တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်များအဖြစ် လျာထားအဆိုပြုစာရင်း

ကချင်ပြည်နယ် ဦးခက်ထိန်နန်၊ ကယားပြည်နယ် ဦးအံ့​​မော်၊ ကရင်ပြည်နယ် ဦး​စောမြင့်ဦး၊ ချင်းပြည်နယ် ဦး​နေလင်း​အောင်(သို့) ‌‌ဒေါက်တာဝုန်ဆွန်းထန် စစ်ကိုင်းတိုင်း ဦးကို​လေး၊ တနင်္သာရီ ဦး​ဇော်နိုင်ဦး၊ ပဲခူးတိုင်းဦးမျိုး​ဆွေဝင်း၊ မ​ကွေးတိုင်း ဦးတင်ကိုကို၊ မန္တ​လေးတိုင်း ဦးမျိုး​အောင်၊ မွန်ပြည်နယ် ဗိုလ်မှူးချုပ်​အောင်ဝင်းသန်း၊ ရန်ကုန်တိုင်း ဦး​အောင်နိုင်သူ၊ ရခိုင်ပြည်နယ် ဦးနိုင်ဦး၊ ရှမ်းပြည်နယ် စိုင်းထိန်စိုး ဧရာဝတီတိုင်း ဦး​အေး​ကျော်တို့ကို လျာထား​အဆိုပြုထား​ကြောင်း နီးစပ်ရာအသိုင်းအဝိုင်း​တွေက​နေ သိရပါတယ်။

Read More

ကသာကို စစ်ရှောင်တွေ ပြန်လည်ဝင်ရောက်လာ ၊ ဌာနဆိုင်ရာက စိစစ်လက်ခံနေ

ဧပြီ ၆ ၊ ၂၀၂၆ GG + KBT(VOM) စစ်ကိုင်းတိုင်း ၊ ကသာမြို့တွင်းကို အစိုးရတပ်က ထိန်းချုပ်လိုက်ပြီးနောက် အခြေအနေတည်ငြိမ်မှုရှိလာတဲ့အတွက် စစ်ရှောင်တွေ မြို့တွင်းကို ပြန်လည် ဝင်ရောက်မှု ရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လက်ရှိမှာ ကသာကို ရေလမ်းကြောင်းတခုတည်းက​နေ ပြန်လည်ဝင်ရောက်နိုင်သေးတာ ဖြစ်ကြောင်း ၊ ရေကြောင်းကနေ ဝင်ရောက်လာသူတွေနဲ့ ကုန်ပစ္စည်းတင်သွင်းမှုတွေကို ရဲတပ်ဖွဲ့ ၊ထွေအုပ်အပါ ဌာနဆိုင်ရာတွေက ဆိပ်ကမ်းမှာ စိစစ်ပြီး စားရင်းပြုစုလက်ခံနေတယ်လို့သိရပါတယ်။ လုံခြုံရေးအရ ပုလွှေရွှေဆိပ်ကမ်း နဲ့ ကသာဆိပ်ကမ်းကနေ ဝင်လာတဲ့ပစ္စည်းတွေကို စစ်ဆေးခြင်း၊ မှတ်ပုံတင်စစ်တာမျိုးတွေ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ် ။ ” မနက်က စက်လှေတွေနဲ့ လူတွေလည်း ပြန်ဝင်လာတာရှိတယ်။ ကမ်းနားမှာ ပစ္စည်းတွေဝင်လာတာကို လက်ခံတယ်။ဖောက်စစ်တာတွေလုပ်နေတယ်။ မြို့ထဲလည်း အရင်ကထက် ပိုပြီး သွားလာမှုရှိကြတယ်။ မြို့တွင်းပစ်ခတ်မှုတော့ မရှိဘူး…

Read More

သူတို့အိမ် အခန်း (၈၆)

