ဆူးငှက် ဆယ်တန်းအောင်လို့ ဆုချတာတဲ့ ————————————— စောစောက ကျွန်တော်ပြောသလိုပါပဲ။ အိမ်နှင့် ဆွေမျိုးတွေကပါ ခေါင်းပူနေကြတာ။ ကျွန်တော်က ဝတ္ထုတွေထဲက ဇာတ်လိုက်တွေလို ရန်ကုန် တက္ကသိုလ်လောက် စိတ်ကူးယဉ်နေသူလေ။ သည်လိုနှင့် နောက် တစ်ပတ်လောက်နေတော့ မုံရွာက မမခင်ရီ ရောက်လာသည်။ မမ က ကျွန်တော် ၁၀တန်းအောင်လို့ဟု ဆိုကာ ဆုချမည်ဆိုသည်။ ထိုစဉ် ရပ်ကွက်သမဝါယမ လူကြီး ဦးလေးပုက သမဝါယမဆိုင်မှာ နေရှင်နယ်အမျိုးအစား စာပွဲတင်ရေဒီယို ၁လုံး ခွဲတမ်းချဖို့ ရှိတယ်။ မင်းတို့ လိုချင်ရင် ခွဲတမ်းချပေးမယ်ဟု ပြောတော့ မမခင်ရီက ထိုရေဒီယိုကို သမဝါယမဆိုင် ထုတ်ဈေးနှင့် ဝယ်ပေးသည်။ ထိုစဉ်က ရေဒီယိုလေးကို သမဝါယမဆိုင်သို့ မမခင်ရီနှင့် သွားထုတ်ရစဉ် ပျော်သော အပျော်မှာ မာစီဒီဘင် ကားအသစ်ကြီး ရှိုးရွန်းက သွားထုတ် ရသကဲ့သို့ဟု နှိုင်းချင်လှသည်။ ဆိုင်အတွင်း…
Read MoreCategory: ဆောင်းပါး
သူတို့အိမ် အခန်း (၈၀)
ဆူးငှက် အောင်စာရင်း ထွက်တော့မည် —————————- ၁၀တန်းအောင်စာရင်းတွေ မကြာခင် ထွက်တော့မယ်တဲ့။ အောင်စာရင်းများကို ဟံသာဝတီ သတင်းစာတိုက်က ရိုက်နှိပ်ပြီး ထိုနေ့နံနက်မှာပင် ဖြန့်ချိသွားမည်တဲ့။ သည်တစ်ခါတော့ အောင်မည်ဟု စိတ်ချ ယုံကြည်နေမိသည်။ သို့သော် အောင်စာရင်းတွင် ကိုယ့် နံမည်နှင့် ခုံနံပတ်ကို မျက်ဝါးထင်ထင်မြင်ရမှ သေချာပေမည်။ ထို့ကြောင့် အောင်စာရင်းကို မလင်းခင်က တိုးဝှေ့မကြည့်ဖြစ်စေကာမူ ဟံသာဝတီ သတင်းစာတိုက်က ရောင်းချမည့် အောင်စာရင်း စာစောင်ကိုတော့ ဝယ်ယူနိုင်ဖို့ အိမ်သို့ သတင်းစာလာပို့သည့် သတင်းစာကိုယ်စားလှယ် ကိူဉာဏ်ရှိန်ကို ကြိုတင်မှာထားရသည်။ အောင်စာရင်း မထွက်မီ ညက ဝမ်းကွဲ အစ်ကို ကိုမန်းမောင်က ဗိုက်အောင့်သောကြောင့် ဆေးခန်းသွားဖို့ အဖော် ခေါ်သောကြောင့် ဆေးခန်းရှိသည့် သင်္ဘောတန်းရပ်သို့ လိုက်သွားရသေး၏။ ဆေးခန်းကပြန်လာပြီး ဘယ်မှ မသွားတော့ဘဲ စောစော အိပ်လိုက်သည်။ မနက်ကျ ဝင်းဟန်တို့ သန်းလွင်တို့က…
