ခန္တီးမြို့ မီတာခအရှုပ်ထုပ်နဲ့ ဇွန်လအတွင်း ကြုံလာနိုင်တဲ့ လျှပ်စစ်မီး အကျပ်အတည်း

ဇွန် ၁-၂၀၂၆ KKA(VOM) စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ လျှပ်စစ်မီတာခ နှုန်းထားတွေ လျှော့ချပေးဖို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တို့က တောင်းဆိုခဲ့ပြီးနောက်ပိုင်း၊ မီးဖြန့်ဖြူးပေးနေတဲ့ လောကသစ္စာ ကုမ္ပဏီက ဇွန်လ ၁ ရက်နေ့ကစပြီး ဒီဇယ်နဲ့ မီးပေးတဲ့စနစ်ကို ရက်ပေါင်း ၃၀ ကြာ ယာယီပိတ်ထားမယ်လို့ ကြေညာလိုက်ပါတယ်။ ဒါကြောင့် ဒီဇွန်လအတွင်းမှာ ဆိုလာစနစ်တစ်ခုတည်းနဲ့ပဲ မီးပေးတော့မှာဖြစ်လို့ မီးပြတ်တောက်တာမျိုးတွေနဲ့ အခက်အခဲတွေ ကြုံရနိုင်တယ်လို့ သိရပါတယ်။ ခန္တီးမြို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဆိုလာနဲ့ ဒီဇယ်တွဲ သုံးထားတဲ့ ဟိုက်ဘရစ်စနစ်နဲ့ နေ့စဉ် မနက် ၆ နာရီကနေ ည ၁၂ နာရီအထိ မီးပေးခဲ့တာပါ။ ဒါပေမဲ့ မီတာခနှုန်းထားတွေ လျှော့ပေးဖို့ ဒေသခံအချို့က တိုင်းအစိုးရအဖွဲ့ဆီ တင်ပြခဲ့ကြသလို၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ချစ်လွင်ကလည်း တစ်ယူနစ်ကို ၉၀၀…

Read More

ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ ဘယ်လိုအဆိုတွေကို တင်သွင်းကြမလဲ

နေပြည်တော်၊ ဇွန်- ၂- ၂၀၂၆ SA(VOM) တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယအကြိမ် အစည်းအဝေးမှာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့ရဲ့ အဆိုပြုချက်တွေကို လွှတ်တော်မှာ ပထမဆုံးအကြိမ် တင်သွင်းရတော့မှာဖြစ်ပါတယ်။ အဲ့ဒီလွှတ်တော် အစည်းအဝေးမှာ ဦးကျော်ငြိမ်းအောင်၊ တာချီလိတ်မဲဆန္ဒနယ်က ပြည်တွင်းအခွန်ဦးစီးဌာနရဲ့ မော်တော်ကားဝယ်ယူ၊ ရောင်းချခြင်းများအပေါ် အခွန်စည်းကြပ်ဖို့နဲ့ နှုန်းသတ်မှတ်ထားတဲ့ ပေါက်ဈေးနှုန်းတွေထက် ထက်ဝက်ကျော်တဲ့ ဈေးနှုန်းတွေနဲ့ ရောင်းဝယ်လုပ်ကိုင်နေတာတွေအတွက် သက်ဆိုင်ရာ၀န်ကြီးဌာနမှ စီမံကြပ်မတ်ဆောင်ရွက်သွားရန် အစီအစဉ်ရှိ၊ မရှိနဲ့ အစီအစဉ်မရှိပါက အဘယ့်ကြောင့်ဆိုတာနဲ့ အစီအစဉ်ရှိပါက ဘယ်ကာလအပိုင်းအခြားတွေမှာ စီမံဆောင်ရွက် သွားမယ်ဆိုတာကို သိရှိလိုတာနဲ့ စပ်လျဉ်းသည့်မေးခွန်း ကို မေးမြန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒုတိယအနေနဲ့ ဦးဝင်းမြင့်၊ တွံတေးမဲဆန္ဒနယ် က ဖွဲ့စည်းပုံအခြေ ခံဥပဒေ ပုဒ်မ ၃၆၉ (က)အရ နိုင်ငံသားဆိုသည့် စကားရပ်အစားတိုင်းရင်းသား မိဘနှစ်ပါးမှမွေးဖွားသူများ သို့မဟုတ် မွေးရာပါနိုင်ငံသားဟု အစားတိုး ပြင်ဆင်ပေးရန်ရှိ၊…

