သူတို့အိမ် အခန်း (၉၀)

ဆူးငှက် မအောင်မြင်သော အကြံအစည် ———————————— ကျွန်တော်တို့ တက္ကသိုလ် စတက်သည့် နှစ်ကာလများသည် တိုင်းရေးပြည်ရာအနေနှင့် လှုပ်ခတ်သော ကာလများ ဖြစ်ခဲ့သည်။ အစစအရာရာ ကျပ်တည်းမှုများအပြင် နိုင်ငံရေးအရလည်း တောင်သူလယ်သမား အလုပ်သမား ကျောင်းသားနှင့် ပြည်သူအများစုက ဖိနှိပ်မှုများဖြင့်ရင်ဆိုင်နေကြရသည်။ ထို့ပြင် အာဏာရပါတီဖြစ်သော မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီနှင့် အစိုးရအဖွဲ့အတွင်းသာမက တပ်မတော် အတွင်း၌လည်း အာဏာရှင် လွှမ်းမိုးမှုများဖြင့် မတရား အရေးယူမှုများ ရှိလာသည်။ ထို့ကြောင့် ပါတီ၏ ထိပ်သီးခေါင်းဆောင်ပိုင်းကို လုပ်ကြံရန် ကြံစည်မှုတစ်ခုလည်း ပေါ်ပေါက်ခဲ့သည်။ ၁၉၇၆ မတ်လ ၆ ရက်တွင် တပ်မတော်သား အများစုက လေးစားကြည်ညိုကြသည့် ကာကွယ်ရေး ဦးစီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီး ဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦးကို တာဝန်မှ အနားပေးခဲ့ပြီးနောက် ရက်ပိုင်း အနည်းငယ်အတွင်း၌ ပါတီ ခေါင်းဆောင်ပိုင်းကို လုပ်ကြံရန်…

Read More

သူတို့အိမ် အခန်း (၈၉)

ဆူးငှက် မုံရွာ မိုးထိဗိမာန်က “အောင်ဘရားသား” မှာ ————————————————– ကျွန်တော်သည် မုန့်ဖိုးထဲမှ စု၍ မဂ္ဂဇင်း ၂အုပ်ကို လစဉ် ဝယ်ဖြစ်ပါသည်။ မှတ်မှတ်ရရ ကျွန်တော် မုံရွာက မမခင်ဝင်းတို့အိမ်တွင် အချိန်တော်တော်ကြာ နေဖြစ်ခိုက် ဈေးသစ် ဘုန်းကြီးလမ်းရှိ မမခင်ရီတို့ အောင်ရတနာရွှေဆိုင်က အပြန် မြင်းမူလမ်းပေါ် မိုးထိဗိမာန်တိုက်အောက်ထပ်က အောင်ဘရားသားစာအုပ်ဆိုင် သို့ ဝင်ကြည့်ဖြစ်သည်။ စာအုပ်ဆိုင် ကောင်တာတွင် မိုးဝေမဂ္ဂဇင်း အသစ်ကိုတွေ့၍ ယူကြည့်သောအခါ ဒဂုန်တာရာ၏ ပန်းနုရောင် နှစ်ကာလများ ဟူသော အခန်းဆက် ဆောင်းပါးကို တွေ့လိုက်ရတော့ ဝမ်းသာသွား၏။ ကျွန်တော်က ဒဂုန်တာရာကို ကြိုက်သည်။ မမခင်ဝင်းတို့အိမ်ရောက်ပြီး ယောက်ဖဦးဇော်ဝင်း (ဇော်ပုလဲ) ၏ စာအုပ်စင်ကို မွှေပြီး ဒဂုန်တာရာ၏ စာပေသဘောတရား၊ စာပေဝေဖန်ရေးနှင့် စာပေလှုပ်ရှားမှု ဟူသော မျက်နှာဖုံးက မိုးပြာရင့်တွင် စာရေးဆရာ၏ ပုံတူ…

Read More

အခန်း (၈၈)