Read Moreအိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်လို့သတ်မှတ်ခံရပြီး ဖယ်ပေးရမယ့်ကိစ္စ စိစစ်နေတယ်လို့ ဝန်ကြီးချုပ်ပြော
မန္တလေး၊ မတ်- ၂၆- ၂၀၂၆ VOICE OF MYANMAR မန္တလေးတိုင်း၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ် သံလျှက်မော်အနောက်ရပ်ကွက် အကွက် ၄၀၅ (A) အုတ်ကျင်းရပ်ကွက်က အိမ်ခြေ ၂၀၀ ကျော်ကို ကျူးကျော်လို့ သတ်မှတ်ပြီး ဖယ်ရှားပေးဖို့ သက်ဆိုင်ရာက အကြောင်းကြားတဲ့အပေါ် တိုင်းအစိုးရအဖွဲ့က ဝန်ကြီးတဦး ဦးဆောင်ကာ ဆောင်ရွက်နေတယ်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမျိုးအောင်က VOM ကိုပြောပါတယ်။ မန္တလေးတိုင်း မဟာအောင်မြေခရိုင် မဟာအောင်မြေမြို့နယ် သံလျှက်မော်အနောက်ရပ်ကွက် အကွက် ၄၀၅ (A) အုတ်ကျင်းရပ်မှာ လွန်ခဲ့သောနှစ်ပေါင်း ၈၀ ကတည်းက အုတ်စက်ပိုင်ရှင် ဦးညိုရောင်က သူ့အလုပ်သမားတွေကို မြေအပိုင်ပေးပြီး နေထိုင်စေခဲ့ပါတယ်။ ခုလက်ရှိမှာ နေထိုင်တဲ့ အိမ်ခြေ ၂၀၀ ကျော် မိသားစု ၂၅၀ကျော် လူဦးရေ ၁၂၀၀ ကျော်ကို မြေဂရန်ပိုင်ရှင်ပေါ်ပေါက်လို့ လက်ရှိနေထိုင်သူတွေကို…
Read More“ရေအရင်းအမြစ် ရေရှည်တည်တံ့ရေး အလေးထားဖို့ လိုပြီ”
သွေး (စစ်ကိုင်း) လူသားတွေရဲ့ အသက်ရှင်သန်နေထိုင်မှု အတွက် ရေဟာ မရှိမဖြစ် အရေးအကြီးဆုံးပါ။ သောက်သုံးဖို့ အတွက် သန့်ရှင်းတဲ့ရေ လိုအပ်သလို သုံးစွဲဖို့ အတွက်လည်း သင့်လျော်တဲ့ရေ လိုအပ်ပါတယ်။ ရာသီဥတု ပြောင်းလဲမှုနဲ့ အတူ နေ့စဉ်နဲ့အမျှ ရေရှားပါးမှု ဖြစ်စဉ်တွေနဲ့ ရင်ဆိုင်လာနေရတဲ့အတွက် ရေအရင်းအမြစ်တွေကို စနစ်တကျ ထိန်းသိမ်းသွား ရမှာပါ။ ကမ္ဘာကြီးတစ်ခုလုံး အတိုင်းအတာနဲ့ ကြည့်ရင်လည်း ရေချိုပမာဏက နည်းပါးပြီး ရေငန်ပမာဏက ပိုများနေတာပါ။ ဒါကြောင့် သောက်သုံးရေ ရှားပါးပြတ်လပ်မှုနဲ့ နေ့စဉ်ရင်ဆိုင်နေရတဲ့ နိုင်ငံတွေ အများအပြားရှိနေပါတယ်။ မြန်မာနိုင်ငံမှာတော့ ရေချိုအရင်းအမြစ်ဖြစ်တဲ့ မြစ်ချောင်းတွေ အများအပြားရှိနေတာကြောင့် ရေချိုရရှိမှု ကြွယ်ဝ,တယ် လို့ ဆိုနိုင်ပါတယ်။ သို့ပေမဲ့ နွေရာသီရောက်ရင် သောက်သုံးရေရှားပါးမှုတွေ တွေ့ကြုံရပြီး မိုးရာသီမှာတော့ ရေကြီးရေလျှံမှုတွေနဲ့ ရင်ဆိုင်နေရတာက နှစ်စဉ်နှစ်တိုင်းပါ။ ဒါကြောင့် ဧရာဝတီမြစ်လို ရေချိုရရှိစေတဲ့ မြစ်တွေကို…