Read More

သူတို့အိမ် အခန်း (၁၂၇)

ဆူးငှက်   မိန်ရာသီ မန္တလေး အလွမ်း ——————————- ကျွန်တော်က တည်းခိုသော ဦးဝိစာရတိုက်ခန်းရောက်သည်နှင့် ပေးလိုက်သော စာလိတ်လေးကို ဖြည်ကြည့်သည်။ လက်၃လုံးအရွယ် စာရွက်ရှည်လေးပေါ် ပုရွက်ဆိတ်လေးများလို စာလုံးလေးတွေ စေ့နေအောင် ရေးထားသည်။ စာလုံးသေးသော်လည်း ဖတ်ရတာက ရှင်းသည်။ သင်္ကြန်နားနီးလို့ မန္တလေးကို သတိရတာ၊ ရေသဘင်အဖွဲ့တွေကို သတိရတာ မိတ်ဆွေတွေကို သတိရတာ ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးထားသည်။ “ သူတော်စင်တွေတောင်မှ ဉာဏ်မခိုင်လို့ ဈာန်ယိုင်ကာ လျှောရတဲ့ မိန်ရာသီ။ ဘယ်ဆီကြည့်ကြည့် လေပွေလေရူးတွေဟာ ရွက်ကြွေလေးတွေကို အဖော်ခေါ်လာတဲ့ မိန်ရာသီ။ ခြောက်သွေ့မှု တိတ်ဆိတ်မှုတွေ ကြီးစိုးပြီး လွမ်းဆွတ်ဖွယ်၊ အမည်ဖောင်ပြခြင်းငှာ မစွမ်းဆောင်နိုင်ဖွယ် ဝေဒနာတွေကို ဝေငှနေတဲ့ မိန်ရာသီ။ အဲ့ဒီအချိန်မှာ ဒို့နေရတဲ့ အဆောင်က အနောက်ဘက်ဆီကို မျက်နှာမူထားတာမို့ မိန်ရာသီရဲ့ ချစ်စရာ ညနေဆည်းဆာရဲ့ အချို့တဝက်ကို မြင်နေရတယ်။…

Read More

တရားမ၀င်တင်သွင်းတဲ့ အိန္ဒိယနိုင်ငံထုတ်ကုန်ပစ္စည်း​တွေ မုံရွာမှာ ဖမ်းဆီး

မုံရွာ-​မေ ၃၁- ၂၀၂၆ MW(VOM) အစိုးရရဲ့ ရက်၁၀၀ စီမံချက်အရ တရားမဝင်ကုန်သွယ်မှု ဖမ်းဆီးတာမှာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ရန်ကင်းရပ်ကွက်၊ အသောကလမ်းရှိနေအိမ်တခုက​နေ ကျပ်သိန်း၄၀၀နီးပါးတန်ဖိုးရှိ တရားမ၀င် အိန္ဒိယနိုင်ငံထုတ်ကုန်ပစ္စည်း(၅)မျိုးဖမ်းဆီးရမိကြောင်း မုံရွာနယ်မြေရဲစခန်းက​နေ သိရပါတယ်။ အိန္ဒိယနိုင်ငံထုတ် ကုန်ပစ္စည်း​တွေ တရားမ၀င် သိုလှောင်ထားကြောင်းသတင်းအရ သွားရောက်ရှာဖွေရာ တထပ်တိုက်နေအိမ်အတွင်း အိမ်ငှားနေထိုင်သူ ကျော်ကျော်(၃၃)နှစ် ကို တရားမ၀င်ကုန်ပစ္စည်း​တွေနဲ့အတူ တွေ့ရှိတာမို့ မုံရွာမြို့နယ်မြေရဲစခန်းမှာ (ပ)၁၀၂/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နဲ့ အမှုဖွင့်ထားကြောင်းသိရပါတယ်။ သိမ်းဆည်းရမိတဲ့ ပစ္စည်း​တွေက​တော့ Ovaltine ပုလင်းဂျက်ဖာ(၁၀၅)ဖာ၊ LUX ဆပ်ပြာခဲပါ ဂျပ်ဖာ(၁၈)ဖာ၊ Life Buoy ဆပ်ပြာခဲပါ ဂျပ်ဖာ(၁၂)ဖာ၊ Colgate သွားတိုက်ဆေးဗူးပါ ဂျပ်ဖာ(၁၁)ဖာ၊ Vatika ခေါင်းလျော်ရည်ထုပ်​တွေပါတဲ့ ဂျပ်ဖာ(၂၅၀)ဖာ၊ စုစုပေါင်းခန့်မှန်းတန်ဘိုး သိန်း၄၀၀ ကျပ်ဝန်းကျင်တန်ဖိုးရှိ​ကြောင်း သိရပါတယ်။ ၂၀၂၆ နှစ်ဦးပိုင်းကလည်း မုံရွာမြို့၊ ချမ်းမြ၀တီရပ်ကွက်၊…