ဆူးငှက် တက္ကသိုလ်၏ ရွက်ကြွေလွင့်စ နေ့လယ်ခင်းများ —————————————————- ကတ္တရာလမ်းပေါ်သို့ ရွက်ဝါရော်တွေက ပျင်းတိပျင်းတွဲ လျှောဆင်းနေကြသည်။ တစ်ခါတစ်ရံ လေအဝှေ့မှာ ခိုစီး လိုက်ပါလာသေး၏။ တယ်ရွက်တွေ…ကုက္ကိုရွက်တွေ ကြွေနေတဲ့ မင်္ဂလာလမ်းပေါ်က ရေနီမြောင်းလေး အကျော်မှာ ‘စံပယ်တခက်’ အဆောင်ဆီက ကျောင်းသူလေး တစ်ဦးဦး၏ စာကြည့်စားပွဲပေါ်ရှိ ပင်နာဆိုနစ် ကက်ဆက်လေးက သီချင်းသံလေးလည်း လမ်းပေါ်သို့ သစ်ရွက်ကြွေများနှင့် အတူ လွင့်ကျလာသည်။ သည်လို နေ့ခင်းတချို့မှာ နေ့လယ်ပိုင်း စာသင်ချိန် တော်တော်များများ မရှိလေတော့ (အကယ်၍ ရှိလျှင်လည်း အတန်းမတက်ဖြစ်ဘဲ) အတန်းဖော် ကျောင်းသူအချို့နှင့် ကျွန်တော်တို့တစ်တွေ မဟာမုနိဘုရားကြီးသို့ အမြဲလိုလို သွားဖြစ်ကြသည်။ ကျောင်းတောင်ဘက် အပေါက်က ထွက်၊ စိုက်ပျိုးရေး လယ်ကန်သင်းပေါ်က မြေလမ်းအတိုင်း အနောက်ဘက် ဆင်ဖြူကန် သုသာန်ကတစ်ဆင့် ရန်ကုန်-မန္တလေး လမ်းမကြီးမှသည် ရှမ်းစု ဘူတာရုံလေးကို ဖြတ်ကာ ဘုရားကြီးသို့…

Read More

သူတို့အိမ်အခန်း (၈၇)

ဆူးငှက် တက္ကသိုလ်တဲ့၊ လွမ်းစရာ့ရက်တွေ ———————————— တက္ကသိုလ်ကျောင်းသား ဘဝကို ပြန်တွေးမိတော့ စိတ်ထဲမှာတော့ တစ်နေ့မနေ့ကလို ထင်နေမိသည်။ တကယ်တမ်း ပြန်စဉ်းစားလိုက်တော့ နှစ်ပေါင်း၄၀ကျော် ၅၀နီးပြီလေ။ ကျွန်တော်တို့ တက္ကသိုလ် တက်ကြတယ်ဆိုတာ မြို့ပေါ်က နေ့ကျောင်းသားတွေမို့ သိပ် မထူးခြားလှပေ။ မနက်လင်းရင် အိမ်ကစက်ဘီးနဲ့ထွက်၊ စုရပ် သူငယ်ချင်းအိမ်၊ ဒါမှမဟုတ် လက်ဖက်ရည်ဆိုင်ကနေ ကျောင်းကို စက်ဘီးကိုယ်စီဖြင့် တစ်စုတဝေး တပျော်တပါး သွားကြသည်။ အထက်တန်း ကျောင်းသားတုန်း ကလည်း ဒီလိုပါပဲ။ သို့သော် ကျောင်းစတက်တော့ ထူးထူးခြားခြား အတွေ့အကြုံအဖြစ် စီနီယာ ကိုကိုဦး(ကိုဇော်မျိုးဦး) ပြောသလိုပါပဲ။ တစ်ကျောင်းလုံးနှင့် သက်ဆိုင်သည့် မောင်မယ်သစ်လွင် ကြိုဆိုပွဲကို အားကစားရုံမှာ တခမ်းတနား ကျင်းပသည်။ ထိုနေ့ကစပြီး အထက် တန်းကျောင်းနဲ့ မတူတဲ့ တက်္ကသိုလ် အရသာကို နဖူး တွေ့ ဒူးတွေ့ စတွေ့ရတော့သည်။…

