ကိုယ်ပိုင်သံစဥ်တွေ အဓိကသီဆိုခဲ့တဲ့ အဆိုတော်မာရဇ္ဇ ကွယ်လွန်

ဇန်နဝါရီ ၂၄ – ၂၀၂၅ GG (VOM) ကိုယ်ပိုင်သံစဥ်တေးသီချင်းတွေကိုသာ အများဆုံးသီဆိုခဲ့တဲ့နိုင်ငံကျော် အဆိုတော် မာရဇ္ဇ ဇန်နဝါရီ၂၃ ရက်နေ့ညပိုင်းက ရန်ကုန် ဗဟိုရ်စည်ဆေးရုံမှာ ကျောက်ကပ်ရောဂါနဲ့ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။ အဆိုတော်မာရဇ္ဇရဲ့စျာပနအခမ်းအနားကို မနက်ဖန်မှာပြုလုပ်ဖို့စီစဥ်ထားတယ်လို့သိရပါတယ်။ ” ညက ၁၁ နာရီ ၅မိနစ်လောက်မှာဆုံးတယ်လို့သိရတယ်။ ကျောက်ကပ်ကုနေတာ ။အိပ်ယာထဲလဲနေတဲ့အခြေအနေမျိုးတော့လည်းမဟုတ်ဘူး။ကိုမာကြီးကွယ်လွန်သွားတာတော့ ဂီတလောကအတွက်တကယ်ဆုံးရှုံးမှုပါ။အချိန်မတန်သေးဘူးဗျာ။သူက သီချင်းကိုသိပ်ရူးသွပ်တာ။အဆိုတော်အသစ်တွေကိုလည်း ကိုယ်ပိုင်သံစဥ်တွေအဓိကလုပ်ကြဖို့အမြဲပြောတယ်။ ” လို့ မိသားစုနဲ့ရင်းနှီးသူက ပြောပါတယ်။ အဆိုတော်မာရဇ္ဇက ကွယ်လွန်ချိန်မှာ အသက်၅၈ နှစ်ရှိပြီဖြစ်ပြီး မကွေးတိုင်း ၊အထက်မင်းလှမြို့နယ်ဇာတိဖြစ်ကာ ၁၉၆၇နှစ်မှာမွေးဖွားခဲ့ပြီးသားအကြီးဆုံးဖြစ်တယ်လို့သိရပါတယ်။ အဆိုတော်မာရဇ္ဇက ငယ်ငယ်ကလေးဘဝကတည်းက ဂီတကိုဝါသနာပါသူဖြစ်ပြီး အဆိုတော်မဖြစ်ခင် ကိုယ်ပိုင်သီချင်းတွေရေးသားခဲ့ကာ အဆိုတော်ဘဝကို သူရဲ့ကိုယ်ပိုင်သီချင်းတွေနဲ့စတင်ခဲ့တာဖြစ်ပါတယ်။ မာရဇ္ဇဟာ တကိုယ်တော်တေးသီချင်းအယ်လ်ဘမ်ပေါင်း ခုနှစ်ခု ထက်မနည်းထွက်ရှိထားပြီး တကိုယ်တော်ဖျော်ဖြေပွဲတွေလည်းကျင်းပခဲ့ပါတယ်။ မာရဇ္ဇရဲ့ဂီတလောကတလျှောက်မှာ “မိစ္ဆာနဲ့ကိုရုပ်ဆိုး “ဆိုတဲ့စီးရီးနှစ်ခွေသာ ကော်ပီသီချင်းသီဆိုခဲ့ပြီး ကျန်တေးသီချင်းအားလုံးဟာ ကိုယ်တိုင်ရေးသားထားတဲ့ကိုယ်ပိုင်သံစဥ် တေးသီချင်းတွေသာဖြစ်တယ်လို့သိရပါတယ်။ မာရဇ္ဇရဲ့တေးသီချင်းတွေထဲမှာဆိုရင်…

Read More

ပူပွေလောင်မီး…၊ ရွှေတောင်ကြီးရယ်…၊ အပြီးမခိုင်…၊ ယိမ်းယိုင်ပြိုလဲ၏

  ဆူးငှက်   အခုလို မိုးတွင်းကာလ လေကြီးမိုးကြီးကျတာ ကြုံရသောအခါ ကုန်လွန်ခဲ့တဲ့ ၁၅နှစ် ဝန်းကျင်အချိန် အထက် အညာဒေသ ဧရာဝတီမြစ်ကမ်းပါးက တံငါရွာလေးရဲ့ ဝမ်းနည်းဖွယ် အဖြစ်အပျက်ကို သတိတရ ရှိပါဘိ။ ဒီအဖြစ်အပျက်လေးကို မထင်မှတ်ဘဲ ခရီးသွားဟန်လွဲ ကြုံတောင့် ကြုံခဲ ကြုံလိုက်ရသူ မိတ်ဆွေ ဓာတ်ပုံပညာရှင် က မှတ်တမ်းတင်လိုက်နိုင်သော အခါ..။ ×××× ××××× “အလွမ်းရယ်ပေါ်…၊ ရဟန်းတော် ဈာပနကိုလ…၊ ပြာကျချိန်နီး…၊ မျက်ရည်တွေ ဖြိုင်ဖြိုင်စီးလို့ရယ်…၊ အမယ်မင်း တမ်းတငိုညည်း…”     မင်းသမီးက ဆရာတော်ရဲ့ ဧယင်ပုခက်ကို လွှဲတဲ့လွှဲတဲ့ ပြီး ဒွေးချိုးငိုချင်းကို သီဆိုကာ ဧယင်ကျူးနေတယ်။ အရင့်အရင် ဘုန်းကြီးပျံပွဲတွေမှာ အခုလိုဧယင်ကျူးရင် အလုပ်သဘောအရ ပြောဟယ်၊ ဆိုဟယ်၊ ငိုရယ် လုပ်ရကိုင်ရပေမယ့် အခုလို မျက်ရည်တွေ အဟုတ်တကယ်စီးမကျခဲ့ဖူးပါဘူး။…

Read More

ရုပ်ရှင်မင်းသားကျော်သူပါဝင်တဲ့ ​ခြေဆယ့်တစ်လှမ်းရုပ်ရှင် ဇာတ်ကား ရုံတင်ရက်သတ်မှတ်ပြီးမှ ပြသခွင့်ဆိုင်းငံ့ခံရ

ဇန်နဝါရီ ၂၂ -၂၀၂၅ GG (VOM) ရုပ်ရှင်သရုပ်ဆောင် ကျော်သူ ပါဝင်သရုပ်ဆောင်ထားတဲ့ “ခြေဆယ့်တစ်လှမ်းရုပ်ရှင်”ပြသခွင့် ဆိုင်းငံ ခံရတယ်လို့ သိရပါတယ်။ ခြေဆယ့်တစ်လှမ်းရုပ်ရှင်က လာမယ့်ဇန်နဝါရီ၂၄ ရက်နေ့မှာ ရန်ကုန်အပါအဝင် တနိုင်ငံလုံးကရုပ်ရှင်ရုံတွေမှာတပြိုက်နက်တည်း ရုံတင်ပြသခွင့်ရရှိထားပြီးမှ ရုပ်ရှင်ပြသခွင့်ကို ပြန်ကြား​ရေးဝန်ကြီးဌာနက ပြသခွင့်ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ရုပ်ရှင်ပြသခွင့်ဆိုင်းငံခံရတာနဲ့ပတ်သက်ပြီး အဆိုပါရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ညွှန်းဆရာမ မေခိုင်ကလည်း” ကျမရဲ့ ခြေ ၁၁ လှမ်း ရုပ်ရှင်ကား မပြဖြစ်တော့တဲ့ အတွက် ကျမဖိတ်ကြားထားသူ အားလုံးကိုအားနာပါတယ်။”လို့ သူရဲ့လူမှုကွန်ယက်ကနေအသိပေးထားပါတယ်။ ရုပ်ရှင်ထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်သရုပ်ဆောင် အလင်းရောင်ကလည်း ” ခြေဆယ့်တစ်လှမ်းရုပ်ရှင်ကားကြီး မပြဖြစ်တော့လို့ ဒီနေ့ဖိတ်ကြားသူများအားလုံးကို အားနာရပါတယ်ခင်ဗျာ။”လို့ ပြောထားပါတယ်။ အလားတူ ခြေဆယ့်တစ်လှမ်းရုပ်ရှင် အမည်ရှိလူမှုကွန်ယက်စာမျက်နှာကနေလည်း ” premiere show ပျက်ပါတယ်။ ရုံတင်ရက်လည်းပျက်ပြယ်သွားပါပြီ။ ဖိတ်ကြားထားသူများအားလုံးကိုတောင်းပန်တယ်ဆ်ိုတာကလွဲပြီး တခြားပြောစရာမရှိတော့ပါဘူး။ အားလုံးကိုတောင်းပန်ပါတယ်” ဆိုပြီး အသိပေးထားပါတယ်။ အဆိုပါ…

Read More

တနှစ်‌အတွင်း မြန်မာနိုင်ငံကို နိုင်ငံပေါင်း၃၁နိုင်ငံကတရားမဝင် ဝင်ရောက်လာသူတွေ ငါးသောင်းကျော်ရှိ

ဇန်နဝါရီ၂၃-၂ဝ၂၅ Ms(VOM) မြန်မာနိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံပေါင်း ၃၁နိုင်ငံကနေ တရားမဝင် ဝင်ရောက်လာသူတွေဟာ တနှစ်ကျော်အတွင်းမှာ အရေအတွက် ၅၅၇၁၁ ဦးရှိနေတာကို စီစစ်ဖော်ထုတ်နိုင်ခဲ့ကြောင်း လဝက စာရင်းတွေအရ သိရပါတယ်။ အဆိုပါ တရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားတွေကို သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနက စီစစ်ဖော်ထုတ်တာတွေ ဆောင်ရွက်ရာမှာ အများစုဟာထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်းကာ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းကို ကိုယ်ကျိုးစီးပွားအတွက် အလုပ်လုပ်ကိုင်ရန် တရားမဝင် ဝင်ရောက်လာကြသူများဖြစ်ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။ မြန်မာပြည်ကို တရားမဝင်ဘဲ ဝင်ရောက်လာသူတွေအနေနဲ့ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများကို မြန်မာနိုင်ငံအတွင်း‌ နေထိုင်ကာကျူးလွန်နေကြသူတွေအများစုဖြစ်တယ်လို့စစ်ဆေးတွေ့ရကာ နယ်စပ်ဒေသများဖြစ်တဲ့ လောက်ကိုင်၊ မူဆယ်၊ တာချီလိတ်၊ မြဝတီ မြို့များနဲ့နယ်စပ်မြို့တွေကနေဖမ်းမိကြတာဖြစ်ကြောင်း သိရပါတယ်။ ” တရားမဝင်ဘဲ မြန်မာကိုဝင်လာတဲ့ပြည်ပနိုင်ငံသားတွေအများဆုံးလုပ်တဲ့ Online လိမ်လည်မှု ဆိုတာ အခု နာမည်ကြီးနေတဲ့ ကျားဖြန့်လုပ်ငန်းအမျိုးအစားတွေပါ။ ငွေကိုလိမ်တာတွေအပြင် လူကိုအသက်အန္တရာယ်ပေးတဲ့အထိ ဖြစ်စေတဲ့မကောင်းမှုလုပ်ငန်းတွေပေါ့။…

Read More

ယူကရိန်းစစ်ပွဲ မရပ်ရင် ရုရှားကို အရေးယူပိတ်ဆို့ပြီး အခွန်တွေတိုးကောက်မယ်လို့ ဒေါ်နယ်ထရန့် သတိပေး

ဝါရှင်တန်၊ ဇန်နဝါရီ-၂၃-၂၀၂၅ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲ အဆုံးမသတ်ဘူးဆိုရင် ရုရှားကို စီးပွားရေး အရေးယူပိတ်ဆိုမှုတွေနဲ့ အခွန်တွေ တိုးကောက်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတိပေးပြောကြားလိုက်ပါတယ်။ ရုရှားအနေဖြင့် ဒီရယ်စရာကောင်းတဲ့ စစ်ပွဲကိုအဆုံးသတ်ရမှာဖြစ်ပြီး မဟုတ်ပါက ရုရှားက အမေရိကန်နဲ့ တခြားနိုင်ငံတွေကို ရောင်းချနေတဲ့ ဘယ်ပစ္စည်းကိုမဆို အရေးယူပိတ်ဆို့မှုတွေ အခွန်တွေကောက်ဖို့ကလွဲပြီး တခြားရွေးစရာမရှိဘူးလို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။ ထရန့်ရဲ့ သတိပေးမှုနဲ့ပတ်သက်ပြီး ရုရှားက တစုံတရာ တုံ့ပြန်တာမျိုးမရှိသေးပေမယ့် အမေရိကန်အစိုးရသစ်လက်ထက်နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဖို့က အခွင့်အလမ်းအနည်းငယ်သာရှိတယ်လို့ အကြီးတန်းအရာရှိတယောက် မကြာသေးမီရက်ပိုင်းအတွင်းက ပြောပါတယ်။ ၂၀၁၄ ခုနှစ်မှ စတင်ခဲ့တဲ့ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ညှိနှိုင်းဆွေးနွေးရန် ပြင်ဆင်ထားကြောင်း ပူတင်က ထပ်တလဲလဲပြောကြားခဲ့ပေမယ့် လက်ရှိမှာတော့ ယူကရိန်းနယ်မြေ ၂၀ ရာခိုင်နှုန်းကို သိမ်းပိုက်ထားပြီး ယူကရိန်းကို နေတိုးအဖွဲ့ထဲ ဝင်ရောက်ရန်ကိုလည်း ကန့်ကွက်ထားပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ ပူတင်နဲ့ မကြာခင်ဆွေးနွေးဖို့ရှိနေပြီး စစ်ပွဲအဆုံးသတ်ရေးအတွက်…

Read More

ဖလမ်းမြို့တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

ဇန်နဝါရီ ၂၃ – ၂၀၂၅ SN (VOM) ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ နစကတပ်နဲ့ ချင်းညီနောင်နဲ မဟာမိတ်တပ်ဖွဲ့တွေကြား တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ချင်းညီနောင်နဲ့ မဟာမိတ်တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့မှစတင်ကာ ဖလမ်းမြို့ကို ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး လက်ရှိမှာတော့ ဖလမ်းမြို့ရှိ ခြေလျင်တပ်ရင်း (ခလရ – ၂၆၈) လက်အောက်ခံ တပ်ကုန်းစခန်းကို တိုက်ခိုက်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။ “အခုဆို တိုက်ပွဲက နှစ်လကျော် ကြာနေပြီပေါ့။ ချင်းညီနောင်ဘက်ကလည်း ထိုးစစ်အရှိန်မြှင့်ထားသလို နစကဘက်ကလည်း ဖလမ်းမြို့ မပေးရရေး လေကြောင်းပစ်ကူတွေနဲ့ပါ ကာကွယ်နေတယ်။ ‌ဒေသခံတွေကတော့ မြို့ပေါ်မှာရော၊ မြို့နားကရွာတွေမှာပါ မနေရဲကြတော့ဘူး။ အကုန်လုံးလိုလို ဘေးလွတ်ရာကို ရှောင်နေကြရတယ်။ မြို့ထဲမှာ ဘယ်မှ မသွားနိုင်၊ မလာနိုင်တဲ့ သက်ကြီး၊ နာမကျန်းနဲ့ အိမ်စောင့်တွေလောက်ပဲ…

Read More

အုပ်စုဖွဲ့ လုယက်မှုတွေ ခပ်စိပ်စိပ်ဖြစ်နေတဲ့ မန္တလေးမှာ လူသတ်မှုအထိ ကျူးလွန်သူတချို့ကို သေဒဏ်ချမှတ်

မန္တလေး၊ ဇန်နဝါရီ – ၂၃- ၂၀၂၅ SA(VOM) မန္တလေးမြို့အတွင်းက လူသွားလူလာပြတ်တဲ့ နေရာတွေနဲ့ မြို့ပတ်လမ်းလို နေရာတချို့မှာ မကြာခနဆိုသလို မီနီအိုးဝေနဲ့ ဆိုင်ကယ်လုယက်မှုဖြစ်စဥ်တွေ ခပ်စိတ်စိတ်ဖြစ်ပွားနေပြီး မနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ နေ့လယ်ပိုင်း 69A လမ်း -115 116 ကြားမှာ အမျိုးသားတဦးစီးနှင်းလာတဲ့ 2020 Model Click 79w-42542 ဖြူ/လိမ္မော် တစီးကို အုပ်စုဖွဲ့လုယက်သူ ၆ ဦးက လုယူသွားတဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့ပါတယ်။ လုယက်ခံရသူတွေထဲကမှ လုယက်ခံရချိန် လက်ဗလာနဲ့ ထွက်ပြေး လွတ်မြောက်လာသူတချို့ ရှိသလို အသက်သေဆုံးသည်အထိ ဓားနဲ့ထိုးခံရကာ လုယက်ခံရမှုဖြစ်စဥ်တွေလည်း မန္တလေးမြို့မှာ မကြာခဏဖြစ်ပွားနေပါတယ်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့မှာလည်း အမရပူရမြို့နယ်၊ အိုးထုပ်တန်းတိုးဂိတ်အနီး အလယ်တန်းပြကျောင်းဆရာမတဦး စီးနှင်းလာတဲ့ဆိုင်ကယ်ကို လုယက်ပြီး လူကိုသေဆုံးအောင်အထိ…

Read More

ထိုင်းမှာ ဥပဒေစတင်သက်ဝင်ပြီးနောက် လိင်တူချစ်သူစုံတွဲတွေ တရားဝင်လက်ထပ်ကြပြီ

ဘန်ကောက်၊ ဇန်နဝါရီ-၂၃-၂၀၂၅ ရတီ(VOM) ထိုင်းနိုင်ငံမှာ လိင်တူချစ်သူတွေ တရားဝင်လက်ထပ်ခွင့်ဥပဒေ စတင်သက်ဝင်လာပြီဖြစ်တဲ့အတွက် နိုင်ငံတဝန်းက ထောင်ပေါင်းများစွာသော လိင်တူချစ်သူတွေဟာ တရားဝင်လက်မှတ်ထိုး လက်ထပ်မှုတွေ ဆင်နွှဲနေကြပါတယ်။ ဒီကနေ့ နေ့လယ်မှာတော့ ဘန်ကောက်မြို့လယ်ရှိ ကုန်တိုက်ကြီးတခုမှာ လိင်တူချစ်သူ စုံတွဲ ၁၀၀ ကျော် လက်မှတ်ထိုး လက်ထပ်ခဲ့ကြပါတယ်။ ဥပဒေအရ လိင်တူချစ်သူစုံတွဲတွေဟာ ပိုင်ဆိုင်မှုတွေ စီမံခန့်ခွဲခွင့်၊ အမွေဆက်ခံပိုင်ခွင့်၊ ပါတနာရဲ့ ဆေးကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အခြားစုံတွဲများနည်းတူ အခွင့်အရေးတွေ ရှိလာပြီဖြစ်ပါတယ်။ ဥပေဒေနဲ့ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူတွေက ကြိုဆိုကြပေမယ့် ပြုပြင်ပြောင်းလဲဖို့တွေ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံကတော့ ဒေသတွင်းမှာ လိင်တူချစ်သူ လက်ထပ်ခွင့်ကို ပထမဆုံး ခွင့်ပြုလိုက်တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာတော့ လိင်တူချစ်သူတွေ အတူနေထိုင်ကြတာကို လက်ခံနိုင်မှု တိုးပွားလာတယ်ဆိုပေမယ့် ရိုမန်ကက်သလစ်ဘုရားကျောင်းကတော့ လိင်တူလက်ထပ်တာကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေပါတယ်။ ထိုင်းလို ဘာသာရေးနဲ့ အတွေးအခေါ်ဆိုင်ရာ အတားအဆီးတွေမရှိပေမယ့်…

Read More

မလေးရှားမှာ ပြုလုပ်တဲ့ အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်မှာ တောင်ကြီးနဲ့ ပင်းတယက ဆုတဆုစီ ရရှိ

