ကျောက်မဲမှာ ဌာနဆိုင်ရာရုံးတွေ မီးလောင်နေပြီး နလအတပ်ဖွဲ့က မြို့ထဲဝင်ဖို့ပြင်

စက်တင်ဘာ ၃၀၊ ၂၀၂၅
Shy V (VOM)
TNLA ထိန်းချုပ်ရာ ကျောက်မဲမှာ ဒီကနေ့ စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ဌာနဆိုင်ရာရုံးတွေ မီးလောင် နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မီးလောင်တာ လောလောဆယ် သိရတာက သစ်တောရုံး၊ ရဲစခန်း၊ ကြံ့ခိုင်ရေး ကားဝင်းကြီး၊ ရန်ကင်းထိပ်က စ သုံးလုံးရုံး၊ ဆောက်လုပ်ရေးဘက်က ရုံးတွေ။ ဗုံးကြဲတာမဟုတ်ဘူး။ ရှို့တာ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
နလအ တပ်ဖွဲ့တွေ မြို့ထဲ ဝင်ရောက်တော့မှာဖြစ်ပြီး မြို့နဲ့ အတော်နီးကပ်နေကာ တမိုင်လောက်ပဲ လိုတော့တယ်လို့ သူက ပြောပါတယ်။
လက်ရှိ ညနေ ၄ နာရီကျော်ခန့်ကစ ပစ်ခတ်သံတွေရော၊ Y-12 သံတွေရော၊ လက်နက်သေး သံတွေရော၊ ပေါက်ကွဲတဲ့ အသံတွေရော အကုန်ကြားရကာ တိုက်ပွဲက စနေပြီ လို့ သူက ပြောပါတယ်။
“နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုက ပြည်ထောင်စုလမ်းမပေါ်ရှိ မြို့ပြင် ခိုမုန်း၊ ခိုအုံ အနီးမှာ ဖြစ်ပွားနေပြီ။ စစ်တပ်က နေ့လည်ပိုင်းက ခိုအုံကို ရောက်ရှိနေပြီလို့ ကြားတယ်” လို့ ‌ေနာက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
ကျောက်မဲမြို့တွင်းရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြို့နယ်ဆောက်လုပ်ရေးရုံး တွေ အပါအဝင် ဌာနဆိုင်ရာရုံးတွေ မီးလောင်နေတာလို့ သူက ပြောပါတယ်။
ယမန်နေ့ စက်တင်ဘာလ ၂၉ ရက် ညနေပိုင်းမှာတော့ TNLA တာဝန်ခံ ရုံးတွေက ဆိုင်းဘုတ်တချို့မှာ ရေးထား တအာင်းစာ‌ တွေကို ဖျက်သွားတယ်လို့လည်း ကြားသိရကြောင်း သူက ပြောပါတယ်။
ကျောက်မဲမြို့ကို ဝင်သိမ်းတော့မှာ ဖြစ်ကြောင်း နလအ တပ်ဖွဲ့နဲ့ ရှေ့တန်းနဲ့ နီးစပ်သူ တွေရဲ့ ဆိုရှယ်မီဒီယာမှာ ပြောထားပါတယ်။
ကျောက်မဲမြို့ကို နလအ တပ်ဖွဲ့က ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်နေ့ခန့်ကစ တန်ပြနါထိုးစစ်ဆင်လာတာပါ။
Photo, Video Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW