နေပြည်တော်၊ မတ်- ၁၆ – ၂၀၂၆ VOICE OF MYANMAR ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌနေရာကို အမည်စားရင်တင်သွင်းရာမှာ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း တဦးတည်းကိုသာ အမည်စာရင်းတင်သွင်းတာကြောင့် ပြိုင်ဘက်မရှိပဲ ဦးမောင်မောင်အုန်း ဟာ ပြည် သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
Read MoreMonth: March 2026
ဦးခင်ရီ ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် တင်မြှောက်
နေပြည်တော်၊ မတ်- ၁၆ – ၂၀၂၆ VOICE OF MYANMAR ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနေရာကို အမည်စားရင်တင်သွင်းရာမှာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ တဦးတည်းကိုသာ အမည်စာရင်းတင်သွင်းတာကြောင့် ပြိုင်ဘက်မရှိပဲ ဦးခင်ရီ ဟာ ပြည် သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
Read Moreပြည်သူ့လွှတ်တော် သဘာပတိ အဖြစ် ဒေါက်တာနန္ဒကျော်စွာ(ဒဂုံ မဲဆန္ဒနယ်) ရွေးချယ်ခံရ
နေပြည်တော်၊ မတ်- ၁၆- ၂၀၂၆ VOICE OF MYANMAR ပြည်သူ့လွှတ်တော် သဘာပတိ အဖြစ်အမည်စာရင်း တင်သွင်းထားသူတွေဖြစ်တဲ့ ဒေါက်တာနန္ဒကျော်စွာ(ဒဂုံ မဲဆန္ဒနယ်)နဲ့ စိုင်းစိန်ဝင်း (လဲချား မဲဆန္ဒနယ်) တို့ကို ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တွေက မဲပေးရွေးချယ်ကြရာ ဒေါက်တာနန္ဒကျော်စွာ(ဒဂုံ မဲဆန္ဒနယ်) က ထောက်ခံမဲ ၃၄၈ မဲနဲ့ ထောက်ခံမှုအများဆုံးရရှိခဲ့ပြီး ပြည်သူ့လွှတ်တော် သဘာပတိအဖြသ် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒေါက်တာနန္ဒကျော်စွာ(ဒဂုံ မဲဆန္ဒနယ်) ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၃၇၃ မဲ ထောက်ခံဆန္ဒမဲပေါင်း ၃၄၈ မဲ ကန့်ကွက်ဆန္ဒမဲပေါင်း ၈ မဲ ကြားနေဆန္ဒမဲပေါင်း ၁၁ မဲ ဆန္ဒမဲအရေအတွက်စုစုပေါင်း – ၃၆၇ မဲ ရရှိခဲ့ပါတယ်။ စိုင်းစိန်ဝင်း (လဲချား မဲဆန္ဒနယ်) ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၃၇၃ မဲ ထောက်ခံဆန္ဒမဲပေါင်း ၂၇ မဲ ကန့်ကွက်ဆန္ဒမဲပေါင်း ၃၁၈…
Read Moreတတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းဝေး စတင်ကျင်းပ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နဲ့ ဒုတိယ ဥက္ကဋ္ဌ တို့ကို ရွေးကောက်တင်မြှောက်မယ်
