မုံရွာ ဇူလိုင်-၈ -၂၀၂၆ MW(VOM ) ကိုဗစ် ရန်ပုံငွေကနေ ချေးငွေယူထားကြတဲ့ စစ်ကိုင်းတိုင်းထဲက ကုမ္ပဏီ/ လုပ်ငန်း (၃၉၀) ခုက ပေးဆပ်ဖို့ ကျန်နေတာတွေကို အမြန်ဆုံးပေးဆပ်ကြဖို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက အသိပေးထားပါတယ်။ ကုမ္ပဏီ/ လုပ်ငန်း (၇၀၅) ခုက ကျပ် (၁၂၈၂၄.၅၀၀) သန်းကို ချေးယူခဲ့ပြီး ကုမ္ပဏီ/ လုပ်ငန်း (၃၉၀) ခုက ကျပ်(၆၀၀၂.၆၄၀) သန်း ပေးဆပ်ဖို့ကျန်နေတာပါ။ စစ်ကိုင်းတိုင်းထဲက မုံရွာ၊ ကျွန်းလှ၊ ကသာ၊အင်းတော်၊ရွှေဘို၊ဝက်လက်၊အရာတော်၊ ခင်ဦး၊ကန့်ဘလူ၊စစ်ကိုင်း၊ မြင်းမူ၊တမူး၊မင်းကင်း၊ကလေး၊ ဝန်းသို၊ ပင်လည်ဘူး၊ ကောလင်း၊ထီးချိုင့်၊ ဒီပဲယင်း၊စိုင်ပြင်စတဲ့မြို့နယ်တွေက စီးပွားရေးလုပ်ငန်းရှင် (၃၉၀)ဦးက ပေးဆပ်ဖို့ကျန်နေတာဖြစ်ပါတယ်။ “ကိုဗစ်ပြန်လည်ကုစားရေးဆိုပြီး ချေးတာပါ။ တချို့ ချေးတဲ့လူတွေက ပြန်လည်ကုစားရေးမပြောနဲ့ ။အခုဆိုလူတောင်ဘယ်ရောက်သွားမှန်းမသိတာအများကြီး။ အခက်အခဲတွေ အမျိုးစုံရှိတယ်။”လို့ စျေးသည်တဦးကပြောပါတယ်။ စီးပွားရေးလုပ်ငန်းပေါ်မူတည်ပြီး ကိုဗစ်-၁၉ ရန်ပုံငွေက စစ်ကိုင်းတိုင်းထဲက ကုမ္ပဏီ/…
Read Moreမင်္ဂလာဒုံမြို့နယ် ပုလဲအိမ်ရာမှာ အမျိုးသမီးအလောင်း တွေ့ရှိ
ဇူလိုင် ၇ – ၂၀၂၆ SN (VOM) ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲအိမ်ရာမှာ မနေ့ ဇူလိုင် ၆ ရက်၊ မနက်ပိုင်းက အမျိုးသမီးအလောင်း တွေ့ရှိခဲ့တယ်လို့ ပုလဲအရန်မီးသတ်မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။ အဲဒီ ရုပ်အလောင်းကို ပုလဲအိမ်ရာဝန်းအတွင်းရှိ အမှိုက်ပုံအနီးက သစ်ပင်ခြုံနွယ်တွေထဲမှာ ပလုံကောက်တဲ့ ကလေးတယောက်က မနေ့ မနက် ၈ နာရီဝန်းကျင်မှာ စတင် တွေ့ရှိခဲ့တာဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို သတင်းပေးပို့ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “အဲဒါနဲ့ ရယကပိုင်းက ကျွန်တော်တို့ဆီကို လှမ်းချိတ်တယ်။ သွားကြည့်တော့ အသက် ၃၀ ဝန်းကျင်ခန့် အမျိုးသမီးက လည်ပင်းမှာ ကြိုးတချောင်းပတ်တဲ့ အနေအထားနဲ့ သေဆုံးနေတာကိုတွေ့ရှိတယ်။ သေဆုံးသူက အသားလည်းဖြူတယ်။ သူ့ရဲ့ လက်၊ ကျောကုန်းနဲ့ ဂုတ်မှာ တက်တူးထိုးထားတာလေးတွေ တွေ့ရတယ်။ မနေ့က အလောင်းတွေ့တွေ့ချင်း…
Read Moreဖားကန့်နယ်မြေ ဝှေလုံရွာမှာ KIA တပ်သားနှစ်ယောက်က သေနတ်နဲ့ပစ်လို့ အုပ်ချုပ်ရေးမှူးအပါနှစ်ယောက်သေပြီး နှစ်ယောက်ထိခိုက် ဒဏ်ရာရ
ဇူလိုင် ၇ ၊ ၂၀၂၆ GG (VOM) ကချင်ပြည်နယ် ၊ ဖားကန့်ဒေသရှိ ဝှေခါ နဲ့ အင်းတော်ကြီးလမ်းကြားမှာရှိတဲ့ KIA ထိန်းချုပ်ထားတဲ့ ဝှေလုံရွာမှာ KIA တပ်ဖွဲ့ဝင်နှစ်ယောက်က သေနတ်နဲ့ ပစ်ခတ်လို့ ဒေသခံနှစ်ယောက်သေဆုံးပြီး နှစ်ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိ ရပါတယ်။ ” ည ၁၂ မှာဖြစ်သွားတာဟုတ်ပါတယ် ။ ဝှေလုံဆိုင်မှာ ဖြစ်ဂိတ်စောင့်နေတဲ့နှစ်ယောက်အောက်ဆင်းလာပြီး ဆိုင်မှာ အကြွေး သောက်စားပြီး အချိန်မတော်သောင်းကျန်းလို့ ပြန်ဖို့ တောင်းပန်တာကို ပြောလို့ဆိုပြီးလက်သီးနဲ့ ထိုးတာ ။ အဲဒီမှာ ထိန်းမရတော့လို့ သူတို့နေတဲ့ ဂိတ်ကအရာရှိကို ထိန်းပေးဖို့သွားမယ်လုပ်တာကို သူတို့က ပိုဒေါသဖြစ်ပြီး ပတ်ရမ်းပစ်လိုက်တာမှာ ထိပြီးသေတာပဲ။ ” လို့ ဖြစ်စဥ်သိသူ ဒေသခံတယောက်က ပြောပါတယ်။ ဖြစ်စဥ်က ဇူလိုင် ၆ ရင်နေ့ည ၁၂…
Read Moreမန္တလေးက အိမ်တွင်းမှု တနိုင်တပိုင်လုပ်ငန်းတွေ ရေရှည်ရပ်တည်နိုင်ဖို့ အစိုးရက အသေးစားချေးငွေများ ထုတ်ပေးစေလို
ဇူလိုင်-၇-၂၀၂၆ KKA(VOM) မန္တလေးမြို့ရှိ အိမ်တွင်းမှု တနိုင်တပိုင် လုပ်ငန်းလုပ်ကိုင်နေသူတွေကို အစိုးရအနေနဲ့ အသေးစားချေးငွေများ ထုတ်ပေးစေချင်ကြောင်း အိမ်တွင်းမှု စားသောက်ကုန်လုပ်ငန်း လုပ်ကိုင်နေသူ မယမင်းသူက VOM ကိုပြောပါတယ်။ တနိုင်တပိုင် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နဲ့ အမျိုးသမီးများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်ကာ လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေးအတွက် အခုလို ချေးငွေထုတ်ပေးစေချင်ခြင်းဖြစ်ကြောင်း မယမင်းသူက ထပ်လောင်းပြောဆိုပါတယ်။ “တနိုင်တပိုင်ဆိုတာက ကိုယ်လုပ်ကိုင်နေတဲ့ လုပ်ငန်းလေးတွေပေါ် မူတည်ပါတယ်။ ဥပမာ စားသောက်ကုန်တို့၊ မုန့်မျိုးစုံတို့ လုပ်ငန်းတွေပေါ့။ သူတို့ ဈေးကွက်ထဲ ရောက်ဖို့က အရင်းတခုတည်းနဲ့ မရဘူး။ နှစ်ရင်း သုံးရင်း ရှိထားမှ လုပ်ငန်းက လည်ပတ်တာ။ ကိုယ်ရှိတာလေးနဲ့ လုပ်ငန်းစတော့ ကြားထဲ တခုခု အဆင်မပြေဖြစ်သွားရင် လုပ်ငန်းက ရပ်သွားရော။ မရပ်ချင်လို့ အပြင်က အတိုးနဲ့ ချေးတော့လည်း အတိုးပေါ် အတိုးဆင့်ပြီး…
Read Moreဒီနှစ်အတွင်းမှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ၁၀ခုကျော် ဖယ်ရှားမှုရှိခဲ့
ဇူလိုင် ၇ ၊ ၂၀၂၆ GG (VOM) ယခု ဇူလိုင်ပထမပတ် ရက်ပိုင်းအတွင်းမှာ မြို့နယ်တချို့က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ကိုးခု ဖယ်ရှားခံခဲ့ရတယ်လို့ စုံစမ်းသိရှိရပါတယ် ။ မနေ့ကဇူလိုင် ၆ ရက်နေ့ညပိုင်းမှာ ပဲခူးတိုင်းအနောက်ခြမ်း ၊ ဇီးကုန်းမြို့ ၊ ရန်ကုန် – ပြည်ကားလမ်းပေါ် မီးပွိုင့်အနီးမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို ဖယ်ရှားခံခဲ့ရတယ်လို့ ဒေသခံဆီက သိရပါတယ်။ ဇူလိုင် ၅ ရက်နေ့မှာဆိုရင် မကွေးတိုင်းထဲက မင်းဘူးမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ၊ ကံမမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ၊ တောင်တွင်းကြီးမြို့ ဗိုလ်ချုပ်ပန်းခြံအတွင်းရှိ အာဇာနည်ရင်ပြင်မှ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကိုးယောက်ရဲ့ ကြေးရုပ်တုတွေ နဲ့ ရေစကြိုမြို့ရှိ လွတ်လပ်ရေးပန်းခြံက ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုတွေလည်း ဖယ်ရှားခံခဲ့ရတယ်လို့ သိရပါတယ် ။ ဇူလိုင် ၁ ရက်နေ့ကနေ ၃ ရက်အတွင်းမှာလည်း ရန်ကုန်တိုင်းထဲက…
Read Moreလေဆင်းနှာမောင်းတိုက်လို့ မြို့နယ်ကိုးခုက နေအိမ် ၂၀၀ ထက်မနည်း ပျက်စီးခဲ့ပြီး လူနဲ့သံဃာ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့
ဇူလိုင် ၆ ၊ ၂၀၂၆ GG (VOM) ရန်ကုန်တိုင်း ၊ မွန်ပြည်နယ် ၊ ပဲခူးတိုင်း ၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ်တချို့မှာ လေဆင်နှာမောင်းတိုက်ခတ်လို့ အိမ်ခြေ ၂၀၀ ထက်မနည်း အမိုးလန်ပျက်စီးခြင်း ၊ ပြိုကျခြင်းအပြင် ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ လေဆင်နှာမောင်း တိုက်ခတ်မှုတွေဟာမနေ့က ဇူလိုင် ၅ ရက်နေ့ ၊ နေ့လယ် ၂ နာရီဝန်းကျင်လောက်ကစပြီး ညပိုင်း ၉ နာရီလောက်အတွင်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ စုံစမ်းသိရှိ ရပါတယ်။ မွန်ပြည်နယ်၊မော်လမြိုင်မြို့မှာ ဆိုရင် မနေ့က ညနေ ၄ နာရီခွဲလောက်မှာ လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်ပွားပြီး ညောင်ပင်ဆိပ်ဘုရားကုန်းကျေးရွာမှာ နေအိမ်ကိုးလုံးလောက် အမိုးလန်ပျက်စီးပြီး သစ်ပင်တွေလဲကျမှု ဖြစ်ပွားခဲ့ပါတယ်။ ပေါင်မြို့နယ် ကဒါမြို့သစ်ဘက်မှာတော့ ည ၇ နာရီခွဲလောက်မှာ…
Read Moreမဟာဗျူဟာမြောက် ပိုက်လိုင်းလမ်းကြောင်းနှင့် မြန်မာ့အလယ်ပိုင်းက စစ်ရေးစိန်ခေါ်မှု