Read More

အစိုးရသစ်လက်ထက်မှာ တည်ငြိမ်အေးချမ်းရေးနဲ့ ရခိုင်ပြည်နယ်အရေး ဦးစားပေး လုပ်ဆောင်နိုင်ဖွယ်ရှိ

ဧပြီ ၈ – ၂၀၂၆ SN (VOM) အစိုးရသစ်လက်ထက်မှာ စစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး အကျပ်အတည်းတွေကို ဖြေရှင်းဖို့ ကြိုးပမ်းလာနိုင်သလို တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ ရခိုင်ပြည်နယ် အရေးကိစ္စတွေကိုလည်း ဦးစားပေး လုပ်ဆောင်နိုင်ဖွယ် ရှိနေတယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ “နိုင်ငံရေး အကျပ်အတည်းတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းဖို့ ကြိုးပမ်းလာနိုင်တယ်။ နောက်တချက်က တည်ငြိမ် အေးချမ်းရေးပေါ့။ နိုင်ငံအနှံ့ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား ဆောင်ရွက်လာနိုင်တယ်” လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ တယောက်က ပြောပါတယ်။ ဒါအပြင် ဒေသဖွံ့ဖြိုးရေးအတွက်ကိုလည်း ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ စစ်ဘေးရှောင် ပြည်သူတွေ နေရပ်ပြန်နိုင်ရေးအပြင် စစ်အုပ်ချုပ်ရေးမှ အသွင်ကူးပြောင်းရေး လမ်းကြောင်းကို အဓိကထား လုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းလာနိုင်သလို ဒေသတွင်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဦးစားပေး ဆောင်ရွက်လာနိုင်ဖွယ်…

Read More

သူတို့အိမ် အခန်း (၈၆)

  ဆူးငှက် စတင် ပေါင်းသင်း သူငယ်ချင်းများ ————————————— တကယ်တော့ ကျောင်းတက်ကြရသောအခါ ကျွန်တော်တို့က သစ္စာဆောင်တောင်ဘက်က ဝါးကပ်တဲ အဆောင်များမှာပဲ တက်ကြရသည်။ စာသင်ဆောင်၏ အပြင်ဘက်တွင် နွားချေးပုံတွေကကို မနက်တိုင်းတွေ့နေရသည်။ သင်္ချာမေဂျာမှာ ပထမနှစ်တွင် တက်ရောက်သူများသဖြင့် မနက်ပိုင်းနှင့် ညနေပိုင်းဟူ၍ ၂သုတ်ခွဲ၍ တက်ရ၏။ ကျွန်တော်တို့က မနက်ပိုင်းမှာ တက်ရသည်။ ကျောင်းစတင် တက်သောနေ့များမှာတော့ ကျွန်တော်နှင့် ကျော်ရွှေက အတူတက်ရပြီး ဝင်းဟန်က ရုက္ခဗေဒ ပထမနှစ်အဖြစ် တက်ရတော့ ကျောင်းလာစဉ်မှာသာ အတူတူလာကြပြီး ကျောင်းရောက်သည်နှင့် သူက သူ့အတန်းရှိရာ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ အတန်းရှိရာသွားကြ၏။ မကြာပါ ခဏနေတော့ ဝင်းဟန်က သူ့အတန်းက လစ်လာပြီး ကျွန်တော်တို့ဆီ ရောက်လာသည်။ ကျွန်တော်တို့ အတန်းမှာ အသက်ကြီးသူတွေများသည်။ အဘယ့်ကြောင့် ဆိုသော် ထိုနှစ် ၁၀တန်းက ဝါးလုံးသိမ်း အအောင်ပေးတာဟု…