  ဆူးငှက် စတင် ပေါင်းသင်း သူငယ်ချင်းများ ————————————— တကယ်တော့ ကျောင်းတက်ကြရသောအခါ ကျွန်တော်တို့က သစ္စာဆောင်တောင်ဘက်က ဝါးကပ်တဲ အဆောင်များမှာပဲ တက်ကြရသည်။ စာသင်ဆောင်၏ အပြင်ဘက်တွင် နွားချေးပုံတွေကကို မနက်တိုင်းတွေ့နေရသည်။ သင်္ချာမေဂျာမှာ ပထမနှစ်တွင် တက်ရောက်သူများသဖြင့် မနက်ပိုင်းနှင့် ညနေပိုင်းဟူ၍ ၂သုတ်ခွဲ၍ တက်ရ၏။ ကျွန်တော်တို့က မနက်ပိုင်းမှာ တက်ရသည်။ ကျောင်းစတင် တက်သောနေ့များမှာတော့ ကျွန်တော်နှင့် ကျော်ရွှေက အတူတက်ရပြီး ဝင်းဟန်က ရုက္ခဗေဒ ပထမနှစ်အဖြစ် တက်ရတော့ ကျောင်းလာစဉ်မှာသာ အတူတူလာကြပြီး ကျောင်းရောက်သည်နှင့် သူက သူ့အတန်းရှိရာ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ အတန်းရှိရာသွားကြ၏။ မကြာပါ ခဏနေတော့ ဝင်းဟန်က သူ့အတန်းက လစ်လာပြီး ကျွန်တော်တို့ဆီ ရောက်လာသည်။ ကျွန်တော်တို့ အတန်းမှာ အသက်ကြီးသူတွေများသည်။ အဘယ့်ကြောင့် ဆိုသော် ထိုနှစ် ၁၀တန်းက ဝါးလုံးသိမ်း အအောင်ပေးတာဟု…

Read More

ပြည်​ထောင်စု ဝန်ကြီးဌာနများ လျာထားပြီ

ဧပြီ ၆-၂၀၂၆ KKL(VOM) ပြည်ထောင်စုအစိုးရ ဌာန ၃၁ ခုထားပြီး ပြည်​ထောင်စုဝန်ကြီး ၃၀ ဦးနဲ့ဖွဲ့စည်းမှာ ဖြစ်သလို ပြည်ထောင်စုတရားလွှတ်တော်ချုပ် ဦးသာဌေး ၊ UEC ဥက္ကဋ္ဌ ဦးသန်းစိုး တို့နာမည်ကို ဒီ​နေ့ကျင်းပတဲ့ ပြည်​ထောင်စုလွှတ်​တော်မှာ နိုင်ငံ​တော်သမ္မတအဖြစ် ​ရွေးချယ်ခံထားသူက တင်သွင်းထားပါတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ‎ ဥက္ကဋ္ဌအဖြစ် ဦးအောင်ဇော်သိန်း ‎အပါအဝင် ၉ ဦးဖြင့် ဖွဲ့စည်းသွားမယ်လို့ ပြည်ထောင်စုလွှတ်တော်မှာ အဆိုပြုထားပါတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၃၊ နည်းဥပဒေခွဲ (က) နှင့်အညီ လွှတ်တော်သို့ ဖတ်ကြားတင်ပြပါတယ်။ ​နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက ရွေးချယ်ထားသော အဖွဲ့ဝင် ၃ ဦးမှာ – ​၁။ ဦးအောင်ဇော်သိန်း ၂။ ဦးဥာဏ်ထွန်း ၃။…

