်တယ်လို့သိရပါတယ်။…

Read More

လှိုင်သာယာမှာ ဝမ်းပျက်ဝမ်းလျှောကြောင့် လူသေဆုံးမှုများလာ

စက်တင်ဘာ ၂ – ၂၀၂၄SN (VOM)ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာ ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် သေဆုံးမှုတွေ များလာပြီး တအိမ်တည်းမှာတင် သေဆုံးသူ သုံးယောက်အထိ ရှိလာတယ်လို့ ရပ်ကွက်တွင်း နေထိုင်သူတွေဆီက သိရပါတယ်။ဝမ်းပျက်ဝမ်းလျှောကြောင့် သေဆုံးမှုနှုန်းဟာ အခုရက်ပိုင်းအတွင်းမှာတင်ပဲ မြင့်တက်လာတာဖြစ်ပြီး အရှေ့ဗဒံ၊ ပင်လုံဈေး၊ ရိုးကြီး၊ ရိုးလေးဘက်တွေမှာ အဖြစ်များနေကာ သေဆုံးသူ အယောက်၂၀ ကျော်လောက် ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။“တချို့မြို့နယ်တွေက ဝမ်းပျက်ဝမ်းလျှောနဲ့ ပတ်သတ်ပြီး လိုက်ကြေညာတယ်။ အခုထိတော့ ကျွန်တော်တို့ဘက်မှာတော့ ဘာမှ မကြေညာသေးဘူး။ အခုရက်ပိုင်းလေးတွေပဲ သေတာ အယောက် ၂၀ လောက်ကျော်သွားတာ။ တော်တော်မြန်တယ်။ နာရေးဆိုလို့ ကြည့်လိုက်ရင် ဝမ်းပျက်ဝမ်းလျှောကြောင့်ပဲ။ ပင်လုံစျေး၊ ရိုးကြီး၊ ရိုးလေးဘက်မှာ ပိုများတယ်။ တအိမ်တည်း သုံးယောက် တပြိုင်တည်း ဆုံးသွားတာကလည်း ကျွန်တော်တို့အိမ်နဲ့ မလှမ်းမကမ်းလေးတင်ပဲ” လို့ ရိုးကြီးရပ်ကွက်အတွင်း နေထိုင်သူတယောက်က ပြောပါတယ်။ပြင်းထန်…

Read More
VOM News

FREE
VIEW