မြန်မာ့ရိုးရာ အတာသင်္ကြန်အတွက် မန္တလေးမှာ ဘာတွေပြင်ဆင်ထားလဲ၊ ယာဥ်အပ်နှံခ သတ်မှတ်နှုန်းထားထက် ပိုကောက်ခံလို့ တိုင်ကြားသူရှိရင် အရေးယူမယ်

မန္တလေး၊ ဧပြီ – ၁၁- ၂၀၂၆ SA(VOM) မကြာခင် ကျရောက်မယ့် မြန်မာ့ရိုးရာအတာသင်္ကြန် အတွက် မန္တလေးမြို့က ရိုးရာယဥ်ကျေးမှုတွေနဲ့အညီ အောင်မြေသာစံမြို့နယ်မှာရှိတဲ့ မန္တလေးနန်းတော် ကျုံးနဘေးပတ်လည်မှာ လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့ စီစဥ်နေတာကို တွေ့ရပါတယ်။ လာမယ့် ဧပြီ ၁၃ ရက်နေ့ညနေ ၅ နာရီမှာ ၂၆ လမ်း ၇၁ လမ်းနဲ့ ၇၂ လမ်းကြားမှာရှိတဲ့ မန္တလေးမြို့တော်ဝန်မဏ္ဍပ်မှာ ဖွင့်ပွဲအခမ်းအနားကို ခမ်းနားထည်ဝါစွာ ကျင်းပဖို့ စီစဥ်ထားတယ်ဆိုတဲ့အကြောင်းကိုလည်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် က ပြောပါတယ်။ ၂၆ လမ်းနဲ့ ၆၆လမ်း ကိုတော့ မော်တော်ယာဥ်တွေကို လုံးဝပေးဝင်မှာ မဟုတ်ပဲ လမ်း ၈၀ နဲ့ ၁၂ လမ်းမှာ ဘေးတွေမှာ နေအိမ်တွေရှိတာကြောင့် ကျုံအတွင်းလမ်းကို အသုံးပြုခွင့်မပေးပေမယ့် အပြင်လမ်း ကိုတော့…

Read More

စက်သုံးဆီ ​ချွေတာတဲ့အနေနဲ့ မန္တ​လေးတိုင်း သင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်အဖြစ် ကျင်းပမယ်

မန္တလေး၊ မတ်- ၂၆- ၂၀၂၆ VOICE OF MYANMAR စက်သုံးဆီကို ​​ချွေတာတဲ့အနေနဲ့ လာမယ့် ၂၀၂၆ ခုနှစ်မှာ ကျင်းပမယ့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်အတွက် မန္တလေးတိုင်းအတွင်းမှာ လမ်းလျှောက်သင်္ကြန်ကို ဦးစားပေးကျင်းပသွားမှာ ဖြစ်တယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောပါတယ်။ မန္တလေးမြို့မှာတော့ ကျုံးပတ်လည်ဖြစ်တဲ့ ၂၆ လမ်း၊ လမ်း ၈၀၊ ၁၂ လမ်းနဲ့ ၆၆ လမ်း ပတ်လည်မှာ မြို့တော်ဝန် ဗဟိုမဏ္ဍပ်နဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် မဏ္ဍပ်အပါအဝင် မဏ္ဍပ်အကြီး ၁၅ ခုထားရှိမှာဖြစ်ပြီး နိုင်ငံကျော် အဆိုတော် ၁၈ ဦးတို့က ဖျော်ဖြေပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီထဲကမှ ကျုံးပတ်လည်ကို ၆၆ လမ်းနဲ့ ၂၆ လမ်းကို မော်တော်ယာဥ်တွေ လုံးဝ ပေးဝင်မှာ မဟုတ်ပဲ လမ်းလျှောက်သင်္ကြန်အဖြစ် ကျင်းပသွားမှာဖြစ်ပြီး…

