လေပြင်းတိုက်ခတ်မှုကြောင့် ပဲခူးတိုင်းထဲက ကြို့ပင်ကောက်နဲ့ ဇီးကုန်းမြို့နယ်မှာ နေအိမ် အဆောက်အဦ တ​ထောင်ကျော် ပျက်စီးခဲ့ရ

ဧပြီ ၁၈ ၊ ၂၀၂၆ CC(VOM) ပဲခူးတိုင်း အနောက်ပိုင်း ၊ ကြို့ပင်ကောက်မြို့နယ်နဲ့ ဇီးကုန်းမြို့နယ်မှာ မိုးရွာပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် အဆောက်အဦ တ​ထောင်ကျော်ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့ သက်ဆိုင်ရာ မြို့နယ်မီးသတ်တပ်ဖွဲ့တွေဆီက သိရပါတယ်။ မနေ့က ဧပြီ ၁၇ ရက်နေ့ ညနေ ၃ နာရီကျော်လောက်ကစပြီး ဖြစ်ပွားခဲ့တဲ့ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်တဲ့အခြေအနေ ကြောင့် နေအိမ်နဲ့ ဘုန်းကြီးကျောင်း ၊စာသင်ကျောင်း ၊ဆေးပေးခန်းတို့ ထိခိုက်ပျက်စီးမှုရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ကြို့ပင်ကောက်မြို့နယ်မှာဆိုရင် လေပြင်းတိုက်ခတ်မှုကြောင့် မြို့ပေါ်ရပ်ကွက် ၅ ခုနဲ့ ကျေးရွာအုပ်စု ၂၂ အုပ်စုရှိ နေအိမ် ၆၃၉ လုံး အမိုးလန်ခဲ့ပြီး နေအိမ် ၅၇ လုံးမှာ ပြိုလဲပျက်စီးခဲ့ကြောင်း ၊ ဘုန်းကြီး ကျောင်း ရှစ် ကျောင်း၊ စာသင်ကျောင်းနှစ် ကျောင်း၊…

Read More

မြဝတီနယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်တော့မှာဖြစ်လို့ နယ်စပ်ပို့ကုန်လိုင်စင်တွေ ချထားပေးနေ

ဧပြီ ၁၈ ၊၂၀၂၆ GG (VOM) ထိုင်း – မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီကနေ နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်တော့မှာဖြစ်တာကြောင့် ပို့ကုန်ပစ္စည်း ခြောက်မျိုးကို နယ်စပ်ပို့ကုန်လိုင်စင် လျှောက်ခွင့်ပြုလိုက်ပြီ ဖြစ်တယ်လို့ ကုန်သည်တွေဆီကသိရပါတယ် ။ ပြောင်းဆံ ၊ ငရုတ်အစို/အခြောက် ၊ ကွမ်းသီးအစို/အခြောက် ၊ ကြက်သွန်နီ ၊ ပဲမျိုးစုံ နဲ့ သီဟိုဆံ တို့ကို ပို့ကုန်လိုင်စင်ချထားပေးလိုက်တာ ဖြစ်ပြီး လိုင်စင်ကို Myanmar Trade Net 2.0 စနစ်မှာ လျှောက်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။ ” အမှတ် ၂ တံတားပြန်ဖွင့်တော့မှာမို့လို့ ခုလို ပို့ကုန်လိုင်စင် တွေပြန်ချပေးတဲ့သဘောပါ ။ တံတားပြန်ဖွင့်မှ လိုင်စင်လျှောက် ထလုပ်လို့ ကုန်သွယ်ရေး ထလုပ်လို့မှမရတာ ။ ပို့ကုန်လိုင်စင်တွေ ချထားပေးပြီးမှ တံတားဖွင့်တာနဲ့ ကုန်စည်တွေ ချက်ခြင်းပို့နိုင်မှာ အဲဒီသဘောပါ…

