မန္တလေး ၊ ဒီဇင်ဘာ ၅-၂၀၂၅
Voice Of Myanmar
အစိုးရတပ်မတော်မှာ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီးအဖြစ်ကနေ အငြိမ်းစားယူပြီး မန္တလေး အောင်မြေသာစံမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်မယ့် ဦးတေဇကျော်နဲ့ ကိုယ်စားလှယ်လောင်းတွေဟာ မန္တလေးမှာ ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေးအတွက် မဲဆွယ်ပွဲတွေ အင်နဲ့အားနဲ့ နေရာစိပ်စိပ်လုပ်လာတာတွေ့ရပါတယ်။
ဒီနေ့ ဒီဝင်ဘာ ၅ရက် မနက်ပိုင်းက မန္တလေး အောင်မြေသာစံမြို့နယ် သီရိမာလာအနောက်ရပ်မှာ လူထုတွေ့ဆုံပွဲ အခမ်းအနားလုပ်ပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။
ဒီအခမ်းအနားမှာ ကိုယ်စားလှယ်လောင်းတွေကို လူထုနဲ့ မိတ်ဆက်ပေးခဲ့သလို မဲပေးရမယ့်အဆင့်ဆင့်တွေရှင်းလင်းပြပြီး ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးတေဇကျော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဟိန်းမင်းဦးနဲ့ တိုင်းဒေသကြီး PR ကိုယ်စားလှယ်လောင်း ဦးကျော်ဆန်းတို့က သူတို့ နိုင်ရင်လုပ်ပေးမယ့် ကတိကဝတ်တွေကို ရှင်းပြခဲ့တာတွေ့ရပါတယ်။
အောင်မြေသာစံမြို့နယ်မှာ အမျိုးသားလွှတ်တော်အတွက် ဦးဟိန်းမင်းဦး၊ ပြည်သူ့လွှတ်တော်အတွက် ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးတေဇကျော်နဲ့ တိုင်းဒေသကြီးအတွက် လက်ရှိမန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်၊ ရှမ်းတိုင်းရင်းသားရေးရာအတွက် ဦးစိုင်းအောင်ကြည်တို့က ယှဥ်ပြိုင်ကြမှာဖြစ်ပြီး အချိုးကျကိုယ်စားပြုစနစ်အတွက် ဦးမျိုးမြင့်၊ဦးကျော်ဆန်းနဲ့ ဦးခင်မောင်မြင့်တို့ ယှဥ်ပြိုင်မှာဖြစ်ပါတယ်။