Read More

ဖားကန့်မှာ အသက်မပြည့်သေးတဲ့ ကျောင်းသူတယောက် စုဆောင်းရေးဆွဲခံရပြီး နှိပ်စက်ခံထားရ

မေ ၃၁၊ ၂၀၂၆ Shy V (VOM) ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာက အသက်မပြည့်သေးတဲ့ ကျောင်းသူတယောက် မေလ ၂၈ ရက်နေ့က စုဆောင်းရေးဆွဲခံရပြီး နှိပ်စက်ခံထားရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဟုတ်တယ်။ အိမ်နားက ကလေးပါ။ စုဆောင်းရေး ဆွဲခံရပြီး ဒဏ်ရာတွေနဲ့ ပြန်လွတ်မြောက်လာတယ်လို့ ကြားတယ်။ တကယ်စိတ်မကောင်းဘူး” လို့ ဒေသခံ အမျိုးသမီး တယောက်ကပြောပါတယ်။ ၉ တန်းအောင်ထားပြီး ၁၀ တန်းတက်ဖို့ ပြင်ဆင်နေတဲ့ ကျောင်းသူတယောက် ဖြစ်တယ်လို့ သူက ပြောပါတယ်။ မေလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ သူငယ်ချင်းက မုန့်သွားစားဖို့ခေါ်လို့ ဆိုပြီး အိမ်က ထွက်သွားတဲ့နောက် ည ၈ နာရီလောက်မှ ငိုယို၊ ကြောက်လန့်နေတဲ့ အခြေအနေနဲ့ အိမ်ပြန်ရောက်လာတာလို့ မိသားစုဝင် တယောက်က ပြောပါတယ်။…

Read More

မြေစာပင်ဖြစ်ခဲ့ရသည့် ငါးနှစ်ကျော် သို့မဟုတ် ပညာရေးအမှောင်ထုထဲက မြန်မာ့ကလေးလူငယ်များ

KKA (VOM) မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမုန်တိုင်းနဲ့ မတည်ငြိမ်မှုများအကြားတွင် အနာဂတ်၏ ကြယ်ပွင့်များဖြစ်ရမည့် ကလေးလူငယ်ပေါင်းများစွာသည် စာသင်ခန်းများနှင့် ဝေးကွာခဲ့ရသည်မှာ ယခုဆိုလျှင် ငါးနှစ်ကျော် တိုင်ခဲ့ပြီဖြစ်သည်။ ကပ်ရောဂါဘေးနှင့် နိုင်ငံရေးအကျပ်အတည်းများ စပ်ကူးမတ်ကူး ဖြစ်ပွားခဲ့သည့် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ ယနေ့အထိ ကလေးငယ်အများအပြားသည် ကျောင်းမတက်ခဲ့ရဘဲ မြန်မာ့နိုင်ငံရေး အခင်းအကျင်းထဲ၌ အကြီးမားဆုံးသော “မြေစာပင်” များ ဖြစ်လာခဲ့ကြရသည်။ စစ်မီးလျှံများနှင့် ပဋိပက္ခများကြားတွင် ပညာသင်ယူခွင့် ဆုံးရှုံးနေရသည့် ကလေးငယ်များ၏ ဘဝနှင့် ၎င်းတို့ ရင်ဆိုင်နေရသော စိန်ခေါ်မှုများမှာ နေ့စဉ်နှင့်အမျှ ပိုမိုနက်ရှိုင်းလာနေသည်။ အသက် ၁၀ နှစ်အရွယ်တွင် စာသင်ခန်းမှ ထွက်ခဲ့ရသော ကလေးတစ်ဦးသည် ယခုအခါ အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦး ဖြစ်နေပြီဖြစ်သည်။ ၎င်းတို့၏ ဘဝတွင် အရေးအကြီးဆုံးဖြစ်သည့် အခြေခံစာဖတ်၊ စာရေး၊ အတွေးအခေါ် ပျိုးထောင်ရမည့် အရွယ်များကို စစ်ဘေးရှောင်စခန်းများ၊…

Read More

နမ့်ခမ်းမှာ ယမ်းပေါက်ကွဲလို့ လူ ထိခိုက် သေဆုံးမှုနဲ့ ဒဏ်ရာရသူများ

မေ ၃၁၊ ၂၀၂၆ Shy V (VOM) TNLA ထိန်းချုပ်တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့မှာ ဒီနေ့ မေလ ၃၁ ရက်နေ့ နေ့လယ်ပိုင်းက ယမ်းပေါက်ကွဲလို့ လူ ထိခိုက် သေဆုံးမှုနဲ့ ဒဏ်ရာရှိသူတွေရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ယမ်းပေါက်ကွဲတာတဲ့။ သေတာ သုံးယောက်ပဲ သိသေးတယ်။ ဒဏ်ရာရတာ ဆယ်ယောက်မကဘူး။ အိမ်ကလည်း လေး၊ ငါးဆယ် ထိတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ နမ့်ခမ်းမြို့ ကောင်းတပ် အပေါ်ရွာ ဘော်လုံးကွင်းနားက ယမ်းစက်ရုံ ပေါက်ကွဲသွားတာဖြစ်ပြီး အနီးပတ်ဝန်းကျင်က နေအိမ်တွေ ပြာကျသွားတယ်လို့ သူက ပြောပါတယ်။ “ဘော်လုံးကန်နေတဲ့ တယောက်တော့ ကိုယ်တပိုင်းပဲ တွေ့တယ်။ အလောင်းတွေတော့ အကုန်ရှာမတွေ့သေးဘူး။ သုံးယောက်ပဲ သိသေးတယ်။ အိမ်တွေကတော့ ထိတာ များမှာ”…

Read More

သေနတ်နဲ့အထောက်ခံထားရတဲ့ ကြားကာလ ပညာရေး

MT(VOM) စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပလဖ) က ၂၀၂၄ ခုနှစ် မေလ ၂၆ ရက်စွဲ နဲ့ “စစ်ကောင်စီကျောင်းများတွင် ကျောင်းအပ်နှံသည့် မိဘများနှင့် ကျောင်းအပ်နှံရေးအတွက် အားပေးကူညီနေသူများအား သတိပေးခြင်း” ဆိုတဲ့ စာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီ ထုတ်ပြန်ချက်ကို ကမ္ဘာ့ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) ပါ ပညာသင်ကြားခွင့် အခြေခံမူများနှင့် သမိုင်းနောက်ခံအချက်အလက်များအပေါ် အခြေခံပြီးလေ့လာသုံးသပ်ကြည့်ပါမယ်။ ​ပညာရေးလွတ်လပ်ခွင့် နဲ့ စစ်အတွင်း ပညာရေးအကျပ်အတည်း ​လက်နက်ကိုင်ပဋိပက္ခများကြား မှာ ပညာရေးဟာ မကြာခဏဆိုသလို နိုင်ငံရေး နဲ့ စစ်ရေးလက်နက်တစ်ခုအဖြစ် အသုံးချခံရလေ့ရှိပါတယ်။ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကြေညာချက်မှာ စစ်ကောင်စီလက်အောက်ခံ ကျောင်းများတွင် ပညာသင်ကြားခြင်းကို လုံးဝ (လုံးဝ) တားမြစ်ထားပြီး၊ NUG ကြားကာလပညာရေးကျောင်းများတွင်သာ အပ်နှံရန် ဖိအားပေးထားတာတွေ့ရပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ ကျောင်းကို…

Read More

သူတို့အိမ် အခန်း (၁၂၆)