Read More

အရာတော်နဲ့ ဖလမ်းမြို့မှာ တိုက်ပွဲ ပြင်းထန်နေ

ဧပြီ ၁၈ – ၂၀၂၆ SS (VOM) စစ်ကိုင်းတိုင်း အရာတော်မြို့နဲ့ ချင်းပြည်နယ် ဖလမ်းမြို့မှာ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ အရာ‌တော်မြို့နယ်၊ အရှေ့တောင်ခြမ်းရှိ သလဲဘာ၊ ငွေတွင်းနဲ့ စပါးတွင်းရွာတွေမှာ ဧပြီ ၁၃ ရက်နေ့မှ စတင်ကာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အစိုးရတပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ သိရပါတယ်။ “လေကြောင်း တိုက်ခိုက်တာက လေယာဉ်နဲ့ရော၊ စက်တပ်လေထီးနဲ့ရော၊ ဒရုန်းတွေနဲ့ရော နေ့ရောညပါ ဆက်တိုက်ပဲ။ ဒီနေ့နဲ့ဆို ခြောက်ရက်မြောက် ရှိနေပြီပေါ့။ အရာတော်မြို့မှာရှိတဲ့ အစိုးရတပ်ထဲကနေလည်း လက်နက်ကြီးတွေနဲ့ အနီးဝန်းကျင်ကို ပစ်ကူတာတွေရှိတယ်။ ကျေးရွာတွေထဲကျလို့ လူတွေ ထိခိုက်ကုန်တာလည်း ရှိတယ်။ အသေးစိတ်တော့ ပြောလို့မရသေးဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။…

Read More

ရန်ကုန် – မော်လမြိုင်လမ်းမှာ express ကားနဲ့ light truck တိုက်မိပြီး ဘုန်းကြီး ၇ ပါး အပါအဝင် ၁၁ ယောက်သေဆုံး ၊ ရှစ်ယောက်ဒဏ်ရာပြင်းထန်

ဧပြီ ၁၈ ၊ ၂၀၂၆ GG (VOM) သထုံမြို့နယ်၊ ရန်ကုန် – မော်လမြိုင်လမ်း ၊ မိုင်တိုင်အမှတ် (၁၀၄/၅) အနီးမှာ ဒီကနေ့ ဧပြီ ၁၈ ရက်နေ့ ညနေ ၄ နာရီကျော်လောက်က ခရီးသည်တင် မန္တလာ Express ကားနဲ့ ဘုန်းကြီးတွေလိုက်ပါလာတဲ့ light truck တို့ မျက်နှာချင်းဆိုင်တိုက်မိပြီး ဘုန်းကြီး ၊ ကိုရင် ၊ လူ အပါအဝင် ၁၁ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ် ။ သေဆုံးတဲ့အထဲမှာ ဘုန်းကြီး ခုနှစ်ပါး ၊ ကိုရင် တပါး နဲ့ အမျိုးသားသုံးယောက်တို့ ဖြစ်ကြောင်း ကနဦး သိရပြီး ထိခိုက်ဒဏ်ရာရသူတွေကတော့ အမျိုးသားသုံးယောက်နဲ့ ဘုန်းကြီး ငါးပါးစုစုပေါင်း ရှစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသူထဲက…

Read More

သူတို့အိမ် အခန်း (၉၃)

ဆူးငှက် သတင်းဦး သတင်းထူး ———————– အပြင်မထွက်ဖြစ်ဘဲ အိမ်တွင်းအောင်းနေသော ကာလများတွင် ညနေစောင်းရော၊ နံနက်ခင်းရော တဂွီးဂွီး၊ တဂျီးဂျီးနဲ့ အသံကြောင်တွေ ကြားမှာ မီတာ ၆၀ ရေဒီယိုလိုင်းကို နားထောင်ဖြစ်တာ၊ ညရှစ်နာရီ ဆယ့်ငါးမိနစ်မှာ လွှင့်သည့် ဘီဘီစီ သတင်းဌာနရေဒီယိုလိုင်း နားထောင်တာ၊ စိုင်ပြွန်ဝင်းပေါက်ရှေ့ ညကြီး အချိန်မတော် ကားသံကြားတိုင်း အဘ နှင့် အမေက ခေါင်းထောင် ကြည့်ပြီး စိုးရိမ် ကြောင့်ကြခဲ့ကြတာ က ထို ကာလများ၏ အမှတ်တရ နေ့များဖြစ်ခဲ့သည်။ မီတာ ၆၀ ကို နံနက်ရော၊ ညပါ ရေဒီယိုဘေး နားကပ်ပြီး တဂျီးဂျီး အသံကြား စွဲစွဲမြဲမြဲ နားထောင် နေတာကိုလည်း အဘက မျက်စောင်း တထိုးထိုး ဖြစ်ခဲ့သည်။ မီတာ ၆၀ အဖွင့်မှာ “ထလော့ ကမ္ဘာတစ်ဝန်းက…

Read More

သင်္ကြန်လေးရက်အတွင်း လေးယောက်​သေဆုံးကာ ၅၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့

