မေ ၃၁၊ ၂၀၂၆ Shy V (VOM) ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာက အသက်မပြည့်သေးတဲ့ ကျောင်းသူတယောက် မေလ ၂၈ ရက်နေ့က စုဆောင်းရေးဆွဲခံရပြီး နှိပ်စက်ခံထားရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဟုတ်တယ်။ အိမ်နားက ကလေးပါ။ စုဆောင်းရေး ဆွဲခံရပြီး ဒဏ်ရာတွေနဲ့ ပြန်လွတ်မြောက်လာတယ်လို့ ကြားတယ်။ တကယ်စိတ်မကောင်းဘူး” လို့ ဒေသခံ အမျိုးသမီး တယောက်ကပြောပါတယ်။ ၉ တန်းအောင်ထားပြီး ၁၀ တန်းတက်ဖို့ ပြင်ဆင်နေတဲ့ ကျောင်းသူတယောက် ဖြစ်တယ်လို့ သူက ပြောပါတယ်။ မေလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ သူငယ်ချင်းက မုန့်သွားစားဖို့ခေါ်လို့ ဆိုပြီး အိမ်က ထွက်သွားတဲ့နောက် ည ၈ နာရီလောက်မှ ငိုယို၊ ကြောက်လန့်နေတဲ့ အခြေအနေနဲ့ အိမ်ပြန်ရောက်လာတာလို့ မိသားစုဝင် တယောက်က ပြောပါတယ်။…
Read MoreDay: May 31, 2026
မြေစာပင်ဖြစ်ခဲ့ရသည့် ငါးနှစ်ကျော် သို့မဟုတ် ပညာရေးအမှောင်ထုထဲက မြန်မာ့ကလေးလူငယ်များ
KKA (VOM) မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမုန်တိုင်းနဲ့ မတည်ငြိမ်မှုများအကြားတွင် အနာဂတ်၏ ကြယ်ပွင့်များဖြစ်ရမည့် ကလေးလူငယ်ပေါင်းများစွာသည် စာသင်ခန်းများနှင့် ဝေးကွာခဲ့ရသည်မှာ ယခုဆိုလျှင် ငါးနှစ်ကျော် တိုင်ခဲ့ပြီဖြစ်သည်။ ကပ်ရောဂါဘေးနှင့် နိုင်ငံရေးအကျပ်အတည်းများ စပ်ကူးမတ်ကူး ဖြစ်ပွားခဲ့သည့် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ ယနေ့အထိ ကလေးငယ်အများအပြားသည် ကျောင်းမတက်ခဲ့ရဘဲ မြန်မာ့နိုင်ငံရေး အခင်းအကျင်းထဲ၌ အကြီးမားဆုံးသော “မြေစာပင်” များ ဖြစ်လာခဲ့ကြရသည်။ စစ်မီးလျှံများနှင့် ပဋိပက္ခများကြားတွင် ပညာသင်ယူခွင့် ဆုံးရှုံးနေရသည့် ကလေးငယ်များ၏ ဘဝနှင့် ၎င်းတို့ ရင်ဆိုင်နေရသော စိန်ခေါ်မှုများမှာ နေ့စဉ်နှင့်အမျှ ပိုမိုနက်ရှိုင်းလာနေသည်။ အသက် ၁၀ နှစ်အရွယ်တွင် စာသင်ခန်းမှ ထွက်ခဲ့ရသော ကလေးတစ်ဦးသည် ယခုအခါ အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦး ဖြစ်နေပြီဖြစ်သည်။ ၎င်းတို့၏ ဘဝတွင် အရေးအကြီးဆုံးဖြစ်သည့် အခြေခံစာဖတ်၊ စာရေး၊ အတွေးအခေါ် ပျိုးထောင်ရမည့် အရွယ်များကို စစ်ဘေးရှောင်စခန်းများ၊…
Read Moreနမ့်ခမ်းမှာ ယမ်းပေါက်ကွဲလို့ လူ ထိခိုက် သေဆုံးမှုနဲ့ ဒဏ်ရာရသူများ