ဇူလိုင် ၆-၂၀၂၆ KKA(VOM) မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းနဲ့ မကွေးတိုင်းကို ဖြတ်သန်းသွားတဲ့ သဘာဝဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်းဟာ ရခိုင်ကမ်းရိုးတန်း ကျောက်ဖြူ (မဒေးကျွန်း)ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ကီလိုမီတာ ထောင်ချီ ရှည်လျားတဲ့ မဟာဗျူဟာမြောက် စီမံကိန်းကြီး ဖြစ်ပါတယ်။ ဒီပိုက်လိုင်းတလျှောက် လုံခြုံရေးကို အစိုးရတပ်မတော်က တာဝန်ယူထားပါတယ်။ ပိုက်လိုင်းဖြတ်သန်းရာ မြို့နယ်အသီးသီးမှာလည်း ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းတွေလှုပ်ရှားနေကြပါတယ်။ မန္တလေးနဲ့ မကွေးတိုင်းအတွင်း ပိုက်လိုင်းဖြတ်သန်းရာ နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံ၊ ရေစကြို၊ ပခုက္ကူ၊ ပေါက်၊ မကွေး စတဲ့ မြို့နယ်တွေအတွင်း လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ NUG လက်အောက်ခံ PDF တပ်တွေနဲ့ မြို့နယ်အလိုက် ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်အဖွဲ့ ၅၀ နီးပါးရှိနေပါတယ်။ ဒါ့အပြင် လက်နက်ခဲယမ်းများကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာဖွေစုဆောင်းပြီး ဖွဲ့စည်းထားတဲ့ ပြောက်ကျားအဖွဲ့ငယ်လေးတွေကလည်း ပိုက်လိုင်းအနီးဝန်းကျင် ကျေးလက်ဒေသတွေမှာ လှုပ်ရှားနေတာတွေ…
Read MoreSKY Villa ပိုင်ရှင်ကို ထောင်ဒဏ် ၅ နှစ်ချတဲ့အမှု တရားလိုရော တရားခံရော အထက်အဆင့်ဆင့်ကို ပြင်ဆင်ခွင့်နဲ့ အယူခံတက်ဖို့ နှစ်ဘက်စလုံးကစီစဥ်နေ
မန္တလေး၊ ဇူလိုင်- ၆- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်က Sky Villa ကွန်ဒိုပြိုကျမှုနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးကုမ္ပဏီ NTL Construction Company ပိုင်ရှင် ဦးနိုင်ထွန်းလင်း ကို ဖမ်းဆီးပြီးနောက် အာမခံပေးထားရာက ပြန်လည်ရုပ်သိမ်းခဲ့ပြီးနောက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က နဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး အောင်မြေသာစံမြို့နယ်တရားရုံးက ပြန်ကြားရေးအရာရှိ ပြောပြတာက ” ဦးနိုင်ထွန်းလင်းကို ၂၃ ရက် ၆ လ ၂၀၂၆ ခုနှစ်က ၃၀၄-က နဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့တာပါ၊ ကျမတို့ရုံးမှာတော့ ဒီတမှုနဲ့ပဲ စွဲဆိုထားတာပါ၊ ပထမတုန်းကတော့ အာမခံနဲ့ ရင်ဆိုင်ခဲ့ပါတယ်၊ အောင်မြေသာစံခရိုင်တရားရုံးကနေ ရာဇဝတ်ပြင်ဆင်မှုအမှတ် ၃၉က/၂၀၂၆ အမှုတွဲကိုကြည့်ရှုဖို့ခေါ်ထားတဲ့အတွက် ပေးပို့ထားပါတယ်” VOM ရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။…