နေပြည်တော်၊ မတ်- ၁၆- ၂၀၂၆ SA(VOM) တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေးကို ဒီကနေ့မတ်လ ၁၆ ရက်နေ့ မနက် ၁၀ နာရီအချိန်မှာ နေပြည်တော်မြို့၊ ဇမ္ဗူသီရိမြို့နယ်အတွင်းမှာရှိတဲ့ လွှတ်တော်အဆောက်အဦးဝင်း ပြည်သူ့လွှတ်တော်အဆောက်အဦမှာ စတင်ကျင်းပမှာဖြစ်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နဲ့ ဒုတိယ ဥက္ကဋ္ဌ တို့ကိုလည်း ဒီကနေ့မှာ ရွေးကောက် တင်မြှောက်မှာဖြစ်ပါတယ်။ တတိယအကြိမ် ပြည်သူ့လွှတ်တော် သက်တမ်းအတွက် အထွေထွေ ရွေးကောက်ပွဲမှာ စုစုပေါင်း ကိုယ်စားလှယ်နေရာ ၄၄၀ ရှိတဲ့အထဲက ၂၆၃ နေရာကို တိုက်ရိုက် ရွေးကောက်တင်မြှောက်ခဲ့ပြီး ကျန်တဲ့ ၁၁၀ နေရာအတွက် တပ်မတော်ကခန့်အပ်ထားတာဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ မဲဆန္ဒနယ် ၂၆၃ နေရာတွေထဲကပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၂၃၁ နေရာနဲ့အများဆုံး အနိုင်ရရှိခဲ့ပါတယ်။ အခြား တိုင်းရင်းသားပါတီတွေနဲ့ ပါတီအသီးသီးက လက်ကျန်နေရာများကို ရရှိခဲ့ကြပြီး လစ်လပ်နေရာ ၆၇…
Read Moreအီရန် အတွက် ရုရှ နဲ့ တရုတ် ရဲ့ အကူအညီများ
မတ် ၁၆-၂၀၂၆ MT(VOM) ရုရှား- ဟာ အီရန် အတွက် “ဆေးဘက်ဆိုင်ရာ သံတမန်ရေး” နဲ့ တိုက်ရိုက်အကူအညီတွေပေးနေပါတယ်။ ရုရှားဟာ တကယ့်လက်တွေ့ပစ္စည်းတွေကို အားတက်သရော အပို့နိုင်ဆုံးနိုင်ငံ ဖြစ်နေပါတယ်။ သူတို့ရဲ့ အကူအညီတွေကို “အနောက်အုပ်စုရဲ့ ရန်ပြုမှု” ကြားမှာ အသက်ကယ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အရာတွေအဖြစ် ပုံဖော်နေပါတယ်။ ဆေးဝါးများ လေကြောင်းဖြင့် ပို့ဆောင်ခြင်း:၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့မှာ ရုရှား အရေးပေါ်ဝန်ကြီးဌာနက Il-76 လေယာဉ်နဲ့ တန်ချိန် ၁၃ တန်ရှိတဲ့ ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေကို ပို့ဆောင်ပေးခဲ့ပါတယ်။ အဇာဘိုင်ဂျန် လမ်းကြောင်းပါရှန်ပင်လယ်ကွေ့က အန္တရာယ်များလွန်းတာကြောင့် ရုရှားဟာ အဇာဘိုင်ဂျန်နိုင်ငံကို ဖြတ်ပြီး ကုန်းလမ်း၊ လေလမ်းကနေ အီရန်အာဏာပိုင်တွေဆီ တိုက်ရိုက်ရောက်အောင် ပို့ပေးနေပါတယ်။ ထောက်လှမ်းရေး အချက်အလက်များဖြင့် ကူညီခြင်းဆေးပတ်တီးတွေအပြင် ရုရှားဟာ အမေရိကန် ရေတပ်ရဲ့…
Read Moreသူတို့အိမ် အခန်း – ၇၈
ဆူးငှက် မန္တလေးသင်္ကြန်ဆိုတာ ——————————- သင်္ကြန်အကြိုနေ့၏ နေဝင်ရီတရောညနေချမ်းဆည်းဆာနေလုံးသည် ကျုံးပြာသာဒ်ကြား တွဲလွဲခိုနေ၏။ နေလုံးပတ္တမြားနီနီက ပြာသာဒ်တတိယဘုံ၏ ဒုယင်အစွန်းနှင့် ထိခိုက်မိ၍ ဖြာကျလာသော ပတ္တမြားရည်များကား ကျုံးရေပြင်တွင် ပြန့်ကျဲသွားသည်။ ဟိုတစ်စ သည်တစ်စအနီ။ ပြာသာဒ်ဒုယင်ကြားမှ ကင်းလွတ်ပြီး အနောက် မင်းဝံတောင်ရိုးပေါ် ပြေးဆင်းလုလု နေလုံးက