Read More

မန္တလေးမှာ မြန်မာ့ရိုးရာယဥ်ကျေးမှုကို အခြေခံပြီး ဒီနှစ်သင်္ကြန်ကို ကြီးကျယ်ခမ်းနားစွာ ကျင်းပမယ်

မန္တလေး၊ မတ် – ၂၁- ၂၀၂၆ SA(VOM) အရင်နှစ်သင်္ကြန်ပွဲတော်တွေနဲ့ မတူပဲ ဒီနှစ် ၂၀၂၆ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှာ ကျရောက်မယ့်မြန်မာ့ရိုးရာနှစ်သစ်ကူး အတာ သင်္ကြန်ပွဲတော်အတွက် မြန်မာ့ရိုးရာယဥ်ကျေးမှုတွေကို အခြေခံပြီး ကြီးကျယ်ခမ်းနားစွာ ကျင်းပဖို့အတွက် မန္တလေးတိုင်းအစိုးရအဖွဲ့က စီစဥ်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၂၅ ခုနှစ်က သင်္ကြန်ပွဲတော်ကို ပထမပိုင်းအစီအစဥ်အဖြစ် တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ်နဲ့ မြို့တော်ဝန်က ဖဲကြိုးဖြတ်ပြီးတာနဲ့ ကျောင်းသူအင်အား ၉၀၀ က မဏ္ဍပ်ရှေ့မှာ ကပြဖျော်ဖြေဖို့ စီစဥ်ထားပြီး ဒုတိယပိုင်းအစီအစဥ်မှာတော့ ယူနက်စကို ကနေ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်က လူသားမျိုးနွယ် ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်စာရင်းဝင်ထားတဲ့အတွက် အခမ်းအနားအစီအစဥ် ဒုတိယပိုင်းအစီအစဥ်ကို ကြီးကျယ်ခမ်းနားစွာ လုပ်ဖို့စီစဥ်ထားပေမယ့် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သင်္ကြန်ပွဲတော်ကို မကျင်းပနိုင်ခဲ့တာကြောင့် ဒီနှစ် ၂၀၂၆ မှာ…

Read More

မသန်စွမ်းတွေကို လှောင်တာမျိုး ထပ်မဖြစ်စေချင်ဘူးလို့ ဦးမြတ်သူဝင်း သတင်းစာရှင်းလင်း

မတ် ၆ – ၂၀၂၆ SS (VOM) မသန်စွမ်းတွေကို လှောင်တာမျိုး ထပ်မဖြစ်စေချင်ဘူးလို့ ရွှေမင်းသား ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ထပ်မံ ပြောကြားလိုက်ပါတယ်။ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) အနေနဲ့ လတ်တလောဖြစ်ပွားခဲ့တဲ့ မသန်စွမ်းမှုနဲ့ ဆက်စပ်လျက်ရှိတဲ့ သဘင်အနုပညာ တင်ဆက်မှုတခုနဲ့ ပတ်သက်လို့ သတင်းမီဒီယာ တွေ့ဆုံပွဲတရပ်ကို ဒီကနေ့ မတ်လ ၆ ရက်၊ နေ့လယ် ၂ နာရီမှာ ရန်ကုန်မြို့ရှိ Summit ParkView ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ သတင်းစာ ရှင်းလင်းပွဲမှာ ဦးမြတ်သူဝင်းက “ဒီလို မသန်စွမ်းတွေကို လှောင်တယ်ဆိုတာမျိုးက လုံးဝ ပျောက်လိမ့်မယ်တော့ ကျွန်တော်မထင်ဘူး။ သို့သော် တော်တော်လျော့သွားလိမ့်မယ်။ မသန်စွမ်းသူတွေ သူတို့ right အတွက် သူတို့ ဒါတွေလုပ်ပါလား၊ ကိုယ့်ရဲ့…

Read More

တေး​ရေး​ရွှေသက်ရဲ့ (၂၂)ကြိမ်မြောက် မန္တ​လေး မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲ ဂုဏ်ပြုသီချင်း