Read Moreထန်းတပင်က ၅ နှစ်ကလေးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တဲ့ တရားခံကို ဖမ်းဆီးရမိ
ဇူလိုင် ၆ ၊ ၂၀၂၆ GG (VOM) ရန်ကုန်တိုင်း ၊ ထန်းတပင်မြို့နယ် ၊ တူးချောင်းကျေးရွာ ၊ ဓနသိဒ္ဓလမ်းမှာ နေထိုင်တဲ့ KG တက်နေတဲ့ အသက် ၅ နှစ်အရွယ်ကလေးမလေးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တဲ့ တရားခံကို ဒီကနေ့ ဇူလိုင် ၆ ရက်နေ့မနက်ပိုင်းက ဖမ်းဆီးရမိခဲ့ပြီ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူဆီက သိရပါတယ် ။ တရားခံက အသက် ၃၃ နှစ်အရွယ် ရဲဝင်းပိုင် ဆိုသူဖြစ်ပြီး ပဲခူးတိုင်းအနောက်ခြမ်း ၊ နတ်တလင်းမြို့နယ်မှာ ဒီကနေ့ မနက် ၁၀ နာရီ ၄၅ မိနစ်လောက်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ကြောင်း ၊ လက်ရှိမှာ နတ်တလင်းမြို့မရဲစခန်းအချုပ်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ” မြို့နယ်ရဲမှူးပါတဲ့အဖွဲ့က မြို့ပေါ်ရပ်ကွက်တွေထဲကို နယ်မြေလုံခြုံရေး ကင်းလှည့်ချိန်မှာ သူကို( တရားခံ)…
Read Moreမန္တလေးမှာ သေနတ်ဖောက်ပြီး ကားမှန်တွေရိုက်ခွဲခဲ့သူကို ပြင်ဦးလွင်မှာ ဖမ်းဆီးရမိ ပုဒ်မလေးခုနဲ့ အမှုဖွင့်
မန္တလေး-ဇူလိုင် ၅-၂၀၂၆ KKA(VOM) မန္တလေးမြို့မှာ ရမ်းကားသူတဦးက ဆွေမျိုးတော်စပ်သူအိမ်ရှေ့မှာ သေနတ်ပစ်ဖောက် အော်ဟစ်ဆဲဆိုကာ ကားမှန်တွေကို ရိုက်ခွဲဖျက်ဆီးခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားတဲ့ အမျိုးသားကို ပြင်ဦးလွင်မြို့မှာ ဇူလိုင် ၄ရက်နေ့က ဖမ်းဆီးရမိခဲ့ပြီး အောင်မြေသာစံမြို့နယ် အမှတ် (၄) ရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။ လူသတ်ရန်အားထုတ်မှု၊ ဆဲဆိုမှု၊ ခြိမ်းခြောက်မှုနဲ့ အကျိုးဖျက်ဆီးမှု အပါအဝင် ပုဒ်မ ၃၀၇/၂၉၄/၅၀၆/၄၄၀ တို့နဲ့အမှုဖွင့်ပြီး ဖမ်းဆီးထားကြောင်း ရဲမှတ်တမ်းအရသိရပါတယ်။ “ဆိုင်ကယ်နဲ့စဝင်လာကတည်းက ဗျူးဗျင်းနဲ့ လီဗာဆွဲ အော်ဟစ်နေတာပြီးမှ အဲဒီ ရွှေဆပ်ပြာကုန်ကြမ်းရောင်းတဲ့အိမ်ရှေ့ရပ်ပြီး ဆဲဆိုသံနတ်ဖောက်တာပဲ။ ရပ်ကွက်ကလည်း သေနတ်ဖောက်တော့ ကြောက်တာပေါ့။ နောက်တော့ လုံခြုံရေးအဖွဲ့တွေရောက်လာတော့ ထွက်ပြေးသွားတယ်။”လို့ ဖြစ်စဉ်အနီးနေထိုင်သူက VOMကိုပြောပါတယ်။ ဇူလိုင်လ ၃ ရက် ညပိုင်းက အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက် ၁၁ လမ်းနှင့် ၁၂ လမ်းကြား၊ ၈၆ လမ်းနှင့် ၈၇…
Read More


