သူတို့အိမ် အခန်း (၁၅၅)

ဆူးငှက် ဇတွေ ကိုယ်စီနဲ့မို့ ဝါသနာကို မတားကြပါနဲ့ ——————————————— ကျောင်းဆင်းပွဲက ဖေဖော်ဝါရီလမှ ဖြစ်သော်လည်း အဆောင်အလိုက် အစီအစဉ်တစ်မျိုးစီ တာဝန်ယူကြဖို့ အကြမ်းဖျဉ်း စီစဉ်ထားသည်။ ကျောင်းဆင်းပွဲ၏ ဖျော်ဖြေမှု ကဏ္ဍအတွက် ဆရာတစ်ယောက်က တာဝန်ယူထားသည်။ ထို့ပြင် အဆောင်ချင်းအလိုက် အလွန်တက်ကြွသူများက လက်တပြင်ပြင် ပါးစပ်တပြင်ပြင်ဖြစ်ကာ သူတို့မြို့သူတို့ရွာမှာ မင်းသားမင်းသမီး ဒါရိုက်တာ အဆိုတော် ပလေယာဆိုသူတွေလည်း အပြိုင်းအရိုင်းပေါ်လာသည်။ ထိုအခါ ဆရာကြီးက တာဝန်ပေးသော်လည်း ကျွန်တော်က နောက်သို့ပဲ ရို့နေလိုက်သည်။ ဘာ့လို့လဲဆိုတော့ သူတို့မှာ နယ်ကလာကြသည့် အပြင် ဤသို့သော အခွင့် အရေးက ရခဲမျှဖြစ်သည်။ ထို့ကြောင့် ကျောင်းဆင်းပွဲအတွက် တာဝန်ခံဆရာ ဦးဆောင်၍ ပထမဆုံး အစည်းအဝေးထိုင်ကြတော့ ကျွန်တော်က နောက်လိုက်အနေနှင့်ပဲ ချေုာင်ကပ်နေလိုက်သည်။ ထို့ပြင် သူတို့က သူတို့ရပ်ရွာက ဘုရားပွဲ ကျောင်းပွဲတွေမှာ အမှန်တကယ် စင်တင်…

Read More

အင်းစိန် ၊ အိုးဘိုနဲ့ ကသာအကျဉ်းထောင်ကနေ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူတွေ ရာနှုန်းပြည့် အောင်မြင်

ဇွန် ၂၈ – ၂၀၂၆ SS (VOM) ရန်ကုန်တိုင်း၊ အင်းစိန်ဗဟိုအကျဉ်းထောင်နဲ့ မန္တလေးတိုင်း၊ မန္တလေးဗဟိုအကျဉ်းထောင် (အိုးဘို) ကနေ ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက် ဖြေဆိုခဲ့ကြတဲ့ အကျဉ်းသားနဲ့ အကျဉ်းသူ စုစုပေါင်း ၄၆ ယောက်စလုံး ရာနှုန်းပြည့် စာမေးပွဲ အောင်မြင်ကြခဲ့တယ်လို့ အကျဉ်းဦးစီးဌာနက​နေ သိရပါတယ်။ အင်းစိန် ဗဟိုအကျဥ်းထောင်ကနေ အကျဥ်းသား ၃၃ ယောက်၊ အကျဉ်းသူ သုံးယောက်၊ စုစုပေါင်း ၃၆ ယောက် ဝင်ရောက်ဖြေဆိုခဲ့တာမှာ သုံးဘာသာဂုဏ်ထူးရှင် တယောက်၊ နှစ်ဘာသာဂုဏ်ထူးရှင် တယောက်၊ တဘာသာ ဂုဏ်ထူးရှင် ငါးယောက်ရှိပြီး ရိုးရိုးအောင်မြင်သူ ၂၉ ယောက် ရှိတယ်လို့ သိရပါတယ်။ ဒါအပြင် မန္တလေးဗဟိုအကျဉ်းထောင် (အိုးဘို) ကနေ အကျဉ်းသား ၁၀ ယောက် ဝင်ရောက်ဖြေဆိုခဲ့တာမှာလည်း…

Read More

ယောဒေသ ၊ဆောမြို့နယ်ထဲမှာ လေကြောင်းတိုက်ခိုက်ခံရလို့ လေးယောက်သေပြီး ရှစ်ယောက်ဒဏ်ရာပြင်းထန်ရရှိ