သင်္ကြန်၏ အကြိုနေ့ကို သံယောဇဉ် ကြီးနေဆဲဖြစ်သည်။ သို့သော် လမ်းမီးတွေ အပွင့် မဏ္ဍပ်တွေမှာ အလှပြယာဉ်တွေမှာ ရောင်စုံမီးသီးမီးလုံးတို့ အပြိုင်အဆိုင် ပွင့်လန်းလာတော့ နေလုံးသည် စိတ်ချစွာဖြင့် တောင်ရိုးနောက် ငုတ်လျှိုးသွားချေပြီ။ မန္တလေးသင်္ကြန်၏ ကန့်လန့်ကာက စ၍ဖွင့်ချေပြီ။ ဆွေမျိုး ဧည့်သည်များကို မန္တလေးသင်္ကြန်၏ ဇာတ်ဝင်ခန်းတွေ ပြသဖို့ ကျွန်တော်တို့လည်း အများနည်းတူ မြို့လယ်က ဗဟိုမဏ္ဍပ်အနား ရောက်နေကြပြီ။ ထိုစဉ် သင်္ကြန်၏ အမှတ်အသား ပဏာမ…
Read Moreဈေးကွက်အတွင်း သွင်းကုန်တွေ ရှားပါးလာပြီး ပြည်တွင်းထုတ်ကုန်တွေ နေရာယူ
မတ် ၁၅ – ၂၀၂၆ SS (VOM) နိုင်ငံခြားငွေ သုံးစွဲမှုကို ထိန်းချုပ်နိုင်ဖို့ အစိုးရ တာဝန်ရှိသူတွေက ပြည်ပကုန်စည် တင်သွင်းမှုတွေကို တင်းကျပ်ထားတာကြောင့် လက်ရှိ ပြည်တွင်းမှာ သွင်းကုန်တွေ ရှားပါးလာပြီး ရောင်းချစရာ ပစ္စည်းလက်ကျန် မရှိသလောက် ဖြစ်နေတယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။ လက်ရှိမှာ မီနီမားကတ်လေးတွေမှာသာမက နာမည်ကြီး စူပါမားကတ်တွေမှာလည်း နိုင်ငံခြားဖြစ် ပစ္စည်းတွေ ပြတ်လပ်နေပြီး ပြည်တွင်းဖြစ် ထုတ်ကုန်တွေကိုသာ အစားထိုး ရောင်းချနေကြတာကို တွေ့လာရတယ်လို့ ပြည်သူတွေက ပြောပါတယ်။ “သမဝါယမခေတ်က တန်းစီပြီး ခွဲတမ်းနဲ့ဝယ်ရတဲ့ ကာဘော်လစ်၊ ရွှေဝါနဲ့ ပဒုမ္မာဆပ်ပြာတွေတောင် စီးတီးမတ်မှာ တင်ရောင်းနေတာ တွေ့ရတယ်။ Lux ဆပ်ပြာတွေတောင် မရှိတော့ဘူး။ ငံပြာရည်နဲ့ ခရုဆီတွေလည်း ပြည်တွင်းဖြစ်တွေချည်းပဲ။ ဒါက တိုင်းပြည်စီးပွားရေး ဘယ်လောက်အထိ အခြေအနေ ဆိုးနေပြီလဲ ဆိုတာကို ပြနေတာ။…
Read Moreထိုင်းနိုင်ငံမှာ လွှတ်တော်ခေါ်ပြီ
မတ် ၁၅-၂၀၂၆ MT(VOM) ပြီးခဲ့တဲ့လက ထိုင်းရွေးကောက်ပွဲမှာ မဲလက်မှတ်တွေပေါ်က ဘားကုဒ် (Barcode) တွေကြောင့် မဲလျှို့ဝှက်ချက် ပေါက်ကြားနိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားရုံးမှာ စစ်ဆေးနေရချိန်မှာပဲ ထိုင်းလွှတ်တော်သစ်ကို စနေနေ့ (မတ်လ ၁၄ ရက်) က တရားဝင် စတင်ဖွင့်လှစ်လိုက်ပါတယ်။ မဲလက်မှတ်ပြဿနာ မဲလက်မှတ်တွေမှာပါတဲ့ Barcode နဲ့ QR Code တွေက ဘယ်သူဘယ်ဝါ ဘယ်ပါတီကို မဲပေးလိုက်လဲဆိုတာ ပြန်ခြေရာခံလို့ ရနေတယ်ဆိုပြီး လူထုက တိုင်ကြားထားပါတယ်။ ဒါဟာ မဲပေးခြင်းရဲ့ လျှို့ဝှက်ချက်ကို ထိခိုက်စေတဲ့အတွက် ရွေးကောက်ပွဲရလဒ်ကို တရားရုံးက ပယ်ဖျက်မလားဆိုတာ စောင့်ကြည့်နေရပါတယ်။ ကော်မရှင်ရဲ့ အဖြေ ရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ ဒီဘားကုဒ်တွေဟာ လုံခြုံရေးအတွက်ပဲ ဖြစ်ပြီး၊ မဲပေးသူကို ပြန်ရှာဖို့ဆိုတာ လုံခြုံရေးအဆင့်ဆင့် ကျော်ဖြတ်ရမှာမို့လို့ မဖြစ်နိုင်ဘူးလို့ ငြင်းထားပါတယ်။ ဝန်ကြီးချုပ် အနုတင်…
Read Moreနမ္မတီးမှာ အရွယ်စားကြီးမားတဲ့ မိုးသီးတွေကြွေကျမှုကြောင့် ရာနဲ့ချီတဲ့အိမ်အမိုးတွေနဲ့ စိုက်ခင်းတွေ ပျက်စီး
မတ် ၁၅ ၊ ၂၀၂၆ GG (VOM) ကချင်ပြည်နယ် ၊ နမ္မတီးမြို့နဲ့ အနီးတဝိုက်ရှိ ကျေးရွာတွေမှာ မတ်လ ၁၄ ရက်နေ့ညပိုင်းက အချိန်အခါမဟုတ် မိုးရွာသွန်းပြီး အရွယ်အစားကြီးမားတဲ့ ကြက်ဥအရွယ်ခန့် မိုးသီးတွေ ကြွေကျခဲ့တာကြောင့် နေအိမ်ရာနဲ့ချီပြီး အိမ်အမိုးသွပ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိ ရပါတယ်။ မိုးသီးထိမှန်မှုကြောင့် အိမ်အမိုးသွပ်တွေမှာအပေါက်တွေဖြစ်ပေါ်ခဲ့ပြီး တချို့အိမ်တွေမှာဆိုရင် ယာယီနေထိုင်လို့တောင်မရတဲ့အထိ အိမ်အမိုးသွပ်အားလုံး အပေါက်တွေဖြစ်ကာ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ” ည ၇ နာရီခွဲ ၈ နာရီလောက်မှာ ဖြစ်တာ ။ နမ္မတီးမြို့ပေါ်ရပ်ကွက်တွေ နဲ့ ကပ်လျက်ရွာတွေမှာ ဖြစ်တာပါ။ သူဌေးကုန်းရွာလည်းဖြစ်တယ်။နမ္မတီးမြို့ပေါ်ဆိုရင် ရပ်ကွက်လေးခုရှိတာ အကုန်လုံးနီးပါး ထိတယ်။ မြို့ပေါ်တင် မိုးသီးထိလို့ အိမ်မိုးသွပ်ပျက်စီးတာ ရာဂဏန်းလောက်ရှိမယ်။ကျွန်တော်တို့အိမ်လည်း သွပ်တွေပျက်စီးတယ်။ အခုသွပ်တွေမဝယ်နိုင်သေးဘူး ။ မိုးသီးက မြောက်ဘက်ကနေ တခြမ်းစောင်း…
Read Moreကွတ်ခိုင်မြို့ကို MNDAA တပ်ဖွဲ့ထိန်းချုပ် ၊ မြို့ပြင်မှာ တိုက်ပွဲဆက်ဖြစ်နေ
မတ်လ ၁၅ ၊ ၂၀၂၆ GG (VOM) ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့ကို ဒီကနေ့ မတ် ၁၅ ရက်နေ့ ညနေပိုင်းမှာ ကိုးကန့်တပ် MNDAA အဖွဲ့က ထိန်းချုပ်လိုက်ပြီ ဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မနက် ၅ နာရီလောက်ကစပြီး နေ့လယ် ၁ နာရီလောက်အထိ ကွတ်ခိုင်မြို့ထဲမှာ ဒရုန်းဗုံး တိုက်ခိုက်မှု ၊ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုတွေ ဆက်တိုက်ရှိခဲ့ပေမယ့် ၁ နာရီနောက်ပိုင်းမှာတော့ TNLA တပ်တွေ မြို့ထဲကနေ ဆုတ်ခွာသွားတာကြောင့် ပစ်ခတ်မှု ရပ်သွားတယ်လို့ သိရပါတယ်။ ဒါကြောင့် လက်ရှိမှာ ကွတ်ခိုင်မြို့ကို ကိုးကန့်တပ်တွေက ထိန်းချုပ်ထားပြီး မြို့ပြင် တပ်ဆုတ်သွားတဲ့ TNLA တပ်တွေကိုတော့ လိုက်လံ ပစ်ခတ်ရှင်းလင်းမှုတွေ ရှိနေသေးတယ်လို့ သိရပါတယ် ။ ” ခုလက်ရှိအခြေအနေက တအောင်းပလောင်တွေထွက်သွားပြီ။အခုတပ်ရဲ့နောက်ကျောက…
Read More