ဆူးငှက်   ဓာတ်ပုံ မိသားစု ———————– ဦးကြီးဦးလှတင်က ရှေးဓာတ်ပုံဆရာကြီးလည်း ဖြစ်သည့်အပြင် ဝေးသီခေါင်လှသော သဖန်းဆိုသည့် ကျေးလက်ကလေး မှသည် မန္တလေးသို့ စွန့်စွန့်စားစားတက်လာပြီး အဖော်များကဲ့သို့ သမားရိုးကျ ထမ်းပိုးထမ်း၍ ဆီမရောင်းဘဲ အမြော်အမြင်ကြီးစွာဖြင့် ဓာတ်ပုံပညာကို ကျားကုတ်ကျားခဲ သင်ယူခဲ့သူဖြစ်သည်။ ထို့နောက် မြို့လယ်ခေါင်တွင် ကိုယ်ပိုင်ဓာတ်ပုံတိုက် ဖွင့်လှစ်နိုင်သည်အထိ ကြိုးပမ်းခဲသူဖြစ်သည်။ ဦးကြီးက သူ့ဓာတ်ပုံပညာကို ဇနီးဖြစ်သူ ဒေါ်ဒေါ်လုံးကိုလည်း သင်ကြားပေးရာ လှဂုဏ်ရည်တွင် ဒေါ်ဒေါ်လုံးသည် ဓာတ်ပုံနှင့် ပတ်သက်၍ ဦးကြီးနည်းတူ တန်ဖိုးထားသူ ဖြစ်သည်။ ကျွန်တော်လှဂုဏ်ရည်ကို ရောက်တော့ ဒေါ်ဒေါ်လုံးမရှိတော့။ ထို့ပြင် သမီးကြီး မမခင်ဌေးလည်း ကင်မရာကိုင်ကာ ကျွမ်းကျွမ်းကျင်ကျင် ရိုက်နိုင်သည်။ နောက် ဘွဲ့ရပြီး ဝန်ထမ်းဖြစ်သွား၏။ နောက် ကိုကျော်ဝင်းပေါ့၊ သူကတော့ ပြောစရာမလို ဝါရင့် ဓာတ်ပုံဆရာဖြစ်ပြီး ဦးကြီးလိုပဲ ဓာတ်ပုံအပေါ် တန်ဖိုးထား…

Read More

မြန်မာ-ရုရှား ဆက်ဆံရေး

MT(VOM) (ကုန်းဘောင်ခေတ်မှ မျက်မောက်ကာလ) ​သမိုင်းဟူသည် အတိတ်က အဖြစ်အပျက်များကို မှတ်တမ်းတင်ထားရုံမျှ သက်သက်မဟုတ်ဘဲ၊ ပစ္စုပ္ပန်ကို ပုံဖော်ကာ အနာဂတ်အတွက် လမ်းပြနေသော တက်ကြွလှုပ်ရှားနေသည့် ရေစီးကြောင်းကြီးတစ်ခု ဖြစ်ပေသည်။ နှင်းထုများ တစ်နှစ်ပတ်လုံး ဖုံးလွှမ်းနေတတ်သည့် ရုရှားတို့၏ စတက်လွင်ပြင် ကြီးများနှင့် နေရောင်ခြည် တောက်ပပူပြင်းလှသည့် အပူပိုင်းဒေသ မြန်မာ့မြေတို့သည် ပထဝီဝင်အနေအထားအရ မိုင်ထောင်ပေါင်းများစွာ ကွာဝေးလှသော်လည်း၊ နိုင်ငံရေးနှင့် သမိုင်းကံကြမ္မာ ရေစီးကြောင်းထဲတွင်မူ အပြန်အလှန် ဆက်နွှယ်ပတ်သက်မှုများ ရှိခဲ့ကြပေသည်။ ​ကုန်းဘောင်နေဝင်ချိန်နှင့် ရုရှားတံခါးကို ခေါက်ခြင်း ​၁၉ ရာစုနှောင်းပိုင်း ကုန်းဘောင်ခေတ် နေဝင်ချိန်ကာလများဆီသို့ ကျွန်တော်တို့ မျက်စိမှိတ်ပြီး ပြန်တွေးကြည့်ကြပါစို့။ ထိုအချိန်က မြန်မာ့နန်းတွင်းသည် ဗြိတိသျှအင်ပါယာ၏ နယ်ချဲ့လာမည့် အန္တရာယ်ကို နေ့စဉ်နှင့်အမျှ ရင်ထိတ်စွာ စောင့်ကြည့်နေရသော အချိန်ဖြစ်သည်။ အင်္ဂလိပ်တို့၏ ခြိမ်းခြောက်မှုကို တန်ပြန်နိုင်ရန်အတွက် မင်းတုန်းမင်းနှင့် သီပေါမင်းတို့သည် ဥရောပနိုင်ငံကြီးများနှင့် သံတမန်ဆက်သွယ်ရေး…

Read More