ပါရီ၊ အောက်တိုဘာ-၂-၂၀၂၅
မျိုးဆက်(VOM)
ယူကရိန်းစစ်ပွဲကြောင့် ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေမှ ရှောင်ရှားဖို့ ရုရှားအသုံးပြုနေတယ်လို့ ယူဆရသော ရုရှား ရေနံတင်သင်္ဘောတစီးကို ပြင်သစ်တပ်ဖွဲ့ဝင်တွေက စီးနင်းခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီ သင်္ဘာဟာ ပြီးခဲ့တဲ့ လက ရုရှားကနေ ထွက်ခွာလာပြီး ဒိန်းမတ်ကမ်းရိုးတန်းအနီးပင်လယ်ပြင်မှာ ရှိနေခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့သည့်အပတ်က ဘယ်ကလာမှန်းမသိတဲ့ ဒရုန်းတွေကြောင့် ဒိန်းမတ်လေဆိပ်တွေ ယာယီပိတ်ခဲ့ရတဲ့ အခြေအနေတွေနဲ့လည်း တိုက်ဆိုင်နေပါတယ်။
လေဆိပ်များယာယီပိတ်ခံရချိန်မှာ ဒိန်းမတ်ကမ်းရိုးတန်းအနီးရှိ ပင်လယ်ပြင်မှာ ဒီသင်္ဘာရှိနေခဲ့ပြီး ပြီးခဲ့တဲ့ ရက်အနည်းငယ်ကြာမှာတော့ အနောက်ပိုင်းပြင်သစ်ကမ်းရိုးတန်းအနီးမှာ ရပ်နားနေခဲ့ပါတယ်။
သင်္ဘောသားတွေဟာ ပြင်းထန်သော ဥပဒေချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ပြင်သစ်သမ္မတ မက်ခရွန်က ကိုပင်ဟေဂင်မှာ မနေ့က ပြုလုပ်တဲ့ အီးယူခေါင်းဆောင်တွေ ထိပ်သီးအစည်းအဝေးမှာ ပြောကြားခဲ့ပေမယ့် အသေးစိတ်ကိုတော့ ပြောဆိုခဲ့တာမရှိပါဘူး။
ကရင်မလင်း ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ကတော့ ဒီသင်္ဘောနဲ့ပတ်သက်တဲ့ကိစ္စ မသိရှိဘူးလို့ ဆိုပါတယ်။ ပြင်သစ်စစ်တပ်သားတွေဟာ ပြီးခဲ့တဲ့ စနေနေ့က သင်္ဘောပေါ်ကို တက်ရောက်စီးနင်းခဲ့တာလို့ အေအက်ဖ်ပီ သတင်းဌာနက ဆိုပါတယ်။
ပြီးခဲ့သည့်အပတ်က ဒိန်းမတ်မှာ ဒရုန်းတွေဝင်ရောက်မှုမှာ ဒီသသင်္ဘောကို အသုံးပြုခဲ့ခြင်းရှိ မရှိဆိုတဲ့ မေးခွန်းကို မက်ခရွန်က တုံ့ပြန်ခဲ့ခြင်းမရှိပါဘူး။
ဘရက်စ်မြို့ရှိ ရှေ့နေချုပ်ရုံးကတော့ အာဏာပိုင်တွေရဲ့ အမိန့်ကိုမနာခံတာနဲ့ ဘယ်နိုင်ငံက သင်္ဘောဆိုတာ အဖြေမရှိတာတွေအတွက် သင်္ဘောသားတွေကို တရားစွဲဆိုထားပါတယ်။
ရုရှားဟာ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးနောက် သူ့ရဲ့ စွမ်းအင်ကဏ္ဍအပေါ် အနောက်အုပ်စုနိုင်ငံတွေက အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပြီး ရုရှားကတော့ ဒါကိုကျော်လွှားနိုင်ဖို့အတွက် အခုလို သင်္ဘောတွေကိုအသုံးပြုနေပြီး အစင်းရေ ၆၀၀ ကနေ ၁၀၀၀ ထိရှိမယ်လို့အကဲခတ်တွေက သုံးသပ်ပါတယ်။
Ref:BBC
Photo:AFP

 
                                         
			