TNLA ထိန်းချုပ်နယ်မြေထဲက CDM ဝန်ထမ်းတွေ စိုးရိမ်ပူပန်မှု ရှိနေပေမယ့် ရွှေ့ပြောင်းတာမျိုး မတွေ့ရ

ဇူလိုင် ၂၇၊ ၂၀၂၆
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်နယ်မြေထဲက CDM ဝန်ထမ်းတွေ အစိုးရတပ်နဲ့ TNLA တပ်ဖွဲ့တို့အကြား နေပြည်တော်မှာ တွေ့ဆုံပြီးနောက် စိုးရိမ်ပူပန်မှု ရှိနေပေမယ့် ရွှေ့ပြောင်းတာမျိုးတော့ မရှိသေးကြောင်း CDM ဝန်ထမ်းတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“လောလောဆယ်တော့ ဘာမှ ရွှေ့သံ မကြားဘူး” လို့ CDM ဝန်ထမ်းတွေနဲ့ နီးစပ်သူ တအမျိုးသား ယောက်က ပြောပါတယ်။
CDM ဝန်ထမ်းတွေ တင်မဟုတ်ပဲ PDF တွေလည်း အခက်ကြုံ နေရတယ်လို့ သူက ပြောပါတယ်။
လက်ရှိအထိတော့ NUG အနေနဲ့ တစုံတရာ မှတ်ချက်ပေးတာမျိုးနဲ့ TNLA ထိန်းချုပ်နယ်မြေက ဌာနဆိုင်ရာတွေ အလိုက် ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်တန့်တာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။
“ဒီလို အခက်အခဲတွေက CDM ဝန်ထမ်းတွေမှ မဟုတ်ပါဘူး။ နိုင်ကျဉ်းတွေပါ ခံစားရတာပါ။ စိတ်က မလုံခြုံတော့ဘူးပေါ့။ ဘယ်ချိန် စစ်တပ်ကို သွားအပ်လိုက်မလဲပေါ့” လို့ CDM ဝန်ထမ်းတွေနဲ့ နီးစပ်သူ အမျိုးသမီး တယောက်က ပြောပါတယ်။
ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကိုမှ အပြည့်အဝ ယုံကြည်တာမျိုး မရှိဘူးလို့ သူက ပြောပါတယ်။ ကိုယ့်ခံယူချက် ကြောင့် CDM လုပ်ခဲ့တာဖြစ်ပြီး သက်ရောက်မှုက ကိုယ်နဲ့ပဲ ဆိုင်သလို လမ်းကြောင်း သွေဖယ်မသွားအောင် အချင်းချင်း ကူညီသွားကြဖို့ လိုတယ်လို့ ဆိုပါတယ်။
“CDM တွေက ဒီလိုပဲ။ ဒုက္ခ ရောက်ကြတာ။ အခက်အခဲ တွေက အမြဲ ရှိတာပဲ။ အထူးဒေသ ၁ မှာ တာဝန်ထမ်းဆောင်တဲ့ CDM တွေက လွဲလို့ပေါ့။ ကျန်တဲ့ CDM တွေက အမြဲတမ်း ခက်ခဲတယ်” လို့ ရှမ်းမြောက် ဒေသခံ လူငယ် တယောက်က ပြောပါတယ်။
TNLA ထိန်းချုပ်နယ်မြေက CDM ဝန်ထမ်းတွေက အခြေအနေ ပိုဆိုးမယ့် အနေအထားတွေ့ရတယ်လို့ သူကပြောပါတယ်။
အလုပ်လုပ်ရမယ့် ဌာနတွေ၊ ကျောင်းတွေ၊ အလုပ်လုပ်မယ့် နေရာတွေ၊ နေစရာတွေ စီစဉ်ပေးဖို့ လမ်းမမြင်ဘူးလို့ သူကပြောပါတယ်။
မိုးတွင်းကာလ ရွှေ့ပြောင်းဖို့လည်း မလွယ်သလို အားလုံးက အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
Photo Crd#

Related posts

Leave a Comment

VOM News

FREE
VIEW