မေ ၃၁၊ ၂၀၂၆ Shy V (VOM) TNLA ထိန်းချုပ်တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့မှာ ဒီနေ့ မေလ ၃၁ ရက်နေ့ နေ့လယ်ပိုင်းက ယမ်းပေါက်ကွဲလို့ လူ ထိခိုက် သေဆုံးမှုနဲ့ ဒဏ်ရာရှိသူတွေရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ယမ်းပေါက်ကွဲတာတဲ့။ သေတာ သုံးယောက်ပဲ သိသေးတယ်။ ဒဏ်ရာရတာ ဆယ်ယောက်မကဘူး။ အိမ်ကလည်း လေး၊ ငါးဆယ် ထိတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ နမ့်ခမ်းမြို့ ကောင်းတပ် အပေါ်ရွာ ဘော်လုံးကွင်းနားက ယမ်းစက်ရုံ ပေါက်ကွဲသွားတာဖြစ်ပြီး အနီးပတ်ဝန်းကျင်က နေအိမ်တွေ ပြာကျသွားတယ်လို့ သူက ပြောပါတယ်။ “ဘော်လုံးကန်နေတဲ့ တယောက်တော့ ကိုယ်တပိုင်းပဲ တွေ့တယ်။ အလောင်းတွေတော့ အကုန်ရှာမတွေ့သေးဘူး။ သုံးယောက်ပဲ သိသေးတယ်။ အိမ်တွေကတော့ ထိတာ များမှာ”…
Read Moreသေနတ်နဲ့အထောက်ခံထားရတဲ့ ကြားကာလ ပညာရေး
MT(VOM) စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပလဖ) က ၂၀၂၄ ခုနှစ် မေလ ၂၆ ရက်စွဲ နဲ့ “စစ်ကောင်စီကျောင်းများတွင် ကျောင်းအပ်နှံသည့် မိဘများနှင့် ကျောင်းအပ်နှံရေးအတွက် အားပေးကူညီနေသူများအား သတိပေးခြင်း” ဆိုတဲ့ စာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီ ထုတ်ပြန်ချက်ကို ကမ္ဘာ့ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) ပါ ပညာသင်ကြားခွင့် အခြေခံမူများနှင့် သမိုင်းနောက်ခံအချက်အလက်များအပေါ် အခြေခံပြီးလေ့လာသုံးသပ်ကြည့်ပါမယ်။ ပညာရေးလွတ်လပ်ခွင့် နဲ့ စစ်အတွင်း ပညာရေးအကျပ်အတည်း လက်နက်ကိုင်ပဋိပက္ခများကြား မှာ ပညာရေးဟာ မကြာခဏဆိုသလို နိုင်ငံရေး နဲ့ စစ်ရေးလက်နက်တစ်ခုအဖြစ် အသုံးချခံရလေ့ရှိပါတယ်။ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကြေညာချက်မှာ စစ်ကောင်စီလက်အောက်ခံ ကျောင်းများတွင် ပညာသင်ကြားခြင်းကို လုံးဝ (လုံးဝ) တားမြစ်ထားပြီး၊ NUG ကြားကာလပညာရေးကျောင်းများတွင်သာ အပ်နှံရန် ဖိအားပေးထားတာတွေ့ရပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ ကျောင်းကို…
Read Moreသူတို့အိမ် အခန်း (၁၂၆)
ဆူးငှက် ဓာတ်ပုံ မိသားစု ———————– ဦးကြီးဦးလှတင်က ရှေးဓာတ်ပုံဆရာကြီးလည်း ဖြစ်သည့်အပြင် ဝေးသီခေါင်လှသော သဖန်းဆိုသည့် ကျေးလက်ကလေး မှသည် မန္တလေးသို့ စွန့်စွန့်စားစားတက်လာပြီး အဖော်များကဲ့သို့ သမားရိုးကျ ထမ်းပိုးထမ်း၍ ဆီမရောင်းဘဲ အမြော်အမြင်ကြီးစွာဖြင့် ဓာတ်ပုံပညာကို ကျားကုတ်ကျားခဲ သင်ယူခဲ့သူဖြစ်သည်။ ထို့နောက် မြို့လယ်ခေါင်တွင် ကိုယ်ပိုင်ဓာတ်ပုံတိုက် ဖွင့်လှစ်နိုင်သည်အထိ ကြိုးပမ်းခဲသူဖြစ်သည်။ ဦးကြီးက သူ့ဓာတ်ပုံပညာကို ဇနီးဖြစ်သူ ဒေါ်ဒေါ်လုံးကိုလည်း သင်ကြားပေးရာ လှဂုဏ်ရည်တွင် ဒေါ်ဒေါ်လုံးသည် ဓာတ်ပုံနှင့် ပတ်သက်၍ ဦးကြီးနည်းတူ တန်ဖိုးထားသူ ဖြစ်သည်။ ကျွန်တော်လှဂုဏ်ရည်ကို ရောက်တော့ ဒေါ်ဒေါ်လုံးမရှိတော့။ ထို့ပြင် သမီးကြီး မမခင်ဌေးလည်း ကင်မရာကိုင်ကာ ကျွမ်းကျွမ်းကျင်ကျင် ရိုက်နိုင်သည်။ နောက် ဘွဲ့ရပြီး ဝန်ထမ်းဖြစ်သွား၏။ နောက် ကိုကျော်ဝင်းပေါ့၊ သူကတော့ ပြောစရာမလို ဝါရင့် ဓာတ်ပုံဆရာဖြစ်ပြီး ဦးကြီးလိုပဲ ဓာတ်ပုံအပေါ် တန်ဖိုးထား…