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကကြီးမှူးကျင်းပတဲ့ (၂၂)ကြိမ်မြောက် မြို့တော်ဝန်ဖလားဟင်းသီးဟင်းရွက်နဲြသစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဆင်ဖြူကန်ကွင်းအရှေ့ဘက်ခြမ်းရှိ မြမာလာဥယျာဉ်အတွင်းဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့)မှ ဖေဖော်ဝါရီ ၁၄ ရက်နေ့ထိ ကျင်းပသွားမှာမို့ တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးတို့က ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံပန်းမန်လုပ်ငန်းရှင်များအနေဖြင့် လာရောက်ယှဉ်ပြိုင်နိုင်ကြောင်းသိရပါတယ်။ မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲကို မြို့တော်စိမ်းလန်းစိုပြည်သာယာလှပရေးလုပ်ငန်းများအတွက် ပြည်သူလူထုစိတ်ပါဝင်စားလာစေရန်နှင့်ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်၊ အိမ်တိုင်းအိမ်တိုင်း စိမ်းလန်းစိုပြေရေးဆောင်ရွက်ခြင်းဖြင့်မန္တလေးမြို့တော်အား ဥယျာဉ်မြို့တော်အဖြစ် တည်ဆောက်ထိန်းသိမ်းရာ၌ အထောက်အကူဖြစ်လာစေရန်၊ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန် . အဆင့်မြင့်စိုက်ပျိုးနည်းပညာများဖလှယ်နိုင်စေရန်၊ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန် . မျိုးကောင်းမျိုးသန့်များ ပြန့်ပွားနိုင်စေရန်၊ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန် . မျိုးကောင်းများကို အိမ်တိုင်းအိမ်တိုင်း တနိုင်တပိုင်စိုက်ပျိုးခြင်းမှသည် စီးပွားဖြစ်စိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်ကို အထောက်အကူဖြစ်စေရန်စသည့် ရည်ရွယ်ချက်(၅)ချက်ဖြင့် နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာ ယခုနှစ်တွင်(၂၂)ကြိမ်မြောက်ကျင်းပ ခြင်းဖြစ်သည်။ ယခုနှစ် မြို့တော်ဝန်ဖလားဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲနှင့်အတူမြမာလာဥယျာဉ် အတွင်း၌ မြို့တော်သူမြို့တော်သားများ လာရောက်အပန်းဖြေနိုင်ရန် သစ်သီး၊ ဝလံ၊ ပန်းမန် ကိုယ်စားပြုပုံဖော်ထားသည့် အလှဆင်ပန်းဝိုင်းကြီး(၃)ခုကို ပြုလုပ်ထားပြီး အလှဓာတ်ပုံရိုက်ကူးရန်နေရာများကိုလည်း…

Read More

နေပြည်တော် ကျွန်းကုန်းရွာက ညီညွတ်ရေး ထမနဲထိုးပွဲ

နေပြည်တော်၊ ဖေဖော်ဝါရီ- ၁ -၂၀၂၆ KKL(VOM) နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းအုပ်စု၊ ကျွန်းကုန်းရွာမှာ ဇန်နဝါရီ ၃၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ထမနဲထိုးပြိုင်ပွဲဟာ သူတို့ရွာရဲ့ ပထမဆုံးအကြိမ် ဖြစ်ပြီးတော့ ရွာသူရွာသားတွေစည်းလုံးညီညွတ်ဖို့ကို ရည်ရွယ်တယ်လို့ ကျေးရွာ ဥက္ကဋ္ဌကပြောပါတယ်။ အဲ့ဒီထမနဲထိုးပြိုင်ပွဲကို ကျွန်းကုန်းရွာတွဲဖက် အ – လ – က ကျောင်းသား ကျောင်းသူတွေက ဝင်ရောက်ပြိုင် ခဲ့ကြတာပါ။ “ကျွန်မတို့ရွာမှာ ဒီလိုပြိုင်ပွဲမျိုး တခါမှမလုပ်ဘူး တစ်ခါမှမပြိုင်ဖူးဘူး ကျွန်မရဲ့ကျောင်းသားတွေနဲ့ ရွာသူရွာသားတွေ တက်တက်ကြွကြွ လုပ်ကိုင်နေတာတွေ့တော့ ကျွန်မပျော်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ပြိုင်ပွဲကို အချိန် တနာရီသတ်မှတ်ပေးတဲ့အကြောင်းနဲ့ ပြိုင်ပွဲစည်းကမ်းတွေကို ရွာစည်ပင်ရေးလုပ်ငန်း ရပ်မိရပ်ဖလည်းဖြစ်တဲ့ဦးအေးလွင်ကရှင်လင်းပြီတော့ ပြိုင်ပွဲစတင်ပြီး ဆုရ အသင်းတွေကို ကျေးရွာတာဝန်ရှိသူတွေက ဆုချီးမြှင်ခဲ့ကြပါတယ်။ #voiceofmyanmar #vom #လယ်ဝေး #ထမနဲထိုးပွဲ #ထမနဲ