Read More

သူတို့အိမ် အခန်း (၈၅)

  မှ – စိုင်ပြွန်ရိပ်သာ ဝင်းအတွင်း ————————————– ပြောကြစို့ ဆိုတော့ ကျွန်တော် မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှာ သင်္ချာ အထူးပြုဘာသာရပ်ဖြင့် တက်ရောက်ခွင့် ရပါသည်။ တက်ရောက်ခွင့်ပြုသည့် အကြောင်းကြားစာလည်း စာတိုက်က တဆင့် ရောက်လာပါသည်။ သည်နေရာတွင် ကျွန်တော် တစ်ခု ပြောပါရစေ။ ကျွန်တော်သည် အကြောင်းကိစ္စရှိ၍ အိမ်လိပ်စာပေးရပါက “စိုင်ပြွန်ရိပ်သာဝင်း” ဟု မသုံးပါ။ “ စိုင်ပြွန်ရိပ်သာ ဝင်းအတွင်း” ဟုသာ သုံးနှုန်းရေးသားပါသည်။   အဘယ့်ကြောင့် ဆိုသော် “စိုင်ပြွန်ရိပ်သာဝင်း” ဟုဆိုလျှင် မိမိ ပိုင်ဆိုင်သည်ဟု အထင်အမြင် လွဲမှားနိုင်ပါသည်။ စာပို့သူကလည်းကောင်း၊ လာရောက်သူက လည်းကောင်း စိုင်ပြွန်ရိပ်သာဝင်း၏ အထင်ကရ ဝင်းလယ်ခေါင်က တိုက်ကြီးသို့ပဲ ဦးတည်ကြပါလိမ့်မည်။ ထိုသို့ မဖြစ်စေအပ်ပါ။ မလွဲစေအပ်ပါ။ ထိုသို့ ဖြစ်စေခြင်းသည် အလွဲသုံးစားမှု မြောက်ပါသည်။ ဝင်းပိုင်ရှင်ကို…

Read More

သူတို့အိမ် အခန်း (၈၄)

ဆူးငှက် ၁၀တန်း မအောင်မချင်း သည်မြေ မနင်း ————————————- တက္ကသိုလ် ဝင်ခွင့်လျှောက်လွှာများလည်း တင်ပြီးပြီ။ ထို့အတူ ပညာသင် ထောက်ပံ့ကြေး လျှောက်လွှာကိုလည်း လိုအပ်သော ထောက်ခံစာများနှင့် အတူ တင်ပြီးပြီ။ ထို့ကြောင့် တက္ကသိုလ် အိပ်မက်နှင့် စိတ်ကူးယဉ်ဖို့ပဲ ရှိသည်။ ကျွန်တော်သည် ၁၀တန်းမအောင်ခင်က မန္တလေးတက္ကသိုလ်ဝင်းထဲ အလည်အပတ်သွားဖို့ အခွင့်အရေးကြုံပါသည်။ သို့သော် ၁၀တန်းမအောင်ဘဲ ဘယ်တက္ကသိုလ်မြေမှ ခြေမချဟု သန္နိဋ္ဌာန် ချထားသည်။ ဒါက ရည်မှန်းချက် ယုံကြည်ချက်ဖြင့် မဟုတ်။ ကိုယ့်ကိုကိုယ် သိမ်ငယ်စိတ်ဖြင့် ခြေမချရဲ မဝင်ရဲခြင်း ဖြစ်သည်။ သို့သော် ငယ်စဉ်ကာလ ၇နှစ်သားလောက်က မန္တလေးတက္ကသိုလ်ဝင်းထဲသို့ အမေနှင့် တစ်ခေါက်တော့ ရောက်ဖူးပါ၏။ ပင်မဆောင်ကြီး အရှေ့တောင်ဘက်ရှိ တက္ကသိုလ်ဆရာမကြီး တစ်ယောက်ထံသို့ အမေက ဆီသွားပို့စဉ် လိုက်သွားခြင်းဖြစ်သည်။ အခု ပြန်စဉ်းစားလိုက်တော့ ဈေးချို အနောက်ဘက်…