Read More

မီးရထားလက်မှတ်ကို ORTP စနစ်နဲ့ ဝယ်ယူရာမှာ အခက်အခဲတွေ ဖြစ်ပေါ်နေ

ဧပြီ ၅ – ၂၀၂၆ SS (VOM) မြန်မာ့မီးရထား လက်မှတ်ကို ORTP (Online Railways Ticketing & Payment) စနစ်နဲ့ ဝယ်ယူရာမှာ အခက်အခဲတွေ ဖြစ်ပေါ်နေပြီး ငွေပေးချေပြီးပေမယ့် လက်မှတ် မရရှိတာတွေ ဖြစ်ပေါ်နေတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။ ဒီကနေ့ ဧပြီ ၅ ရက်၊ မနက်အစောပိုင်း ၁၂ နာရီဝန်းကျင်မှ စတင်ကာ သင်္ကြန်ကာလ ရုံးပိတ်ရက်တွေအတွက် ခရီးသွားလာဖို့ ORTP စနစ်အတွင်း ဝင်ရောက်ပြီး ရထားလက်မှတ်ဝယ်ယူသူ အလွန်များပြားခဲ့တာကြောင့် စနစ် Delay ဖြစ်ခြင်းနဲ့ ငွေပေးချေမှု အောင်မြင်ပေမယ့် e-ticket လက်ခံမရရှိမှုတွေ များစွာ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ “ပထမအကြိမ် ထိုင်ခုံရွေးတော့ အောင်မြင်ပြီး ငွေပေးချေတဲ့အခါကြတော့ ငွေပေးချေမှု မအောင်မြင်ပါဆိုပြီး ပြတယ်။ ဒါပေမယ့် Kpay ထဲနေ…

Read More

သူတို့အိမ် အခန်း (၈၅)

  မှ – စိုင်ပြွန်ရိပ်သာ ဝင်းအတွင်း ————————————– ပြောကြစို့ ဆိုတော့ ကျွန်တော် မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှာ သင်္ချာ အထူးပြုဘာသာရပ်ဖြင့် တက်ရောက်ခွင့် ရပါသည်။ တက်ရောက်ခွင့်ပြုသည့် အကြောင်းကြားစာလည်း စာတိုက်က တဆင့် ရောက်လာပါသည်။ သည်နေရာတွင် ကျွန်တော် တစ်ခု ပြောပါရစေ။ ကျွန်တော်သည် အကြောင်းကိစ္စရှိ၍ အိမ်လိပ်စာပေးရပါက “စိုင်ပြွန်ရိပ်သာဝင်း” ဟု မသုံးပါ။ “ စိုင်ပြွန်ရိပ်သာ ဝင်းအတွင်း” ဟုသာ သုံးနှုန်းရေးသားပါသည်။   အဘယ့်ကြောင့် ဆိုသော် “စိုင်ပြွန်ရိပ်သာဝင်း” ဟုဆိုလျှင် မိမိ ပိုင်ဆိုင်သည်ဟု အထင်အမြင် လွဲမှားနိုင်ပါသည်။ စာပို့သူကလည်းကောင်း၊ လာရောက်သူက လည်းကောင်း စိုင်ပြွန်ရိပ်သာဝင်း၏ အထင်ကရ ဝင်းလယ်ခေါင်က တိုက်ကြီးသို့ပဲ ဦးတည်ကြပါလိမ့်မည်။ ထိုသို့ မဖြစ်စေအပ်ပါ။ မလွဲစေအပ်ပါ။ ထိုသို့ ဖြစ်စေခြင်းသည် အလွဲသုံးစားမှု မြောက်ပါသည်။ ဝင်းပိုင်ရှင်ကို…

Read More

ပို့ကုန်ရငွေ ပြန်မသွင်းလို့ ဦးတေဇနဲ့ သားဖြစ်သူအပြင် ကုမ္ပဏီ ၂၈၇ ခုက လုပ်ငန်းရှင်တွေကို အမည်ပျက်စာရင်းသွင်း