Read More

ကုသခံလိုသူများလို့ သီပေါ သီတဂူ မျက်စိအခမဲ့ ကုသမှုအစီအစဉ်ကို နှစ်ရက်စောပြီး ဖွင့်လှစ်

ဇန်နဝါရီ ၂၇၊ ၂၀၂၅ NN(VOM) ကုသခံလိုသူတွေ များလာတာကြောင့် သီပေါမြို့ သီတဂူစက္ခုဒါန မျက်စိ ဆေးရုံက ၅၅ ကြိမ်မြောက် အခမဲ့မျက်စိကုသမှုအစီအစဉ်ကို မူလသတ်မှတ်ထားတဲ့ ရက်ထက် နှစ်ရက်စောပြီး စတင်လိုက်ရတယ်လို့ ဆေးရုံတာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ မူလက ဒီအစီအစဉ်ကို ဒီလ ၂၈ ရက်နေ့မှာ စတင်ဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကုသရက် မတိုင်ခင်မှာပဲ မျက်စိကုသချင်သူတွေ ကြိုတင်လာ ရောက်စောင့်နေကြတာကြောင့် ဇန်နဝါရီလ ၂၆ ရက်နေ့ကတည်းက ကုသမှု တွေကို စတင်လိုက်ရတယ်လို့ သီပေါမြို့ သီတဂူမျက်စိဆေးရုံ ဦးဆောင်နေတဲ့ သီပေါ မဟာမုနိဘုရားကြီးကျောင်းတိုက် ဆရာတော် ဥူးပညာသီရိက မိန့်ကြားပါ တယ်။ “အေးလည်း အေးနေပြီး လူတွေကလည်း လာအိပ်စောင့်နေကြပြီဆိုတော့ ခွဲစိတ်ပေးမယ့် ဆရာဝန် အင်အားလည်း ပြည့်နေတယ်။ ဒါကြောင့် မနေ့ကပဲ စလိုက်တာပါ။ မနေ့က…

Read More

နီပါဗိုင်းရပ်စ် မြန်မာနိုင်ငံမှာ ကူးစက်မှု မရှိသေးပေမယ့် ရောဂါသယ်ဆောင်တဲ့ လင်းနို့တွေ ရှိတာကြောင့် ရောဂါဖြစ်ပါက ကာကွယ်ထိန်းချုပ်နိုင်ဖို့ စီစဥ်နေ