ဇွန် ၂၈ ၊ ၂၀၂၆ GG (VOM ) မကွေးတိုင်း ၊ ယောဒေသ ၊ ဆောမြို့နယ် ၊လောင်းရှည်တိုက်နယ် ၊ နတ်ကောင်းကျင်းရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး လေးယောက်သေဆုံးကာ ရှစ်ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ မနေ့က ဇွန် ၂၇ ရက်နေ့ ၊ ညနေ ၅ နာရီခွဲလောက်မှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခံခဲ့ရတာဖြစ်ကြောင်း ၊ အဆိုပါ တိုက်ခိုက်မှုအတွင်းမှာ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရှိခဲ့တာ ဖြစ်ပြီး ဒဏ်ရာရရှိသူတွေထဲမှာ စိုးရိမ်ရသူတွေ ရှိနေ တယ်လို့ သိရပါတယ် ။ ” ခုသိရတာတော့ လေး​ယောက်သေတယ်။ ရှစ်​ယောက်ဒဏ်ရာရတယ်။ ဒဏ်ရာရသူတွေထဲမှာ.ခြေထောက်တွေ ၊ လက်တွေ ပြတ်ထွက်တာရှိတယ်သိရတယ်။ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတာတွေလည်းရှိတယ် သိရတယ်။ အခုဖြစ်တဲ့ ရွာက ချင်းနဲ့ မကွေးအစပ်က ရွာတွေပါ ။ ”…

Read More

ဖားကန့် နမ့်မှော်မှာ မြေစာပုံဟောင်းပြိုကျလို့ ရေမဆေးသမား ၁၀ ယောက်လောက်ပါသွား ၊ အလောင်းသုံးလောင်းရှာဖွေတွေ့ရှိ

ဇွန် ၂၈ ၊ ၂၀၂၆ CC (VOM) ကချင်ပြည်နယ် ၊ ဖားကန့်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာ၊ သုံးသိန်းမှော်ဘက်မှာ ညက မြေစာပုံပြိုကျလို့ ရေမဆေးသမား ၁၀ ယောက်လောက် ပါသွားတယ်လို့ ဒေသခံဆီက သိရပါတယ် ။ လက်ရှိမှာ မြေစာပုံပြိုကျမှုကနေ ရုပ်အလောင်းသုံးလောင်းကို ရှာဖွေတွေ့ရှိထားပြီး ကျန်တဲ့ ပျောက်ဆုံး ရေမဆေးသမားတွေကို ရှာဖွေမှုပြုလုပ်နေတုန်း ဖြစ်တယ်လို့ သိရပါတယ်။ “မြေစာပုံအဟောင်းပြိုကျတာပါ ။ည ၁၁ လောက်ကဖြစ်တာ ။ မြေစာပုံပြိုကျတဲ့အထဲ ပါသွားတဲ့ ရေမဆေးသမားစာရင်းတော့အတိအကျမရသေးဘူး ။ ဒါပေမယ့် ၁၀ ယောက်လောက်တော့ ဖြစ်နိုင်ချေရှိတယ်သိရတယ်။ မနက်က ရေကြီးနေတော့ ရှာဖွေရေးလုပ်ရတာ အခက်အခဲတွေ ကြုံရတယ်။ ” လို့ ဒေသခံက ပြောပါတယ်။ လက်ရှိမှာ မိုးတွင်းကာလဖြစ်တဲ့အညီ မိုးရွာသွန်းခြင်း ၊ ရေကြီးခြင်း စတဲ့ဖြစ်စဥ်တွေကြောင့် ဖားကန့်ဒေသရှိ…

Read More

ထိုင်းနိုင်ငံထဲ ခိုးဝင်တဲ့ မြန်မာလုပ်သား ၄၅ ယောက် ထပ်မံ အဖမ်းခံရ

ဇွန် ၂၈ – ၂၀၂၆ SN (VOM) ထိုင်းနိုင်ငံမှာ တရားမဝင် ရောက်ရှိလာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၄၅ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က နှစ်ရက်အတွင်း ထပ်မံဖမ်းဆီး ထိန်းသိမ်းခဲ့တယ်လို့ ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ မနေ့ ဇွန် ၂၇ ရက်၊ ည ၁၁ နာရီခွဲဝန်းကျင်က ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်၊ စန်ခလဘူရီမြို့နယ်မှာ နယ်စပ်လမ်းကြောင်းမှတဆင့် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၈ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိသူတွေကို နမ်ကုတ် ပူးတွဲစစ်ဆေးရေးဂိတ်ကို ခေါ်ဆောင်သွားခဲ့ပြီး ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ကတ် (ဒါမှမဟုတ်) ခွင့်ပြုချက် စာရွက်စာတမ်းတွေကို ပြသဖို့ ပြောဆိုခဲ့ပေမယ့် အထောက်အထား တစုံတစ်ရာ ပြသနိုင်ခြင်း မရှိခဲ့တဲ့အတွက် တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့ စုံစမ်းစစ်ဆေးရေး အရာရှိတွေထံ လွှဲပြောင်းခဲ့တယ်လို့ သိရပါတယ်။…