ဧပြီ ၅ – ၂၀၂၆ SN (VOM) ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ မတ်လကုန်အထိ ပြည်ပကို ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ ကျန်ရှိနေတဲ့ ကုမ္ပဏီ ၂၈၇ ခုနဲ့ လုပ်ငန်းရှင်တွေကို အမည်ပျက်စာရင်း (Blacklist) ထည့်သွင်းလိုက်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မနေ့ ဧပြီ ၄ ရက်မှာ ထုတ်ပြန် ကြေညာထားပါတယ်။ ဗဟိုဘဏ်က ထုတ်ပြန်လာတဲ့ အမည်ပျက်စာရင်းထဲမှာ ထူးထရေးဒင်းကုမ္ပဏီလည်း ပါဝင်လာတာတွေ့ရပြီး ဥက္ကဋ္ဌ ဦးတေဇနဲ့ ဒါရိုက်တာ အဖွဲ့ဝင်တွေဖြစ်တဲ့ သားဖြစ်သူ ဦးပြည့်ဖြိုးတေဇအပြင် ဦးမိုးသက်တင်၊ ဦးသီဟ၊ ဦးရာဇာထွေးတို့ကိုလည်း Blacklist ထည့်သွင်းထားပါတယ်။ ဒါနဲ့ပတ်သက်လို့ စီးပွားရေး လုပ်ငန်းရှင်တယောက်က “အလုပ် လုပ်တဲ့အခါမှာ အမှန်တကယ် အခက်အခဲ ရှိနေလို့ ပို့ကုန်ရငွေ ပြန်မဝင်နိုင်တာလည်း ရှိပါတယ်။ ဒါပေမယ့် တချို့ကျတော့လည်း…

Read More

သူတို့အိမ် အခန်း (၈၄)

ဆူးငှက် ၁၀တန်း မအောင်မချင်း သည်မြေ မနင်း ————————————- တက္ကသိုလ် ဝင်ခွင့်လျှောက်လွှာများလည်း တင်ပြီးပြီ။ ထို့အတူ ပညာသင် ထောက်ပံ့ကြေး လျှောက်လွှာကိုလည်း လိုအပ်သော ထောက်ခံစာများနှင့် အတူ တင်ပြီးပြီ။ ထို့ကြောင့် တက္ကသိုလ် အိပ်မက်နှင့် စိတ်ကူးယဉ်ဖို့ပဲ ရှိသည်။ ကျွန်တော်သည် ၁၀တန်းမအောင်ခင်က မန္တလေးတက္ကသိုလ်ဝင်းထဲ အလည်အပတ်သွားဖို့ အခွင့်အရေးကြုံပါသည်။ သို့သော် ၁၀တန်းမအောင်ဘဲ ဘယ်တက္ကသိုလ်မြေမှ ခြေမချဟု သန္နိဋ္ဌာန် ချထားသည်။ ဒါက ရည်မှန်းချက် ယုံကြည်ချက်ဖြင့် မဟုတ်။ ကိုယ့်ကိုကိုယ် သိမ်ငယ်စိတ်ဖြင့် ခြေမချရဲ မဝင်ရဲခြင်း ဖြစ်သည်။ သို့သော် ငယ်စဉ်ကာလ ၇နှစ်သားလောက်က မန္တလေးတက္ကသိုလ်ဝင်းထဲသို့ အမေနှင့် တစ်ခေါက်တော့ ရောက်ဖူးပါ၏။ ပင်မဆောင်ကြီး အရှေ့တောင်ဘက်ရှိ တက္ကသိုလ်ဆရာမကြီး တစ်ယောက်ထံသို့ အမေက ဆီသွားပို့စဉ် လိုက်သွားခြင်းဖြစ်သည်။ အခု ပြန်စဉ်းစားလိုက်တော့ ဈေးချို အနောက်ဘက်…

Read More

မနက်ဖြန် ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာနအရေအတွက်၊ တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်နဲ့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် အမည်စာရင်းတွေ တင်သွင်းမယ်

