မန္တလေးမှာ ဆိတ်ခြံ မီးလောင်လို့ နေအိမ် ၈ လုံး မီးလောင်ပျက်စီး

မန္တလေး၊ နိုဝင်ဘာ- ၁၈-၂၀၂၅
SA(VOM)
မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာ၊ အလယ်ရပ်မှာ ဒီကနေ့ နိုဝင်ဘာ ၁၈ ရက်နေ့ မနက်အစောပိုင်း ၂ နာရီ ၅ မိနစ်ခန့်က ဆိတ်ခြံတခုမီးလောင်မှုဖြစ်ပြီး နေအိမ် ၈ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
“ကျနော်တို့ သုံးသပ်ချက်အရတော့ ဆိတ်ကို ခြင်မီးမွှေးပေးရာကနေ ဘေးက ထရံကို မီးကူးဆက်လောင်ကျွမ်းတယ်လို့ ကောက်ချက်ချထားတယ်၊ လူအထိအခိုက်တော့ မရှိဘူး၊ ဆိတ်လေးကောင်သေတယ်၊ လောင်ကျွမ်းမှုဖြစ်စဥ်ကြောင့် အမှုဖွင့်ထားပါတယ်” လို့ အမရပူရမြို့နယ် မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
မီးလောင်မှုဖြစ်စဥ်ကြောင့် နေအိမ် ၈ လုံး မီးလောင်ကျွမ်းခဲ့ပြီး ဆိတ် ၄ ကောင်သေဆုံးခဲ့ကာ Level 1 ယာဥ်အုပ်စုနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၃ နာရီ ၂ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
သတင်းဓာတ်ပုံ – မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW