မြို့က မ တဲ့ မြို့မအသင်း နှစ် ၁၀၀ ပြည့်ပြီ

မန္တလေး၊ နိုဝင်ဘာ- ၂၉- ၂၀၂၅ Voice Of Myanmar မြန်မာ့ယဥ်ကျေးမှုနဲ့ အနုပညာပမာဏ အကြီးမားဆုံးဖြစ်တဲ့ မန္တလေးမြို့ဂုဏ်ဆောင် မြို့မအပျော်တမ်းတူရိယာအသင်း ဟာ အခု ၂၀၂၅ ခုနှစ် မှာ နှစ် ၁၀၀ ပြည့်ခဲ့ပြီဖြစ်တာကြောင့် ရာပြည့်အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းက မန္တလေးမြို့ ၇၈ လမ်းနဲ့ ၃၈ လမ်းထောင့်က ရတနာပုံ ခမ်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မန္တလေးမြို့က ရပ်မိရပ်ဖတွေနဲ့ မန္တလေးသူ မန္တလေးသားတွေအပါအဝင် မြို့က မ ကြတဲ့ အသင်းကြီးမို့ မြို့မအသင်းကြီး လို့ နာမည်တွင်ခဲ့တဲ့အကြောင်းတွေနဲ့ မြို့မအသင်းရဲ့ သမိုင်း ကြောင်းတွေကို အသင်းကြီးရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဒေါက်တာလှခိုင် က ပြောကြားခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နဲ့ တိုင်းအစိုးရအဖွဲ့ ဝန်ကြီးများ၊အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး…

Read More

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဟောင်း၊ ရုပ်သံပညာရှင် ဆရာကြီး ဒေါက်တာ ဦးမြင့်သိန်းဖေ ကွယ်လွန်

အောက်တိုဘာ ၂ – ၂၀၂၅ SN (VOM) မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သလို ဝါရင့် ရုပ်မြင်သံကြားဆိုင်ရာ ပညာရှင်တယောက်လည်း ဖြစ်တဲ့ ဆရာကြီး ဒေါက်တာ ဦးမြင့်သိန်းဖေဟာ ဒီက‌နေ့ အောက်တိုဘာ ၂ ရက်၊ မနက် ၁၁ နာရီ ၅၇ မိနစ်ဝန်းကျင်မှာ ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ မိသားစုဝင်တွေက အသိပေးထားပါတယ်။ ဆရာဦးမြင့်သိန်းဖေ ကွယ်လွန်ခြင်းနဲ့ ပတ်သက်လို့ မန္တလေးတိုင်း ဗီဒီယိုအခြေခံအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသန့် က “ဆရာ ဦးမြင့်သိန်းဖေက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ၊ ကျွန်တော်က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး (မန္တလေးတိုင်း) ဗီဒီယို အ‌ခြေခံအဖွဲ့ ဥက္ကဋ္ဌ တာဝန်ယူ လုပ်ကိုင်ခဲ့စဉ်က မကြာခဏ တွေ့ဆုံဖြစ်ကြပါတယ်။ တွေ့ဆုံတဲ့အခါတိုင်း ဆရာက ဓါတ်ပုံဗီဒီယိုအကြောင်းတွေ အမြဲသင်ကြား ပြောပြခဲ့တာပါ။ ဒီနေ့ ဆရာကြီး…

Read More

ဝါရင့် စတီရီယို တေးသံရှင် ဗစ်တာခင်ညို ကွယ်လွန်

စက်တင်ဘာ ၂၅ – ၂၀၂၅ SS (VOM) စတီရီယိုခေတ်ဦးမှာ ထင်ရှားခဲ့တဲ့ ဝါရင့် တေးသံရှင်တယောက် ဖြစ်တဲ့ ဗစ်တာခင်ညိုဟာ ဒီကနေ့ စက်တင်ဘာ ၂၅ ရက်၊ မနက် ၅ နာရီဝန်းကျင်က ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ မိသားစုဝင်တွေက လူမှုကွန်ယက်မှတဆင့် အသိပေးထားပါတယ်။ တေးသံရှင် ဗစ်တာခင်ညို ကွယ်လွန်တာနဲ့ ပတ်သက်လို့ ညီဖြစ်သူ အဆိုတော် တူးတူးက “ကျွန်တော်၏ အစ်ကိုအကြီးဆုံးဖြစ်တဲ့ တေးသံရှင် Victor Khin Nyo ကွယ်လွန်သွားပြီဖြစ်ကြောင်း ပရိသတ်များကို ဝမ်းနည်းစွာ အသိပေးအပ်ပါတယ်” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။ ဗစ်တာခင်ညိုဟာ နွေ၊ လွမ်းတေး၊ ခွာညို၊ ကြွေရုပ်ကလေး၊ ဒီဇင်ဘာ နံနက်ခင်း၊ ရာသီစုံအလွမ်း၊ ငိုမနေနဲ့၊ လွမ်းတေး အစရှိတဲ့ တေးသီချင်းကောင်း များစွာအပြင် ရုပ်ရှင်…

Read More

ကျောက်ဆည် ဆင်အလှူပွဲတော်နဲ့ ဆင်အက အလှပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေကြပြီ

မန္တလေး၊ စက်တင်ဘာ- ၂၃- ၂၀၂၅ SA(VOM) မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က ဆင်အလှူပွဲနဲ့ ဆင် အက အလှပြိုင်ပွဲကို ဒီနှစ် သတင်းကျွတ်လဆန်း ၁၄ ရက် အောက်တိုဘာ ၅ ရက်နေ့က စတင်ပြီးကျင်းပမှာဖြစ်ပြီး ပွဲတော်မတိုင်ခင် ကတည်းက ကျောက်ဆည်မြို့မှာရှိတဲ့ ဆင်အကအလှ ပြိုင်ပွဲဝင်အဖွဲ့တွေက ပွဲတော်မှာ ပါဝင်ကျင်းပဖို့ တာဆူနေကြပြီဖြစ်ပါတယ်။ ကျောက်ဆည်မြို့မှာ ရှိတဲ့ ပြိုင်ပွဲဝင်ကြမယ့် ဆင်အကအလှအဖွဲ့တချို့ဟာဆိုရင် မြို့ထဲမှာ တီးဝိုင်းတွေ ဆိုင်းဝိုင်းတွေ တပ်ဆင်ထားတဲ့ ကားကြီးတွေနဲ့ အလှူခံပြီး ဆင်ရုပ်တွေနဲ့ကပြ ဖျော်ဖြေနေကြပြီဖြစ်သလို တချို့ ဆင်အဖွဲ့တွေဟာဆိုရင် ဝါဆိုလပြည့်ကျော် ၁ ရက်နေ့ကတည်းက ကျောက်ဆည်မြို့ပေါ်မှာ ကပြဖျော်ဖြေ အလှူခံတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဆင်ပွဲတော်နဲ့ပတ်သက်ပြီး ပွဲတော်ကျင်းပရေးကော်မတီ အဖွဲ့ဝင်တဦးကို ဆက်သွယ်မေးမြန်းတဲ့အခါ ” အစည်းအဝေးက ဒုတိယအကြိမ်ပြီးပါပြီ၊ နောက်နှစ်ရက်လောက်နေရင် တတိယအကြိမ်အစည်းအဝေးကျင်းပတဲ့နေ့မှာမှ ပြိုင်ပွဲဝင်ကြမယ့် ဆင်အရေအတွက်…

Read More

သွေးလွန်တုပ်ကွေး ဒုတိယအကြိမ် ထပ်ဖြစ်ပါက ပြင်းထန်အဆင့် ရောက်နိုင်တဲ့အတွက် ဂရုပြုဖို့ လို

စက်တင်ဘာ ၁၃ – ၂၀၂၅ SN (VOM) သွေးလွန်တုပ်ကွေးရောဂါ ဒုတိယအကြိမ် ထပ်ဖြစ်ပါက ပြင်းထန် သွေးလွန်တုပ်ကွေးအဆင့် ရောက်ရှိနိုင်တဲ့အတွက် အထူး ဂရုပြုဖို့ လိုအပ်တယ်လို့ ဆေးပညာနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို အသိပညာပေးမှုတွေ ပြုလုပ်နေတဲ့ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။ “သွေးလွန်တုပ်ကွေး ပထမတကြိမ် ဖြစ်ထားပြီးတဲ့ ကလေးသူငယ်တွေ နောက်တကြိမ် ထပ်ဖြစ်တယ်ဆိုရင် အသက်အန္တရာယ်အထိ ရှိနိုင်တယ်။ သေချာလေး ဂရုစိုက်ရမယ်။ ပြင်းထန် သွေးလွန်တုပ်ကွေးအဆင့်ကို ရောက်နိုင်တယ်။ ခု‌နောက်ပိုင်းက ဖျားရင်လည်း တခါဖျားပြီး နောက်တခါထပ်ဖြစ်တဲ့ လူနာတွေ အတော်များများ တွေ့လာရတယ်။ ဒီရောဂါ အဖြစ်များတဲ့လကတော့ မေ၊ ဇွန်၊ ဇူလိုင် သုံးလပေါ့။ သွေးလွန်တုပ်ကွေးမှန်း သိရင်တော့ ချက်ချင်း ဆေးရုံတက် ကုရင်တော့ အကောင်းဆုံးပါ” လို့ သူက ပြောပါတယ်။ အဆိုပါရောဂါဟာ…

Read More

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲကို လုံခြုံရေးအစီအမံတွေနဲ့ ရှစ်ရက်ကြာ ကျင်းပမယ်

စက်တင်ဘာ ၁၂ – ၂၀၂၅ SS (VOM) ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့မှာ နှစ်စဥ် ကျင်းပနေကျဖြစ်တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို လုံခြုံရေးအစီအမံတွေနဲ့ အဆိုပါမြို့ရဲ့ အဝေရာမီးပုံးပျံကွင်းမှာ ရှစ်ရက်ကြာ ကျင်းပသွားမှာ ဖြစ်တယ်လို့ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရိုးရုာမီးပုံးပျံ ပညာရှင်များအသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။ အဆိုပါ ပွဲတော်ကို လာမယ့် အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး နေ့လွှတ် အရုပ်ပြိုင်ပွဲ အရုပ်ခြေ နှစ်ချောင်း၊ အရုပ်ခြေ လေးချောင်း အရုပ်အုပ်စုတွေအပြင် ညလွှတ်ပြိုင်ပွဲမှာ ညမီးကြီးမီးပုံးပျံ စိန်နားပန်မီးပုံးပျံတို့ကို ပြုလုပ်သွားမှာဖြစ်ကာ လက်ရှိမှာ ပွဲတော်အတွက် ဈေးပြိုင်လေလံကိုလည်း စတင် ခေါ်ယူနေပြီဖြစ်တယ်လို့ ဆိုပါတယ်။ “လက်ရှိမှာ ပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်ကြဖို့ မီးပုံးပျံတွေလည်း လုပ်နေကြပြီ။ မီးပုံးပျံအရေအတွက်နဲ့ ပွဲစဉ်ဇယားတွေကတော့ ရက်နီးမှ…