Read Moreမြန်မာ-ရုရှား ဆက်ဆံရေး
MT(VOM) (ကုန်းဘောင်ခေတ်မှ မျက်မောက်ကာလ) သမိုင်းဟူသည် အတိတ်က အဖြစ်အပျက်များကို မှတ်တမ်းတင်ထားရုံမျှ သက်သက်မဟုတ်ဘဲ၊ ပစ္စုပ္ပန်ကို ပုံဖော်ကာ အနာဂတ်အတွက် လမ်းပြနေသော တက်ကြွလှုပ်ရှားနေသည့် ရေစီးကြောင်းကြီးတစ်ခု ဖြစ်ပေသည်။ နှင်းထုများ တစ်နှစ်ပတ်လုံး ဖုံးလွှမ်းနေတတ်သည့် ရုရှားတို့၏ စတက်လွင်ပြင် ကြီးများနှင့် နေရောင်ခြည် တောက်ပပူပြင်းလှသည့် အပူပိုင်းဒေသ မြန်မာ့မြေတို့သည် ပထဝီဝင်အနေအထားအရ မိုင်ထောင်ပေါင်းများစွာ ကွာဝေးလှသော်လည်း၊ နိုင်ငံရေးနှင့် သမိုင်းကံကြမ္မာ ရေစီးကြောင်းထဲတွင်မူ အပြန်အလှန် ဆက်နွှယ်ပတ်သက်မှုများ ရှိခဲ့ကြပေသည်။ ကုန်းဘောင်နေဝင်ချိန်နှင့် ရုရှားတံခါးကို ခေါက်ခြင်း ၁၉ ရာစုနှောင်းပိုင်း ကုန်းဘောင်ခေတ် နေဝင်ချိန်ကာလများဆီသို့ ကျွန်တော်တို့ မျက်စိမှိတ်ပြီး ပြန်တွေးကြည့်ကြပါစို့။ ထိုအချိန်က မြန်မာ့နန်းတွင်းသည် ဗြိတိသျှအင်ပါယာ၏ နယ်ချဲ့လာမည့် အန္တရာယ်ကို နေ့စဉ်နှင့်အမျှ ရင်ထိတ်စွာ စောင့်ကြည့်နေရသော အချိန်ဖြစ်သည်။ အင်္ဂလိပ်တို့၏ ခြိမ်းခြောက်မှုကို တန်ပြန်နိုင်ရန်အတွက် မင်းတုန်းမင်းနှင့် သီပေါမင်းတို့သည် ဥရောပနိုင်ငံကြီးများနှင့် သံတမန်ဆက်သွယ်ရေး…
Read Moreကျောက်ဖြူနဲ့ စစ်တွေမြို့နယ်အနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေ
မေ ၃၀ – ၂၀၂၆ SS (VOM) ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် (စနဲမြို့အပါအဝင်) နဲ့ စစ်တွေမြို့နယ် အနီးဝန်းကျင်မှာ အစိုးရတပ်နဲ့ AA တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ ကျောက်ဖြူနဲ့ စနဲမြို့အနီးမှာ အခု မေလအတွင်း AA ရဲ့ ထိုးစစ်တွေကြောင့် တိုက်ပွဲတွေ အထူးပြင်းထန်လျက်ရှိပြီး အစိုးရတပ်က လေကြောင်း၊ ရေကြောင်းနဲ့ ဆက်တိုက် တိုက်ခိုက်နေတဲ့အတွက် ဒေသခံ ငါးသောင်းဝန်းကျင် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ လက်ရှိမှာ စနဲမြို့နဲ့ ၇ မိုင်ကျော် အကွာမှာရှိတဲ့ ကုလားမကျွန်းနဲ့ ဖရုံကျွန်းမှာ အခြေစိုက်ထားတဲ့ အစိုးရတပ်ရဲ့ ရေတပ် စစ်ရေယာဉ်တွေပေါ်ကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေသလို လေကြောင်းကနေလည်း အဆက်မပြတ် ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒါအပြင် အစိုးရတပ်ရဲ့…
Read More