Read More

သူတို့အိမ် အခန်း (၈၃)

ဆူးငှက် တက္ကသိုလ်သို့ ပထမနှစ်မှစ၍ တက်ရမည့် နောက်ဆုံးအခွင့်အရေးမို့ ———————————————————— ကျွန်တော်တို့ အောင်သော ၁၉၇၅ ခုနှစ်မှာ တက္ကသိုလ် စာပေးစာယူ သင်တန်းတွေ စဖွင့်သည်။ ထို့ပြင် ၁၀တန်းအောင်သည်နှင့် တက္ကသိုလ်သို့ တက်ရောက်ခွင့် ရသည့် နောက်ဆုံးနှစ်လည်း ဖြစ်သည်။ နောက်နှစ် ၁၀တန်းအောင်သူများက တက္ကသိုလ်သို့ တိုက်ရိုက် တက်ခွင့် မရတော့ပေ။ ဒေသကောလိပ်ဟုခေါ်သော သက်ဆိုင်ရာ ပြည်နယ်တိုင်းများအလိုက် ကောလိပ်များသို့ ၂နှစ် တက်ရောက် ပြီးမှ သက်ဆိုင်ရာ ဘာသာရပ်အလိုက် တက္ကသိုလ်များသို့ တတိယနှစ်က စတင်၍ တက်ရမည်တဲ့။ စာပေးစာယူ ဟူသော သင်နည်းစံနစ် စတင်မည်ဆိုတော့ ကိုယ့်အိမ်ကနေ ကိုယ့် အလုပ်လုပ်ရင်း ဘွဲ့ရနိုင်သည်မို့ အစပထမတွင် စာပေးစာယူကို စိတ်ယိမ်းသလိုလို ရှိခဲ့သော်လည်း ရှေ့က တက္ကသိုလ်တက်ဆဲ တက်ခဲ့သော နောင်တော်များက အားမပေးခဲ့ပေ။ “တက္ကသိုလ်ကို ပထမနှစ်ကနေ ဘွဲ့ရတဲ့…

Read More

အခန်း (၈၂)

  ဆူးငှက် အဘ၏ သံသေတ္တာများ ————————— ရေဒီယို လိုင်စင်လေး ကိုင်ပြီး အိမ်ပြန်ရောက်တော့ အဘ က မင်းပိုင်တာပဲကွာ၊ မင်းဖာသာ သိမ်းထားလိုက်ပေါ့ ဟုပြောလို့ ကျွန်တော်က အခန်းထဲရှိ ကျွန်တော့် ဗီရိုလေးထဲက အံဆွဲထဲမှာ ထည့်ထားလိုက်သည်။ နေဦး.. ကျွန်တော့် ဗီရို ဆိုလို့ ပြောရဦးမည်။ အိမ်မှာက အဝတ်အစားများကို အဘ၏ သံသေတ္တာ ၂လုံးတွင် စုထည့်ကြသည်။ မှတ်မှတ်ရရ ထိုသံသေတ္တာ၂လုံးက အတော်ကောင်းသည်။ တစ်လုံးကဆို အင်္ဂလန်မိတ် ဟု ထင်ပါ၏။ အတွင်းက ဆေးရောင်က ချောကလက်ရောင် အပြောင်ဖြစ်ပြီး အဖုံးမှာ အံလေးပါသည်။ အပြင်က သော့၂ချက်ခတ်အပြင် သော့ခလောက်နှင့် ခတ်ရသည့် မျောက်လက်လည်းပါသည်။ နောက်တစ်လုံးကလည်း အမျိုးအစားကောင်း ဖြစ်မည်။ ကျွန်တော်နှင့် အဘ အဝတ်အစားတွေက သေတ္တာ တစ်လုံး၊ အမေနှင့် မမခင်ဝင်းက…

Read More
VOM News

FREE
VIEW