Read More

အဆိုတော်လွှမ်းပိုင် ဆဲဆိုတဲ့ကိစ္စ ဝေဖန်သံတွေညံနေ

ဩဂုတ် ၂၀ – ၂၀၂၅ SS (VOM) အဆိုတော်၊ သရုပ်ဆောင် လွှမ်းပိုင်ရဲ့ မီဒီယာအင်တာဗျူး ရုပ်သံ လူမှုကွန်ရက်ပေါ် ဖြန့်သူကို တောင်းပန်ခိုင်းမှုနဲ့ အနုပညာရှင်တချို့နဲ့ အနုပညာ သတင်းမီဒီယာ အသိုင်းအဝိုင်းမှာ ဝေဖန်မှုတွေ မျိုးစုံထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်နေ့က သမ္မတရုပ်ရှင်ရုံမှာ ကျင်းပ ပြုလုပ်တဲ့ ဖိုက် ပလက်စ် ဝမ်း (5+1) ရုပ်ရှင်ဇာတ်ကား Press Show ရဲ့ မီဒီယာ အင်တာဗျူးတခုမှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ ဗွီဒီယိုဖြန့်သူက လက်ရှိမှာ စာချုပ်စာတမ်းနဲ့တကွ ပြန်လည် တောင်းပန်လိုက်ရတာ ဖြစ်ပါတယ်။ မနေ့ ဩဂုတ် ၁၉ ရက်နေ့ ရက်စွဲနဲ့ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ တောင်းပန်စာမှာ အဆိုပါ ဗွီဒီယိုဖြန့်သူက အဆိုတော်၊ သရုပ်ဆောင် လွှမ်းပိုင်ရဲ့ အင်တာဗျူးကို အွန်လိုင်းပေါ်မှာ…

Read More

ရတနာ့ဂူဘုရားပွဲတော်နဲ့ နတ်ပွဲတော်ဆီ အလည်တခေါက်

မန္တလေး၊ သြဂုတ် – ၁၇- ၂၀၂၅ SA(VOM) မန္တလေးမြို့ ၊ အမရပူရမြို့နယ်မှာရှိတဲ့ ရှေးဟောင်းသမိုင်း ဝင် ရတနာဂူဘုရားပွဲတော်နဲ့ မယ်တော်နတ်ပွဲ ကျင်းပနေတာ ဒီကနေ့ဆိုရင်သုံးရက်ရှိပြီဖြစ်ပါတယ်။ ရတနာဂူစေတီတော်ကြီးဟာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးခဲ့ပေမယ့် ပွဲတော်ကိုတော့ အစဥ်အလာအတိုင်း ကျင်းပနေတာဖြစ်ပါတယ်။ ပွဲတော်ကြီးကို နှစ်စဥ် ဝါခေါင်လပြည့်ကျော် ၈ ရက်နေ့ကစလို့ ဝါခေါင်လကွယ်နေ့အထိ ကျင်းပတာဖြစ်ပြီး ဒီနှစ်မှာတော့ ဘုရားပွဲနဲ့ နတ်ကိုးကွယ်သူတွေအပါအဝင် အနယ်နယ်အရပ်ရပ်က လာရောက်လည်ပတ်သူတွေနဲ့ စည်ကားလို့နေပါတယ်။ မယ်တော်နတ်ပွဲကို ဝါခေါင်လပြည့်ကျော် ၈ ရက်နေ့မှ စတင်လေ့ရှိပေမယ့် ဝါခေါင်လပြည့်ကျော် ၇ ရက်နေ့ကစလို့ နတ်ညီလာခံများ၊ တက်ပွဲများ စတင် ကျင်းပပြီး လပြည့်ကျော် ၁၀ ရက်နေ့မှာ ချိုးရေတော် သုံးပွဲတော်၊ လကွယ်နေ့မှာ ထိန်ခုတ်ပွဲ၊ မယ်တော်ပို့ပွဲ ကျင်းပပြုလုပ်ပြီး သံဃာတော်များကို…