Read More

ထိုင်းမှာ အုပ်စုဖွဲ့အရက်သောက်ပြီး သီချင်းဖွင့်တဲ့ မြန်မာအဖွဲ့ သေနတ်နဲ့ပစ်ခတ်ခံရလို့ သုံးယောက်သေဆုံး

ဇွန် ၂၈ ၊ ၂၀၂၆ CC (VOM) ထိုင်းနိုင်ငံ ချာချောင်းစောင်ဝ်ခရိုင်(Chachoengsao)၊ ဖနွန်စာရခမ်မြို့နယ် (Phanom Sarakham)ထဲက ကျေးရွာတခုအနီးမှာ သီချင်းဖွင့်ကာ အုပ်စုဖွဲ့ အရက်သောက်တဲ့ မြန်မာအလုပ်သမားအဖွဲ့ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သုံးယောက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။ မြန်မာအလုပ်သမား အယောက် ၂၀ လောက်ပါတဲ့ အဖွဲ့ဟာ မနေ့က ဇွန် ၂၇ ရက်နေ့ညပိုင်းက နောင်နမ်ဒမ်ကျေးရွာ ကျေးရွာအနီးကွင်းပြင် မှာ အုပ်စုဖွဲ့အရက်သောက်ပြီး Song Box နဲ့သီချင်းဖွင့်တာကြောင့် ကျေးရွာလုံခြုံရေးအဖွဲ့ဝင်တွေက ရောက်လာပြီး အသံမကျယ်ဖို့နဲ့ အနှောက်အယှက်မဖြစ်စေဖို့ လာရောက်သတိပေးရာကနေ ခိုက်ရန်ဖြစ်ပွား ပြဿနာတက်ပြီး မြန်မာသုံးယောက် သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းကျေးရွာလုံခြုံရေးအဖွဲ့ဝင် တယောက်မှာလည်း ပုလင်းနဲ့ ဦးခေါင်းအရိုက်ခံရပြီး ဓားဒဏ်ရာတွေပါ ရရှိခဲ့တယ်လို့ ထိုင်းသတင်းဖော်ပြချက်တွေအရ သိရပါတယ်။ ဒီကိစ္စနဲ့ ပဆ်သက်ပြီး ” သူတို့သောက်စားတဲ့နေရာက ကမ်းမမြင်လမ်းမမြင်တဲ့နေရာပါ…

Read More

ပခုက္ကူက ရဲ​အကြီးအကဲ​တွေ ဘာဖြစ်​နေကြသလဲ

ပခုက္ကူ -ဇွန် -၂၈-၂၀၂၆ VOM မ​ကွေးတိုင်း ပခုက္ကူမြို့မှာ ဒီ​နေ့ ဇွန် ၂၈ ရက်ည​နေက ခရိုင်ရဲတပ်ဖွဲ့မှူးဟာ ကိုယ့်ကိုယ်ကိုယ် ကတ်​ကြေးနဲ့ထိုးတဲ့ဖြစ်စဥ်ဖြစ်လို့ အ​ရေး​ပေါ်​ဆေးရုံတင်ရသလို မြို့နယ်ရဲတပ်ဖွဲ့မှူးလည်း မြို့လယ်​ခေါင် ကားတိုက်မှုဖြစ်လို့ အ​ရေး​ပေါ်​ဆေးကုသမှုခံယူ​နေရပါတယ်။ ဒီ​နေ့ ဇွန် ၂၈ ရက် ညနေ ၅ နာရီ ၂၀ မိနစ်အချိန်ခန့်က ပခုက္ကူမြို့၊ အမှတ် (၁၄) ရပ်ကွက်၊ အရင်ဇက်ဆိပ်ကိုသွားတဲ့ အုတ်ရိုးနီတံတားတောင်ထိပ်အနီးမှာ ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းဝင်းဟာ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ရန် ကြိုးပမ်းမှုတရပ် ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ဒီဖြစ်စဥ်ကိုသိတဲ့ ရပ်ကွက်အုပ်ချုပ်​ရေးအဖွဲ့ဝင်တ​ယောက်​ပြောပြတာက ” ခရိုင်ရဲတပ်ဖွဲ့မှူး အမှတ် (၁၄) ရပ်ကွက်၊ အုတ်ရိုးနီတံတားတောင်ထိပ်နာက အကင်ဆိုင်က ကတ်ကြေးနဲ့ သံပုရာသီး တောင်းခဲ့ပြီး ကားအတွင်း ပြန်ဝင်သွားတယ်။ တပည့်​တွေကတားတယ် တပည့်​တွေ ကန်ကျောက်ဖယ်ရှားပြီး ကားတံခါးကို Lock ချတယ်။…