ဧပြီ ၁၇ ၊ ၂၀၂၆ GG (VOM) မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် လေးရက်ကာလအတွင်း တိုင်းနဲ့ပြည်နယ်တချို့မှာ သင်္ကြန်ရေပက်ခံထွက်ရင်း ယာဥ်မတော်တဆမှုကြောင့် လူလေးယောက် သေဆုံးခဲ့ပြီး ၅၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ် ။ သင်္ကြန်အကြိုနေ့ကနေ သင်္ကြန်အတက်နေ့အတွင်း ရန်ကုန်အပါအဝင် နေပြည်တော် ၊ မြဝတီ ၊ ရှမ်းပြည်နယ် မြောက်ပိုင်း ၊ ပြည်မြို့ ၊ သံဖြူဇရပ်မြို့နယ်တွေမှာ ​ယာဥ်မတော်တဆမှုတွေ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း VOM လက်လှမ်းမှီသလောက် စုံစမ်းသိရှိရတာဖြစ် ပါတယ်။ ဖြစ်စဥ်တွေက သင်္ကြန်အကျနေ့က ရန်ကုန် ၊မြောက်ဒဂုံမြို့နယ်မှာ ရေပက်ခံကားတစီးတိမ်းမှောက်ပြီး လူခုနှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့သလို သင်္ကြန်အကျနဲ့ အကြတ်နေ့ကလည်း သာကေတမြို့နယ် ၊ ရှုခင်းသာလမ်းမမှာ သင်္ကြန်ရေပက်ခံကားနှစ်စီး ယာဥ်မတော်တဆမှု ဖြစ်ပွားကာ သုံးယောက်သေပြီး ငါးယောက်ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ် ။ ရန်ကုန်…

Read More

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ ဦးဝင်းမြင့်အား ပြစ်ဒဏ်များမှ လွတ်ငြိမ်းချမ်းသာခွင့်ပြု

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်း (၁)ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ ဦးဝင်းမြင့်အား လက်ရှိကျခံနေရသော ပြစ်ဒဏ်များအားလုံးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပြီး မိသားစုထံ ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရှိရသည်။ ဦးဝင်းမြင့် အနေဖြင့် အဂတိအမှု(၄)မှုအပြင် ပုဒ်မ ၁၃၀-က တို့ဖြင့် စုစုပေါင်း ထောင်ဒဏ် (၉)နှစ်နှင့် (၆)လ ကျခံခဲ့ရသူဖြစ်ပြီး ယခုအခါ ကျန်ရှိနေသော ပြစ်ဒဏ်များကို လျှော့ပေါ့ပေး၍ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Read More

ဖားကန့်ဒေသက နေရာတချို့ကို အစိုးရတပ်ပြန်သိမ်းပြီးနောက် KIA က စည်ပင်ရပ်ကွက် နေထိုင်သူတွေကို ပြောင်းရွှေ့ခိုင်းနေ

ဧပြီ ၁၇ ၊ ၂၀၂၆ GG (VOM) ဖားကန့်ဒေသရှိ နေရာတချို့ကို အစိုးရတပ်တွေက ပြန်လည်သိမ်းပိုက်ပြီးနောက် တိုက်ပွဲပိုပြီး ပြင်းထန်လာနိုင်တဲ့ အခြေအနေရှိနေတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။ KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မရှီကထောင်ရပ်ကွက် ဆုတောင်းကုန်း နဲ့ အမှိုက်ပုံရွာတို့ကို ပြီးခဲ့တဲ့ သင်္ကြန်အကြိုနေ့မှာ အစိုးရတပ်တွေက ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ အဲဒီအတွက် တိုက်ပွဲပိုပြင်းထန်လာနိုင်တဲ့ အခြေအနေတွေကြောင့် လက်ရှိမှာ ဆုတောင်းကုန်းအနီးနားရှိ စည်ပင်ရပ်ကွက်အတွင်း နေထိုင်သူတွေကို ရွှေ့ပြောင်းဖို့ KIA ပူးပေါင်းတပ်ဘက်က အသိပေးပြောဆိုမှုရှိနေတယ်လို့ သိရပါတယ်။ ” စည်ပင်ရပ်ကွက်က လူနေရပ်ကွက်ပါ။ အခုဆုတောင်းကုန်းနဲ့ အမှိုက်ပုံက စစ်တပ်က ပြန်ရသွားပြီဆိုတော့ ပြန်တိုက်မှာမို့လို့ ဒေသခံတွေကို ရွှေ့ခိုင်းတာမျိုးထင်တယ်။ စစ်ရေးပိုပြင်းထန်လာနိုင်တယ်။ ဆုတောင်းကုန်းနဲ့ အမှိုက်ပုံက သင်္ကြန်ရက်က ပြန်ရသွားတာ။ လူတွေရွှေ့ခိုင်းတာက သူတို့ ပြောတာကလွယ်တယ်။ တကယ်ရှောင်ရသူတွေအတွက်က…