ဇန်ဝါရီ ၂၇ ၊ ၂၀၂၆ GG (VOM) နီပါဗိုင်းရပ်စ် Nipah virus က လက်ရှိ မြန်မာနိုင်ငံမှာ ကူးစက်ဖြစ်ပွား​ခြင်း မရှိသေးပေမယ့် Nipah virus သယ်ဆောင်တဲ့ လင်းနို့က ဒေသတွင်း ကျက်စားမှု ရှိတဲ့အတွက် ရောဂါကူးစက်ဖြစ်ပွားမှုရှိပါက အချိန်နဲ့ တပြေးညီ ကာကွယ်ထိန်းချုပ်နိုင်ဖို့ အတွက် စီစဥ် ဆောင်ရွက်နေတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒါကြောင့် လက်ရှိမှာ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနဲ့ နယ်စပ်ဝင်ထွက်ဂိတ်တွေမှာ သံသယ ရောဂါလက္ခဏာရှိမရှိကို စောင့်ကြပ်ကြည့်ရှုဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ဒါအပြင် ဖျားနာခြင်း ၊ စိတ်အခြေအနေ ပြောင်းလဲခြင်း (စိတ်ရှုပ်ထွေးခြင်း၊ သတိလွတ်ခြင်း၊ သတိလစ်ခြင်း၊ စကားမပြောနိုင်ခြင်း) နဲ့ အဖျားကြီးခြင်းကြောင့် မဟုတ်ဘဲ တက်ခြင်း အစရှိတဲ့ လတ်တလော ဦးနှောက်​ယောင်ခြင်း…

Read More

ဇီဝက အထွေထွေရောဂါကုဆေးရုံကြီး မန္တလေးမှာ ဖွင့်လှစ်

မန္တလေး၊ ဇန်နဝါရီ- ၂၃- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၁၀၁ လမ်း ( သိပ္ပံလမ်း ) နဲ့ ၅၇ လမ်းထောင့်မှာ ဆုလာဘ်ကျန်းမာကုမ္ပဏီ (Blissful Health Co.,Ltd)ရဲ့ ဇီဝက အထွေ ထွေရောဂါ အထူးကု ဆေးရုံကြီး ကိုဖွင့်လှစ်ထားပါတယ်။ ဇီဝက အထွေထွေရောဂါ အထူးကုဆေးရုံကြီး ဖွင့်ပွဲကို လာမယ့် ဇန်နဝါရီ ၂၇ ရက်နေ့ မှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး ဆေးကုသမှုနဲ့ ခွဲစိပ်မှုတွေကိုတော့ ဇန်နဝါရီ လ ဒုတိယပတ် ကတည်းက လက်ခံကုသပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ “ဇီဝက အထွေထွေရောဂါ အထူးကု ဆေးရုံကြီးကို ဆရာဝန်ကြီးများ၊ ကျွမ်းကျင်ပညာရှင်များ ၊ဆေးလောကအတွေ့အကြုံ ကောင်းမွန်စွာ ရှိတဲ့သူတွေ စုစည်းပြီး တည်ထောင်ထားတာဖြစ်ပါတယ် ” လို့ ဆေးရုံကြီးရဲ့ တာဝန်ရှိသူ တဦးကပြောပါတယ်။…

Read More

မန်းရွှေစက်တော် ဘုရားပွဲကို ဇန်နဝါရီ ၂၂ ရက်စပြီး ၈၆ ရက်ကြာ ကျင်းပမယ်

ဒီဇင်ဘာ ၅ – ၂၀၂၅ SS (VOM) မကွေးတိုင်း၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားကြီးရဲ့ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို ၈၆ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်တယ်လို့ ဘုရားပွဲတော် ကျင်းပရေး ဦးစီးကော်မတီက သိရပါတယ်။ အဲဒီ ဘုရားပွဲတော်ကို လာမယ့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့ကနေ ဧပြီလ ၁၇ ရက်နေ့အထိ (တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ) ကျင်းပသွားမှာဖြစ်ပြီး လက်ရှိမှာ ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ ဘုရားပွဲတော် ကျင်းပရေး ဦးစီးကော်မတီနဲ့ နီးစပ်သူတယောက်က “တဲကျောင်း လေလံ‌ဆွဲတာ၊ တင်ဒါ၊ နောက် လုံခြုံရေးပိုင်းတွေရောပေါ့၊ အစစအရာရာ အကုန်လုံးက…

Read More
VOM News

FREE
VIEW