Read More

ကိုယ်ပိုင်အထက်တန်းကျောင်း တချို့မှာ အတန်းကျော် မသမာမှုတွေ ရှိနေ

ဇွန် ၂၉ – ၂၀၂၆ SS (VOM) တိုင်းဒေသကြီးတချို့က ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်း တချို့မှာ Grade – 10 အောင်မြင်ပြီးတဲ့နောက် Grade – 11 ကို ဆက်မတက်ဘဲ အတန်းကျော်ကာ Grade – 12 ကို တက်ရောက်ခွင့်ပေးနေတဲ့ မသမာမှု ပြုလုပ်နေတာမျိုးတွေ ရှိနေတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။ အဲဒီလို ပြုလုပ်နေတာတွေဟာ ကိုယ်ပိုင်ကျောင်း အတော်များများမှာ ရှိနေတာဖြစ်ပြီး Grade – 10 အောင်မြင်ပြီဆိုပါက Grade – 11 စာကို အနည်းငယ်လောက်သာ သင်ပေးပြီး Grade – 12 ကို အလွယ်တကူ တက်ရောက်ခွင့် ရနေတာဖြစ်တယ်လို့ သိရပါတယ်။ “အဲဒီလိုဖြစ်နေတာ တော်တော်ကို ကြာနေပြီ။ အခုနောက်ပိုင်းက ပိုဆိုးလာတာပေါ့။ Grade –…

Read More

သူတို့အိမ် အခန်း (၁၅၄)

ဆူးငှက် ၃လကြာ သင်တန်း၏ ကာလ တဝက်ကျော် အကြာ —————————————————– ရန်ကင်းတောင်ခြေရှိ သမဝါယမ သင်တန်းကျောင်းတွင် စိတ်မပါ လက်မပါ တက်ရောက်ရာတွင် ပမ၁လခွဲလောက်ကတော့ ကင်မရာလွယ်ကာ ပိုက်ဆံရှာပြီး ဖာသိဖာသာပဲ နေခဲပသည်။ အဆောင် ၄တွင် အတူတေကြသည့် သင်တန်းသားများ ထဲက ခုတင်ချင်းကပ်ရက်တွင် မကွေးတိုင်းသ/မ က ကိုသန့်ဇင်ရှိသည်။ သူက လူကြီးဆန်သည်။ ထို့နောက် ၂ခုတင်ကျော်က ဆင်ပေါင်ဝဲသား ကိုဇော်လွင်ရှိသည်။ သူက ကျွန်တော့်ကို အတော်ခင်သည်။ နံမည်ကိုပင်မခေါ်၊ ညီရေ.. ညီရေ.. ဟုပဲခေါ်သည်။ ထို့နောက် သူ့ခုတင်နှင့် ခြေချင်းဆိုင်မှာ မကွေးသား ကိုဇော်လင်းရှိသည်။ သူက မင်းသား၊ ဆံပင်အရှည်မှာ လှိုင်းထနေပြီး အရပ်ရှည်ရှည်နှင့် ရုပ်ချောသည်။ ဝတ်တာ စားတာ သပ်ရပ်သည်။ အဆောင်တွင် ကျွန်တော်က ထို၃ယောက်နှင့် ပဲ တွဲဖြစ်သည်။ နောက်တော့…

Read More

ရန်ကုန် ပုဇွန်တောင်ချောင်းထဲ ရေဆင်းကူးတဲ့ လူငယ်လေးယောက်အနက် နှစ်ယောက်သေဆုံးခဲ့

ဇွန် ၂၇ ၊ ၂၀၂၆ GG (VOM) ရန်ကုန်တိုင်း ၊မင်္ဂလာတောင်ညွန့်မြို့နယ် ၊ စက်ဆန်းရပ်ကွက် ၊ PRO1 Global Home Center နောက်ကျောက ပုဇွန်တောင်ချောင်းထဲမှာ ရေဆင်းကူးရာကနေ လူငယ်အမျိုးသားနှစ်ယောက် သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်က ဇွန် ၂၆ ရက်နေ့ ၊ ညနေ ၃ နာရီလောက်မှာ PRO1 Global Home Center က အလုပ်ကြမ်းသမားလေးတွေ ဖြစ်ကြောင်းသိရပြီး သေဆုံးသူတွေက အသက် ၁၆ နှစ်အရွယ် လေးတွေဖြစ်တယ်လို့ သိရပါတယ်။ “ကလေးတွေက ၁၅ ၊ ၁၆ အရွယ်တွေပါ။ ကလေးတယောက်က မျောပါသွားပြီး ပျောက်သွားတယ် ။ရှာမတွေ့သေးဘူး။ ရေကလည်းတက်နေတယ်ဆိုတော့ ရေအတက်နဲ့ ရေကူးတဲ့အရှိန်နဲ့ ကလေးတွေက ကြွက်တက်ပြီး ဖြစ်သွားတယ်ထင်ပါတယ်။ ပျောက်ဆုံး တယောက်ကလည်း သေဆုံးများပါတယ်။ရှင်တယ်ဆိုရင်…

Read More