Read Moreသူတို့အိမ် အခန်း – ၇၈
ဆူးငှက် မန္တလေးသင်္ကြန်ဆိုတာ ——————————- သင်္ကြန်အကြိုနေ့၏ နေဝင်ရီတရောညနေချမ်းဆည်းဆာနေလုံးသည် ကျုံးပြာသာဒ်ကြား တွဲလွဲခိုနေ၏။ နေလုံးပတ္တမြားနီနီက ပြာသာဒ်တတိယဘုံ၏ ဒုယင်အစွန်းနှင့် ထိခိုက်မိ၍ ဖြာကျလာသော ပတ္တမြားရည်များကား ကျုံးရေပြင်တွင် ပြန့်ကျဲသွားသည်။ ဟိုတစ်စ သည်တစ်စအနီ။ ပြာသာဒ်ဒုယင်ကြားမှ ကင်းလွတ်ပြီး အနောက် မင်းဝံတောင်ရိုးပေါ် ပြေးဆင်းလုလု နေလုံးက သင်္ကြန်၏ အကြိုနေ့ကို သံယောဇဉ် ကြီးနေဆဲဖြစ်သည်။ သို့သော် လမ်းမီးတွေ အပွင့် မဏ္ဍပ်တွေမှာ အလှပြယာဉ်တွေမှာ ရောင်စုံမီးသီးမီးလုံးတို့ အပြိုင်အဆိုင် ပွင့်လန်းလာတော့ နေလုံးသည် စိတ်ချစွာဖြင့် တောင်ရိုးနောက် ငုတ်လျှိုးသွားချေပြီ။ မန္တလေးသင်္ကြန်၏ ကန့်လန့်ကာက စ၍ဖွင့်ချေပြီ။ ဆွေမျိုး ဧည့်သည်များကို မန္တလေးသင်္ကြန်၏ ဇာတ်ဝင်ခန်းတွေ ပြသဖို့ ကျွန်တော်တို့လည်း အများနည်းတူ မြို့လယ်က ဗဟိုမဏ္ဍပ်အနား ရောက်နေကြပြီ။ ထိုစဉ် သင်္ကြန်၏ အမှတ်အသား ပဏာမ…
Read Moreသူတို့အိမ် အခန်း – ၇၇
ဆူးငှက် ရန်ကုန် မန္တလေး စကားဝိုင်း ——————————— ကျွန်တော် မန္တလေးသင်္ကြန်အကြောင်းကို အခုလို တခုတ်တရ ပြောဖြစ်သည်က ကျွန်တော်တို့ ၁၀တန်းဖြေပြီးသည့် ထိုနှစ် နွေရာသီတွင် ရန်ကုန်က ဆွေမျိုးတစ်စုလည်း ရွာသို့ အလည်ပြန်ကြရင်း သင်္ကြန်မတိုင်မီ မန္တလေးသို့ ပြန်လာပြီး သင်္ကြန်ကျကြမည်။ ထိုအခါ နံနက်ပိုင်း ကိုကိုစိန်လှိုင့်အိမ်ရှေ့ စာပွဲမှာ ညပိုင်း ကျွန်တော်တို့ အိမ်ရှေ့က အဘတို့ ရေနွေးကြမ်းဝိုင်းမှာ ရန်ကုန် မန္တလေး အမျိုးစုံလင် စကားပြောကြသည်။ စကားဝိုင်း ထုံးစံအတိုင်း နိုင်ငံရေး လူမှုရေး စီးပွားရေး သောင်းပြောင်ထွေလာ ပြောချင်ရာရာပေါ့လေ။ ထိုစကားဝိုင်းများတွင် အကြောင်းအရာ တိုင်းကို ရန်ကုန် ဆွေမျိုးများက ဦးဆောင်ကြ၏။ ပါလာသည့် ရန်ကုန် ဆွေမျိုးများတွင် ဦးလေးတစ်ယောက်က အမျိုးများအပေါ် သြဇာရှိသည်။ သူက အနုပညာလည်း…