ZY(VOM) ဇန်နဝါရီ ၂၃၊ ၂၀၂၅ မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့မှာ အခုဇန်နဝါရီလအတွင်း ကျင်းပပြုလုပ်တဲ့ အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးနဲ့ ပင်းတယမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဆု သုံးဆုအနက် ဆု နှစ်ဆု ရရှိခဲ့တယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ အဲဒီဖိုရမ်မှာ အာဆီယံလူထုအခြေပြု ခရီးသွားလုပ်ငန်းဆု၊ အာဆီယံ Spa ဝန်ဆောင်မှုဆု၊ အာဆီယံအများသုံး သန့်စင်ခန်းဆုဆိုပြီး ဆုအမျိုးအစား ၃ခုရွေးချယ်ချီးမြှင့်မှာဖြစ်တာကြောင့် အာဆီယံလူထုအခြေပြု ခရီးသွားလုပ်ငန်းဆုအတွက် ပင်းတယမြို့နယ်၊ ဆီးကျအင်းကျေးရွာရှိ CBT၊ အာဆီယံ Spa ဝန်ဆောင်မှုဆုအတွက် Jasmine Taunggyi Hotelရှိ Jasmine Spa၊ အာဆီယံအများသုံး သန့်စင်ခန်းဆုအတွက် တောင်ကြီးမြို့၊ စူဌာမုနိဘုရားရှိ အများသုံးသန့်စင်ခန်းတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “တောင်ကြီးက ဟိုတယ်နဲ့ ခရီးပြည်နယ်ရုံးက အာဆီယံစံနှုန်းနဲ့ အနီးကပ်ဆုံးကိုက်ညီမှုရှိတဲ့ လုပ်ငန်းတွေကို ရွေးပြီး လျှောက်ပေးခဲ့တာပေါ့။ အဲဒီထဲကနေ…

Read More

ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို လက်မခံသလို နစက၊ နိုင်ငံတကာနဲ့ပူးပေါင်းနှိမ်နင်းမယ်လို့ BGF ဆိုပြန်

ဇန်နဝါရီလ ၂၃ – ၂၀၂၅ GG (VOM) ထိုင်း – မြန်မာနယ်စပ် ၊ကရင်ပြည်နယ်၊မြဝတီခရိုင်အတွင်းရှိ အွန်လိုင်းကနေ ငွေလိမ်မှုလုပ်နေတဲ့ကျားဖြန့်လုပ်ငန်း၊ လူကုန်ကူး၊မသမာမူ၊ ဒုစရိုက်မှုတွေ ကို လက်မခံကြောင်းနဲ့ ကျူးလွန်သူတွေကို တားဆီးနှမ်နင်းသွားမယ်လို့ ကရင်ပြည်နယ် ၊နယ်ခြားစောင့်တပ်BGF ကဇန်နဝါရီ၂၂ရက်မှာအသိပေးလာပါတယ်။ ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းရာမှာ နစက အပြင် ဒေသတွင်းမိတ်ဖက် အဖွဲ့အစည်း၊ ဒေသအာဏာပိုင်အဖွဲ့အစည်း၊ နိုင်ငံတကာအဖွဲ့အစည်း၊ နိုင်ငံတကာကိုယ်စားလှယ်တွေနဲ့ အတူ ပူးပေါင်းပြီး ဆောင်ရွက်သွားမယ်လို့ BGF ကဆိုထားပါတယ်။ BGF ကတော့ သူတို့အနေနဲ့ ဒေသအတွင်းလာရောက်ပြီး ဖွံ့ဖြိုးရေး လုပ်ကိုင်မယ့် လုပ်ငန်းရှင်ကိုသာ ဖိတ်ခေါ်လက်တွဲခြင်းဖြစ်ပြီး ဒုစရိုက်မှု၊ မသမာမှု၊ လူကုန်ကူးမှု ကို လုံးဝ( လုံးဝ) လက်မခံဘဲ အတိအလင်းတားမြစ်ထားတယ်လို့ ထုတ်ပြန်စာမှာရေးသားထားပါတယ်။ ဒါပေမယ့်လည်းကျားဖြန့်ဂိုဏ်းတွေ ကတော့ BGF ဒေသဖြစ်တဲ့ ကရင်ပြည်နယ်၊မြဝတီခရိုင်ထဲက KKpark နဲ့ရွှေကုက္ကိုလ်မြို့တွေမှာ အဓိကလုပ်ငန်းဆောင်ရွက်နေကြတာဖြစ်ပြီး…

Read More
VOM News

FREE
VIEW