နေပြည်တော် ဧပြီ ၂ – ၂၀၂၆
KKL(VOM)
ဒီကနေ့ နေပြည်တော်က ပြည်ထောင်စုလွှတ်တော်မှာ သမ္မတအရည်အချင်း စိစစ်ရေးကော်မတီက ရွေးချယ်ခံထားရတဲ့ ဒုတိယသမ္မတ သုံးယောက်ရဲ့အရည်အချင်း ကိုက်ညီမှုရှိမရှိ စိစစ်တာမှာ ဒုတိယ သမ္မတသုံးယောက်လုံး အရည်အချင်းကိုက်ညီမှုရှိတယ်လို့ ကြေငြာခဲ့ပါတယ်။
ဒီကနေ့ အရည်အချင်းကိုက်ညီမှုရှိတယ်ဆိုတဲ့ ဒုတိယသမ္မတသုံးယောက်ထဲက တယောက်ကို သမ္မတ၊ ဒုတိယသမ္မတနဲ့ ဒုတိယသမ္မတ ၂ အဖြစ် မနက်ဖြန်ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ ရွေးချယ်သွားမှာဖြစ်ပါတယ်။
အဲ့ဒီနောက် ပြည်ထောင်စုလွှတ်တော်က ကော်မတီ သုံးခုဖွဲ့စည်းမှုနဲ့အတူ သက်ဆိုင်ရာကော်မတီတွေရဲ့ ဥက္ကဋ္ဌ နဲ့အတွင်းရေးမှူးတွေရဲ့အမည်ကို သတ်မှတ်ကြေငြာပါတယ်။
ဖွဲ့စည်းခဲ့တဲ့ကော်မတီတွေကတော့ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီနဲ့ လွှတ်တော်ကော်မတီစီစစ်ရေးကော်မတီတွေကိုဖွဲ့စည်းခဲ့ကြတာဖြစ်ပြီး ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းခဲ့ကြတဲ့ ကော်မတီသုံးခုအတွက် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တစ်ဦးစီက ကော်မတီဖွဲ့စည်းရတဲ့အကြောင်းတွေကို ရှင်းလင်းခဲ့ကြပါတယ်။
ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့ ဥက္ကဋ္ဌ အဖြစ် ဦးဂျမ်ပေါင်နော်တောင် ၊ ဒုတိယဥက္ကဋ္ဌ ၁ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် ၂ မှ ဒေါ်နွယ်နွယ်ဦး ၊ ဒုဥက္ကဋ္ဌ ၂ အဖြစ် ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာနဒ္ဒကျော်စွာ ၊အတွင်းရေးမှူး ၁ ဦးဇင်မင်းထက် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အချိုးကျ ၁ ၊ အတွင်းရေးမှူး ၂ ဦးသိန်းထွန်းဦး အမရပူရမဲဆန္ဒနယ်တို့ကို ရွေးချယ်ခဲ့ပါတယ်။
ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှာတော့ ဥက္ကဋ္ဌ ဦးဂျမ်ပေါင်နော်တောင် ၊ ဒုတိယဥက္ကဋ္ဌ ဦးချစ်ဆွေ ဧရာဝတီတိုင်းဒေသကြီး အချိုးကျ မဲဆန္ဒနယ် ၂ ၊အတွင်းရေးမှူး ၁ ဦးသန်းအောင် တနင်္သါရီတိုင်ဒေသကြီးမဲဆန္ဒနယ် ၂ ၊ အတွင်းရေးမှူး ၂ ဦးတင်အောင်ချစ် အောင်လံမဲဆန္ဒနယ် တို့ကိုရွေးချယ်ခဲ့ပါတယ်။
လွှတ်တော်စီစစ်ရေးကော်မတီရဲ့ဥက္ကဋ္ဌ အဖြစ် ထားဝယ်မဲဆန္ဒနယ်မှ ဒေါက်တာကျော်ကျော်ဌေးဥက္ကဋ္ဌ ၊ အတွင်းရေးမှူးအဖြစ် ဧရာဝတီတိုင်းဒေသကြီးအချိုးကျ ၂ မှ ဦးတင်အောင်မြင့်တို့ကို ရွေးချယ်ခဲ့တယ်လို့ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ က ကြေငြာခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာဖွဲ့စည်းခဲ့တဲ့ ကော်မတီတွေမှာ အမျိုးသားလွှတ်တော်နဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခုနှစ်ဦးစီပါဝင်ပြီး ဥက္ကဋ္ဌ အတွင်းရေးမှူးနေရာမှာ မပါဝင်ကြတဲ့ ကိုယ်စားလှယ် ၁၀ ဦးစီကတော့ သက်ဆိုင်ရာကော်မတီ အဖွဲ့ဝင်တွေအဖြစ် ဆက်လက်တည်ရှိမှာဖြစ်ပါတယ်။