Read More

အကျဥ်းသား ​လေး​ထောင်​ကျော်လွှတ်တဲ့ထဲက ၃၀၀၀ ကျော် ​ထောင်အပြင်​ရောက်ပြီ

ဧပြီ ၁၇ ၊ ၂၀၂၆ CC (VOM) အစိုးရရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ဒီကနေ့ နှစ်ဆန်းတရက်နေ့ ၊ ဧပြီ ၁၇ ရက်နေ့မှာ အကျဥ်းသူ အကျဥ်းသားတွေကို အကျဥ်းထောင်အသီးသီးကနေ လွှတ်ပေးနေရာမှာ ကနဦးသိရှိချက်အရ အင်းစိန်ထောင်အပါအဝင် ထောင်တချို့ကနေ အကျဥ်းသား ၃၀၀၀ ကျော်လောက် လွတ်ပေးနေ တယ်လို့ သိရပါတယ်။ ဒီကနေ့အတွင်း ကနဦးသိရှိရတဲ့ အကျဥ်းထောင်တွေကနေ အကျဥ်းသူအကျဥ်းသား လွှတ်ပေးမှုအခြေအနေနနဲ့ ပတ်သက်ပြီး VOM ကနေ ရရှိထားတဲ့စာရင်းအရ ရန်ကုန် ၊ အင်းစိန်ထောင်မှာ ထောင်ဒဏ်တသက်ချမှတ်ခံထားရတဲ့ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီ အပါအဝင် အကျဥ်းသူ အကျဥ်းသား ၁၀၀၀ နီးပါး လွှတ်ပေးလိုက် တယ်လို့ သိရပါတယ် ။ မန္တလေးတိုင်းအတွင်းမှာရှိတဲ့ အကျဥ်းထောင်နဲ့ ကုန်ထုတ်စခန်းတွေကနေလည်း အမျိုးသား ၇၉၆ ယောက် ၊ အမျိုးသမီး ၁၃၂…

Read More

ကသာက သမိုင်းဝင် ရှေးဟောင်းနေအိမ်တွေ အနည်းအကျဥ်းသာ ပျက်စီးမှုရှိ ၊ စစ်​ရှောင်ရသူ​တွေ အိမ်ပြန်ချင်​နေ

NNO (VOM) ဧပြီ ၁၇၊ ၂၀၂၆။ စစ်ကိုင်းတိုင်း၊ ကသာမြို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း၊ သမိုင်းဝင် ရှေးဟောင်း နေအိမ်တွေ ထိခိုက်ပျက်စီးမှု ကြီးကြီးမားမားမရှိခဲ့ဘူးလို့ ကသာဒေသခံတွေက ဆိုပါတယ်။ နီးစပ်ရာ မြို့နဲ့ရွာတွေဆီ စစ်ဘေးရှောင်ရာကနေ မြို့ထဲကို ပြန်ရောက်လာကြတဲ့ ကသာမြို့ခံတွေ အဆိုအရ၊ ကသာမြို့ပေါ်က ရှေးဟောင်း အဆောက်အဦးတွေ၊ ဗုံးဒဏ်ကြောင့် ထိခိုက်တာရှိပေမယ့် အများစုက ကြီးကြီးမားမား ပျက်စီးတာမျိုး မဟုတ်ဘူးလို့ သိရပါတယ်။ ကမ္ဘာကျော်စာရေးဆရာကြီး ဂျော့ချ်အော်ဝဲနေထိုင်ခဲ့တဲ့ သမိုင်းဝင်နေအိမ်၊ သူ့ရဲ့ ​Burmese Days ဝတ္ထုထဲက ဇာတ်ဝင်ခန်းအိမ်ဖြစ်တဲ့ အရေးပိုင်မင်းရဲ့ နေအိမ် အပါအဝင် အခြားကိုလိုနီခေတ် ရှေးဟောင်းနေအိမ်တွေဟာ ထိခိုက်မှု အနည်းငယ်သာ ရှိခဲ့တယ်လို့ ဆိုပါတယ်။ မတ်လ ၂၃ ရက်နေ့က ဂျော့ရှ်အိုဝဲလ် နေထိုင်ခဲ့တဲ့ နေအိမ်ပတ်ဝန်းကျင်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပေမယ့် အဆိုပါနေအိမ်ကို ထိခိုက်မှု…

Read More