နေပြည်တော်၊ ဧပြီ – ၅ – ၂၀၂၆ KKL(VOM) မနက်ဖြန် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ နိုင်ငံတော်သမ္မတ က ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေမှာ တာဝန်ပေးအပ်ဖို့ အဖွဲ့အစည်းတစ်ခုခြင်းအလိုက် တာဝန်ပေးအပ်မယ့်ပုဂ္ဂိုလ်ရဲ့အမည်၊ ဌာနအရေအတွက်၊ ဦးရေသတ်မှတ်ချက်၊ဥက္ကဌ စတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအတွက် အချက်အလက်တွေကို တင်သွင်းမှာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံပုဂ္ဂိုလ် က ပြည်ထောင်စုရှေ့နေချုပ် တရားသူကြီးများဦးရေသတ်မှတ်နိုင်ရေးနဲ့ ပြည် ထောင်စု တရားသူကြီးချုပ်အဖြစ် ခန့်အပ်မယ့်ပုဂ္ဂိုလ်အမည်၊ပြည်ထောင်စု အစိုးရဝန်ကြီးဌာန အရေအတွက် အမည်နဲ့ ပြည်ထောင်စုဝန်ကြီး ဦးရေ သတ်မှတ်ချက်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးရေ ဥက္ကဌ စာရင်းတွေကို ပြည်ထောင်စုလွှတ်တော်မှာ တင်ပြမှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ အဖွဲ့ဝင်တွေရဲ့ အမည် စာရင်း၊ ပြည်ထောင်စုရှေ့နေချုပ်တာဝန်ကိုခန့်အပ်တာဝန်ပေးသွားမယ့်ပုဂ္ဂိုလ်ရဲ့အမည်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်တဲ့ပုဂ္ဂိုလ်ရဲ့ အမည်စာရင်းတွေကို တင်ပြမှာ ဖြစ်ပါတယ်။ သက်ဆိုင်တဲ့ အစီအစဥ်…

Read More

လက်ဘနွန်မှာ ကျဆုံးသွားတဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေကို အင်ဒိုနီးရှား ပြန်လည်လက်ခံရရှိ

ဧပြီ ၅-၂၀၂၆ MT(VOM) ​လက်ဘနွန်မှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့တဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် (UNIFIL) အင်ဒိုနီးရှား စစ်သည် ၃ ဦးရဲ့ ရုပ်အလောင်းတွေကို မနေ့က (ဧပြီလ ၄ ရက်၊ ၂၀၂၆) မှာ အင်ဒိုနီးရှားနိုင်ငံ၊ ဆိုကာနို-ဟတ်တာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြန်လည်လက်ခံရရှိခဲ့ပါတယ်။ ဒီအခမ်းအနားကို သမ္မတ ပရာဘိုဝို ဆူဘီယန်တို ကိုယ်တိုင်တက်ရောက်ပြီး ကျဆုံးစစ်သည်တွေကို ဂုဏ်ပြုခဲ့သလို မိသားစုဝင်တွေနဲ့အတူ ထပ်တူဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။ ​အင်ဒိုနီးရှားအစိုးရကတော့ ဒီတိုက်ခိုက်မှုတွေဟာ “ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး” လို့ ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပြီး၊ ဒီဖြစ်ရပ်ကို သေချာစုံစမ်းစစ်ဆေးဖို့နဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေအတွက် ပိုကောင်းတဲ့ လုံခြုံရေးအာမခံချက်တွေပေးဖို့ တောင်းဆိုထားပါတယ်။ ​ ​ကျဆုံးစစ်သည်များမတ်လကုန်ပိုင်းက လက်ဘနွန်မှာ တိုက်ခိုက်ခံရမှုကြောင့် အင်ဒိုနီးရှားစစ်သည် ၃ ဦး ကျဆုံးခဲ့ရတာပါ။ သူတို့ကို ရာထူးတိုးမြှင့်ပြီး နိုင်ငံတော်အဆင့် စစ်ရေးအရ ဂုဏ်ပြုခဲ့ပါတယ်။…

Read More
VOM News

FREE
VIEW