Read Moreစောင့်ကြည်ရမယ့် လတ်တလော ကားဈေးကွက်အနေထား
မတ် ၁၃ – ၂၀၂၆ SS (VOM) လတ်တလော ကားဈေးကွက်အတွင်း EV ကားတွေ ဈေးတက်လာနေပြီး အရင်ကထက် အဝယ်လိုက်လာနေလို့ ဈေးကွက် ကျွမ်းကျင်သူတွေကတော့ လက်ရှိ အနေအထားမှာ ကားအဝယ် မလောသင့်သေးဘူးလို့ ပြောဆိုကြပါတယ်။ လက်ရှိမှာ EV ကားတွေဟာ ကားအမျိုးအစားအလိုက် အရင်ကထက် ၁၀ ရာခိုင်နှုန်းကနေ အမြင့်ဆုံး ၃၀ ရာခိုင်နှုန်းလောက်အထိ ဈေးနှုန်း မြင့်တက်လာနေပြီး တိုက်ရိုက်တင်သွင်း ဖြန့်ဖြူးရောင်းချနေတဲ့ အရောင်းပြခန်းတွေမှာ ကားမရှိတော့ဘဲ အမှတ်တံဆိပ်အစုံရောင်းတဲ့ အရောင်းပြခန်းတွေမှာသာ ကားတွေ ကျန်ရှိတော့တာ ဖြစ်တယ်လို့ သိရပါတယ်။ “ဈေးကွက်မှာ အဝယ်ပိုလိုက်တဲ့ brand ဈေးပိုတက်သွားတယ်။ ပိုတက်ရတဲ့ အကြောင်းရင်းကတော့ နဂိုကတည်းက တက်ချင်နေတဲ့ အကြောင်းရင်ကတော့ နိုင်ငံတော်က လာမယ့် ဧပြီလမှာ ဆီကားတွေကို အခွန် နှုန်းထားတခု တိုးမြှင့်ကောက်ခံမယ်လို့ သတင်းကြားတဲ့အတွက် နည်းနည်း…
Read Moreသူတို့အိမ် အခန်း – ၇၆
ဆူးငှက် လမ်းဆိုင်းဘုတ်လေး အကြောင်းပြု၍ ——————————————- ကိုစံအောင် က မန္တလေးတွင် အနေကြာပြီး မျက်စေ့ဖွင့် နားစွင့်ထားသူမို့ သူက မန္တလေးကိုနှံ့စပ်သည်။ ထို့ပြင် လက်လှမ်းမီသည့် စာအုပ်လေးတွေကိုလည်း ဖတ်သည်။ ထို့ကြောင့် ရွာကနေ သူအလည်ရောက်ခိုက် ကျွန်တော်နှင့် ညဈေးတန်းဘက် လမ်းလျှောက်ရင်း နာရီစင်ထောင့် တိုက်တန်းအဆင်းက လမ်းအမည် ဆိုင်းဘုတ်လေးကို ပြကာ ကျွန်တော့် ကို မေးခွန်းထုတ်ခြင်း ဖြစ်သည်။ မှတ်မှတ်ရရ မန္တလေးအပါအဝင် တစ်ပြည်လုံးတွင် ယာဉ်မောင်းစံနစ်ကို လက်ဝဲမောင်းမှ လက်ယာမောင်းစံနစ်သို့ ပြောင်းသည့်နှစ် ဖြစ်သည်။ ဗြိတိသျှကိုလိုနီဖြစ်ခဲ့သော မြန်မာနိုင်ငံသည် ၁၉၇၀ ခုနှစ်အထိ လက်ဝဲကပ်မောင်းစနစ် ကျင့်သုံးခဲ့သည်။ ၁၉၇၀ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်၊ နံနက် ၆ နာရီမှ စတင်၍ လက်ယာကပ်မောင်းစနစ်ကို စတင်ကျင့်သုံးခဲ့သည်။ ကိုစံအောင်က…
Read Moreငွေကြေးခဝါချမှု ဥပဒေသစ် ပြဋ္ဌာန်းတာ ဘာ့ကြောင့်လဲ
မတ် ၁၂ – ၂၀၂၆ SN (VOM) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၂၇ အရ ပြင်ဆင် ပြဋ္ဌာန်းလိုက်တာဖြစ်ပြီး လက်ရှိ ဥပဒေဟာ ၂၀၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေကို ရုပ်သိမ်းပြီး အသစ် ပြင်ဆင် ပြဋ္ဌာန်းလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ “ဒီဥပဒေ လေ့လာကြည့်ရသလောက်က အကြမ်းဖက်မှုအတွက် ထောက်ပံ့ပေးနေတာတွေကို အဓိက ဆိုလိုချင်တဲ့သဘော သက်ရောက်ပါတယ်။ ဒါတွေကို အမြစ်ဖြတ်ချင်တာပေါ့။ ဒါကြောင့် နောက်ပိုင်းမှာ ဒီဥပဒေကို ကိုင်တွယ်ပြီး အရေးယူမှုတွေ တင်းတင်းကြပ်ကြပ် ပိုပြီး လုပ်ဆောင်လာနိုင်တယ်” လို့ တရားလွှတ်တော် ရှေ့နေတယောက်က ပြောပါတယ်။ လက်ရှိ အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေပါ ရည်ရွယ်ချက်တွေထဲမှာ ငွေကြေးခဝါချမှုတွေနဲ့ အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတို့ကို ထိရောက်စွာ အရေးယူနိုင်ဖို့နဲ့ ဆင့်ပွားပေါ်ပေါက်နိုင်တဲ့ ပြစ်မှုတွေကို…
Read Moreသူတို့အိမ် အခန်း – ၇၅
ဆူးငှက် လက်တစ်ကမ်းနှင့် လှမ်းမီနိုင်သမျှ —————————————- သည်တစ်ခေါက် ရွာကပြန်လာပြီး ကျောင်းပိတ်ရက်များတွင် ပိုမိုလွတ်လပ် ပေါ့ပါးနေသည်။ ၁၀တန်းစာမေးပွဲကို ကောင်းမွန်စွာ ဖြေဆိုနိုင်သည်နှင့် မိမိကိုယ် မိမိ စာကျက်ရသော ကျောင်းသားဘဝက ကျွတ်လွတ် သွားသည်ဟု ခံစားနေရသည်။ ဖတ်ခဲ့ရသော စာတွေ ပေတွေထဲမှာ တက္ကသိုလ်ဟူသည် ပညာရပ်များကို မိမိဘာသာ စုဆောင်း ရှာဖွေကြပုံ၊ တက္ကသိုလ်တွင် နိုင်ငံရေး စာပေ အနုပညာ အားကစား စသည်တို့ အသင်းအဖွဲ့များနှင့် လွတ်လပ်စွာ လုပ်ဆောင်ကြပုံ တွေပါတော့ သည်ပုံစံအတိုင်း မိမိတို့လည်း တက္ကသိုလ်တွင် နေပျော်ကြရတော့မည်ဟု ကြိုတင် တွေးနေမိသည်။ ထိုအတွေးများဖြင့် ကိုယ်တိုင် လေ့လာ သင်ယူတာ၏ အခြေခံအကျဆုံးက စာတွေ ဖတ်ဖို့ပဲဟု သုံးသပ်ကာ စာတွေ အစုံ ဖတ်ဖြစ်တော့သည်။ အထူးသဖြင့် လူကြီးများ၏ ပြောစကားမျာ ပါသော…
Read More