Read More

မူဆယ်မြို့နယ်မှာ ARTဆေး ပြတ်လပ်လို့ အခက်အခဲ ဖြစ်နေ

မတ် ၁၄၊ ၂၀၂၅ Shy V VOM ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်မှာ HIV ပိုး ထိန်းချုပ်တဲ့ ART (Antiretroviral Therapy) ဆေးပြတ်လပ်လို့ အခက်အခဲ ဖြစ်နေရကြောင်း HIV/AIDS နဲ့အတူနေထိုင်သူတွေ ဆီက သိရပါတယ်။ “မူဆယ်မှာ ART ဆေး မရတာ ကြာပြီ။ တောင်ကြီးမှာ သွားယူရတာ ၂ ခေါက်ရှိပြီ။ လမ်းခရီးလည်း အရမ်းခက်ခဲ၊ ငွေလည်း ခက်ခဲလို့ ၆ လ စာ အတွက် ဆေး ပေးလိုက်ဖို့ ညှိကြည့်တယ်။ မရဘူး။ အဲလို ပေးလိုက်ရင် တခြား လူတွေ အတွက် ဆေးတောင် မရှိတာ့ဘူးလို့ ပြောလာတယ်။ ရှမ်းမြောက် နီးတဲ့ နေရာတွေမှာ ညှိယူလို့ရလား ဆိုတော့ နိုင်ငံရေး အခြေအနေ မသိထားတော့ ခက်တယ်လို့…

Read More

နိုင်ငံကျော် မြန်မာဂန္ထဝင်အဆိုတော်ကြီး ဒေါ် ခင်ညွန့်ရည် ကွယ်လွန်

ဖေဖော်ဝါရီ ၂၁ – ၂ဝ၂၅ KKO(VOM) နိုင်ငံကျော် မြန်မာ့ဂန္တဝင်အဆိုတော်ကြီး ဒေါ် ခင်ညွန့်ရည်ဟာဖေဖော် ဝါရီ ၂ဝ ရက်၊ ည ၁၁ နာရီ ၅ မိနစ်အချိန်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ ကျန်ရစ်သူ ကာယကံရှင် မိသားစုဝင်တွေက ပြောပါတယ်။ တေးသံရှင်ကြီး ဒေါ်ခင်ညွန့်ရီဟာ အဆုပ်ကင်ဆာရောဂါကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကင်ဆာဌာနမှာ တက်ရောက်ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ “ဟုတ်ပါတယ်။မနေ့ညက ဆုံးတာပါ။အခုတော့ အမေရဲ့ နာရေးကိစ္စတွေအတွက် စီစဉ်ဆောင်ရွက်နေပါတယ်။ရန်ကုန်ဆေးရုံကြီးမှာ ပဲဆုံးတာပါ။အဆုပ်ကင်ဆာနဲ့ပါ”လို့တေးသံရှင်ကြီး ဒေါ်ခင်ညွန့်ရည်ရဲ့သမီးဖြစ်သူက VOM ကို ပြောပါတယ်။ ဂီတအသိုင်းအဝိုင်းနဲ့ ဂီတနယ်ပယ်က အနုပညာရှင်တွေကတော့ မြန်မာ့ဂန္တဝင်အဆိုတော်ကြီး ဒေါ် ခင်ညွန့်ရည် ကွယ်လွန်သွားခဲ့ခြင်းနဲ့ ပတ် သက်လို့ ဝမ်းနည်းစကားတွေကို Facebook လူမှုကွန်ရက်ပေါ်မှာ ပြောကြားထားကြတာကိုလည်းတွေ့ရပါတယ်။ “သူချစ်တဲ့အနုပညာ သူချစ်တဲ့ပရိတ်သတ်တွေကို ထာဝရစွန့်ခွာသွားပါပြီ”လို့နိုင်ငံကျော်တေးသံရှင် ဒေါ်ခင်ညွန့်ရည် ကွယ်လွန်တာနဲ့ ပတ်သက်ပြီး ဂီတအနုပညာနယ်ပယ်က ဝမ်းနည်းစကားဆိုထားပါတယ်။ ကွယ်လွန်သူ…

Read More
VOM News

FREE
VIEW